Skip to main content

Posts

၂၀၁၃ အတွက် ရောက်တတ်ရာရာ မှတ်တမ်း။

၂၀၁၃ က ကုန်တော့မယ်။ ပြန်ကြည့်လို့ မှတ်မှတ်ရရ ဘာတွေ ရှိခဲ့သလဲ။ သားကြီးမေမြို့မှာ ကျောင်းတက်နေလို့ မေမြို့ရောက်ဖြစ်တယ်။ သားကြီးဆီ သွားရင်း ရွှေဘို ခင်ဦးဘက်မှာ ရှိတဲ့ သူငယ်ချင်းရဲ့ ယာထဲ သွားလည်ဖြစ်တယ်။ နောက် ကန့်ဘလူမဝေးတာနဲ့ ဖိုးဖိုးဆီကို တသက်မှာ ပထမဦးဆုံးအကြိမ် ရောက်သွားခဲ့တယ်။ ကားနဲ့တောင် နာရီဝက်လောက် ကားလမ်းပေါ်ကနေ အထဲဝင်ရတဲ့ လှည်းလမ်းလေးအတိုင်း သွားခဲ့ကြရတယ်။ မိုးရာသီဆို လမ်းမပေါက်ဘူးတဲ့။ သိပ္ပံမောင်ဝဆိုတဲ့ စာရေးဆရာကြီး၊ အောက်စဖို့ဒ်ရောက်ခဲ့တဲ့ တခေတ်တခါက အိုင်စီအက်စ် အရေးပိုင်မင်းလည်း ခေတ်ပျက်တော့ အဲဒီတောခေါင်ခေါင်မှာ အသက်ဆုံးရှုံးခဲ့ရတယ်။ လေးဆယ်စွန်းစအရွယ်ကောင်းလေးမှာ ဖြစ်ရလေခြင်းလို့ လေးဆယ်ကျော်နေပြီဖြစ်တဲ့ မြေးမက တွေးတောနေမိရဲ့။ မွေးနေ့မှာ ဆုံးပါးခဲ့လို့ မွေးနေ့ဆိုတာရဲ့ ပယောဂ ဂယက်ဟာ ဖိုးဖိုးရဲ့ သားသမီးတွေဆီမှာ ရိုက်ခတ်ထင်ဟပ်နေဆဲပဲဆိုတာ သံသရာရဲ့ တနေရာရာမှာ ရှိနေမယ့် ဖိုးဖိုးကတော့ သိမယ်မထင်မိဘူး။ ဖိုးဖိုးရဲ့ သမီးငယ် မယ်ကေး ( သူ့မွေးပြီးမှ တချိန်လုံး ပြေးနေရလို့ မယ်ပြေးလို့သာ ခေါ်လိုက်ချင်ရဲ့လို့ မှတ်ချက်ချဖူးတဲ့) ကတော့ သူ့ဖခင်ရဲ့ အုတ်ဂူကို တသက်လုံးနောက်ထပ် ဘယ်တော့မှ ပြန်မလာနိုင်ခဲ...

၁၁.၁၂.၁၃ ဖီလင်

အရင်ရက်တွေက ခြင်္သေ့ကျွန်းက ခဏပြန်လာတဲ့ အဆောင်မှာ တခန်းထဲ အတူတူနေခဲ့တဲ့ သူငယ်ချင်းနဲ့ မတွေ့ဖြစ်လိုက်ဘူး။ တခြား ကလေးမိဘတွေရော ကလေးစာမေးပွဲရှိတဲ့ အချိန်မှာ ဘာမှ မဟုတ်လဲ စိတ်ပူပန်နေရတာပဲလား...။ အဲဒီလိုတော့လည်း ဟုတ်ဟန်မတူပါဘူးလေ...။ ကလေးတွေက ကိုယ့်အသိနဲ့ ကိုယ် လိုလိုချင်ချင် ရှိနေရင် လူကြီးတွေ စိတ်ချလက်ချနေနိုင်မှာပါ။ ကိုယ့်တွက်တော့ အခုလက်ရှိအချိန်တွေက ပင်ပန်းတယ်လို့ ထင်တယ်။ လူပင်ပန်းတာရော စိတ်ပင်ပန်းတာရော... တခြားပူပန်စရာတွေရော အားလုံးပေါင်းဆုံလာသလိုပဲ။ အသက် ၂၈ နှစ်မှာမှ အိမ်ထောင်ကျခဲ့တဲ့ ကိုယ်ဟာ တကယ်ဆို နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တစိတ်ဟိုင်းသွားခဲ့တဲ့ အပျိုကြီးအရွယ်လို့ အရင်ခေတ်ကတော့ သတ်မှတ်ကြမှာပေါ့။  သားကြီးကို မွေးတော့ နှစ်ဆယ့်ကိုးနှစ်။ နှစ်ဆယ့်ရှစ်နှစ်လုံးလုံး ကိုယ့်ဘာသာ သီးသန့် နေတတ်ခြင်းနဲ့ အကျွမ်းဝင်ခဲ့လေတော့ ပထမဆုံး သားဦးမှာ အရမ်း ပင်ပန်းခဲ့ပါတယ်။ မိသားစုတခုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အတတ်ပညာကို အဲဒီကတည်းက စတင် သင်ယူခဲ့ရတာ ခုချိန်ထိ ကမောက်ကမ ရှိနေဆဲ။ လူနှစ်ယောက် အတူတူနေရင်တောင် အဆင်ပြေပြေဖြစ်ဖို့ လိုတိုးပိုလျော့ ညှိရ နှိုင်းရသေးတာပဲလေ။ မိသားစုဆိုတော့ အများဆုံး လိုက...

