ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!
Comments
နံပါတ်၃..နဲ့ ၄) ကို အကြိုက်ဆုံးးး
နှစ်ယောက်ထဲမို့ နှလုံးသားရေးရာအကြောင်းလည်း မပြောဖြစ်ပါဘူးကွယ်..ငါ့အခန်းဖော်တွေက အခန်းကပ်တယ်ရယ်မှ မရှိတာ.. :(
အဆောင်ကို ပြောင်းပြန်လှန်ရအောင်လည်း ငါကတော့ သူရဲကောင်းထုံး နှလုံးမမူနိုင်သေးဘူးလေ..။ (သိတယ်ဟုတ်)
ဖျာလိပ်နတ်က တကယ် ၀င်ပူးသွားတာ ထင်တယ်.. ပြဇာတ်ကတုန်းလေ..။ သူလည်း ဟိုအဆောင်ကြည့် နင့်ဖူးစာရှင် မြင်နိုး မြင်နိုးနဲ့..နောက်ဆုံးမတော့...ငါ့သယ်ရင်းလည်း လွတ်လွတ်ကျွတ်ကျွတ်..အဆောင်မှူးပဲ လုပ်နေတော့..ဟဲဟဲ.
မသိဂီ င်္ကဘယ်ထဲများပါလဲလို့သိချင်လာရပြန်ရော..း)
ပျော်စရာကောင်းသောအဆောင်နေကျောင်းသူများဘဝ
ပါပဲနော်။မနာလိုလိုက်တာ။အရင်ကသူငယ်ချင်းအဆောင်
လိုက်လိုက်အိပ်ရတာမှတ်မိတယ်။အဆောင်နေတဲ့ခံစားမှု
ကိုလိုချင်လို့လေ.........
ယောက်ျားလေးများကတော့ အသောက်အစားး)
ဓါတ်ပုံလေးကို ရင်ဘတ်ပေါ်တင်ပြီး ကြည်နူးနေလို့နေမှာပေါ့။
သို့တည်းမဟုတ်..ဧည့်သည်လာလို့ ဆင်းတွေ့နေတာမှာပေါ့။
အပေါ်ကဒေါ်သိံဂီ တယောက်ထဲဘာလုပ်နေလဲ သိပါတယ်နော် ဟင်းဟင်း...:D
ဟုတ်တယ် နင်က စာလဲမကျက်၊ အိမ်လဲမအိပ် ဒါပေမယ့် ဗလာစာအုပ်မှာ အဆုံးမသတ်တဲ့ ဝတ္ထုတို့ ကဗျာတွေရေးတယ်လေ။ ငါကနင့်ရဲ့ စာဖတ်ပရိသတ် သို့ပေတည့် ခရမ်းက သိင်္ဂီ ကသာ ရွှေ (စက်မှု့တက္ကလိုလ်) ဖြစ်လာသည်။ တို့ သိင်္ဂီ ကနှစ်ပေါင်း ၂၀ ကျော်မှ blog ရေးသည်။
နှလုံးသားရေးရာအကြောင်းကိုတော့ နင်ပထမနှစ်မှာ မပြောတာတော့ သေချာနှိင်သည်။ နောက်နှစ်တွေမှာ တော့ သက်သေက နင့် blog ထဲမှာပင်။
အဆောင်ကို ပြောင်းပြန်လှန်တဲ့ထဲတွင် နင်ပါပါသည်။ KN တို့အုပ်စု အဆောင်ရှေ့သီချင်းလာဆိုတိုင်း အုပ်စုထဲက မိန်းကလေးတွေ က အဆောင်အဝင်ပေါက်ကို ဒိုးယိုပေါက်မြင်နှိင်တဲ့ နင့်အခန်း (၃၂) ကနေ အားပေးတာတို့၊ မီးမိတ်ပြတာတို့လုပ်တာလေ။ မှတ်မိပြီဟုတ်။
အခန်းကျယ် ပဲခူးဆားတွေရဲ့ အခန်းမှာ ဖျာလိပ်နတ်မေးတာလဲ ဘေးကနေ သွားစွယ်လေးတွေ လှစ်လှစ်ပြနေခဲ့တာလဲ နင်ပဲဟုတ်။
ညီမလေး သူ့နှင်းဆီ၊ ညီမလေး မနော်ရေ ညီမလေးတို့ မမ tg ဘာလုပ်နေလဲဆိုတာ သိပြီဟုတ်
ပေါက် ကျောင်းသူ-၄ ကိုအားပေးတဲ့ အတွက်ကျေးဇူး
။
အင်း မအောင်ဖြူကို အားကိုးတဲ့သူတွေများပုံပဲ ကိုဇနိ အရင်ရေးတဲ့ အိုးဝေမှာလဲ စစ်ကိုင်းသူရေးထားတဲ့ ဖျာလိတ်နတ်အကြောင်း ဖတ်ဘူးတယ်။
သင်းကြည်ရေ စလုံးကို မအောင်ဖြူကြောက်သည်တဲ့။