Skip to main content

Posts

ကမ္ဘာပျက်တော့မယ်ဆိုပါတော့....

ကိုအောင်သာငယ်က စီဘောက်စ်မှာ တက်ဂ်ထားတယ်တဲ့...နောက် သက်ဝေရော ရောက်လာပြန်ပါတယ်။  အခု ရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေလို့ ကိုယ့်အိမ်လေးဆီတောင် မရောက်နိုင်ခဲ့တာလေ။ ဒီနေ့မှ  ကမ္ဘာပျက်နေမှန်း သိရတော့တယ်. . ဒါနဲ့ ကျမလည်း ကမန်းကတန်း ကမ္ဘာများပျက်ရင် ဆိုပြီး စဉ်းစားရပါတယ်...  ၂၀၁၀..အဲ...၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာကို မယုံကြည်တာလည်း ပါမယ် ထင်ပါရဲ့။ အချိန်းအချက်မရှိတဲ့ သေမင်းထက် တယောက်နဲ့ တယောက် ထွေးပွေ့ဖေးမပြီး ပြင်ဆင်ဖို့အချိန်ရှိမယ့် ဒီလိုအဖြစ်မျိုးက သိပ်တော့ကြောက်စရာ ကောင်းမနေခဲ့ပါဘူး...  (၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ.. ကိုယ့်မိသားစုနဲ့ပေါ့.... ကလေးတွေကို  စာကျက်ဖို့ မပြောတော့ပဲ ပုံပြင်တွေ ကာတွန်းတွေ  ဖတ်ပြမယ်..  သူတို့နဲ့  အတူတူ သီချင်းတွေကဗျာတွေတယောက်တလှည့် ဆိုကြမယ်..  အရင်က ကျောင်းပိတ်ရက်မှ ခွင့်ပြုခဲ့တဲ့ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်း၊ ဂိမ်းပေါင်းစုံတွေကို အချိန်တော်တော်ကြာအောင် ပေးကစားမယ်... သူတို့ကို မကြောက်စေချင်တဲ့အတွက် သေခြင်းအကြောင်းတော့ မပြောပြဖြစ်ပဲ မလွန်ဆန်နိုင်တဲ့  ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို တတ်နိုင်သလောက် ပြောပြရင်း တရားမှတ်ကြမယ်...။ ...

တိမ်ပြာပြာနေ့တနေ့...

မောင်ရေ.... ဒီနှစ် မိုးနှောင်း ကောင်းလိုက်တာ မောင်ရယ်.. ရွာလိုက်တာမှ သည်းသည်းမဲမဲ... သမီးကြီးရဲ့ မင်္ဂလာဧည့်ခံပွဲအတွက်တောင် အဆင်ပြေပါ့မလား စိုးရိမ်နေရတာ...ကံကောင်းထောက်မစွာနဲ့ပဲ မိုးနတ်မင်းကြီးက အားငယ်နေရှာတဲ့ သမီးကြီးရဲ့ မင်္ဂလာဦးကို ကောင်းချီးပေးလိုက်တယ် ထင်ပါရဲ့။ မိုးတိမ်ကင်းစင်တဲ့ တနင်္ဂနွေ ဒီနေ့မှာ သမီးကြီးကတော့ သူ့ချစ်သူ အမျိုးကောင်းသားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ လက်တွဲခွင့်ရလိုက်ပါတယ်။ ဒါပေမယ့် မောင်ရယ်... တချက်တချက် ညှိုးရော်သွားတဲ့ သမီးကြီးကို မြင်ရတာ စိတ်ထဲ မကောင်းလှဘူး.... နှစ်ဖက်မိဘကို ကန်တော့တဲ့ အချိန်မှာတော့ အဆိုးဆုံးပါပဲ။ ဟိုဘက်မိဘနဲ့ အတူတူ တဦးတည်း ကန်တော့ခံနေရတဲ့ မိခင်ကို မျက်ရည်တွေ ဝေ့၀ဲနေတဲ့ မျက်လုံးအစုံကနေ ရင်နဲ့ လွယ်မွေးခဲ့ရတဲ့ ကိုယ့်သမီးရဲ့ နာကျင် ခံစားနေရတာကို မေ ဘယ်လို မမြင်ချင်ယောင်ဆောင်နေရပါ့မလဲ...။ သမီးကြီး ဘွဲ့ယူတုန်းကလည်း မိသားစုစုံလင်စွာ ပျော်ရွှင်နေကြတဲ့ သူတွေကိုကြည့်ပြီး ကိုယ်စီ ကြေကွဲနေတဲ့ မိသားစု ဓာတ်ပုံထဲမှာလည်း မောင့်ပုံ မပါခဲ့ဘူး... ထားပါတော့လေ... ဒါပေမယ့် ဒီတစ်ခါ သမီးကြီးဘ၀ရဲ့ အရေးကြီးတဲ့ အမှတ်တရ မင်္ဂလာယူနေတဲ့ အချိန်မှာ သတို့သမီးရဲ့ ဖခင်နေရာမှာ မောင်ရှိေ...

