မင်္ဂလာပါရှင်...။
ကျမလည်း ဝေဒနာ အမော..သောကအပူ..(ကဗျာရွတ်တာ မဟုတ်) တွေထဲ ရှုပ်ထွေးနေတာနဲ့ ပို့စ်ရေးဖို့ စိတ်က ၀င်စားလို့ မရ..။ ရေးဖြစ်ပြန်တော့လည်း အဆုံးသတ်မရ။ အင်း.. ဒါနဲ့ပဲ ဟိုတနေ့က ကယ်တင်ရှင်မမကို လှမ်းပြီး စာမရေးတော့ဘူးလားလို့ မျက်နှာချိုလှမ်းသွေးလိုက်တော့.. ညနေက ပို့လိုက်ပြီဆိုတာတောင် ကိုယ့်မှာ တင်ဖို့ ပြင်ဆင်တာ တောက်လျှောက် အချိန်မရလို့...။ ပြီးပြန်တော့လည်း ပီဒီအက်ဖ်လေးပြောင်းပြီး scribd နဲ့ တင်ရရင်ကောင်းမလားပေါ့... ဖြစ်ချင်တော့ ကျမရဲ့ ms-word 2007 မှာ ပီဒီအက်ဖ်ပြောင်းလို့မရပါဘူး။ ဒါနဲ့ http://www.primopdf.com/ ကနေ ဒေါင်းလုပ်ယူပြီး ပီဒီအက်ဖ်ပြောင်းထားလိုက်ပါတယ်...။ သဇင်အမှတ်တရထဲက သူ့အတွက် အမှတ်တရ ဖြစ်တာလေးပါ...။ ကျမကတော့ သူပြန်ပြောမှ... ဝေေ၀၀ါးဝါး ပြန်သတိရလာရပါတယ်...။
Comments
ကံမကောင်းချင်တော့commentကိုနှစ်ခါပြန်ပေးရတယ်။
မ၀င်ဘူးလေ။
သတိရစရာပျော်စရာကာလတွေကိုမြင်ယောင်သွားတယ်။
ကျောင်းပုံ slideshowကိုလည်းတော်တော်ကြာအောင်
ငေးသွားတယ်။ကိုယ့်ကျောင်းမဟုတ်ပေမယ့်ညနေတိုင်းညီ
မကိုသွားကြိုရင်းရောက်နေတဲ့ကျောင်းမို့ရောသူငယ်ချင်း
တွေတော်တော်များများလည်းရှိတာမို့ရော..မနော့်ဒုတိယ
ကျောင်းလိုပါပဲ။
မီးမီးတို့ က စတိတ်ကျောင်းသူလေးတွေပဲ ရှိသေးတယ်
ဆက်ရေးပါ များများရေးပါ
များများဖတ်ပီး အားပေးနေပါတယ်
(အခြား account နဲ့ရေးမိလို့ အပေါ်က ကော်မန့်ကို ပြန်ဖျက်လိုက်တာနော်)
တရားစခန်းမှာ တွေ့ပေမဲ့ အနှောက်အယှက်ဖြစ်မှာစိုးလို့ စကားမပြောဖြစ်လိုက်ရဘူး။
သင်္ကြန်မှာ သူများတို့ကတဲ့ အကြောင်းလေးလည်း ရေးပါဦး။ အဲဒီတုန်းက ဆရာဦးဇော်မင်းအောင်တို့ လက်မလည်လို့ အစ်မတို့ကို တန်ခူးနဲ့ သူများက မိတ်ကပ်ကူလိမ်းပေးခဲ့ဘူးတာ မှတ်မိတယ်ဟုတ်။ နံနက် စောစော မှောင်ရီဝိုးတ၀ါးမှာ မမြင်မကန်းနဲ့ မိတ်ကပ်တွေ အလိမ်းလွန်ပြီး ဓါးနဲ့တောင် ခြစ်ချလို့ရတာလေ...း-)
အစ်မ မသိဂီ င်္ရဲ့ဘလော့ကို အမြဲလာဖတ်ဖြစ်တယ်။ ခြေရာလက်ရာသာ မချန်ဖြစ်ခဲ့ပဲ တိတ်တိတ်လေး ပြန်ပြန်သွားတာ...း-)
စုချစ်
တင်ကတည်းက ဖတ်ရတယ်..
ပြတ်တောင်း ပြတ်တောင်း..
ဂျီတော့ခ်ပြောနေတော့ မန့်ဖို့ အခွင့်မသာဘူး
အခုမှ အေးဆေးပြန်လာဖတ်ရတယ်..
