Friday, July 4, 2008

ကျမ မမြင်ချင်တော့သော ..... (၁)

အရင်ကတော့ ဒီနေရာလေးကိုရောက်ရင် ကျမမျက်လုံးအစုံက တစ်စုံတစ်ယောက်ကို ရှာဖွေနေမိတတ်ပါတယ်။ ကလေးတွေ ကျောင်းအပို့မှာ မရှိသေးရင်  စောနေသေးတာပဲ လို့ တွေးမိတတ်ပေမယ့် ၁၀-နာရီလောက်ဆိုရင်တော့  သူ ရောက်နေတတ်ပါပြီ။ ထီးကလေးဆောင်းပြီး ပေါင်ချိန်စက်ကလေး ရှေ့ချလို့ပေါ့။ နေ့လည်နေခင်းမှာလည်း သူ ရှိနေတတ်ပါတယ်။ ညနေစောင်း၊ ဒါမှမဟုတ် မှောင်စပျိုးချိန် ကျမတို့ ရုံးကအပြန်ဆိုရင်တော့ သူရှိမနေတော့ပါဘူး။ ဒီတော့ သူ့ရဲ့ အလုပ်ချိန်က မနက် ၁၀နာရီ ခွဲ ပတ်ဝန်းကျင်ကနေ ညနေ လေး နာရီလောက်ထိ ဖြစ်နေမယ် ထင်ပါတယ်။

ကျမ သူ့ကို ပြန်စ တွေ့တုန်းက အံ့အားသင့်ပြီး ၀မ်းသာစိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။ ၀မ်းသာရတာကတော့ ကျမတို့ ကျောင်းတက်ခါစကတည်းက ကျမတို့အပေါ် ကောင်းခဲ့တဲ့ အဆောင်က ထမင်းချက်ဦးလေးလာ ကြီးကို ကို ပြန်တွေ့လိုက်ရလို့ပါ။ စိတ်မကောင်းဖြစ်ရတာက ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းပြုနေရတာကို ကျမမျက်စေ့အောက် မြင်နေရလို့ပါပဲ။ ကျမတို့ အဆောင်နေစဉ်က ကျမတို့ရဲ့ အားကိုးအားထားပြုရာ ဦးလေးကြီးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအထဲကမှ ဦးလေးလာ တစ်ယောက်ကိုတော့ဖြင့် ကျမ အခင်ဆုံးပါပဲ။ တိုင်းရင်းသားအသံဝဲ၀ဲနဲ့ သူပြောတဲ့စကားကို နှစ်ခါ သုံးခါထပ်ပြောမှ နားလည်ခဲ့ရပေမယ့် သူ့ရဲ့ ရိုးသားမှုကို ကျမခံစားလို့ ရခဲ့လို့ ဖြစ်မယ် ထင်ပါတယ်။

ကျမ အမျိုးသားကိုပြောတော့ သူက သွားကြည့်ရအောင်လို့ ဆိုပါတယ်။ ဦးလေးလာ ပေါင်ချိန်စက် ရှေ့မှာ ထိုင်နေတုန်း ကျမတို့ ရောက်သွားခဲ့ပါတယ်။ ကားရပ်ရတာ အဆင်မပြေလို့ လွတ်တဲ့နေရာမှာ ရပ်ထားခဲ့ပြီး သွားရပါတယ်။  ဦးလေးလာ လားလို့ကျမမေးတော့ ကျမကို ရီဝေတဲ့ ရင့်ရော်နေတဲ့ မျက်လုံးအစုံနဲ့ ကြည့်ပါတယ်။ ကျမအမျိုးသားက လူမှားမှာ စိုးလို့ ဦးလေးနာမယ် ဘယ်လိုခေါ်လဲ လို့ ထပ်မေးပါတယ်။ လေးလာ လေ လို. ပြန်ဖြေပါတယ်။ (ကျမနားထဲတော့ လေးလာ လား၊ လေးလှိုင် လား။ ခုထိ မသဲကွဲသေးပါဘူး။) အရင်တုန်းက သဇင်ဆောင်မှာ လုပ်ခဲ့တာလားလို့ မေးတော့ ဟုတ်တယ်လေ လို. ပြန်ပြောပါတယ်။ ဦးလေး ကျမကို မှတ်မိလားဆိုတော့ စေ့စေ့စပ်စပ်ကြည့်နေပေမယ့် သိပ်မှတ်မိဟန်မတူပါဘူး။ ကျမကိုယ်တိုင်ရဲ. ပုံရိပ်တွေကလည်း ပြောင်းလဲခဲ့နေပြီလေ။ အဲဒီတော့ သိင်္ဂီနွယ် လေ။ ဦးလေးလာရဲ. ဆိုတော့ သိင်္ဂီနွယ်လား ပိန်သွားတယ်နော်တဲ့။ ဟုတ်ပါရဲ. ကျမအရင်က အခုလို ပုံစံမျိုးမှ မဟုတ်ခဲ့တာ။ နှစ် နှစ်ဆယ်ကျော် ကြာခဲ့ပြီပဲ။ အဲဒါနဲ့ ပိုက်ဆံ ငါးထောင် သူ.လက်ထဲ ထည့်လိုက်တော့ ၀မ်းတွေသာပြီး ဆုတွေ ပေးနေလေရဲ.။

