Skip to main content

ပျော်ရွှင်ဆင်နွှဲ ပဒေသာကပွဲ (သို့မဟုတ်) မီးရောင်အောက်က ညတစ်ည (ရေးသားသူ- K မမ)

မင်္ဂလာပါရှင်...။
ကျမလည်း ဝေဒနာ အမော..သောကအပူ..(ကဗျာရွတ်တာ မဟုတ်) တွေထဲ ရှုပ်ထွေးနေတာနဲ့ ပို့စ်ရေးဖို့ စိတ်က ၀င်စားလို့ မရ..။  ရေးဖြစ်ပြန်တော့လည်း အဆုံးသတ်မရ။ အင်း.. ဒါနဲ့ပဲ ဟိုတနေ့က ကယ်တင်ရှင်မမကို လှမ်းပြီး စာမရေးတော့ဘူးလားလို့ မျက်နှာချိုလှမ်းသွေးလိုက်တော့.. ညနေက ပို့လိုက်ပြီဆိုတာတောင် ကိုယ့်မှာ တင်ဖို့ ပြင်ဆင်တာ တောက်လျှောက် အချိန်မရလို့...။ ပြီးပြန်တော့လည်း ပီဒီအက်ဖ်လေးပြောင်းပြီး scribd နဲ့  တင်ရရင်ကောင်းမလားပေါ့... ဖြစ်ချင်တော့ ကျမရဲ့ ms-word 2007 မှာ ပီဒီအက်ဖ်ပြောင်းလို့မရပါဘူး။ ဒါနဲ့ http://www.primopdf.com/  ကနေ ဒေါင်းလုပ်ယူပြီး ပီဒီအက်ဖ်ပြောင်းထားလိုက်ပါတယ်...။ သဇင်အမှတ်တရထဲက သူ့အတွက် အမှတ်တရ ဖြစ်တာလေးပါ...။ ကျမကတော့ သူပြန်ပြောမှ... ဝေေ၀၀ါးဝါး ပြန်သတိရလာရပါတယ်...။

Comments

MANORHARY said…
မသိဂီ င်္ရေ
ကံမကောင်းချင်တော့commentကိုနှစ်ခါပြန်ပေးရတယ်။
မ၀င်ဘူးလေ။
သတိရစရာပျော်စရာကာလတွေကိုမြင်ယောင်သွားတယ်။
ကျောင်းပုံ slideshowကိုလည်းတော်တော်ကြာအောင်
ငေးသွားတယ်။ကိုယ့်ကျောင်းမဟုတ်ပေမယ့်ညနေတိုင်းညီ
မကိုသွားကြိုရင်းရောက်နေတဲ့ကျောင်းမို့ရောသူငယ်ချင်း
တွေတော်တော်များများလည်းရှိတာမို့ရော..မနော့်ဒုတိယ
ကျောင်းလိုပါပဲ။
စူး said…
ပျော်စရာကြီးးးးးးးးးးးး

မီးမီးတို့ က စတိတ်ကျောင်းသူလေးတွေပဲ ရှိသေးတယ်
ဆက်ရေးပါ များများရေးပါ
များများဖတ်ပီး အားပေးနေပါတယ်
sonata-cantata said…
This comment has been removed by the author.
Sonata Cantata said…
ချင်းကြီးခင်မမကို ချစ်ပါသည်။


(အခြား account နဲ့ရေးမိလို့ အပေါ်က ကော်မန့်ကို ပြန်ဖျက်လိုက်တာနော်)
ThuHninSee said…
loading နေတာ ကြာတယ်.. နောက်မှပြန်လာဖတ်တော့မယ် မမနဲ့ မမတီဂျီ။
အစ်မ-မခင်မမ
တရားစခန်းမှာ တွေ့ပေမဲ့ အနှောက်အယှက်ဖြစ်မှာစိုးလို့ စကားမပြောဖြစ်လိုက်ရဘူး။

