Skip to main content

အမှောင်ရဲသူများ။ အပိုင်း (၁)

ဒီဝတ္ထုလေးကတော့ ကျမ သဘောကျတဲ့ စာရေးဆရာ မင်းလူရဲ့ လက်ရာပါ။ ဒီမှာတော့ အကြောင်းအရာလေးကို သဘောကျတာပါ။ ဖတ်တိုင်းလည်း ကြက်သီးထ မိပါတယ်။ ဒီလိုမျိုး အကြောင်းအရာတွေကတော့ ဖတ်ဖူးနေပါတယ်။ တကယ့်ကို အားကျစရာပါပဲ။ အခုတော့ ဆရာ့ အမှောင်ရဲသူများထဲက သုံးပိုင်းကို တပိုင်းကိုပဲ စ တင်လိုက်ပါတယ်။ ကျမတို့လည်း အမှောင်ထဲကနေ အလင်းမှာ လမ်းဆုံးသင့်တဲ့ သံသရာခရီးသွားတွေပဲ ဖြစ်သင့်ပါတယ်လေ…

အမှောင်ရဲသူများ
(၁)
မင်းလူ
လူနာသည် မီးစာကုန် ဆီခမ်း အခြေအနေသို့ ရောက်နေပြီ။
နှစ်ပေါင်းများစွာ လုပ်သက်ရှိလာပြီ ဖြစ်သောကြောင့် ဒီလူနာသည် ရက်ပိုင်းအတွင်း ကွယ်လွန်တော့မည် ဖြစ်ကြောင်း ဒေါက်တာထွန်းညွန့် သိနေ၏။ တဖြည်းဖြည်း ဆုတ်ယုတ်လာနေသော အခြေအနေကို အတွေ့အကြုံအရ ရိပ်စားမိနေသည်။

သို့ရာတွင် သူအံ့သြနေမိတာ တစ်ခုရှိ၏။ လူနာသည် ရုပ်ပိုင်းအရ အခြေအနေမကောင်းတော့သော်လည်း စိတ်ပိုင်းကတော့ လူကောင်းပကတိ ဖြစ်နေသေးခြင်းပင်။ သတိလက်လွတ် လုံးဝမရှိ၊ ကယောင်ကတမ်း မဖြစ်။ ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းပင် ဖြစ်၏။

အံ့သြဖို့အကောင်းဆုံးကတော့ ဝေဒနာခံစားရဟန် လုံးဝမပြခြင်းပင်။ ညည်းညူခြင်း မရှိ။ သေဆုံးကာနီး လူမမာတစ်ယောက် ဖြစ်တတ်သော လက္ခဏာများ မပြ။

အမေမျှင် နေသာရဲ.လား…”

ဟု ဒေါက်တာထွန်းညွန့်က မေးလျှင်…..

“ဝေဒနာတစ်ခု ဖိစီးနေတဲ့အခါ လူကောင်းပကတိလိုတော့ သက်တောင့်သက်သာ ဘယ်ရှိပါ့မလဲ သားရယ်…ဒါပေမယ့် ကိုယ့်အသက်အရွယ်လည်း ကိုယ်ပြန်ကြည့်ရသေးတယ်လေ...မွေးစကလေးလေး တွေတောင် ရောဂါဝေဒနာဆိုတာ ခံစားရသေးတာပဲ… အမေ့လို အသက်ကြီး ရှစ်ဆယ်ကျော်မှတော့ မခံစားချင်ရင် ဘယ်တရားပါ့မလဲ… ဒါဟာ သဘာဝပဲလေ လို့ သဘောထားလိုက်ရင် စိတ်ထဲမှာ နေသာသွားတာပေါ့….”

ဟု ပုံမှန်လေသံဖြင့် ခပ်အေးအေး ပြန်ပြောတတ်၏။

ကွေကာအုတ်၊ နွားနို့၊ ဟောလစ် စသည်တို့ တိုက်လျှင် မငြင်းဆန်ဘဲ သောက်သည်။ များများ မသောက်နိုင်တော့ သုံးလေးဇွန်း သောက်ပြီးလျှင်….

“တော်လောက်ပါပြီကွယ်…လှုပ်ရှားမှု မရှိတော့ အာဟာရလည်း သိပ်မလိုတော့ပါဘူး….”