ချင်းမလေးက ..မ မမလားး
ခေါင်းတွေ အရမ်းကိုက်နေလို့  မနေ့ ကရော ဒီနေ့ ပါ ဘလော့ဂ်လည်ခြင်း ခဏနားထားတာ… မြတ်နိုးက ညွှန်းလိုက်လို့  ခေါင်းကိုက်ကိုက်နဲ့  လာဖတ်တာ ခေါင်းကိုက်တောင် ပျောက်သွားသလိုပဲ မ နဲ့  မမရေ… တင်ပေးသူရော… ရေးပေးသူပါကျေးဇူးပါ… ပိုးတူသူတွေမို့  ဖတ်ရတာ လေးလေးပင်ပင်နဲ့  စင်ပေါ်တောင်ပြန်ရောက်သွားသလို ခံစားရပါတယ်… ပြီးတော့… မင်းသမီးတော်တော်များများက ကိုယ့်အမတွေပဲ ဆိုတော့ မျက်စိထဲ မြင်ယောင်လာပြီး လွမ်းလိုက်တာ… သွားရည်ကျခဲ့ရတဲ့ အဆောင်သူဘ၀ကို မမရေးမှ ပိုအားကျမိပြန်တယ်… (ခုတော့လဲ နောက်ကျပြီလေ)… မမရေ… သဇင်အတွဲကလဲ စာအုပ်တအုပ်ထုတ်ရလောက်အောင် အရေးအသားကောင်းပြီး အဆောင်သူဘ၀ကို ကွင်းကွင်းကွက်ကွက် သရုပ်ပေါ်ပါတယ်… လေးစားအားကျမိပါတယ်…
မြတ်နိုးလေး.. မြတ်နိုးရေးတဲ့ ကျောင်းအကြောင်းတွေဖတ်ပြီး သည်အလွမ်းပိုး ထလာတာနဲ့ သဇင်ဇာတ်လမ်း စဖြစ်သွားတာ..
သီတာရေ..ချင်းကြီးကချင်းမလေးနဲ့ မတွဲဘူးနော်.. တစ်ယောက်ထဲ နေလို့..ခုလဲ..ဟီးဟီး။
မွန်ရေ..အဆင်မပြေမှုအတွက် စိတ်မကောင်းပါ..:)
စုချစ်ရေ.. ညီမလေးဆီလည်း လာလည်ဖြစ်ပါတယ်.. ပြက္ခဒိန်လေးလည်း လာယူသွားသေးတယ်.. ဟဲဟဲ..။
မီယာရေ.. ဟုတ်တယ်နော်..အခုတလော ကော်မန့် ပေးလို့ မရဖြစ်နေတာ..တော်တော်ခက်နေတယ်..။
သင်းကြည်.. ဟုတ်သားပဲ..နင့်ပုံပို့လိုက်လေ..တွဲသိမ်းထားရအောင်..ငါလည်း နင်တို့ကို အားကျလို့ နောက်နှစ်မှာ ပါမဟဲ့လို့ အားခဲပြီး စာရင်းပေးတာပဲ.ငါပါမယ်ဆိုကာမှ ပွဲက ပျက်.....ငါ့မှာ ခါးက တောင့်တောင့်ကြီးဖြစ်နေလို့ အကနည်းပြအကူ ပြန်လုပ်နေတဲ့ တောင်ကြီးသူ ဒေါ်မီ ပြောတာ သတိရသေး...။
ပေါက်ကတော့ လုပ်ပြီ..ဟိဟိ.. ကွန်မန့် သပ်သပ်လာပေးတဲ့အတွက် ကျေးဇူး။ အဲဒါ ချင်းအမျိုးသားဝတ်စုံနဲ့ မမပေါ့..။ ချင်းမလေးဆို..ဘယ်..ရှာလပတ်စ်..ဟဲဟဲ။
တန်ခူးရေ... အခုတလော ခေါင်းကိုက်တဲ့သူတွေ တော်တော်များနေတယ်..ရာသီအပြောင်းအလဲကြောင့်လား မသိ။ တန်ခူးတို့နဲ့ ကတဲ့အကြောင်း မမ သီးသန့် ထပ်ရေးမယ် ထင်တယ်..။ အမှတ်တရလေးတွေ စုထားချင်လို့ မမဆီက တောင်းထားရတာ..သူ တော်တော် မှတ်မိတာကိုပဲ အံ့သြလွန်းနေတာ..။
( ပိုစ့်ရေးသားသူသည် အကြီးစား operation ကို ကိုယ်တိုင် ဦးဆောင်ပါဝင် ဆင်နွဲနေပါသဖြင့် မအားလပ်ပါသောကြောင့် ကိုယ်စား ၀င်ဖြေပါသည်။ )
ဒါပေမယ့် မျိုးဆက်တော့ပြတ်ပါဘူး။ ဧပြီ ၁၁ မှာ RIT/ YIT/ YTU/ MIT/ MTU/ PIT/ PTU သင်္ကြန်ပွဲရှိတယ်။ ဒီမှာတော့ နှစ်တိုင်းအစဉ်လာမပျက် လုပ်နေကြပါ။