မီတာနှင့် အပြိုင် ချာချာလည်နေမိသော အတွေးများ.....

အရင်လ (အောက်တိုဘာ) ကုန်ခါနီးတုန်းက မီတာခတွေ တိုးကောက်မယ် ဆိုတဲ့ ကြေငြာချက် ထွက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေ တသမတ်တည်း တက်နေတဲ့ ခေတ်ကြီး ဆိုတော့ ပြည်သူတွေကတော့ သူတို့ ဘက်က တိုးပေးရမှာကို မကြိုက်ကြဘူးပေါ့။ အခွန်အခ တိုးပေးရတယ်ဆိုတာက သူတို့ဆီက ကုန်ပေါက်တွေ ထပ် တိုးလာမှာကိုး။ ဒါကလည်း သဘာဝကျပါတယ်လေ။ လျှပ်စစ်မီးကြောင့် ဆင်းရဲခဲ့ရတဲ့ ဒုက္ခကို နာတာရှည်ရောဂါသည်လို ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို မဲမဲမြင် ကြောက်နေတော့မှာပါပဲ။ အဲဒီ ဒုက္ခကို မခံစားခဲ့ဖူးတဲ့သူတွေကတော့ ဘယ်လိုမှ စာနာနားလည်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲဒီဒုက္ခကို မခံစားခဲ့ရခင်တုန်းကတော့ သူများတွေ စိတ်ဆင်းရဲတုန်းက ပင်ပန်းမှာပဲလို့ ကိုယ်ချင်းစာပြီး တွေးမိရုံလောက်ပဲလေ။ ကိုယ်တိုင် အဲဒီ လျှပ်စစ်မီး အလှည့်ကျ ဒုက္ခသည်ထဲ ပါလာတော့မှ ခံစားရတဲ့ ပင်ပန်းဆင်းရဲက  စိတ်ဒဏ်ရာ ရလောက်အောင်ကိုပါပဲ။ ဘယ်အချိန် မီးလာမလဲ။ ဘယ်အချိန် မီးပျက်မလဲ။ ဒီရေ အတက်အကျကတော့ လပြည့် လကွယ်နဲ့ ဆိုင်သလို ကိုယ့်စိတ်အတက်အကျကလည်း မီးလာ မီးပျက်နဲ့ တိုက်ရိုက် အချိုးကျ နေခဲ့ကြရတယ်။ မီးမှောင်မှောင်ထဲမှာ မနေနိုင်တော့ ဘက်ထရီအိုးဖိုး၊ အင်ဗာတာဘိုး၊ မီးစက်ဖ...

ဘလော့ဂ်လေးဆီ......