ဟု အလိမ္မာနှင့် ငြင်းသည်။ ထိုမျှသော အစားအစာသည်ပင် သူ့ကိုယ်ခန္ဓာအတွက် ဘာမျှ အထောက်အကူ မပြုတော့ကြောင်း ဒေါက်တာထွန်းညွန့် တစ်ယောက်သာ သိ၏။ ဒေါ်မျှင်၏သားအကြီးဆုံးလည်းဖြစ်၊ မိမိ၏ သူငယ်ချင်းလည်းဖြ စ်သော ကိုမြအောင်ကို အသိပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒေါ်မျှင်ကိုကြည့်ပြီးအပြန်တွင် ကိုမြအောင်က ကားဖြင့် လိုက်ပို့သည်။ လမ်းမှာ….

“ လက်ဖက်ရည် သောက်ရအောင်ကွ…”

ဒေါက်တာထွန်းညွန့်က ပြောသည်။ သူလက်ဖက်ရည် ကြိုက်တတ်မှန်းသိသဖြင့် အိမ်မှာ ဖျော်တိုက်ခဲ့ပြီးပြီ။ ခုပြောခြင်းမှာ လက်ဖက်ရည်ထက် စကားပြောချင်တာ ပဓာနဖြစ်ကြောင်း ကိုမြအောင် ရိပ်မိလိုက်သည်။

လက်ဖက်ရည်ဆိုင်ထိုင်ကြသောအခါ သူ့သူငယ်ချင်း စိတ်ဓာတ် ခိုင်မာကြောင်း သိပြီးသားမို့ ဒေါက်တာထွန်းညွန့်က သိပ်နိဒါန်းမပျိုးတော့ဘဲ….

“အမေမျှင် အခြေအနေက သိပ်အားရစရာ မရှိဘူးကွ…”

“ဘာ….”

“ဟုတ်တယ်…. ရက်ပိုင်းလောက်ပဲ….”

ကိုမြင့်အောင် အံ့သြသွားသည်။ သူ့အမေ လူကြီးရောဂါဖြင့် ရက်ပိုင်းအတွင်း ကွယ်လွန်တော့မည်ဆိုသည်မှာ မယုံနိုင်စရာ အမေ့အခြေအနေက အများကြီး ကောင်းနေသေးသည်။ သို့ရာတွင် သူ့သူငယ်ချင်းစကားကို သူ ယုံသည်။

“မင်းပြောလို့သာ ယုံရတယ်ကွာ… ငါတော့ အရမ်း အံ့သြတာပဲ…”

“ငါလည်း အံ့သြတာပဲကွ… ငါတတ်ထားတဲ့ ပညာ၊ ငါ့အတွေ့အကြုံအရ သိသာနေတာ အဲဒါက တစ်ပိုင်း…. သူ့စိတ်ဓာတ်ရေးရာနဲ့ သတိတရားကောင်းနေတာကတော့ ငါဘယ်လိုယုံရမှန်း မသိဘူး”

“အေးကွာ…. ညင်ညင်သာသာဖြစ်အောင် မင်းလုပ်ပေးပါ….”

“တစ်ခုခု ထူးခြားရင် ငါ့ဆီ ဖုန်းဆက်လေ… ငါ ချက်ချင်းလာခဲ့မယ်…ဒါပေမယ့် ငါ ဆေးတွေ ဘာတွေ ထိုးပေးဖို့
မလိုဘူး ထင်တာပဲ.. သူ့စိတ်က ငါ့ဆေးတွေထက် ပိုစွမ်းနေတယ်…..”

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ကိုမြင့်အောင်သည် သူ့အမေ၏ အခြေအနေနှင့် ပတ်သက်၍ အိမ်သူအိမ်သားများကို အသိမပေးခဲ့ချေ၊ သိသွားလျှင် ငိုလားယိုလား ဖြစ်ကုန်မည်။ နှမများက စိတ်ထိန်းနိုင်ကြမည် မဟုတ်။ ကလေးတွေကလည်း ဆူဆူညံညံ ဖြစ်ကုန်လျှင် မကောင်း။

ထို့အပြင် သူ့အမေကိုယ်တိုင်နှင့်လည်း မရိပ်မိအောင် ဟန်မပျက် ပြောဆိုဆက်ဆံနေရသည်။ သူ့အမေနှင့် စကားပြောသည့်အခါ ရယ်စရာ မောစရာများကို တမင်တကာ ပြောနေရ၏။


ခုတလော ငါ့သားကြီး တယ်ရွတ်တွတ်တွတ်တွေ ပြောနေပါလား… ဘာလဲ… အမေစိတ်ညစ်မှာ စိုးလို့လား… မညစ်ပါဘူးကွယ်….”