T for Theingi....

 T for ...Theingi   1. What is your name : Theingi 2. A four Letter Word : True 3. A boy's Name : Thura 4. A girl's Name : Thuzar 5. An occupation : Ticket conductor 6. A color : Teal 7. Something you'll wear : Trousers 8. A food : Tofu 9. Something found in the bathroom : Taps 10. A place : Tibet 11. A reason for being late : Tarrying 12. Something you'd shout : That's life! 13. A movie title : Titanic 14. Something you drink : Tea with honey 15. A musical group : Take That 16. An animal : Tapir 17. A street name : Thisar Street (Yankin Tsp, Yangon,Myanmar) 18. A type of car : Tesla 19. The title of a song : Take me home, country road  by John Denver 20. A verb : Throw away. ..   မနော် FB  မှာ tag သောကြောင့် ဘလော့ဂ်မှာပါ တင်ဖြစ်သောပို့စ်ပေါ့ ။ ကိုအောင်သာငယ့်ဆီမှာ ဖတ်မိတဲ့ Rule ကို ပြန်တင်ထားတာပါ။ Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer eac...

မာတိကမာတာ၊ အညတရ ရဟန်းနှင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်တရား။

ဒီနေ့ သီတင်းကျွတ်လဆန်း ရှစ်ရက်၊ ဥပုသ်နေ့အတွက်...  ဆရာကြီး ဦးရွှေအောင် ရဲ့ ကုသိုလ်နဲ့ အကုသိုလ် စာအုပ်ထဲက  မာတိကမာတာ(၂)ေ ဆာင်းပါးထဲမှ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဆိုင်ရာ မှတ်သားစရာတချို့ကို ကောက်နှုတ် ဖော်ပြပေးပါရစေရှင်...   ဒီက ပုံလေးယူထားတာပါ.. ဗုဒ္ဓဘာသာဝင်တော်တော်များများကတော့ မာတိက မာတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်..။ မာတိက ရွာစားရဲ့ မိခင်၊ ရဟန်း ၆၀ ကို ၀ါဆိုကျောင်းကပ်လှူပြီး  ဆွမ်းလုပ်ကျွေးပြုစုရင်း ရဟန်းတော်တွေ ကျင့်ကြံအားထုတ်နေတဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို တဆင့် နာယူအားထုတ်ရာမှ အနာဂမ်မိမဂ် ကို ပဋိသမ္ဘိဒါ လေးပါး၊ အဘိညာဉ်  ၆ ပါးတို့နဲ့  တကွ ရရှိခဲ့သူပါ။ ရဟန်း ၆၀ စလုံး ပ ဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်အောင် ရဟန်းတော်များ အစာအာဟာရအနေဖြင့် သပ္ပာယဖြစ်အောင် လျောက်ပတ်သော ဆွမ်းဘောဇဉ်များ စီစဉ်ပြုစုပေးခဲ့သူလို့ သာသနာတော် မှတ်တမ်းမှာ မှတ်တမ်းတင်ခံထားခဲ့ရသူပါ။  အဲဒီမာတိက မာတာရဲ့ ဂုဏ်သတင်းကို ကြားလို့ ရဟန္တာ (၆၀)တို့ နည်းတူ  မာတိကမာတာကို အမှီပြုပြီး ရဟန္တာဖြစ်အောင် တရားအားထုတ်ချင်တဲ့ ပုထုဇဉ် ရဟန်းတစ်ပါးက မြတ်စွာဘုရားထံ လျှောက်ထားခဲ့ပါတ...