FACEBOOK မှာ အချိန်ကုန်နေတာ ကြာတော့ ဘလော့ဂ်ဘက်ပြန်လှည့်ချင်လာတယ်။ အဲဒီ လူမှုကွန်ယက်ကြီးဟာ ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းအားကြီးနေတယ်။ ခေါင်းနောက်စရာ အာရုံနောက်စရာ ကောင်းလောက်အောင်လည်း အမျိုးအမည်စုံစွာ ဆန်းပြားလှတယ်။ စာတွေ အများကြီးရေးစရာမလိုပဲ status လေးတခုကလည်း တုံ့ပြန်မှုတွေ ချက်ချင်းရနိုင်တယ်။ သူငယ်ချင်း အသိုင်းအဝိုင်းတွေကြား မျှဝေချင်တဲ့ သတင်းအချက်အလက်တွေ လျင်မြန်စွာ ပြန့်နှံ့စေသလောက် အဖြစ်မြန်သလို အပျက်မြန်တယ် ပြောရမလား။ လွယ်ကူမြန်ဆန်တော့ သုံးတဲ့သူတွေကလည်း လွယ်လွယ်ကူကူ သုံးနိုင်တာပေါ့၊ ဒါပေမယ့် အကုန်လုံးဟာ ရောထွေး ရှုပ်ရှက်ကုန်သလိုပဲ။ တခါတခါ ကိုယ် ပြန်ကြည့်ချင်တာကို ပြန်ရှာတော့လည်း ခေါင်းနောက်အောင် ပြန်ရှာရတာကလည်း မကောင်းပြန်ဘူး။ အဲဒီတော့ ကိုယ်လိုချင်တာလေးတွေ့လိုက်ရင် ကိုယ့် wall ပေါ်ကို ပြန် share ထားလိုက်တယ်။ အဲဒီတော့ လိုချင် မလိုချင်၊ ဖတ်ချင်ချင် မဖတ်ချင်ချင် ကျမ share လုပ်လိုက်တဲ့ ပို့စ်တွေက သူငယ်ချင်းတွေ မျက်စိနောက်အောင် သွားလုပ်တတ်ကြပြန်ပါရော။ ကိုယ်ကတော့ ကိုယ်ကြိုက်တာလေးများ သူငယ်ချင်းတွေထဲမှာ နှစ်သက်တဲ့သူများ ပါလေမလားလို့ Only me ကို မရွေးပဲ friends ကိုပဲ ရွေးထားမ...

ဘဝကောက်ကြောင်း အပိုင်းအစများ (၁)

ကျမ ဖေဖေက မန္တလေးတိုင်း ပျော်ဘွယ် ဇာတိ... ဖေ့ဖေ့အဖေ ကျမ အဖိုးကတော့ တောင်ငူ ကျွဲပွဲက သစ်ငုတ်တန်းဆိုတဲ့ ရွာကလေးက....။ မေမေကတော့ အစိုးရဝန်ထမ်းဖြစ်တဲ့ သူ့အဖေနဲ့ လိုက်နေရတော့ (ကျမတို့လိုပဲ ဇာတိဆိုတာ လူကြီးတွေ တာဝန်ကျတုန်း ကိုယ့်ကို မွေးခဲ့တဲ့ နေရာပေါ့) ရွှေဘိုသူလို့ ဆိုတယ်။ ဖေဖေက ဇာတိချစ်သူ။ ပျော်ဘွယ်ကတော့ ဖေ့ဖေ့ အမေ့ဘက်က အမျိုးတွေ ရှိတယ်။ ကျမတို့ ငယ်ငယ်ကတည်းက ဖေဖေ့ မိဘတွေ နေခဲ့ကြတယ်။ ဖိုးဖိုး ဆုံးသွားတော့ ဖွားဖွားနဲ့ သမီးနှစ်ယောက်က ရန်ကုန်ကို လာအခြေချကြတယ်။ အခုဆို သူတို့ မောင်နှမ အများစုက ရန်ကုန်မှာပဲပေါ့။ ဖေဖေက သစ်တောပညာရှင်ပီပီ တောတွေ တောင်တွေ၊ အပင်တွေကို ချစ်တယ်ထင်ပါရဲ့။ နောက်ပြီး သူ့ မွေးရာဇာတိနဲ့ ငယ်စဉ်တောင်ကျေး ဆော့ကစားခဲ့တဲ့ ကျွဲပွဲတို့ သစ်ငုတ်တန်းတို့ဆိုတာ ခုချိန်ထိ ရင်ထဲမှာ စွဲနေတဲ့ အရာတွေ။  မေမေက ငယ်ငယ်လေး ကတည်းက ဖခင်ဆုံးပါးသွားတော့ မားမားက နောက်အိမ်ထောင်ထူထောင်တယ်။ ကလေးငယ် လူမမယ် သုံးယောက်နဲ့ အသက် သုံးဆယ်တောင် မပြည့်သေးတဲ့ အမျိုးသမီး မုဆိုးမတယောက်တွက် ဘာမှ မသေချာ မရေရာတဲ့ အဲဒီအချိန်ကာလဟာ ကြမ်းတမ်းခက်ခဲခဲ့မှာပဲ။ မားမားရဲ့ နောက်အိမ်ထောင်က ဖိုးဖိုးရဲ့ သူငယ်ချင်းပါပဲ။ မားမားကို...

၆၆ နှစ်မြောက် အာဇာနည်နေ့.....

