Skip to main content

Posts

Showing posts from December, 2007
စာအုပ်ဟောင်းလေးတစ်အုပ်ရဲ. နောက်ဆုံးစာမျက်နှာပြဲလေး မှာ ကျမလက်ရေးနဲ. ရေးမှတ်ထားခဲ့တဲ့ ကဗျာလေးတပုဒ်ကို မလွှင့်ပစ်မီ ပြန်ဖတ်မိလိုက်တော့.....။ ကျမ ဘယ်ကကူးမှတ်ထားခဲ့သလဲ မမှတ်မိတော့သလို ရေးသူ ဘယ်သူဘယ်ဝါ လို. မမှတ်ထားမိလိုက်တာ ကျမ လိုအပ်ချက်ပါ။ ကျမသိလာခဲ့ရင် ပြန်ဖြည့်စွက်ပေးပါ့မယ်။ သံမဏိပန်းတဖူးရဲ. ဥယျာဉ်မှုး ကွယ်လွန်ခဲ့တာ ဒီဇင်ဘာလ ၂၈-ရက်ဆိုရင် ၁၉-နှစ်ရှိခဲ့ပါပြီ။ သံမဏိ ပန်းတဖူး ရဲ. ဥယျာဉ်မှုး “ အမေ” ၁။ “စိတ်ချသွားခဲ့ပြီလား.....” လို. ၀မ်းနည်းစကား ရိုးသားစွာ ဆိုပါရစေ..အမေ... အမေ့ရဲ. ကွယ်လွန်ခြင်းအတွက် အမေ့သား၊ အမေ့သွေး.... အမေ့သမီး၊ အမေ့မြေးတွေနဲ.ထပ်တူ တပြည် တမြေလုံးက အမေ့သားတွေ..... အမေ့သမီးတွေ ကြေကွဲရပါတယ် အမေ....။ ၂။ “....ဗိုလ်မင်းရောင်မှသည်.... အောင်ဆန်းစုကြည်....” နီမောင်းရွှန်းလက် ခေတ်အဆက်ဆက် နိုင်ငံ့အတွက်..... ဦးထိပ်ပန်ရွက် တာဝန်မပျက်ခဲ့.....။ နယ်ချဲ.ဆန်.ကျင်ရေး.....၊ ဖက်ဆစ်တော်လှန်ရေး.....၊ အမျိုးသား လွတ်လပ်ရေး....၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေး.... .................. ဘယ်သူ ငြင်းနိုင်မလဲလေ၊ ဒါ..........အမေနဲ. မျိုးဆက်ရဲ.သမိ

Kyaik Htee Yoo Diary (2)

ကျမတို.ကားတောင်ပေါ်အတက်မှာ စခန်းတွေမှာ အစစ်ဆေးခံရင်း အပေါ်ကကားတွေအဆင်းကို စောင့်ရပါသေးတယ်။ ကားခ တွေကတော့ အနောက်ခန်းအတွက် လူကြီး ၂၅၀၀-ကျပ်နဲ. ကလေးတစ်ယောက် တစ်ထောင်ကျပ် နှုန်းပါ။ အရှေ့ခန်းတွက်ဆို တစ်ယောက် -၄၀၀၀-ကျပ်ပါ။ ၅-နှစ်အောက်ကို ကလေးလို.သတ်မှတ်ပြီး ပေါင်ပေါ်တင်စီးစေပါတယ်။ အောက်မှာ ချထိုင်ခိုင်းရင်တော့ လူကြီးနှုန်း ပေးရပါမယ်။ ဒီတော့ ၄- နှစ်အရွယ် သမီးငယ်ကို ကျမပေါင်ပေါ် ထိုင်ခိုင်းရပါတယ်။ ဒီအကြိမ်နဲ့ပါဆို တတိယအကြိမ်မြောက် တောင်ပေါ်ကားနဲ.တက်တာ ဖြစ်ပေမယ့် ကြောက်နေဆဲပါပဲ။ ဟိုးအရင် ကျမတို. ကိုးနှစ်၊ ဆယ်နှစ်အရွယ်တုံးက ချင်းပြည်နယ် ဟားခါးမြို.ကို ဖေဖေ့တာဝန်ကျလို.လိုက်နေခဲ့ဖူးပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၁၂၈-ပေအမြင့်ရှိတဲ့ ချင်းတောင်တန်းတွေကို ကျော်ဖြတ်ပြီးသွားစဉ်က ကျမတို.မှာ ကြောက်ရကောင်းမှန်းလည်းမသိခဲ့ပါဘူး။ ခရီးသွားနေရတာကိုပဲ ပျော်နေခဲ့တာပါ။ မေမေ ကြောက်နေတာကို ရယ်စရာတောင်လုပ်ခဲ့မိပါသေးတယ်။ အခုတော့ အသက်ပဲကြီးလာလို.လား၊ အန္တရာယ်ကို သိတတ်လာတာလား၊ ဒါမှမဟုတ် အတွယ်အတာတွေများပြီး ဘ၀ကို ပို ခင်မင်လာလို.လားတော့မပြောတတ်။ ပိုကြောက်တတ်လာပါတယ်။ ရှေ့လည်းမကြည့်ရဲ၊ ဘေးလည်းမကြည့်ရဲတော့ မျက်စိစုံမှိတ်ပြီး ဘ

Kyaik Htee Yoo Diary (1)

