Skip to main content

ရှင်သန် ရပ်တည်ဖို့အတွက်....

မနေ့ညက အိမ်အောက်ထပ်ဆင်းတော့ Hamster တွေ အိမ်ထဲကနေ အသံလေးတွေ ထွက်လာလို့ ငုံ့ကြည့်လိုက်တော့.. လက်သန်းလောက်ရှိတဲ့  အမွေးအမျှင်မဲ့ သတ္တ၀ါလေးတွေ.. ညိုတိုတို လှုပ်စိလှုပ်စိလေးနဲ့ သုံး လေးကောင်လောက်တွေ့လိုက်ပါတယ်။ ခုထက်ထိတောင် အကြီးနှစ်ကောင်ကို ဘယ်သူ အထီး အမမှန်းမသိတော့ ဘယ်ကောင်က မွေးတာမှန်းလည်း မသိ၊ ဗိုက်ဖောင်းတာလည်း မတွေ့ရပဲနဲ့... အော်.. ဒီသတ္တ၀ါလေးတွေကျတော့ ဖြစ်တာ ပျက်တာ မြန်ုလိုက်တာနော်.. အဲဒါနဲ့ သူတို့လေးတွေကို ထိုင်ကြည့်နေဖြစ်ပါတယ်..။ နောက်နှစ်ပတ်လောက်ကြာရင် ဘယ်နှစ်ကောင်လောက် ရှင်သန်ကျန်ရစ်မှာတဲ့လဲ.. တွေးမိရင်းပေါ့...။

မနက် မိုးလင်းတော့ သူများတကာ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ  ကျောင်းတက်နေရတဲ့ သားငယ်ကို ကျောင်းသွားဖို့ ပြင်ဆင်ပေးရပါတယ်။ အိမ်မှာ လူစောင့်မရှိလို့ ကျောင်းပိတ်တဲ့ သားကြီးနဲ့ သမီးငယ်ကိုပါ တခါတည်း ပြင်ဆင်ပြီး ရုံးခေါ်သွား..... ထုံးစံအတိုင်း ဗြုတ်စဗြင်းတောင်းနဲ့ ထွက်သွားကြတာ.. ကျောင်းနားရောက်လို့ ဆင်းဖို့ပြင်ဆင်တော့မှ သားငယ်က သူ့ကျောပိုးအိတ်ကို သတိရတယ်.. ဟာ.. ကျန်ခဲ့ပြီ။ ကဲ.. မထူးတော့ပါဘူး.. လူစုံတုန်း Oriental House မှာ dim sum လေး ၀င်စားကြပေါ့..။

အရင်ကလို ၀င်ပေါက်ကနေ စီစဉ်ပေးတဲ့ လူတွေလည်း မတွေ့ရပါဘူး။ လူတွေကလည်း အပြည့်ပါပဲ။ စောင့်တဲ့လူတွေကလည်း ဟိုစားပွဲနား သည်စားပွဲနား မတ်တပ် မတ်တပ်တွေနဲ့။ သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ လူစုံတက်စုံ လာစားကြတာထင်ပါတယ်။ စားပွဲထိုး ကောင်မလေးတစ်ယောက်က လမ်းညွှန်ပေးလိုက်လို့ ဘီလ်တောင်းထားပြီဖြစ်တဲ့ စားပွဲနား သွားရပ်စောင့်နေလိုက်ကြပါတယ်။ ဘီလ်လာပြန်တော့လည်း နောက်ထပ်ပါဆယ် ထပ်မှာနေသေးလို့ ထပ်မံစောင့်ဆိုင်းရင်းပေါ့....။ 

ဒီကြားထဲ အန်ကယ်လ်ကြီးနဲ့ အန်တီကြီး နှစ်ယောက် ရောက်လာပြီး  လက်ရှိထိုင်လက်စ လူတွေ မထ သေးတာကို၊ ရပ်စောင့်နေတဲ့ လူတွေလည်း ရှိရက်နဲ့ ခပ်တည်တည် ၀င်ထိုင်ပြီး နေရာယူလိုက်ပါတယ်။ လူကြီးတွေနဲ့ အတင်းလုလို့ကလည်း မသင့်တော်၊ ငါတို့ လူကြီးပဲဆိုပြီး ဗိုလ်ကျတာတော့ သိပ်တော့ မကြိုက်ချင်လှပေမယ့် .. ကိုယ်က ငယ်တော့ လျှော့ပေးလိုက်... ကိုယ့်ထက်ငယ်လို့လည်း လျှော့ပေးလိုက်ပေါ့။ (ဒါမှလည်း မင်္ဂလာတရားနဲ့ ညီမှာကိုး).. အရပ်ရှည်တဲ့ အမျိုးသားကတော့  ကိုယ့်ထက် ရှေ့ရေးကို ပိုမြင်လေတော့ နေရာလွတ်တဲ့နေရာ အပြေးအလွှား နေရာသွားဦးပါတယ်။ မဟုတ်ရင် ကျမကတော့ နောက်တစ်ဆိုင် ပြောင်းစားတော့မှာလေ...။