ဟု ဒေါ်မျှင်က ပြောသေးသည်။ ဒေါ်မျှင်၏ လေသံမှာ တိုးတိုးယဲ့ယဲ့သာ ဖြစ်သော်လည်း ကြည်လင်ပီသနေသည်။ အမေ သေတော့မည် ဆိုတာ ကိုမြအောင် မယုံချင်အောင် ဖြစ်ရပြန်သည်။ တစ်ခါတစ်ခါ ဆရာဝန်တွေ မျက်စိလည်လောက်အောင် အံ့သြဖွယ် နာလန်ထူလာတဲ့ လူနာတွေ ရှိတတ်တာပဲလေဟု မျှော်လင့်ချက်ကလေး ထားမိပြန်သည်။

သို့ရာတွင် ညနေစောင်း အိမ်မှာ လူစုံသောအခါ ဒေါ်ဒေါ်မျှင်က သားသမီး၊ တူ တူမများအားလုံးကို သူ့အနားသို့ စုရုံးခေါ်ဆောင်လိုက်လေသည်။ ပြီးတော့….. အပန်းဖြေခရီးထွက်ဖို့ ပြောသည့်လေသံမျိုးဖြင့်…..

“ကဲ.. အားလုံး သေသေချာချာ နားထောင်….”

တစ်ယောက်စီကို အကဲခတ်သလိုကြည့်ပြီး….

“မနက်ဖြန် မနက် လေးနာရီမှာ ငါသေတော့မယ်…”

အားလုံး ခဏမျှ ငြိမ်သက်သွားသည်။ နောက်မှ ရယ်မောသံများ ထွက်ပေါ်လာသည်။ သမီးအငယ် မခင်ညိုက…

“အမေကလည်း မဟုတ်တာတွေ လျှောက်ပြောနေပြန်ပြီ….”

“ဟဲ့…ငါတကယ်ပြောနေတာ…. မနက်ဖြန်မနက် လေးနာရီ တိတိမှာ မဂ်စိတ် မဂ်ရတားနဲ့ သွားမှာ….”

ဘယ်သူမှ မယုံကြချေ။

“အမေမျှင်က သေတော့မလို့တဲ့ဟေ့….”

ဟူ၍သာ နောက်ပြောင်ရယ်မောစရာ စကားတစ်ခုအဖြစ် သဘောထားကြလေသည်။
ပျော်တတ်သော မြေးအကြီးတစ်ယောက်က ဆိုလျှင်…..

“အမေမျှင်သေရင်…. ဖဲဝိုင်းထောင်ပြီး အကောက်ကောက်ရမယ်…”

ဟု စလေသည်။ ဒီလောက် လန်းလန်းဆန်းဆန်း ရှိပြီး သတိအလွန်ကောင်းနေသောကြောင့် အမေမျှင့်စကားကို မယုံကြခြင်း ဖြစ်၏။

ထို့အပြင် လူနာကိုယ်တိုင်က မိမိဘယ်နေ့ ဘယ်အချိန်တွင် သေမည်ဟု ရက်ချိန်းပေးနေသောကြောင့် ပို၍ မယုံကြခြင်းပင်။

“ကဲ… ဒီတော့ နင်တို့ကို အမွေခွဲပေးတော့မယ်… ငါသေပြီဆိုရင် ခွဲရခက်နေမယ်….”

တူမတစ်ယောက်က…

“အမေမျှင် နားက စိန်နားကပ် ကျွန်မကို အမွေပေးနော်….”

ဟု နောက်လိုက်၏။ ဒေါ်မျှင်သည် နားပေါက်ဟောင်းလောင်းဖြင့် နေခဲ့တာ ကြာပြီဖြစ်သဖြင့် ၀ိုင်းရယ်ကြပြန်သည်။

“အားလုံး ငြိမ်ငြိမ်နေကြစမ်းဟေ့…”

ကိုမြအောင်က ဟောက်လိုက်မှ ငြိမ်သွားကြသည်။ ဒေါ်မျှင်စကားဆက်၍…

“နင်တို့ကို အမွေခွဲပေးမယ်…ဒါပေမယ့်… အလကားတော့ မရဘူး….လျှော့ဈေးနဲ့ ၀ယ်ရမယ်… ရတဲ့ငွေတွေကို လှူခဲ့မယ်….”

