ဘာရယ်မဟုတ်.. ခုလောလောဆယ် အော်ဆိုနေချင်တဲ့ သီချင်းလေးပါ...။
နိုင်ငံတော်သီချင်း
ခြေဆင်း - တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြည် တို့မြေ။
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ ပြည်
တို့ပြည် တို့မြေ။
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ
အဓိဌာန်ပြုပေ ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ၊ မြန်မာပြည်
တို့ဘိုးဘွား အမွေစစ်မို့
ချစ်မြတ်နိုးပေ။ )၂
ပြည်ထောင်စုကို အသက်ပေးလို့
တို့ ကာကွယ်မလေ။
ဒါ တို့ပြည်၊ ဒါ တို့မြေ တို့ပိုင်နက်မြေ။
တို့ပြည်၊ တို့မြေ အကျိုးကို
တို့ပြည်၊ တို့မြေ အကျိုးကို
ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ
တို့ တာဝန်ပေ
အဖိုးတန် မြေ။
*********
အားလုံးရဲ့ မြေ.. တို့ မြန်မာတွေ အားလုံးရဲ့ မြေပါ...။ တဦးတယောက်တည်းပိုင် မဟုတ်ပါဘူး။
( မသီတာ သတိပေးလို့ တို့ပိုင်နက်မြေတကြောင်း ပြုတ်ကျကျန်ခဲ့တာကို ပြန်ဖြည့်လိုက်ပါတယ်.. တော်နေကြာ... :0)
( မသီတာ သတိပေးလို့ တို့ပိုင်နက်မြေတကြောင်း ပြုတ်ကျကျန်ခဲ့တာကို ပြန်ဖြည့်လိုက်ပါတယ်.. တော်နေကြာ... :0)
Comments
အသက်ကြီးမှ တခါဆိုတခါ မနှစ်က ဒီလိုအချိန်မှာ စလုံးမှာ မြန်မာနှိင်ငံသားတွေ တစုတဝေး နှိင်ငံတော်သီချင်း သံပြိုင် ဟစ်ခဲ့ကြတယ်။
ဆိုတဲ့နေရာလေးကို ကြားစေချင်တဲ့သူတွေ သိအောင် အကျယ်ကြီးဆိုပြချင်တယ်မမ tg ရေ..
တို့ကာကွယ်မလေ။
ဒါ တို့ပြည် ဒါ တို့မြေ
တို့ပိုင်နက်မြေ။
တို့ပြည် တို့မြေ
အကျိုးကို ညီညာစွာတို့တစ်တွေ.................
ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ
တို့ တာဝန်ပေ
အဖိုးတန် မြေ...
ဒီနောက်ဆုံးပိုဒ် အကြိုက်ဆုံးပဲ မမသိဂီ င်္။
ညီညာစွာ တို့တတွေ၊ ထမ်းဆောင်ပါစို့လေ တဲ့။
အသံတွေ တိုးတိမ်ဝင်ပြီး ပျောက်သွားကြတယ်...။
အရမ်း ဝမ်းနည်းစရာကောင်းတာပဲနော်...
မင်ဂလာပါ ဆရာမ ဆိုတဲ့ နုတ်ဆက်သံလေးပါ။ ငယ်ငယ်တုန်းကပေါ့နော်