ကျမရဲ့ နှစ်လေးဆယ် မြန်မာငွေကြေး အတွေ့အကြုံတချိ့...

ညစဉ်  ၈ နာရီ သတင်းကို နားထောင်လေ့ရှိတဲ့ ဖေဖေက ခရီးသွားတော့ ထုံးစံအတိုင်း အင်တာနက်ကနေမှ သတင်းပြန်ကြားခဲ့ပါတယ်။ ၅၀၀၀- တန်  ငွေစက္ကူတွေ အောက်တိုဘာ တစ်ရက်နေ့က စတင်ထုတ်ပေးတော့မယ့် အကြောင်းပါ။  အဲဒီတော့ ကျမရဲ့ ဘဝသက်တမ်း နှစ်လေးဆယ်စွန်းစွန်းမှာ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မြန်မာငွေကြေးတွေ အကြောင်းကို ပြန်ပြောင်းစဉ်းစားမိပါတယ်။ စစချင်း ပိုက်ဆံ အကြွေလေးတွေ ကိုယ်တိုင်ကိုင်သုံးခွင့်ရတာကတော့ ပထမတန်းကျောင်းသူဘဝလောက်မှာ ထင်ပါရဲ့။ ဆယ့်ငါးပြားရပါတယ်။ နောက်တော့ ပြားနှစ်ဆယ်၊ တစ်မတ် (နှစ်ဆယ့်ငါးပြား)၊ ပြားသုံးဆယ်၊ ငါးမူး(ပြားငါးဆယ်)  နောက် ကြီးလာတော့ တစ်ရက်ချင်း မပေးတော့ပဲ တစ်လစာအဖြစ် ကြိုပေးထားပါတယ်။ ကိုယ်သုံးချင်တာ ချင့်ချိန်သုံးလို့ ရပြီး တခါတခါ အသုံးလွန်လို့ မုန့်ဖိုးပြတ်တာလည်း ငယ်ငယ်ကတည်းက ကြုံဖူးတာခဲ့တာပေါ့...    အပေါ်က ပုံတွေကတော့ ကျမနဲ့ ရင်းနှီးခဲ့တဲ့ မြန်မာငွေကြေး  အကြွေ တချို့ပါ။ အဲဒီခေတ်တုန်းကတော့ ပြားတွေကို အကြွေတွေလို့ ခေါ်ပါတယ်။  ခု အကြွေဆိုတာတွေက ၂၀ ကျပ်၊  ၅၀ ကျပ်..အင်း ၁၀၀ကျပ်တန်တွေလောက်အထိ အကြွေလို့ သတ်မှတ်ထားကြလို့ပါ။  (ကျပ်စေ့တွေကတော့ အဲဒီတု...

နားမလည္ဘူးအက်ႌ ( သစၥာနီ )

