မနေ့က သမီးငယ် တစ်သက်ကြာအောင် မ၀င်ဖြစ်တဲ့ ခွဲစိတ်ခန်းထဲ ထပ်မံ ရောက်ရှိ သွားခဲ့ပါတယ်…။
ကလေးသုံးယောက်စလုံးကို ဗိုက်ခွဲပြီးမွေးဖွားခဲ့ရတာကြောင့် သုံးကြိမ်တိုင်တိုင် ခွဲစိတ်ခန်းထဲ ၀င်ခဲ့ဖူးသလို… ဘန်ကောက်မှာ နေစဉ်က acute PIDကြောင့် ဗိုက်တအားအောင့်လာလို့ အူအတက်ပေါက်တယ်ထင်ပြီး ဘန်ကောက်က ဆေးရုံကြီးရဲ့ Operation Theatre ထဲကိုလည်း အလည်တစ်ခေါက် ရောက်ခဲ့ရပါသေးတယ်…။ အဲဒီအချိန်မှာတော့ သားကြီးက တနှစ်ခွဲသားအရွယ်ပါ…။ သူများတိုင်းပြည်ဆိုတာရယ်.. ဝေဒနာခံစားနေရတာကြောင့် နဲနဲတော့ လန့်ခဲ့ရတာပေါ့…။ ကလေးတွေ မျက်နှာမြင်ဖို့ ၀င်ခဲ့ရတာတွေကတော့ ဝေဒနာလည်း မခံစားရပဲ လုပ်ရိုးလုပ်စဉ်မို့လို့ ကြောက်တာလန့်တာ မရှိပါဘူး…။
အခုတခါ...သမီးငယ် ခြောက်နှစ်နီးပါးအရွယ်ရောက်မှ ခွဲစိတ်ခန်းထဲ နောက်တခါ ၀င်ဖို့ဖြစ်လာပြန်ပါတယ်..။ အကြောင်းကတော့ လွန်ခဲ့တဲ့ တစ်လနီးပါးက ပါးစပ်…အဲ ..lower lip မှာ အဖုလေး ပေါ်လာခဲ့တာက စ ပါတယ်..။ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မို့ ခါတိုင်းလို stress ကြောင့် ဖြစ်တဲ့ ulcer ထင်နေပေမယ့် တစ်လနီးပါးကြာတဲ့ အထိ အဲဒီအဖုလေးက ပျောက်မသွား ပေါက်မသွားပဲ တခါတလေ ကြီးလာလိုက်.. တခါတလေ သေးသွားလိုက်နဲ့ ရှိနေဆဲဆိုတော့ နဲနဲတော့ သတိထားဖြစ်လာပါတယ်…။ ဆရာဝန်ပြရမှာ ခပ်ပျင်းပျင်းဆိုတော့ အင်တာနက်ထဲကနေ ဟိုရှာ သည်ကြည့်နဲ့ တွေ့လိုက်ရတာ စိတ်ခြောက်ခြားစရာတွေပါပဲ… ဒါနဲ့ ငါများ စီအေ ဖြစ်နေခဲ့ရင် ဆိုရင်တော့ ဆိုတဲ့ အတွေးတွေလည်း ၀င်လာပြန်ပါတယ်…။ ဒါနဲ့ပဲ မြန်မြန် အဖြေသိချင်တာနဲ့ ဆရာဝန်နဲ့ သွားတွေ့တော့ အဆီကျိတ်ပါတဲ့… ခွဲပြီး ပြန်ချုပ်လိုက်ရင် ကောင်းသွားမှာဆိုတာနဲ့ ကိုယ့်စိတ်ဒုက္ခပေးနေတဲ့ အဲဒီအဖုကို ခွဲမလား မေးတော့ ဟုတ်ကဲ့လို့ ချက်ချင်းဖြေလိုက်မိတာကို ဆွေမျိုးသားချင်းတွေက မခွဲရင် ဘယ်လိုဖြစ်မလဲဆိုတာ ပြန်မမေးရကောင်းလားလို့ ပြောနေကြသေးရဲ့။ ကိုယ်ကတော့ သူ့အလိုလို မပျောက်နိုင်တဲ့အတူတူ ဖယ်ပစ်လိုက်တာ အကောင်းဆုံးလို့ ထင်တာကိုးနော်..။
အဲဒါနဲ့ပဲ.. မနေ့ နေ့လည်.. ၁၂ နာရီခွဲမှာ ခွဲစိတ်ဖို့ သဘောတူ.. တူမလေးရဲ့ တစ်လပြည့် ဆွမ်းကျွေးနဲ့တိုက်ဆိုင်နေတော့ အဲဒီကနေမှ ကမန်းကတန်းပြေး…။ အမျိုးသားက လိုက်ပို့… သူလည်း ခွဲစိတ်ခန်းအပြင်မှာ စောင့်ရတဲ့ အတွေ့အကြုံလည်း တော်တော်များနေပြီ…။ အဲဒီတော့မှ သူ့ တစ်ယောက်ကိုတော့ဖြင့် ကျမ ဘ၀မှာ ဘယ်လောက်တောင် အရေးတကြီး လိုအပ်တယ်ဆိုတာ အသေအချာ ပိုသိလာရပါတယ်….:P
