Skip to main content

MERRY CHRISTMAS TO ALL!

ဒီဇင်ဘာလ ၂၅  ရက်နေ့ ခရစ်စမတ်နေ့အတွက်  ချစ်သော မိတ်ဆွေ သူငယ်ချင်းများနဲ့ မောင်နှမ  များ  အားလုံး  ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...

Christmas Myspace Comments 

'



ကျမတို့ ငယ်ငယ်တုန်းက ဖေဖေ တာဝန်ကျရာ နယ်တွေကို လိုက်ပါပြောင်းရွှေ့နေထိုင်ခဲ့ရလေတော့ လွိုင်ကော်တို့ ဟားခါးတို့လို ခရစ်ယာန်ဘာသာဝင်တွေများတဲ့ ဒေသတွေမှာလည်း နေခဲ့ရပါတယ်။  သူတို့တွေနဲ့ အတူ ခရစ်စမတ်ဆိုလည်း ပျော်လိုက်ရွှင်လိုက်ကြပေါ့...  carol-singing တွေလာရင်လည်း ပျော်ဖို့ကောင်းလိုက်တာ... သူများတွေအိမ်ရှေ့ရောက်နေရင် ဘယ်တော့ ကိုယ့်ဆီလာမလဲ မျှော်ရတာပေါ့... 


နောက် မေမေက သူငယ်ငယ်ကပျော်ရွှင်ခဲ့ရတဲ့ အတိုင်း ကျမတို့ကို ခရစ်စမတ်နေ့မှာ ခြေအိတ်တွေချိတ်ခိုင်းပြီး လက်ဆောင်တွေ ပေးတတ်ပါသေးတယ်... အဲဒီတော့လည်း ကလေးတွေပီပီ ဘယ်အချိန်များ စန်တာဘိုးဘိုးကြီး လာထည့်မလဲ ကောင်းကောင်းမအိပ်နိုင်ခဲ့ရဘူးပေါ့....များသောအားဖြင့်ကတော့ သကြားလုံးတို့ ချောကလက်တို့ပါပဲ... 

မှတ်မှတ်ရရ ရှိနေခဲ့တဲ့ လက်ဆောင်ကတော့ ယမ်းသေနတ်လေးတလက်ပါ။ အစ်ကိုနဲ့ မောင် ယောကျာင်္းလေးနှစ်ယောက်ကြားက ကျမ မိန်းကလေးအတွက် အိမ်မှာကစားဖော်က သူတို့ပါပဲ..အဲဒီတော့ သူတို့က သေနတ်ပစ်တမ်းကစားရင် ကျမက သူတို့ မကြိုက်တဲ့ သေနတ်မှ ကိုင်ခွင့်ရတာကိုး... မိန်းကလေးဆိုတော့ ကိုယ်ပိုင်သေနတ်အရုပ် မ၀ယ်ပေးပဲ ဘိုမရုပ်တို့ အိုးခွက်ပန်းကန်အရုပ်တွေသာ ၀ယ်ပေးခဲ့တာလေ..။  အဲဒီဘိုမရုပ်ဆိုတာကလည်း ကျမ လက်ထဲမှာ ဘယ်တော့မှ ရက်ကူးအောင် ကောင်းကောင်းမနေရရှာပါဘူး။  မျက်လုံးအရောင်လေးတွေနဲ့ကို သဘောကျလို့ မျက်လုံးကို ကလော်ပြီး ထုတ်ကြည့်တာနဲ့...လည်ပင်းလှည့်လို့ရရင် ဘယ်လိုထည့်ထားသလဲ သိချင်လို့ ခေါင်းဖြူတ်ကြည့်ရတာနဲ့... ဆံပင်တွေကို နှုတ်ပစ်တာနဲ့ ဆိုတော့ သူတို့ခမျာ ကျမလက်ထဲမှာသက်ဆိုးမရှည်နိုင်တာ ဘာဆန်းသလဲနော်.. 

