Skip to main content

အချစ်နေ့အတွက် အမှတ်တရ။

zwani.com myspace graphic comments
Free Myspace Comments

ဗယ်လင်တိုင်းဒေးကို မကြိုက်ဘူးပဲ ပြောပြော.. သူများယဉ်ကျေးမှုမို့ လက်မခံနိုင်ဘူးပဲဆိုဆို.. မြန်မာပြည်...အဲ.. ရန်ကုန်မှာတောင် တော်တော် အမြစ်တွယ် ပျံ့နှံ့နေပါပြီ...။

တကယ်တမ်းကျတော့ နံမယ်ဆိုတာ ပညတ်ချက်တွေပါပဲ။ အချစ်ဆိုတာ လူတိုင်း (မဟုတ်တောင် အများစု) ဖြတ်ကျော်ခဲ့ရမယ့် မှတ်တိုင်တခုလို့ ထင်ပါတယ်။ ချိုမြိန်တာလည်း ရှိ၊ ခါးသည်းတာလည်း ရှိ... ကိုယ့်ခံစားခဲ့ရတာပေါ် မူတည်လို့ အချစ်ကို ကင်ပွန်းတွေ တပ်ကြ.. အဓိပ္ပာယ်တွေ ဖွင့်ဆိုကြမယ်ဆိုရင်လည်း... ဒါလည်းပဲ သဘာဝကျတာပါပဲ...။

ကျမလည်း အချစ်နေ့ အမှတ်တရအဖြစ် ဖတ်မိတဲ့ထဲက နားလည် ခံစားမိသမျှ အချစ်နဲ့ ပတ်သက်တဲ့ အဆိုအမိန့်လေးတွေ   တချို့ကို တင်ပေးရင်း...... ကိုယ်ထင်တာ ကိုယ်ဝင်ပြော... ဆားချက်လိုက်ရပါတယ်။


Being deeply loved by someone gives you strength, while loving someone deeply gives you courage. (Lao Tzu)
ဒါကတော့ သူချစ်က ကိုယ့်ကို အင်အားတွေ ရှိစေတယ်..ကိုယ်ချစ်ရင်တော့ သတ္တိတွေ ဖြစ်ပေါ်စေတယ်တဲ့။ ကိုယ့်ကိုချစ်တဲ့သူက ကိုယ့်ကိုအနစ်နာခံ ...ကိုယ်ကကျတော့  ကိုယ်ချစ်တဲ့သူတွက် ဘာမဆိုရင်ဆိုင်နိုင်တဲ့ သတ္တိတွေ ရှိနေပေါ့.. အင်း..တရားတော့ မတရားသလိုပဲနော်..:) ။ နှစ်ဘက်ချစ်ပဲ ကောင်းပါတယ်လေ..
 
Love is composed of a single soul inhabiting two bodies.  (Aristotle)
ဒါကတော့ အရစ်စ်တိုတယ်ရဲ့ ဒဿနပေါ့....။ လူနှစ်ယောက်နဲ့ စိတ်တစ်ခုတည်းဖြစ်အောင်   အချစ်က ပေါင်းစည်းပေးတယ်..တဲ့။ အင်း..ဒါကလည်း ယုံကြည်ချက်ချင်း တူမှပါ။ ချစ်သာချစ်ပြီး ယုံကြည်ချက်ချင်း မတူရင် အချစ်ဘက် မျက်နှာလှည့်ထားတုန်းအချိန်မှာသာ single soul ဖြစ်နိုင်မယ် ထင်တာပဲ...။ ကိုယ်ထင်တာ ကိုယ်ပြောကြည့်တာပါ။ : P

Young love is a flame; very pretty, often very hot and fierce, but still only light and flickering. The love of the older and disciplined heart is as coals, deep-burning, unquenchable. (Henry Ward Beecher)
ငယ်ရွယ်သူတို့ရဲ့  အချစ်ကို ကောက်ရိုးမီး၊ ရင့်ကျက်ပြီးသားလူတွေကျတော့ ဖွဲမီးလို အချစ်မျိုးဆိုတဲ့ သဘောမျိုးဖြစ်မယ်။ ယေဘူယျအားဖြင့်တော့  ထောက်ခံပါတယ်။  သည်အဆိုကို...။ စိုင်းထီးဆိုင်ရဲ့ အချစ်ကို ဦးစားပေး.. လိုပဲပေါ့။ ငယ်ရွယ်သူမို့ အချစ်တစ်ခုသာ ကိုးကွယ်အားထားရာ ထင်မှတ်သူမယ်...   :)