သင်္ကြန်မှာ သူများတို့ကတဲ့ အကြောင်းလေးလည်း ရေးပါဦး။ အဲဒီတုန်းက ဆရာဦးဇော်မင်းအောင်တို့ လက်မလည်လို့ အစ်မတို့ကို တန်ခူးနဲ့ သူများက မိတ်ကပ်ကူလိမ်းပေးခဲ့ဘူးတာ မှတ်မိတယ်ဟုတ်။ နံနက် စောစော မှောင်ရီဝိုးတ၀ါးမှာ မမြင်မကန်းနဲ့ မိတ်ကပ်တွေ အလိမ်းလွန်ပြီး ဓါးနဲ့တောင် ခြစ်ချလို့ရတာလေ...း-)

အစ်မ မသိဂီ င်္ရဲ့ဘလော့ကို အမြဲလာဖတ်ဖြစ်တယ်။ ခြေရာလက်ရာသာ မချန်ဖြစ်ခဲ့ပဲ တိတ်တိတ်လေး ပြန်ပြန်သွားတာ...း-)

စုချစ်
မီယာ said…
မနော် တယောက်ထဲ မဟုတ်ဘူး.. ညကတည်းက မန့်ထားတာ အိပ်ရာထလို့ နောက်တခေါက် ပြန်လာကြည့်တာ မပေါ်သေးတာနဲ့ ထပ်မန့်တာ.. မသိင်္ဂီတို့ ကျောင်းမှာ တော်တော် ပျော်ခဲ့ရတယ်နော်.. ကံကောင်းသူလေးများ...
သူညားလဲပါပါတယ်။ ကယားမလေးလုပ်ပြီး ဘယ်ညာနင်းတယ်လေ။ :)
PAUK said…
မ မမ
တင်ကတည်းက ဖတ်ရတယ်..
ပြတ်တောင်း ပြတ်တောင်း..
ဂျီတော့ခ်ပြောနေတော့ မန့်ဖို့ အခွင့်မသာဘူး
အခုမှ အေးဆေးပြန်လာဖတ်ရတယ်..
ချင်းမလေးက ..မ မမလားး
မ ရေ… ဟိုတနေ့ က ရုံးမှာ ဖတ်ပြီး ဒီကော်မန့် လေး ပြင်ထားတာ… ကော်မန့် တင်လို့ မရလို့ …

ခေါင်းတွေ အရမ်းကိုက်နေလို့  မနေ့ ကရော ဒီနေ့ ပါ ဘလော့ဂ်လည်ခြင်း ခဏနားထားတာ… မြတ်နိုးက ညွှန်းလိုက်လို့  ခေါင်းကိုက်ကိုက်နဲ့  လာဖတ်တာ ခေါင်းကိုက်တောင် ပျောက်သွားသလိုပဲ မ နဲ့  မမရေ… တင်ပေးသူရော… ရေးပေးသူပါကျေးဇူးပါ… ပိုးတူသူတွေမို့  ဖတ်ရတာ လေးလေးပင်ပင်နဲ့  စင်ပေါ်တောင်ပြန်ရောက်သွားသလို ခံစားရပါတယ်… ပြီးတော့… မင်းသမီးတော်တော်များများက ကိုယ့်အမတွေပဲ ဆိုတော့ မျက်စိထဲ မြင်ယောင်လာပြီး လွမ်းလိုက်တာ… သွားရည်ကျခဲ့ရတဲ့ အဆောင်သူဘ၀ကို မမရေးမှ ပိုအားကျမိပြန်တယ်… (ခုတော့လဲ နောက်ကျပြီလေ)… မမရေ… သဇင်အတွဲကလဲ စာအုပ်တအုပ်ထုတ်ရလောက်အောင် အရေးအသားကောင်းပြီး အဆောင်သူဘ၀ကို ကွင်းကွင်းကွက်ကွက် သရုပ်ပေါ်ပါတယ်… လေးစားအားကျမိပါတယ်…
tg.nwai said…
မနော်ရေ..တကူးတက ကော်မန့်လေး ထားခဲ့ပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်...။ မနော်ဆီက မလွမ်းဘူးလား လာကြည့်ပြီးတော့ လွမ်းနေတဲ့သူတွေ အလွမ်းပြေ စလိုက်ရှိုးလေးတွေ့တာနဲ့ တင်ထားလိုက်တာ...။

မြတ်နိုးလေး.. မြတ်နိုးရေးတဲ့ ကျောင်းအကြောင်းတွေဖတ်ပြီး သည်အလွမ်းပိုး ထလာတာနဲ့ သဇင်ဇာတ်လမ်း စဖြစ်သွားတာ..

