ပြောရမယ်ဆို....
ကိုယ်ဟာ သိပ်တွယ်တတ်တဲ့ ကောင်…
သိပ်ပြီး ပူပန်တတ်ခဲ့တဲ့ ကောင်….
ခုတော့လည်း....
အရာရာကို ဖြေလျော့လို့ သူ့သဘောသူဆောင်လို့ သဘောထားတတ်လိုက်ချိန်မှာ အတော် သက်သာရာ ရသွားခဲ့ပြီ...
အရင်က အိမ်က လူတွေ အပြန်နောက်ကျရင် ပူရဲ့... ပူတာမှ ရှာကြံပြီးကို တွေး တွေးရင်း အကြီးကြီးဖြစ်လာတဲ့အထိ ပူပန်တတ်တာမျိုး....
ကိုယ့် တာဝန်ဝတ္တရားရယ်ပဲဆိုပြီး မနိုင်ရင်ကာတွေ ထမ်းပြီး သေလုအောင် ပင်ပန်းလည်း ကြိတ်မှိတ်ပြီး လုပ်တတ်တာမျိုး...
ခုတော့....
ကိုယ် ပူပင်စိတ်ဝင်လာပြီဆိုတာနဲ့ သတိလေးက အချက်ပေးပြီ....
ဆက်ပြီး အကြီးမခံတော့ဘူး....
ကိုယ် ဘာတတ်နိုင်လဲ စဉ်းစားတယ်...
အဆုံးစွန်ဆုံး ကိုယ်မရှိတော့ရင်ရော ဘယ်လိုဖြစ်မလဲထိ စဉ်းစားလိုက်ရင် အရာရာဟာ အေးဆေးဖြစ်သွားတာပဲ...
အရင်ကတော့ လူကြီးမိဘတွေကိုလည်း ပူတယ်... သားသမီးတွေကိုလည်း ပူတယ်...
အခုကတော့.... ပူတာကို ဘယ်လိုရှင်းလို့ရမလဲလို့ပဲ problem solve လုပ်ဖို့ကို စဉ်းစားတယ်... ဘာလုပ်နိုင်မလဲ...မလုပ်နိုင်တော့တဲ့...ကိုယ်မရှင်းနိုင်တဲ့ ကိစ္စဆိုရင် let it be… ပဲ … တတ်နိုင်သလောက် နည်းလမ်းမျိုးစုံ စဉ်းစားတယ်... အလုပ်မဖြစ်တော့ဘူးဆိုရင်တော့ နောက်ဆုံး…လွှတ်ချလိုက်တော့တယ်...
အတော် အေးဆေးသွားတယ်...
ဒါလေး လာမှတ်တာ...
အခုချိန် တနေ့ချင်း ရှင်သန်နေရတာလေ....
ဘာတွေများ အများကြီး မျှော်လင့်ဦးတော့မှာလဲ...
နိုင်သလောက်ဝန် ထမ်းပြီး တချိန်ကျရင် ကိုယ့်အတွက် အချိန်တန်တန် မတန်တန် ထွက်သွားကြရတာပဲ မဟုတ်လား...
နောင်တတွေနဲ့ ရပ်တန့် ကြောက်ရွံ့ ရှင်သန်နေရတာထက် လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပြီး ဆက်လျှောက်နေမယ်...
သေမှာလည်း ကြောက်မနေသလို ဘယ်သူဘယ်ဝါ့အတွက် ကိုယ်ရှိနေရမယ်ဆိုတဲ့ စိတ်လည်း မရှိတော့ဘူး....
ဒီတော့ ပြောတယ်ဗျ..... မသေသေးခင် အခက်အခဲတွေ ကြုံရရင်ရောတဲ့...ဟယ်...ကြုံမှတော့ ဘာတတ်နိုင်မှာလဲ...ရင်ဆိုင်ရမှာပဲလေ... ကြိုက်ကြိုက် မကြိုက်ကြိုက် ကြောက်ကြောက် မကြောက်ကြောက် သေခြင်းတရားလိုပဲ ရင်ဆိုင်ရမဲ့ အရာတွေက အများကြီးပဲ မဟုတ်ဘူးလား...
Comments