SSC ရဲ့ Admission and Discharge Counter မှာ ရောက်ရှိကြောင်း သတင်းပို့.. လိုအပ်တဲ့ စာရွက်စာတန်းတွေမှာ လက်မှတ်ထိုး၊ ခွဲမှာက local လို့ ပြောပေမယ့် မေ့ဆေးနဲ့ ပတ်သက်ပြီး သိရှိကြောင်း လက်မှတ်ထိုးရတော့ အမျိုးသားက ထုံဆေးနဲ့ ခွဲမှာကို မေ့ဆေးက ဘာဖြစ်လို့လဲ လို့ လှမ်းမေးလိုက်သေးတယ်..။ အဲဒီ က staff က သူတို့ဆေးရုံမှာ မေ့ဆေးနဲ့ ပတ်သက်ပြီး စာရွက်ပဲ ရှိလို့ပါတဲ့.. ကောင်းရောပေါ့လေ..။
ဒါနဲ့ အဲဒီအမျိုးသမီးနောက်ကနေလိုက်သွားတာ ပထမထပ်ရောက်သွားပါလေရော.. Day Care unit တဲ့… SSC ရဲ့ လူအရှင်းဆုံးနေရာလားတောင် မသိပါဘူး။ လူ နှစ်ယောက် သုံးယောက်လောက်ပဲ တွေ့ရပါတယ်…။ ခဏနေတော့ အ၀တ်လဲရအောင် လာခေါ်လို့ ပစ္စည်းပစ္စယတွေ အမျိုးသားကို အပ်ပြီး. အိပ်မငိုက်နေဖို့.. ပစ္စည်းတွေ ထားပြီးလျှောက်မသွားဖို့ သတိပေးရင်း အထဲဝင်သွားရပါတယ်။ လူနာ အ၀တ်လဲခန်းရယ်လို့ သီးသန့်မရှိပဲ အခန်းတခန်းမှာ သီရေတာထဲ ၀င်ဖို့ အင်္ကျီအပြာထုတ်ပေးပြီး ၀တ်လာတဲ့ အင်္ကျီတွေကို ချွတ်လဲခိုင်းပါတယ်… ပြီး ခေါက်ထားပြီး ပစ္စည်းတွေနဲ့ ပွနေတဲ့ ကုတင်လေးတလုံးပေါ်မှာ တင်ခဲ့ဖို့ ပြောပါတယ်.. ကျမ စိတ်ထဲမတော့ သူများတိုင်းပြည်က ဆေးရုံတွေမှာ ပေးတဲ့ လော့ကာကို ပြေးမြင်ယောင်မိသေးတာကို ဒါမြန်မာပြည်လို့ မနည်း ဖျောက်ဖျက်ပစ်ရပါတော့တယ်။
ဒါနဲ့ အင်္ကျီလဲပြီး သီရေတာထဲ ၀င်ဖို့ စောင့်နေရပါတယ်.. day care unit မို့ အိမ်ပြန်မယ့် ခွဲစိတ်ပြီး လူနာတချို့ မေ့ဆေးမပြယ်ခင် နားနေကြတာကို တွေ့ခဲ့ရပါတယ်…ကျမတော့ လုံးဝ မိုင်နာပဲမို့. … ဟိုကြည့် သည်ကြည့်နဲ့ စပ်စုနေတာ သူတို့ လာခေါ်တဲ့ အထိပေါ့…
အထဲရောက်တော့ ခွဲစိတ်ခန်း စားပွဲပေါ်တက်ပြီး လှဲခိုင်းပါတယ်.. ကျမလည်း မီးလုံးတွေကို ကြည့်လိုက် အော်ပရေးရှင်းအခန်းကို ကြည့်လိုက်နဲ့ သူတို့ လှုပ်ရှားတာတွေကို လိုက်ကြည့်ပေါ့…။ နောက်တော့ ဆရာကြီးရယ်.. လက်ထောက်ဆရာဝန်ရယ်.. ရောက်လာပြီး ဘယ်လောက် ပေးမယ် ဘာညာပြောရင်း မျက်လုံးနဲ့ နားတွေကို အ၀တ်နဲ့ ပိတ်ပါတယ်… အဲဒီတော့မှ မီးအလင်းရောင် စူးနေတာ သက်သာပြီး အသံတွေသာ ကြားနေရပါတယ်.. ခံတွင်းသန့်ရှင်းအောင် ဂွမ်းစနဲ့ အတွင်းအပြင် သုတ်သင်ပါတယ်.. ခါးတားတားအရသာပေမယ့် ပါးစပ်ထဲ ၀င်သွားရင် အန္တရာယ်မရှိပါဘူးလို့ ပြောပါတယ်.. ခဏနေရင် ထုံလာပါတယ်.. အဲဒီတော့မှ ဆေးထိုး…ပြီး ပါးစပ်ကို ဟထားပြီး အလုပ်တွေ ရှုပ်နေကြပါတယ်…။