သီတာရေ..ချင်းကြီးကချင်းမလေးနဲ့ မတွဲဘူးနော်.. တစ်ယောက်ထဲ နေလို့..ခုလဲ..ဟီးဟီး။

မွန်ရေ..အဆင်မပြေမှုအတွက် စိတ်မကောင်းပါ..:)

စုချစ်ရေ.. ညီမလေးဆီလည်း လာလည်ဖြစ်ပါတယ်.. ပြက္ခဒိန်လေးလည်း လာယူသွားသေးတယ်.. ဟဲဟဲ..။

မီယာရေ.. ဟုတ်တယ်နော်..အခုတလော ကော်မန့် ပေးလို့ မရဖြစ်နေတာ..တော်တော်ခက်နေတယ်..။

သင်းကြည်.. ဟုတ်သားပဲ..နင့်ပုံပို့လိုက်လေ..တွဲသိမ်းထားရအောင်..ငါလည်း နင်တို့ကို အားကျလို့ နောက်နှစ်မှာ ပါမဟဲ့လို့ အားခဲပြီး စာရင်းပေးတာပဲ.ငါပါမယ်ဆိုကာမှ ပွဲက ပျက်.....ငါ့မှာ ခါးက တောင့်တောင့်ကြီးဖြစ်နေလို့ အကနည်းပြအကူ ပြန်လုပ်နေတဲ့ တောင်ကြီးသူ ဒေါ်မီ ပြောတာ သတိရသေး...။

ပေါက်ကတော့ လုပ်ပြီ..ဟိဟိ.. ကွန်မန့် သပ်သပ်လာပေးတဲ့အတွက် ကျေးဇူး။ အဲဒါ ချင်းအမျိုးသားဝတ်စုံနဲ့ မမပေါ့..။ ချင်းမလေးဆို..ဘယ်..ရှာလပတ်စ်..ဟဲဟဲ။

တန်ခူးရေ... အခုတလော ခေါင်းကိုက်တဲ့သူတွေ တော်တော်များနေတယ်..ရာသီအပြောင်းအလဲကြောင့်လား မသိ။ တန်ခူးတို့နဲ့ ကတဲ့အကြောင်း မမ သီးသန့် ထပ်ရေးမယ် ထင်တယ်..။ အမှတ်တရလေးတွေ စုထားချင်လို့ မမဆီက တောင်းထားရတာ..သူ တော်တော် မှတ်မိတာကိုပဲ အံ့သြလွန်းနေတာ..။

( ပိုစ့်ရေးသားသူသည် အကြီးစား operation ကို ကိုယ်တိုင် ဦးဆောင်ပါဝင် ဆင်နွဲနေပါသဖြင့် မအားလပ်ပါသောကြောင့် ကိုယ်စား ၀င်ဖြေပါသည်။ )
Taungoo said…
အမကြီးတို့ အဆောင်ကပွဲတော့ အနော်တို့ နောက်ဆုံးသုတ်လေးနဲ့ အလှမ်းဝေးပါတယ်။ ပျော်စရာကြီးပဲ။ အခြားအဆောင်တွေက ကျောင်းသားတွေ မကြည့်ရဘူးလား။ (ဒီမှာ စာမူခဝင်ပေးတာတောင် နည်းနည်းကြောင်နေတယ်။ အနော် တစ်ယောက်တည်း မောင်ကျောင်းသား ဖြစ်နေလို့)
ဒါပေမယ့် မျိုးဆက်တော့ပြတ်ပါဘူး။ ဧပြီ ၁၁ မှာ RIT/ YIT/ YTU/ MIT/ MTU/ PIT/ PTU သင်္ကြန်ပွဲရှိတယ်။ ဒီမှာတော့ နှစ်တိုင်းအစဉ်လာမပျက် လုပ်နေကြပါ။

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