ကိုမြအောင်ကို ကြောက်သဖြင့် အားလုံးငြိမ်နားထောင်နေကြရ၏။

“အိမ်ကိုတော့ ဘယ်သူ့မှ မပေးဘူး… ခုအတိုင်းပဲ သိုက်သိုက်ဝန်းဝန်း ဆက်နေကြ… ကျန်တဲ့ပစ္စည်းတွေကို အမွေအဖြစ် ၀ယ်ကြရမယ်….”

အားလုံးကြောင်တောင်တောင် ငေးနေကြသည်။

“ပိုက်ဆံက ခုပေးစရာ မလိုဘူး…. ရက်လည် ဆွမ်းကျွေးတဲ့နေ့ကျမှ အားလုံး ပေးကြရမယ်… ကဲ… မောင်မြအောင် စာရင်းမှတ်….”

ကိုမြအောင်က စာရွက်နဲ့ ဖောင်တိန် အသင့်ပြင်ပြီး စောင့်နေရသည်။

“ဘဏ်က ငွေကိုတော့ မောင်နှမ သုံးယောက် ခွဲယူကြ… မော်တော်ကားကို မောင်မြအောင်ယူ… ရှစ်ထောင်လောက်တန်တယ် မဟုတ်လား…. နှစ်ထောင်နဲ့ ၀ယ်… ကဲ.. မှတ်…”

ကိုမြအောင် မှတ်ရသည်။

“ငါ့ ခုတင်အောက်က သေတ္တာထဲမှာ ကတ္တီပါအိတ်ရှုံ့လေးနှစ်ခု ရှိတယ်… ယူပေးစမ်း…. အေး ဟုတ်ပြီ… မအေးကြင်နဲ့ မခင်ညို တစ်ထုပ်စီ… ရွှေထည်ပစ္စည်းတွေ တစ်သောင်းကျော်စီ တန်တယ်… နှစ်ထောင်စီ ပေး… မောင်မြအောင်. မှတ်စမ်း…”

မှတ်ရပြန်သည်။

“ငါ အခုအိပ်နေတဲ့ ခုတင်ကိုတော့ ဘုန်းကြီးကျောင်းကို လှူလိုက်… ဟောဟိုက ကျွန်းဗီရိုကြီးကို မသန်းတင်က တစ်ရာနဲ့ ယူ…”

ဤသို့ဖြင့် ပစ္စည်းများကို သားသမီး၊ တူ တူမများက အသီးသီး ခွဲဝေ ၀ယ်ယူကြရ၏။ အားလုံးရှစ်ထောင်လေးရာဖိုးဖြစ်သည်။

“အဲဒီ ငွေ ရှစ်ထောင်လေးရာထဲက.. သုံးထောင်ကို ရွှေဘုန်းပွင့် ဘုရား ဝေယျာဝစ္စအတွက် လှူ…. ဆေးရုံကြီးရယ်၊ ဘိုးဘွားရိပ်သာရယ်၊ မိဘမဲ့ကျောင်းရယ်ကို ထောင့်ငါးရာစီ… ကျန်တာကို သင်္ဂြိုလ်စရိတ်လုပ်.. ပိုတာကို ဘုန်းကြီးတွေ ကပ်လိုက်….. ဟုတ်ပြီလား… အင်း … ကိစ္စတစ်ခုတော့ ပြီးပြန်ပြီ….”

ခဏနားသည်။ စကားများများ ပြောလိုက်ရသဖြင့် အနည်းငယ် မောသွားဟန်ရှိ၏။ ကိုမြအောင်က အမေ နားရအောင် ထထွက်မည် ပြင်သည်။ ထိုစဉ်မှာ ဒေါ်မျှင်က စကားဆက်ပြန်၏။

“ကဲ… နောက်တစ်ခု မိသန်းတင်.. လာဦး…. ကာကူးတို့ဆိုင်ကို သွား… မာလကျင်ပိတ် တစ်အုပ်နဲ့ တစ်မတ်တန် ကြယ်သီးတစ်စုံ သွားဝယ်…..”