ထုံဆေးပေးထားတော့ နာကျင်တဲ့ ဝေဒနာမှ မခံစားရတာ.. နားကကြားရတဲ့ သောတအာရုံမှာ ပိုအာရုံစိုက်နေမိတယ် ထင်တယ်...။ ဒီတစ်ခါ ခွဲစိတ်ခန်းကတော့ တခါမှ မကြုံခဲ့ဖူးပါဘူး။ staff တစ်ယောက်က ဖုန်းနဲ့ သီချင်းတွေ ဖွင့်ထားပါတယ်။ ခုတလော နံမယ်ကြီးနေတဲ့ ၀ိုင်းစုခိုင်သိန်းရဲ လမ်းဆုံထဲ သီချင်းတွေပါ၊ လူကလေးက သေးသေးလေးပေမယ့် သရုပ်ဆောင် မဆိုးသလို အဆိုတော်ဖက်မှာလည်း ပါရမီပါပုံ ရပါတယ်။ လေးဖြူရဲ့ ဘယ်ဆီကို မင်းရောက်နေမလဲ... သီချင်းသံကလည်း ပျံ့လွင့်လို့... နားထောင်ရင်း ကိုယ့်ဘာသာ တောင် ခွဲစိတ်ခန်းရောက်နေတာ မေ့သွားသလိုလို...။ နောက်တော့ ကျမ သဘောကျတဲ့ အရင်က ဇာတ်လမ်းလေး...( ဘယ်သူဆိုတာမှန်း ရောနေပြီ)... အဲဒီ သီချင်းမှာ ဆရာကြီးရဲ့ နားထဲ ဘယ်လိုကြားတယ် မသိ... “ ဟဲ့ ကုလားမရဲ့... ဘာလဲ အရင်က လမ်းကလေး ဆိုတာ....” တဲ့... အားလုံးက ၀ိုင်းရီကြပါလေရော... ကျမလည်း ရယ်ချင်စိတ်ကို မနည်းအောင့်အည်းရတာပေါ့... ဘယ်နှယ့်.. ပါးစပ်ကို ဆွဲဖြဲပြီး အခွဲစိတ်ခံရင်း အချုပ်ခံနေရတာ.. မတော် မညီမညာ ရွဲ့သွားရင် ဒုက္ခ..နော်.. :P
သူတို့လည်း အလုပ်လုပ်ရင်း စကားတွေ ပြောရင်း .. တခါတခါလည်း ဆရာကြီးက သူ့လက်ထောက်ကို ငေါက်ရင်း... စိတ်မရှည်စွာနဲ့ ကိုယ်တိုင် ၀င်လုပ်နေဟန်တူတဲ့ ဆရာကြီးကိုလည်း သူ့တပည့်က ဆရာကြီး လက်ထိမယ် လက်ထိမယ်လို့ သတိပေးရင်း... တခါတခါလည်း သူတို့ အလုပ်လုပ်ရင်း နှာခေါင်းပေါက်ကို လက်နဲ့ မတော်တဆ ဖိထားမိလို့ အသက်ရှူရကြပ်ခဲ့တဲ့ အခါလည်းရှိရဲ့။ နောက်တစ်ခါ လေးဖြူသီချင်းတစ်ပုဒ်အရောက်မှာ တစ်ယောက်က အန်တီချယ်ရီ သိပ်ကြိုက်တဲ့ သီချင်းလို့ ညွှန်းပါတယ်... နံမယ်ကျော် ဒေါ်ချယ်ရီ ဖြစ်မယ် ထင်ပါတယ်...။ ဆရာကြီးကလည်း စိတ်ဝင်စားဟန်နဲ့ ဘယ်နေရာကို နင့် အန်တီချယ်ရီက ကြိုက်တာလဲ လို့ မေးတော့...ကောင်မလေးက ဟိုနေရာလေးတဲ့...ဘယ်အရာကို ဆုပ်ကိုင်ထားရမလဲ... ဆိုတဲ့ နေရာ အန်တီချယ်ရီ သိပ်ကြိုက်တယ်လို့ ပြောတယ်လဲ ဆိုရော.. အားလုံးလည်း ပွဲကျသွားရပြန်ပါတယ်...