နောက်ပိုင်း ကျမ အဲဒီနေရာရောက်တိုင်း သတိထားကြည့်နေမိတယ်။ မလာရင် သူများ နေမကောင်းဘူးလားပေါ့။ ဒီဇင်ဘာနားနီးတော့ သတိရပြန်ပါတယ်။ သွားတွေ.ချင်ပေမယ့် ကျမတို့မှာ အချိန်တွေက ရှားပါးပါတယ်။ အဲဒီနေရာကလည်း မဝေးပေမယ့် ကျမတို.အတွက် rush-hour ဖြစ်နေတတ်လို့ စိတ်သွားတိုင်း ကိုယ် မပါနိုင်ခဲ့ပါဘူး။ နောက်တော့ ကျမတို့ ခရီးသွားတာနဲ.၊ နာဂစ်တွေနဲ့ အလုပ်ရှုပ်နေပေမယ့် သူ.ကိုတော့ အဲဒီနေရာရောက်တိုင်း ရှာကြည့်မိပါတယ်။

မတွေ့တာကြာပြီး နောက် တစ်ရက်မှာတော့ ကားမှတ်တိုင်ဘက်နားမှာ တုန်တုန်ချိချိနဲ့ လမ်းဖြတ်ကူးနေတဲ့ သူ.ကိုတွေ.တော့ ကားမောင်းနေတဲ့ အမျိုးသားကို ဦးလေးလာ ဦးလေးလာ လို. အလောတကြီး ပြောမိပါတယ်။ အမျိုးသားက ကျမကိုကြည့်ပြီး တွေ.ချင်လို.လားလို.မေးပြီး ကားကို တပတ်ပြန်မောင်းပို့ပြန်တော့လည်း ကားဂိတ်မှာ ရှိမနေပြန်ပါဘူး။ ခုနကသေသေချာချာတွေ့လိုက်တာပဲ လို.မကျေမနပ်ပြောမိတော့ အခုမှ လာတာဖြစ်မယ်ထင်တယ်ဆိုပြီး သူ.နေရာလေးဆီကို ပြန်မောင်းပေးပြန်ပါတယ်။ တွေ.ပါပြီ။ ခုမှ ၀ယ်လာဟန်တူတဲ့ ထမင်းဖြူထုပ်လေးကို မိုးရွာကြီးထဲမှာ ဖွင့်ရင်း စားနေဟန်ပါပဲ။ ထမင်းဖြူချည်း သက်သက်မို့ စားမ၀င်ဘူးနဲ့ တူပါတယ်။ ပြန်ချည်ထုပ်ထားလိုက်ပြန်တယ်။ ကျမလည်း လောလောလတ်လတ် နာဂစ်ကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလို့နဲ့ တူပါရဲ့။ တော်တန်ရုံ ကိစ္စတောင် စိတ်မကောင်းဖြစ်မိနေပြီ။

သူ ကျမကို မမှတ်မိပြန်ပါဘူး။ သူ.ကို ကရုတစိုက် စကားလာပြောနေတဲ့ ကျမကို ပီပီပြင်ပြင် မြင်ရဟန်မတူတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေပြန်ပါတယ်။ သိဂီင်္နွယ် လေ လို.ဆိုတော့မှ အော်.. ဆံပင်တွေ ဘယ်ရောက်ကုန်တာလဲလို.ပြန်ပြောတော့မှ ကိုယ့်ဆံပင်တွေကြောင့် သူမမှတ်မိတာကိုး လို. နားလည်လိုက်ရပါတယ်။ ကတုံးတုံးလိုက်လို.ဆိုတော့ ကိုယ့်ကို စိတ်ပူနေပြန်ပါတယ်။ နေမကောင်းလို.လားတဲ့။ မဟုတ်ပါဘူး ဦးလေးလာ ရယ်။ သီလရှင်ဝတ်လိုက်လို.ပါ ဆိုမှ အော်...တဲ့။ ကျမလည်း သွားစရာလေးက ရှိနေတော့ ကမန်းကတန်းပဲ စကားလေးနဲနဲပါးပါးပြောပြီး စာအိတ်နဲ့ ထည့်လာတဲ့ ပိုက်ဆံကို သူ.လက်ထဲထည့်လိုက်တော့..... မျက်ရည်ဝဲနေတဲ့ မျက်လုံးအစုံနဲ. ကျေးဇူးတင်လိုက်တာကွယ်တဲ့။ ကျမ ပြန်လှည့်ထွက်သွားတော့ သူတခုခု လှမ်းပြောလိုက်လို. ကျမ သူ.နားပြန်သွားပြီး မေးလိုက်တော့ ညစောင့်အလုပ်လေး ဘာလေးရှိရင် ....။ ဟုတ်သားပဲ။ ကျမကတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ခါးပါကိုင်းနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ပြန်ရှာနေရတဲ့ အရင်က မိတ်ဆွေတစ်ယောက်ကို ဘယ်လိုများ ကူညီနိုင်မှာလဲ။ ကျမလည်း ဘာပဲဖြစ်ဖြစ် ပြုံးပြပြီး ပြန်ပြောပေးမယ်နော်လို. တော့ နှစ်သိမ့်ခဲ့ပါတယ်။ ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံက မနည်းပေမယ့် ဘယ်လောက် အသုံးခံမှာလဲ။ သူ လိုသလောက်လည်း ကိုယ့်မှာ ဖြည့်နိုင်စွမ်း မရှိ။ အင်အားကလည်း ရှိမနေခဲ့။

