Theingi Nwai added 25 photos and a video.
ဖားအောက်တောရမှာ သီလရှင်ဝတ်ဖြစ်ခဲ့တာ ကိုယ့်ဘဝမှာ ဒုတိယအကြိမ် သီလရှင်ဘဝကို ခံယူခဲ့ခြင်းပါ...
ပထမတကြိမ် ၂၀၀၈ ကနဲ့ဆိုရင် ၁၀ နှစ် ခြားခဲ့ပြီပေါ့...
ငယ်ငယ် ကလေးဘဝကထဲက စစ်ကိုင်းတောင်ရိုးက ကိုယ်တွေရဲ့ ဖွားလေး သမိဒ္ဓေါဒယချောင် ဆရာကြီးဒေါ်မာလာရီ အကြောင်း ရင်းနှီးနေပေမဲ့ သီလရှင်ဝတ်ဖို့ ကိစ္စကို အိမ်က စိတ်မထက်သန်လို့ အိမ်ထောင်ကျပြီးမှပဲ သီလရှင်ဝတ်ဖူးတော့တယ်။ ( ဖွားလေး ဒေါ်မာလာရီရဲ့ ထေရုပတ္တိကို ခု ပါချုပ်ဆရာတော်ဘုရားကြီး ငယ်စဉ်က စာအုပ်ရေးဖူးပါတယ်)
ဖားအောက်ယောဂီတွေ မြင်တိုင်း အထူးသဖြင့် ဆရာလေးတွေ ဖူးမြင်ရတိုင်း ဖားအောက်တောရမှာ သီလရှင်ဝတ်ချင်စိတ်တွေ ဖြစ်မိခဲ့တယ်။ အိမ်က အမျိုးသားကို ပြောမိရင် သူက သွားပေါ့ တစ်လလောက်လို့ ပြန်ပြောလေ့ ရှိခဲ့တယ်။
ဒီလိုနဲ့ ကလေးတွေက ၁၈.၂.၁၈ မှာ ကျောင်က လေ့လာရေးခရီးသွားကြတယ်။ အဲဒီအချိန်တွင်းမှာပဲ ကိုယ့်ရဲ့ အချိန်တွေကို သတိပြုမိလိုက်တယ်။ သမီး၊ဇနီး၊ မိခင်တယောက်ရဲ့ တာဝန်တွေကြားထဲက ကိုယ့်ရဲ့ အချိန်ဟာ ဒီအချိန်လေးပဲ ဆိုတာကို.....။ အသက်ကြီးရင့်လာကြတဲ့ မိဘနှစ်ပါးရဲ့ ကျန်းမာရေး အခြေအနေ၊ အရွယ်ရောက်လာကြတဲ့ ဆယ်ကျော်သက်ရွယ် သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ တာဝန်တွေ... ကိုယ့်တွက် (ကိုယ်တိုင်တော့ ကျန်းမာမယ်လို့ assume လုပ်ထားပြီး) ဒီလိုအချိန်ဟာ တကယ့်ကို ရတောင့်ရခဲ အချိန်လေးလို့ သဘောပေါက်ပြီး သူ့ကို နှစ်လခွဲ ကိုယ့်တာဝန်တွေ ခဏယူပေးဖို့ ခွင့်တောင်းရတယ်။
ကလေးတွေ ခရီးက ပြန်မလာခင်မှာပဲ ကိုယ် အဆင့်သင့်ဖြစ်နေပြီ။ ကလေးတွေ ၂၃ ရက်နေ့ ပြန်ရောက်တော့ ၂၄ ရက်နေ့ မေမြို့တက်.... ၂၅ ရက်နေ့ နေ့လည် ဆံချ၊ ညနေ ဆရာလေး အယျာ ဓမ္မမာမက ဘဝ ရောက်ခဲ့ရတယ်။
(တနှစ်ကြာမှ မေ့လျော့ ပျောက်ပျက်မသွားစေရန် မှတ်တမ်းတင်ခြင်းပါ။)
********************
ဒီနေ့ ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ် လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ.. : P အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။
Comments