နောက် ဆရာကြီးရဲ့ လက်ထောက်ကလည်း သူသိလာတဲ့ သတင်းတစ်ခု ဝေမျှပြန်ပါတယ်... ဆို က ရေး တီး ပြိုင်ပွဲတွေမှာ စတီရီယို သီချင်းတွေ ပါဝင်ခွင့်ပြုတယ် ဆိုတာပါ... ဇော်ဝင်းထွဋ်၊ အယ်လ်ဆိုင်းဇီ၊ ဆုန်သင်းပါရ် အပါအ၀င် အခြားသော အဆိုတော်များရဲ့နိုင်ငံတော် အကျိုးပြုသီချင်းတွေပေါ့... မဟာ တို့၊ စည်းလုံးခြင်းအတွက်.. တို့ ဘာညာပေါ့လေ..။ လူငယ်တွေပါ ပါလာအောင် စည်းရုံးနေတယ်ထင်တယ်လို့ မှတ်ချက်ချသူက ချ၊ သူတို့ဘက်မှ ဘယ်သူ့မှ မရှိပါဘူးလို့ ခါးသီးစွာ ဆိုတဲ့သူက ဆိုပေါ့... ကျမကတော့ ဤသို့ ကြားလိုက်ရပါသည်ပေါ့...။
နောက် ဆရာကြီးရဲ့ လက်ထောက်ကလည်း သူသိလာတဲ့ သတင်းတစ်ခု ဝေမျှပြန်ပါတယ်... ဆို က ရေး တီး ပြိုင်ပွဲတွေမှာ စတီရီယို သီချင်းတွေ ပါဝင်ခွင့်ပြုတယ် ဆိုတာပါ... ဇော်ဝင်းထွဋ်၊ အယ်လ်ဆိုင်းဇီ၊ ဆုန်သင်းပါရ် အပါအ၀င် အခြားသော အဆိုတော်များရဲ့နိုင်ငံတော် အကျိုးပြုသီချင်းတွေပေါ့... မဟာ တို့၊ စည်းလုံးခြင်းအတွက်.. တို့ ဘာညာပေါ့လေ..။ လူငယ်တွေပါ ပါလာအောင် စည်းရုံးနေတယ်ထင်တယ်လို့ မှတ်ချက်ချသူက ချ၊ သူတို့ဘက်မှ ဘယ်သူ့မှ မရှိပါဘူးလို့ ခါးသီးစွာ ဆိုတဲ့သူက ဆိုပေါ့... ကျမကတော့ ဤသို့ ကြားလိုက်ရပါသည်ပေါ့...။
နောက်ဆုံးမတော့ ခွဲစိတ်မှုအသေးလေး လက်စသတ်ပြီးစီးသွားခဲ့ပါတယ်... ကျမလည်း ပြီးပြီဆိုတော့ ဆံပင်ညှပ်ဆိုင်က ထ သလို ထ မလို့ လုပ်တော့ အတင်းလှဲနေခိုင်းပြီး Wheel Chair နဲ့ တွန်းခေါ်ပါတယ်..။ ကိုယ်လမ်းလျှောက်နေနိုင်ရက်နဲ့ အဲဒီ Wheel Chairနဲ့ သွားရတာ ကျမအတွက် တော်တော်လေး ကသိကအောင့် နိုင်တဲ့ ကိစ္စပါ။ လမ်းလျှောက်သွားလိုက်ပါမယ် ဆိုလည်း မရဘူး.. အဲဒါနဲ့ပဲ တွန်းခေါ်ပို့ပေးပါတယ်... အင်း.. ဒါကလည်း သူတို့ ထုံးစံထင်ပါရဲ့လေ..။ အရင် ခွဲစိတ်ခန်းမ၀င်ခင် နေရာကိုပဲ ခဏပို့ပြီး ထွက်လို့ ရတော့ လာခေါ်ပါတယ်..ခွဲခန်းဝင် အင်္ကျီကို ပြန်လဲပြီး အပြင်ထွက်ခဲ့ပါတယ်..။ အပြင်ဘက်မှာ စာအုပ်ဖတ်ရင်း စောင့်နေတဲ့ အမျိုးသားကို လှမ်းခေါ်... ဆေးရုံစရိတ်တွေ ရှင်းဖို့ Cashier ကောင်တာကို သွား...ပြီး.. ဆေးရုံကနေ ပြန်လာခဲ့တာပါပဲ.. အရင်ကလို premier ကော်ဖီ booth မှာ ကော်ဖီပူပူလေးတော့ မသောက်ခဲ့ရတော့ဘူးပေါ့လေ..။
တွေးမိနေတာကတော့...