ကျမ ကျိုက်ထီးရိုးဘုရား ဖူးပြီးကတည်းက စာတပုဒ်တော့ တင်မယ်လို.စိတ်ကူးထားပေမယ့် ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ အမှတ်တရ အဖြစ်နဲ.တော့ ရေးရမှာပါပဲ။ သည်တခါ ခရီးက ကျမတို.မိသားစု သက်သက်ချည်းပဲ ကိုယ့်ကားကိုယ်မောင်းပြီးသွားတာ ပထမဦးဆုံးအကြိမ် ဖြစ်နေလို.လေ။ အရင်ကသွားရင် သူများမောင်းတာတို.၊ ကားငှားသွားတာနဲ.၊ သူများနဲ. ကပ်လိုက်ရတာတွေ ဆိုတော့ သည်တစ်ခါ တစ်မျိုးပေါ့။ ကျမ အမျိုးသားကတော့ ကလေးတွေ ပါနေတော့ အဖော် ယောကျာၤးသား တစ်ယောက်ပါစေချင်တယ်။ သူများတွေလည်း ဒီလို ရုံးပိတ်ရက်တွေ ဆက်နေတော့ နားချင်ရှာလိမ့်မယ်လို.သဘောမတူသယောင်ယောင် အရိပ် ပြတယ်။ ကျမက အရင်ကထဲက တစ်ယောက်ယောက်ကို အားကိုးနေရတာကြီးကို သိပ်မကြိုက်လှဘူးလေ။ နောက်တော့ ကျမကလည်း အတင်းတိုက်တွန်းတော့ `အင်းလေ ... ကျိုက်ထီးရိုးနဲ. ရန်ကုန် နီးနီးလေးပဲဟာ´ လို. သူကိုသူ ဖြေတွေးလေးနဲ. အားပေးရင်း ကျမတို. ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း `on time couples´ ဖြစ်လေတော့ နောက်ဆုံးအချိန်ထိ ဖုတ်ပူမီးတိုက်ပါပဲ။ ကျမတို.အနေနဲ.ကတော့ အရေးထဲ အရာပေါ်တာ ရိုးနေပါပြီ။ မင်္ဂလာဆောင်တုန်းကတောင် ဧည့်သည်တွေတချို. စားပြီးပြန်တော့မှ ကျမတို. မင်္ဂလာစုံတွဲက ရေးကြီးသုတ်ပျာနဲ. ဘုန်းကြီးကျောင်းကို
အခုတလော ကိုယ်နဲ.ရွယ်တူ သူငယ်ချင်းတချို.ရဲ.နာရေးသတင်းတွေ မကြာခဏ ကြားကြားနေရတော့ ကျမတို.လည်း မေ့မေ့လျော့လျော့နေခဲ့ကြတဲ့ သေခြင်းတရားကို ပြန်သတိရ လာရပြန်ပါတယ်။ ကိုယ်ပိုင်ဘာမှ မရှိသေးတော့လည်း မသွားချင်သေးပါဘူး။ အဆင်သင့်လုပ်ထားဖို.နဲ. အချိန်သိပ်ဆွဲနေလို. မဖြစ်တော့ဘူးဆိုတာ ပိုသဘောပေါက် လာရပါတယ်။ အရှင်ဆန္ဒာဓိကရဲ. မသေခင် ဘာလုပ်ကြမလဲ စာအုပ်လေးထဲက တကယ်မသေခင် အစမ်းသေကြည့်ရဖို. ကျမ ကြိုးစားကြည့်မယ်လို. စဉ်းစားထားတာလေးတွေကို ကောက်နှုတ် တင်ပြလိုက်ပါတယ်။ တကယ်မသေခင် အစမ်းသေကြည့်ရအောင် ဒီဘ၀ ဒီခန္ဓာနဲ. သံသရာဝဋ်ဇာတ် အမြတ်ပြတ်အောင် အားမထုတ်နိုင်သေးဘူးဆိုရင်တော့ သေလွန်ပြီးတဲ့နောက် ကောင်းရာ သုဂတိရောက်ဖို.ကိစ္စကို အရေးတကြီး ထည့်သွင်းစဉ်းစားရပါဦးမယ်။ သောတာပန်မှ မဖြစ်သေးဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင်ပါတယ်။ တကယ်သေလွန်ခါနီးအချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို.အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို. လိုအပ်ပါတယ်။ အသေကြီးကို ရင်

To My Husband!

ကျမ ဂျီကျတဲ့ အခါတိုင်း `ကျုပ်လိုလူနဲ.မို. ခင်ဗျား တော်သေးတယ်´ လို.ပြောလေ့ရှိတဲ့ ကျမချစ်ခင်ပွန်းသို. ရည်ညွှန်းပါသည်။ တကယ်တမ်းကျတော့ ကျမအတွက် ကျမဆန္ဒတွေကို တောင်းဆိုလို.ရတယ်လို.သိခွင့်ရတာ သူနဲ.မှပါ။ တလောကလုံးမှာ ကျမ မကျေနပ်သမျှ၊ ပေါက်ကွဲမှုမှန်သမျှ သူ.ကိုမှမပြောရင် ဘယ်သူ. ကျမဖွင့်ပြလို.ရမှာလဲ ။ မှားမှန်းတော့ သိပါတယ်။ ဒါပေမယ့် ကျမလည်း တစ်ယောက်လောက်ကိုတော့ဆိုးပါရစေ။ A Word to Husbands To keep your marriage brimming With love in the loving cup, Whenever you’re wrong, admit it; Whenever you’re right, shut up. by Ogden Nash To my Dear and Loving Husband If ever two were one, then surely we. If ever man were lov'd by wife, then thee. If ever wife was happy in a man, Compare with me, ye women, if you can. I prize thy love more than whole Mines of gold Or all the riches that the East doth hold. My love is such that Rivers cannot quench, Nor ought but love from thee give recompetence. Thy love is such I can no way repay. The heavens reward thee manifold, I pray. Then while we live,