Labels

Wednesday, June 17, 2020

၁၆၀၆၂၀၂၀

၁၆၀၆၂၀၂၀




ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် နိုင်တင်းကြောင့် လည်ပတ်နေတဲ့ ကမ္ဘာကြီးဟာ ရုတ်တရက် ဆိုသလို ပြောင်းလဲသွားခဲ့ကြရတော့တယ်... ဘယ်အရာတွေ အရေးကြီးတယ်ပဲ ဆိုဆို ခုလိုအချိန်မှာ အရေးအကြီးဆုံးဟာ ကျန်းမာရေး နဲ့ ရှင်သန်နေထိုင်ရေးပဲ ဖြစ်သွားခဲ့တယ်.. ကူးစက်မြန် ရောဂါဆိုးကြီးဖြစ်နေတဲ့အတွက် ဒီဖြစ်စဉ်မှာ Butterfly effect ဟာ သိသာထင်ရှားစွာ ပေါ်လွင်လာခဲ့တယ်... ကိုယ့်စိတ်နဲ့ ကိုယ်ကိုယ်လို့ ယူဆထားတာဟာ မှားယွင်းကြောင်း လူ့ပတ်ဝန်းကျင်အသိုင်းအဝန်းကြား ထင်ရှားစေခဲ့တယ်...

ကိုယ်တို့ တိုင်းပြည်ဟာ နောက်ကျမှ ရောက်လာခဲ့တဲ့ ဒီရောဂါကပ်ဆိုးအတွက် ပြင်ဆင်ချိန်တွေ အများကြီး ရှိခဲ့တယ်.. ဆင်းရဲတဲ့ နိုင်ငံမို့ ကမ္ဘာ့အင်အားကြီး ချမ်းသာတဲ့ နိုင်ငံတွေနဲ့ အပြိုင်တော့ ဘယ်လိုက်လုပ်နိုင်ပါ့မလဲလေ၊ ဒီလိုအချိန်မှာ ပြည်သူတွေအတွက် အားကိုးရာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ တန်ဖိုးဟာ ပိုပြီး သိသာထင်ရှားစေခဲ့တယ်၊ မိခင်နဲ့ တူတဲ့ ခေါင်းဆောင်ကောင်းတယောက်ရယ် သူ့လူတွေကို မေတ္တာကရုဏာနဲ့ ထွေးပွေ့ ပြင်ဆင်ခဲ့တဲ့ အရည်အချင်းပြည့် ခေါင်းဆောင်တစ်ယောက်ကြောင့် ကိုယ့်တွေရဲ့ ဘရမ်းဘတာ အကျင့်သဘာဝတွေနဲ့ ကိုယ့်အမျိုးတွေဟာ ခုချိန်ထိတော့ အထိအခိုက် အပျက်အစီး သက်သာနေတုန်းပဲလေ.. တိုင်းပြည်အတွက် အခြေအနေ နဲ့ အချိန်အခါကလည်း မျက်နှာသာပေးခဲ့တယ်... မြန်မာတို့ရဲ့ သင်္ကြန်ချိန်ခါ အားလပ်ရက်ရယ်  ကလေးတွေရဲ့ ကျောင်းပိတ်ရက်တွေနဲ့ ဆက်လို့ သက်သာနေခဲ့တာလဲ ပါရဲ့...

ဘာရယ်မဟုတ်... ဘလော့ဂ်လေး အသက်ပြန်သွင်းဖို့ ....

တို့..... ပြန်လာခဲ့တယ်ပေါ့....

ဇော်ဂျီကို ယူနီကုဒ်ပြောင်းသုံးလို့....







...

No comments:

၁၆၀၆၂၀၂၀

၁၆၀၆၂၀၂၀ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် နိုင်တင်းကြောင့် လည်ပတ်နေတဲ့ ကမ္ဘာကြီးဟာ ရုတ်တရက် ဆိုသလို ပြောင်းလဲသွားခဲ့ကြရတော့တယ်... ဘယ်အရာတွေ အရေးကြီးတယ...