အဲ.. ဘိုမရုပ်နဲ့က ကိုယ်တိုင်က မဆော့ချင်...Tea Set တွေနဲ့ ဆော့ပြန်တော့လည်း သူတို့က တကယ်မုန့်အစစ်နဲ့ ကျွေးမှ ဆော့မယ်ဆိုလို့ ကိုယ့်ဝေစု မုန့်တွေကို သူတို့ကို တကယ်ကျွေးရတာဆိုတော့ တွက်ချေမကိုက်ပြန်....စောစောက ပြောသလိုပါပဲ...ကိုယ်ပိုင်သေနတ်လေးတလက်မှ မရှိတော့ မျက်နှာငယ်နေရတဲ့ ဘ၀ကို မခံနိုင်တော့တာနဲ့ ဖေဖေတို့ကို ပူဆာမိလိုက်တယ်တူပါရဲ့... အဲဒီနေ့မနက်မှာ ကျမ ချိတ်ထားတဲ့ ခြေအိတ်ထဲ ယမ်းလိပ်ထည့်ပစ်ရတဲ့ သံသေနတ်အကောင်းစားလေး (အဲဒီတုန်းကပေါ့လေ..) ရောက်နေခဲ့တာ ဘယ်လောက်ပျော်ခဲ့လိုက်မလဲလေ... အမယ်..သူတို့က ဒီတခါတော့ ကျမ သေနတ်ပစ်ချင်လွန်းလို့  သူတို့ရတဲ့ သကြားလုံးတွေ ကိုယ့်ဆီရောက်ပေါ့....  ကလေးဘ၀မှာတော့ အဲဒီခရစ်စမတ်လက်ဆောင်လေးကတော့ မှတ်မှတ်ရရပါပဲလေ...


(ဒါလေးကတော့ G-Talk Status မှာ ကြယ်ပွင့်လေးနဲ့ ကိုဂျဲဂျယ်တို့ တင်ထားတာကို သဘောကျလို့ ကော်ပီလုပ်ထားတာပါ...)
We Wish You a Merry♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪ Christmas♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪We Wish You a Merry ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪Christmas ♥ ♥ ♥We Wish You A Merry ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪Christmas ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪...And A Happy New Year!♪♫•*¨*•.¸¸♥
¸¸.•*¨*•♫♪......

Christmas Myspace Comments

Comments

PAUK said…
Merry X'max & Happy new year!!!!
မသိင်္ဂီရေ..အခုလိုကာတွန်းရုပ်လေးတွေနဲ့ ပို့စ်
မတင်တာ ကြာပေါ့..။။
ကျနော်တို့နေတဲ့မြို့ဆိုလည်း ခရစ်ယာန်များတော့
ခရစ်စမတ်စ်ဆို စည်တယ်။။
အိမ်ရှေ့ ခရစ်ယာန်အိမ်က နှစ်တိုင်း
ဒိုဒိုး (မုန့်ကုလားမည်း) လုပ်ပြီး ဝေလေ့ရှိတယ်။။
Anonymous said…
ကလေးတွေကို အဲဒီလုပ်ပေးနေပြီလားအမ။
ပျော်ရွှင်သော ခရစ်စမတ်ဖြစ်ပါစေ။
အရုပ်ကလေးသဘောကျတယ်။
အခုမှပဲပေါ်လာတော့တယ် စန်တာဘိုးဘိုးကြီးရယ်။
MANORHARY said…
We Wish You a Merry*♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪ *Christmas*♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪*We Wish You a Merry ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪*Christmas* ♥ ♥ ♥*We Wish You A Merry* ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪*Christmas* ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪...*And A Happy New Year!*
Ma Mon said…
Nice to see ur post.
သိင်္ဂီ ဘလော့ကို လင့်ထားပေမဲ့ ကိုကြီးကျောက် ဆီမှာpost အသစ်တွေ ပေါ်မလာဘူး..မနဲလိုက်ရှာနေရတယ်
Taungoo said…
ကျွန်တော့်မှာလည်း သံနဲ့ လုပ်ထားတဲ့ ယမ်းသေနတ်တစ်လက် ရှိခဲ့ဖူးတယ်ဗျ။ ရိုးရိုးကော်သေနတ်တွေနဲ့ ယှဉ်လိုက်တော့ အဲဒါက အရမ်းကိုင်လို့ကောင်းတယ်။ လေးနေတာပဲ။ ခုတောင် ပြန်ပစ်ချင်လာပြီ။

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ မသိဂီင်္
မီယာ said…
Happy new year မသိင်္ဂီ... မတွေ့ဖြစ်တာ ကြာပေမယ့် အမြဲတမ်း သတိရတယ်
ame said…
Ma Ma. I still remember your gun.

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