နေရာရ လို့ ဟန်ကျပန်ကျ ထိုင်လို့ရပြီဆိုတော့ သူက ကျမကို ပြောတယ်.. ခင်ဗျား ဒီလိုပုံနဲ့ မြန်မာပြည်မှာ ဘယ်လို လုပ် စီးပွားရေးလုပ်မလဲတဲ့။ မပြောလည်း သိပြီးသား....။ ငယ်ငယ်ကတည်းက ခုံဦးရတဲ့ ကစားနည်းမျိုးဆို ကိုယ်က အရင်ဆုံး ထွက်ရတာချည်းပဲလေ.. ။ 
စီးပွားရေးဆိုတာကြီးကိုလည်း အစကတည်းက သိပ်စိတ်ဝင်စားလှတာမဟုတ်..။ အမ်ဘီအေ ကိုလည်း  သူက လှုပ်လှုပ်ခတ်ခတ်ဖြစ်လေတော့.. ကိုယ်က သူနဲ့ အတူ စာမေးပွဲအတွက် လိုက်ဖတ်ပေးရင်း ဘာလိုလို ညာလိုလိုနဲ့ တက်ဖြစ်သွားခဲ့တာလေ.. ။ တကယ်တမ်းကျတော့ ကိုယ်နဲ့ မကိုက်တဲ့လမ်းမှန်း မူဆယ်ဘက်ကို Trip ထွက်တော့ သိလိုက်ရပါရဲ့။ ရုတ်တရက် ပေါက်ချလာတဲ့ ဒီအုပ်စုကြီးနဲ့ လမ်းဘေးက ထမင်းဆိုင်လေးမှာ ရှိသမျှ ဟင်းခွက်တွေကို အလုအယက်  တိုးဝှေ့ ဆွဲယူစားသောက်ရပြီးကတည်းက မှတ်သွားတယ်။ အဲဒီတုန်းက လမ်းဘေးမှာ ငိုင်ငိုင်လေးထိုင်ရင်း စိတ်ဓာတ်ကျလို့ပေါ့။ ကျမကတော့ လိုက် မမှီနိုင်ဘူးလေ.. ။ ဒါဝင်ကတော့ ပြောခဲ့သားပဲ....။

"In the struggle for survival, the fittest win out at the expense of their rivals because they succeed in adapting themselves best to their environment." - Charles Darwin  (1809- 1882)

Comments

ThuHninSee said…
မွန်ဆို လက်မြန်တယ်အစ်မ။ ငဖယ်တိုးလေးတိုးလိုက်တာနဲ့
လက်ထဲပါလာပြီ။ :P
ထိုင်ခုံဦးတာတော့ ပဲပျက်လို့မဦးဘူး။
khin oo may said…
ဟုတ်တယ် တို့လဲ အဲလိုဘဲ. လာလုကြရင် နောက်ဆုတ်ပေးလိုက် ရော. ဝင်မလုချင်ဘူး။ အဲဒါနဲ့ဘဲ နေရာ ကို မရပါဘူး။
Taungoo said…
အမကြီးရေ
တစ်ခါတစ်လေတော့ အဲလိုတိုးဝှေ့လုရတာ ပျော်စရာကောင်းတယ်ဗျ။
ဥပမာ ပိုက်ဆံကြဲတဲ့အခါမျိုးလေး။း)
tg.nwai said…
တယ်တော်တဲ. အမွန်ပါလား.. နည်းနာလေးပေးပါဦး...။
ဒါပေမယ့် မမ ခင်ဦးမေနဲ. အဖော်လုပ်ပေးလိုက်ပါဦးမယ်..မမ ကတော့ လက်မသွက်လို့တော့ ဟုတ်ပုံမရပါဘူး။
ပိုက်ဆံကြဲရင်တော့ တောင်ငူသားနဲ. ဝေးဝေးနေမှ...:P
ဒီမှာတော့ food court မှာဆို စားပြီးခါနီး စားပွဲနားမှာ ဝိုင်းပြီးမတ်တပ်ရပ်နေလိုက်တယ်။ နောက်လူ လာလုလို့ မရအောင်လို့။ အရပ်ရှည်တဲ့သူက ရှေ့ရေးကို ပိုမြင်တယ်တဲ့လား။ မှတ်သားသွားပါသည်။
khin oo may said…
တို့ကတော့ အကောင်လေးတွေ သိတ်ကြောက်တာဘဲ.။ ကြည်.တောင် မကြည်.ရဲဘူး။
tg.nwai said…
မချို ပြောသလို နောက်တစ်ခါကျရင် လုပ်လိုက်ဦးမှ...။
မမ ခင်ဦးမေ ကြောက်နေမှာစိုးလို့ ဓာတ်ပုံရိုက်တင်ဖို. အစီအစဉ်ဖျက်လိုက်ပါပြီ..ဟဲဟဲ
မ ရေ… ဒီမှာ အဲဒါတခုတော့ ကောင်းတယ်…
အမြဲတမ်း တန်းစီိစံနစ်ကို... မျှတတာပေါ့နော်…
အဲဒီရှင်သန်ရပ်တည်ဖို့ အတွက် သူစိမ်းတွေကြားမှာ… မ တို့ ကို အားကျလိုက်တာ…

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