Life has taught us that love does not consist in gazing at each other but in looking outward in the same direction. (Antoine de Saint-Exupery)
ဒါလေးလည်း သဘောကျစရာလေး။ ဘ၀ပါလာရင် အချစ်ဆိုတာ တယောက်ကို တယောက် တစိမ့်စိမ့်ကြည့်နေတာထက် လက်တွေ့လောကထဲမှာ ဦးတည်ချက်ချင်းတူတဲ့ ခရီးမှာပဲ  ရှိနေမှာပေါ့လေ..။ အချစ်ကို လရောင်အောက်မှာရှာ..ဘ၀တွက် ဆိုရင်တော့ နေရောင်အောက်ကို ခေါ်သွားကြည့်ရမှာပေါ့။ ဒါပေမယ့် ဘ၀မှာ အရာရာဟာ ပုံသေနည်းထဲ ထည့်တွက်လို့ရတာမဟုတ်..။
The best and most beautiful things in the world cannot be seen or even touched. They must be felt with the heart.  (Helen Keller)
အချစ်ကိုတွေ့ရှိခံစားဖူးတဲ့ သူတိုင်း  သိပြီးသားဖြစ်နေမယ့် နားလည်မယ့် စကားလေးပါပဲ...။  အလှဆုံး၊ အကောင်းဆုံး..ဒါပေမယ်ပ မမြင်ရဘူး..ထိတွေ့လို့မရဘူး။ နှလုံးသားနဲ့ပဲ  ခံစားလို့ရတယ်..။ ကဲ..အဲဒါ ဘာလဲ..ပြော....။
I love you without knowing how, or when, or from where.
I love you straightforwardly, without complexities or pride;
so I love you because I know no other way
than this: where I does not exist nor you,
so close that your hand on my chest is my hand,
so close that your eyes close as I fall asleep.
(Pablo Neruda, "Love Sonnet XVII")
ဒါလေးဖတ်မိရင်တော့ ထူးအိမ်သင်ရဲ့ သီချင်းကို ဆိုညည်းဖြစ်မယ် ထင်တယ်နော်...။
အချစ်မှာ အကြောင်းပြချက်များ မလိုဘူး......
 
အားလုံးပဲ.. အချစ်နေ့မှာ ပျော်ရွှင် ချမ်းမြေ့ ဆထက်တိုးပြီး ချစ်ခင်နိုင်ကြပါစေ....။
ချစ်သူချင်းအချစ်မှသည် လောကအပေါ်ထားနိုင်တဲ့ အမြင့်မြတ်ဆုံး မေတ္တာတရားထိတိုင် ရင့်ကျက်  ကျင့်သုံး နှလုံးသွင်း နိုင်ကြပါစေ.. (ကိုယ့်ဘာသာကိုယ် မေတ္တာရှေ့ထား နှလုံးသွင်းဖို့ ချော့မော့သိမ်းသွင်း နေခြင်းဖြစ်ပါတယ် :)))

Comments

KLNG said…
မမပျော်ရွင်ဖွယ်ချစ်သူများနေ့ပါ။
ကလေးတွေအတွက်ချောကလက်ဝယ်
ရင်တစ်ခုပိုဝယ်ပါနော်
MANORHARY said…
Happy Valentine Day!
ညီအမချင်လည်းနှုတ်ဆက်လို့ရတယ်နော့..း)
:P said…
အို.... ချစ်မှာမဲ...ချစ်မှာမဲ....
Moe Cho Thinn said…
အချစ်အဆိုအမိန့်လေးတွေ ဖတ်သွားပါတယ် မမ။ ငယ်ငယ်တုန်းကဆိုရင်တော့ မှတ်စုထဲမှာ ကူးရတဲ့ စာလေးတွေပေါ့။ ကြီးတော့လဲ နှလုံးသားမှာပဲ ကူးထားတော့တယ်။
အဆိုအမိန့်လေးတွေ ဖတ်သွားပါတယ်။
သက်ဝေ said…
လှပတဲ့ အဆို အမိန့်လေးတွေ လာဖတ်သွားပါတယ်။

ဒါထက် စကားမစပ်... Sin Dan Lar က ချစ်မှာမဲ...ချစ်မှာမဲ... ဆိုတော့.. အချစ်က မဲမဲကြီးလို့ ပြောချင်တာမျိုးလား မသိ... အဟိ
မီယာ said…
မချိုသင်းပြောသလို ငယ်ငယ်က စာအုပ်ထဲမှာ ဖတ်မိလို့ ကြိုက်တဲ့ စာတွေကို လိုက်ကူးတတ်တယ်။ ဘယ်သူ့ကိုမှတော့ မပေးဖြစ်ပါဘူး။ ကိုယ်ချစ်သလောက် မချစ်တတ်ကြဘူး ထင်လို့ :P Happy valentine's day မသိင်္ဂီ..
Anonymous said…
aunty TG yay..
myanmar lo type loh ma ya tar sorry par naw
tharr lal a sin ma pyay tae` kyar ka lar pe read tar par.. chit thu myar naet hmar thar top ma happy naing par bu byar.. ;(
but thu myar tway happy tar ko kyeet pee pair happy lite ya par tal.. ahint!
မ ရေ… ဟုတ်ပါရဲ့ အချစ်ဆိုတာ ၁+၁=၂ လို မျှော်လင့်လို့  မရတာမျိုး… တခါတလေ ၁+၁=၃ ဖြစ်ချင်ဖြစ်… တခါတလေ ၁+၁=၀ ဖြစ်ချင်ဖြစ်နေတတ်တာ…
ရင်ခုန်ဖွယ် ချစ်သူများနေ့ ဖြစ်ပါစေလို့ …
Sonata Cantata said…
ဟင် tg ရဲ့ အဆိုအမိန့်လည်း ပါဘူး။ အင်းပေါ့လေ တို့တွေကိုတော့ ဘယ်ပြောမလဲ...
PAUK said…
မနေ့ကတည်းကဖတ်ပြီးပြီ..
ဘာရေးရမှန်းမသိလို့..ဟီဟိ
.......
ချစ်တာလည်းကောင်းပါတယ်..
အချစ်ခံရတာလည်း ကောင်းပါတယ်..
ဆိုတော့..
အားလုံး ကောင်းပါတယ်...
ဒေါက် ဒေါက် ဒေါက်

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