ကိုယ့်အရင်းနှီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ကိုယ့ို ဒုက္ခပြန်ပေးတတ်တယ်ဆိုတာရယ်...
ကိုယ့်အသွေးအသားပေမယ့် အန္တရာယ်ဖြစ်လာရင် စွန့်ပစ်ရမှာပဲ ဆိုတာရယ်...
နောက် ထုံဆေးနဲ့ နာကျင်ကိုခံမှုတွေကို ဖုံးကွယ်ထားလို့ ရသလို... အချစ်ဆိုတဲ့ ထုံဆေးနဲ့လည်း ဘ၀မှာ ကြုံတွေ့ ရင်ဆိုင်လာရတဲ့ အခက်အခဲ ကြမ်းတမ်းမှုတွေကို မနာမကျင် ကျော်ဖြတ်ရင်ဆိုင်ဖို့ အားတွေ ရှိနေတာလားလို့ပါ... ဟဲဟဲ
တွေးမိနေတာကတော့...
ကိုယ့်အရင်းနှီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ကိုယ့ို ဒုက္ခပြန်ပေးတတ်တယ်ဆိုတာရယ်...
ကိုယ့်အသွေးအသားပေမယ့် အန္တရာယ်ဖြစ်လာရင် စွန့်ပစ်ရမှာပဲ ဆိုတာရယ်...
နောက် ထုံဆေးနဲ့ နာကျင်ကိုခံမှုတွေကို ဖုံးကွယ်ထားလို့ ရသလို... အချစ်ဆိုတဲ့ ထုံဆေးနဲ့လည်း ဘ၀မှာ ကြုံတွေ့ ရင်ဆိုင်လာရတဲ့ အခက်အခဲ ကြမ်းတမ်းမှုတွေကို မနာမကျင် ကျော်ဖြတ်ရင်ဆိုင်ဖို့ အားတွေ ရှိနေတာလားလို့ပါ... ဟဲဟဲ
Comments
အခုသက်သာသွားပီပေါ့..။
နောက်ဆုံး အဆုံးသတ်ဖတ်ပီး ပြဲုးသွားတယ်
ထုံဆေးပို့စ်လား ...=)
မသီတာရေ မသိဂီ င်္ကတော့ ထုံဆေးတဲ့..
ဟိုးအပင်မြင့်မှာမချိတ်ထားပဲ နှလုံးသားထဲထိ ထိုးသွင်းပစ်လိုက်တာ ... :P
>>> ကိုတောင်ငူရောပဲ..ကျေးဇူးပါ..
>>> သူငယ်ချင်းရေ.. အတူတူပဲမို့ ခံစားလို့ ရတယ်ဟုတ်..ဟဲဟဲ
>>> မနော်ရေ.. သီတာ့လို အရပ်မရှည်တော့ ချိတ်ဆွဲဖို့ရန် အပင်မြင့်ကို မမှီဘူးလေ..အဟဲ..
>>> ကေရေ.. အဲလိုပါပဲ.. ဘလော့ဂ်ရေးကောင်းအောင် ထုံဆေးပေးထားရပါတယ်..:P
ဟုတ်တယ်နော် ကိုယ်ကသာခွဲရမှာ ကြောက်နေတာ သုတို့ကတော့ အတင်းတောင် ချနေလိုက်သေး တစ်ခါတစ်လေ..ရယ်လို့မောလို့ စကားတပြောပြောနဲ့ ကိုယ်က အောက်မှာ မျက်ဖြူလန်နေပြီ..မြင်နေရတာလေ..
အစ်မ အနာမြန်မြန်ကျက်ပါစေ..
ဟဲဟဲ ကလည်းပါလိုက်သေးတယ်နော်.. ။ :)