မသန်းတင် ကိုမြအောင်ကို ကြည့်သည်။ ကိုမြအောင်က ခေါင်းညိတ်ပြလိုက်၏။ မသန်းတင် ပြန်လာသောအခါ ခုတင်အောက်က သေတ္တာကို ဖွင့်ခိုင်းပြန်သည်။

“ငါသေတဲ့အခါ…. အဲဟို အပေါ်ဆုံးက ပဒုမ္မာအကျီင်္ကို ၀တ်ပေး…. အခုဝယ်လာတဲ့ ကြယ်သီးကိုတပ်….ထဘီက သရက်ထည် အညိုရောင်… အဲဒါမဟုတ်ဘူး…. အဲဒါအသစ်ကြီး.. ဟိုဘက်က တစ်ပတ်နွမ်းလေ.. အဲ ဟုတ်ပြီ… ထုတ်ထားလိုက်စမ်း…. မာလကျင်ပိတ်ကတော့ အလောင်းကို ပတ်ဖို့… ပြီးတော့.. ငါသေရင် ဂူသွင်းတာတွေ ဘာတွေ မလုပ်နဲ့… မီးသဂြိင်္ုလ်လိုက်… ကြားလား…..”

ကိုမြအောင်က တစ်ခုခု ပြောမည်ပြုပြီး အမေဟု ခေါ်သည်။ ဒေါ်မျှင်က လက်ကာလိုက်ပြီး…

“ပြောစရာက မပြီးသေးဘူး… ငါသေရင် ဟိုအဝေးက လူတွေ လျှောက်မဖိတ်နဲ့…. သွားရလာရ ပင်ပန်းတယ်… မိခင်စန်းတို့ ညီအစ်မတွေကတော့ အကြောင်းကြားလိုက်…. သူတို့က လူရင်းတွေ… သတင်းစာထဲ ကြော်ငြာတာတွေ ဘာတွေ လုပ်မနေနဲ့….. တတ်နိုင်သမျှ အကျဉ်းချုံး လုပ်ကြ… ဟဲ့… မိအေးကြင်.. ညည်း သိပ်အော်ငိုမနေနဲ့နော်.. ကြားလား… ကဲ..ကဲ.. သွားကြတော့… ငါ အနားယူတော့မယ်….. ဒီနေ့ည ငါ့အခန်းမှာ ဘယ်သူမှ စောင့်မအိပ်ကြနဲ့….. ငါတစ်ယောက်တည်း တရားမှတ်ချင်တယ်…..”

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အိမ်သူအိမ်သားအားလုံး ဘယ်သူမှ မယုံကြချေ။ ဒေါ်မျှင် ပြောသောစကားတွေကို ပြန်ပြောရင်း နောက်ပြောင်နေကြ၏။ ကိုမြအောင်ကတော့ ဒေါက်တာထွန်းညွန့်၏ စကားနှင့် သူ့အမေ၏ အပြောကို ဆန်းစစ်ကြည့်ပြီး ယုံသလိုလို ဖြစ်နေသည်။

ညတွင် အားလုံး အိပ်ကုန်ကြသော်လည်း ကိုမြအောင်က မအိပ်ဘဲ ဒေါ်မျှင်၏ အခန်းရှေ့မှာ ပက်လက်ကုလားထိုင်တစ်လုံးဖြင့် စာထိုင်ဖတ်နေသည်။
မျက်စိညောင်းလာပြီး တစ်ချက် ငိုင်ခနဲ ဖြစ်သွားသောအချိန်တွင် တိုင်ကပ်နာရီကြီးမှာ “ဒင်… ဒင်..”မြည်သံ လေးချက် ကြားရ၏။

ငေါက်ခနဲ ထလိုက်သည်။ ဒေါ်မျှင်၏ အခန်းတံခါးကို အသာဖွင့်၍ ၀င်သည်။ ခြေဖော့နင်းပြီး ခုတင်နား ကပ်သည်။ ခြင်ထောင်ကို ဖြည်းညင်းစွာ မ တင်သည်။

ဒေါ်မျှင်သည် တည်ငြိမ်စွာ လဲလျောင်းနေ၏။ မီးရောင်မှိန်မှိန်တွင် မြင်ရသော ဒေါ်မျှင်၏ မျက်နှာမှာ အေးအေးချမ်းချမ်းပင်။ ရင်ဘတ်လှုပ်ရှားမှု မရှိဟု ထင်သည်။ နှာခေါင်းပေါက်နားသို့ လက်ထားကြည့်သည်။ ထွက်သက်
လေငွေ့ ရိုက်ခတ်မှု မခံစားရ။ လက်ကို ကိုင်သည်။ ခပ်နွေးနွေးပင်။ လက်ကောက်ဝတ် သွေးကြောကို စမ်းကြည့်သည်။

သွေးခုန်မှု မရှိတော့။...

Comments

Unknown said…
If we face with death,

???

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