အရင်ကတော့ ဦးလေးလာဆီသွားပြီး အကျီင်္လေး၊ ပုဆိုးလေးတွေ ပေးဖို.၊ အချိန်ကလေးရရင် လ္ဘက်ရည်ဆိုင်လေးဝင်ပြီး လ္ဘက်ရည်လေးသောက် မုန်.ကလေးတွေ ၀ယ်ကျွေးပြီး စကားလေးဘာလေးများ ပြောမလား စိတ်ကူးမိခဲ့ရဲ.။ ခုတော့ ကျမကို မျှော်လင့်ချက်ကြီးစွာနဲ. စောင့်နေမယ့် သူ.ဆီကို ကျမ မသွားဖြစ်တော့ပါဘူးလေ။ အမျိုးသားက အဲဒီနေရာရောက်တိုင်း ကျမကို မေးတယ်။ ရှိလား တဲ့။ ကျမကတော့ ခေါင်းကို မတ်မတ်ထား ရှေ့တည့်တည့်ကြည့်ရင်း မသိဘူး၊ မကြည့်တော့ဘူးလို. ပဲ ပြန်အဖြေပေးနေမိတယ်။ ရင်ထဲကိုက်တယ် ဆိုတာ အဲဒီလိုမျိုးကိုး။ ကိုယ်သိနေတဲ့ သူတွေကို လည်း ကျမ မကူညီနိုင်ဘူး။ ကိုယ်မသိတဲ့ ကိုယ့်ပြည်သူတွေအတွက်လည်း ကျမ ပိုပြီး မကူညီနိုင်တော့ဘူး။ အင်း.... ရေနစ်တဲ့သူကို ကူညီဖို့ ကိုယ့်မှာ ကျွမ်းကျင်တဲ့ ရေကူးအတတ်တော့ ရှိနေရမှာပေါ့နော်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က လူသားတွေကို ကယ်တင်ဖို့ သူတစ်ယောက်တည်း ကို်ယ်လွတ်ရုန်းနိုင်ရဲ.သားနဲ့ လေးသင်္ချေနဲ. ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရတာတွေ...။

ကျမမှာ အင်အားတွေ အများကြီး ရှိနေစေချင်ပါရဲ.။  လုပ်ချင်တဲ့၊ လုပ်တတ်တဲ့၊ လုပ်နိုင်တဲ့ စွမ်းအားတွေ အပြည့်ရှိနေမဲ့ လူသားဆန်တဲ့ လူသားတစ်ယောက်တော့ ဖြစ်ချင်စမ်းရဲ.နော်....။

2 comments:

sonata-cantata said...

ကိုယ် နဲ့ ကိုယ်ပတ်ဝန်းကျင် အတွက် လိုအပ်နေတာတွေကို ကိုယ်ကဘာမှ လုပ်မပေးနိုင်တော့တဲ့အခါ ကိုယ့်ကိုကိုယ် မေ့ဆေးထိုးလိုက်ရပါတယ်။ မေ့ဆေးအရှိန်ကြောင့် ရင်ထဲကကိုက်တယ်။ ရောဂါရဲ့ ဇစ်မြစ်ကို ရှာဖွေပြီး၊ ဆေးကုသနိုင်ဖို့အတွက် ဘယ်တော့မှ စိတ်မလျော့လိုက်နဲ့။

သိင်္ဂီနွယ် said...

ကျေးဇူးတင်ပါတယ်နော် sonata-cantata။ ဟုတ်ပါတယ်လေ။ ဥပေက္ခာတရားလက်ကိုင်မထားနိုင်ရင်တော့ ရင်ကိုက်ဝေဒနာက ပျောက်ကင်းနိုင်ဦးမယ် မထင်ဘူးနော်။