၆၆ နှစ်မြောက် အာဇာနည်နေ့....   ဒီနေ့ ဒီ blog လေး လုပ်ဖြစ်ခဲ့တာ ခြောက်နှစ်တောင် ရှိသွားခဲ့ပြီ။ ဘာမှတော့ ဖြစ်ဖြစ်မြောက်မြောက် ရေးဖြစ် တင်ဖြစ်ခဲ့တာတွေတော့ မရှိခဲ့ပါဘူး...။  အာဇာနည်နေ့မှာ အမှတ်တရ လုပ်ဖြစ်ခဲ့တဲ့ ဘလော့ဂ်လေးမို့ အာဇာနည်နေ့ ရောက်တိုင်း သတိတရတော့ ရှိမိသား။  အထူးသဖြင့် ဒီဘလော့ဂ်လေး သတ်တမ်းတွင်းမှာ ပြောင်းလဲလာတဲ့ ဒီနှစ်ရဲ့ အာဇာနည်နေ့။ ပြောင်းလဲမှုအတုတွေကြားမှာ ပြောင်းလဲတယ်ဆိုတာ အင်္ကျီပြောင်းဝတ်ရုံပဲလား၊ အရေခွံတောင်မပြောင်းပဲ အရောင်ပြောင်းဆိုးလိုက်ရုံပဲလား။ ကျမတော့ လက်လှမ်းမမီလှပါဘူး။ အာရုံတွေများပြားတဲ့ ဒီခေတ်ကြီးထဲ တွေ့သမျှ မြင်သမျှ အာရုံတွေနောက် လိုက်ရင်း ဦးတည်ချက်တွေ ပျောက်ဆုံးကိုမှာကိုလည်း စိုးရိမ်မိပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ အတူ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်၊ အာဇာနည်တွေရဲ့ စိတ်နေသဘောထားတွေကို ကျမတို့ သားသမီးတွေဆီ လက်ဆင့်ကမ်း ပွင့်ပွင့်လင်းလင်း သိမြင်နိုင်တဲ့ တနေ့ရောက်လာတဲ့ အတွက် သူရဲကောင်း ဆိုတာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာပဲ ရှိတာဆိုတဲ့ အမြင်တွေ ပြောင်းလဲလာကြပါလိမ့်မယ်။ အာဇာနည်ဆိုတာကို မရှိတော့မှ ဂုဏ်ပြုလေးစား ချီးကျူးနေကြမယ့်အစား လက်ရှိ သက်ရှိ ခေါင်းဆော...

စာမေးပွဲ....တဲ့

အား... ကျောင်းထဲ ရောက်တော့ လူတွေ စုံနေပါရော့လား....  ညောင်လေးပင်က သူငယ်ချင်းရယ်၊ သူ့ တွဲဖော်တွဲဖက် ပဲခူးသား သူငယ်ချင်းတယောက်ရယ်ကို လှမ်းတွေ့လိုက်တော့ သူတို့ နဘေး ကုပ်ချောင်းချောင်းနဲ့ ဝင်ထိုင်လိုက်တယ်...အင်းလေ... အခု ဘာလုပ်နေတာမှန်း မသိပေမယ့် စ တောင် စ နေပြီပဲ... ဒါကလည်း သူ့ရဲ့ ထုံးစံလိုဖြစ်နေလို့ မထူးဆန်းတော့ပါဘူး....စကားပြောနေတဲ့ ဆရာက ဒီဖက်ကို လှည့်တော့ ဆရာဦးကြည်ဖြစ်သွားတယ်.... ဟာ.... သူ့ကို တည့်တည့်ကြည့်ပြီး  "ညည်း Roll No., ပြော... စာမေးပွဲ ဖြေမှာ မဟုတ်လား" တဲ့။  အမ်... သူလည်း အူကြောင်ကြောင်ဖြစ်ရင်းနဲ့ပဲ... " ကျောင်းတွေ ဘယ်တုန်းက ပြန်ဖွင့်သွားတာလဲ ဆရာ"  " ဒီလောက် ဟိုးလေးတကျော်ဖြစ်နေတာ ညည်းက မသိဘူးလား" တဲ့။  ဒါနဲ့ မျက်နှာငယ်လေးနဲ့  "ဟုတ်...အဲဒါ သူများတွေ ကျောင်းတက်တာတော့ သိပါတယ်...အဲဒီထဲ ကျမတို့ မပါဘူး ထင်လို့ပါ ဆရာ.."  လို့ လေပြေလေးထိုးရင်း... ငါက ကလေးတွေနဲ့ အတူတူ တက်ရမှာလားဆိုတာကြီးက စိတ်ထဲရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ခုချက်ချင်းစာမေးပွဲဖြေရမယ်ဆိုတာကို မသိပေမယ့် ရောက်လာတာ တော်သေးတယ်လို့ စိတ်ထဲ ပေါ့ပါးသွား။ ကဲ...ကြည့်...စာတွေ မပြောနဲ့ ကိုယ့် Rol...