   နားမလည္ဘူးအက်ႌ    သစၥာနီ ကျွန်တော်ဝတ်ထားသော အက်ႌကို နားမလည္ဘူး အက်ႌ ဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက်အရသာ ဖြစ်ပါသည်။ ဉာဏ်တုံးသော သိုးတွေမှာ အင်္ကျီ  မရှိပါ။ စပ်စုတတ်သော မျောက်တွေမှာ အင်္ကျီ  မရှိပါ။ ရန်လိုတတ်သော မြေခွေးမှာလည်း အင်္ကျီမရှိပါ။ ထို့နောက်.... ထို့နောက်... .... တို့တွင်လည်း အင်္ကျီ မရှိပါ။ ကျွန်တော်တွင် အင်္ကျီ ရှိပါသည်။ အက်ႌ၀တ္ထားေသာ အက်ႌကို “နားမလည္ဘူး အက်ႌ” ဟု ခေါ်ပါသည်။ ထို အင်္ကျီ၏ အဆင့်မှာခါးသက်သက် အရသာ ဖြစ်ပါသည်။ “ရှင့်ကို ကျွန်မ နားမလည်ဘူး”  (ကျွန်တော်ချစ်သူက ပြောခဲ့သည်) “ မင်းကို တို့နားမလည်ဘူး” (ကျွန်တော့်မိဘများက ပြောခဲ့သည်) “ ခင်ဗျားကို ကျွန်တော်တို့ နားမလည်ဘူး” (ကျွန်တော့်မိတ်ဆွေများနှင့် ရန်သူများက ပြောခဲ့သည်) “ကျွန်တော်ဟာ စာအုပ်တစ်အုပ်မဟုတ်ဘူး” (ကျွန်တော်က ပြောခဲ့သည်။ ငြင်းဆန်ခြင်းအတွက် ရှက်ရမှန်း မသိသော  ကာလများက ဖြစ်သည်) မည်သူကမှ နားမလည်သည်ဖြစ်စေ၊ ထို အင်္ကျီမှာ ကျွန်တော်နှင့်  တိုင်းချုပ်ထားသည့်အလား အသားကျနေပြီ ဖြစ်သဖြင့် ချွတ်ပစ်ရန်  မဖြစ်နိုင်တော့ပါ။ ဟောဟိုလူကတော့  လမ်းဘေးက ဘေထုပ်ထည်  အ၀...

တရားဓမ္မ မှတ်သားစရာ တချို့။

ဒီနေ့ တော်သလင်း  လကွယ်နေ့အတွက် တရားဓမ္မလက်ဆောင်အဖြစ်  ဒေါက်တာသိန်းလွင် ဘာသာပြန်ဆိုထားတဲ့ (မူရင်း Buddhism in a Nutshell by NARADA MAHA THERA) ဗုဒ္ဓ ဓမ္မ အနှစ်ပြ  စာအုပ်မှ တချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါရစေ။  အခုတလော အီးမေးလ်တွေကနေ လက်ခံရရှိတဲ့ ဘာသာရေးဆိုင်ရာ စာတွေနဲ့ ပတ်သက်ပြီး တွေးတောဆင်ခြင်မိတာလေးတွေလည်း ရှိလာပါတယ်။ ကိုယ်တိုင်က ကိုယ်ခံအားမကောင်းခဲ့ရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဟုတ်နိုးနိုး ဖြစ်မိနေခဲ့ရင် အယူတိမ်းမိသွားမှာစိုးတာလည်း ပါပါတယ်။ သေချာတာကတော့ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖြတ်လမ်းနဲ့တော့ မရောက်နိုင်ဘူး ဆိုတာပါပဲ..။  @@@@@@@@@@@ ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မများသည် စာအုပ်များတွင်သာ သိမ်းဆည်းထားဖို့ မဟုတ်သကဲ့သို့ပင် သမိုင်းရှုထောင့်၊ စာပေရှုထောင့် သက်သက်မှ လေ့လာဖို့လည်း မဟုတ်ပါ။ ဗုဒ္ဓဟောသော တရားဓမ္မများမှာ လေ့လာမှတ်ယူပြီး နေ့စဉ်နေ့တိုင်း လုပ်ကိုင်မှုတွင် ကျင့်ကြံအားထုတ်ဖို့ ဖြစ်ပါသည်။ နေ့စဉ်လုပ်ငန်းများတွင် ကျင့်ကြံအားထုတ်မှု မရှိလျှင် အမှန်တရားကို ရနိုင်၊ ခံစားနိုင်မည် မဟုတ်ပါ။ ဗုဒ္ဓလမ်းစဉ်တွင် ဗုဒ္ဓဓမ္မ၌ သက်ဝင်ယုံကြည်သူများထံမှ မျက်စိမှိတ် ယ...