Skip to main content

တရားဓမ္မ မှတ်သားစရာ တချို့။

ဒီနေ့ တော်သလင်း  လကွယ်နေ့အတွက် တရားဓမ္မလက်ဆောင်အဖြစ်  ဒေါက်တာသိန်းလွင် ဘာသာပြန်ဆိုထားတဲ့ (မူရင်း Buddhism in a Nutshell by NARADA MAHA THERA) ဗုဒ္ဓ ဓမ္မ အနှစ်ပြ  စာအုပ်မှ တချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါရစေ။  အခုတလော အီးမေးလ်တွေကနေ လက်ခံရရှိတဲ့ ဘာသာရေးဆိုင်ရာ စာတွေနဲ့ ပတ်သက်ပြီး တွေးတောဆင်ခြင်မိတာလေးတွေလည်း ရှိလာပါတယ်။ ကိုယ်တိုင်က ကိုယ်ခံအားမကောင်းခဲ့ရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဟုတ်နိုးနိုး ဖြစ်မိနေခဲ့ရင် အယူတိမ်းမိသွားမှာစိုးတာလည်း ပါပါတယ်။ သေချာတာကတော့ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖြတ်လမ်းနဲ့တော့ မရောက်နိုင်ဘူး ဆိုတာပါပဲ..။ 

@@@@@@@@@@@

  • ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မများသည် စာအုပ်များတွင်သာ သိမ်းဆည်းထားဖို့ မဟုတ်သကဲ့သို့ပင် သမိုင်းရှုထောင့်၊ စာပေရှုထောင့် သက်သက်မှ လေ့လာဖို့လည်း မဟုတ်ပါ။ ဗုဒ္ဓဟောသော တရားဓမ္မများမှာ လေ့လာမှတ်ယူပြီး နေ့စဉ်နေ့တိုင်း လုပ်ကိုင်မှုတွင် ကျင့်ကြံအားထုတ်ဖို့ ဖြစ်ပါသည်။ နေ့စဉ်လုပ်ငန်းများတွင် ကျင့်ကြံအားထုတ်မှု မရှိလျှင် အမှန်တရားကို ရနိုင်၊ ခံစားနိုင်မည် မဟုတ်ပါ။

  • ဗုဒ္ဓလမ်းစဉ်တွင် ဗုဒ္ဓဓမ္မ၌ သက်ဝင်ယုံကြည်သူများထံမှ မျက်စိမှိတ် ယုံကြည်မှုမျိုးကို တောင်းဆိုခြင်းမရှိပါ။  မျက်စိမှိတ်ယုံကြည်မှုအစား ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်သတိဖြင့် အပြည့်အ၀ လက်ခံယုံကြည်စိတ်ချမှုကို အလေးအနက် တန်ဖိုးထားပါသည်။

  • ဗုဒ္ဓလမ်းစဉ်အရ ဦးစွာလုပ်ရမည့်အချက်မှာ ကျိုးကြောင်းဆင်ခြင်ခြင်း၊ သို့မဟုတ် ကျိုးကြောင်းညီညွတ်စွာ နားလည်အောင် ကြိုးစားဖို့ပင်ဖြစ်သည်။ ပါဠိလိုအားဖြင့် သမ္မာဒိဌိ ဟူသော မှန်ကန်သော အယူရှိဖို့အတွက် ကျိုးကြောင်းဆက်စပ်စွာ စဉ်းစားဆင်ခြင်တတ်ဖို့ လိုပါသည်။

အမှန်တရားကို ရှာသူများအား ဗုဒ္ဓက အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည်။
  • သူတပါးထံမှ တဆင့် ကြားဖြင့် မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • ရှေးအဆက်ဆက် ဆောင်လာခဲ့သော အစဉ်အလာဖြစ်၍လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • ကောလာဟလ ကြားရသည်များကို ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ဤသို့ ဖြစ်ရသတတ်ဟူ၍ မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • ကျမ်းဂန်လာစကားဟု  ဆိုရုံမျှနှင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • မိမိဉာဏ်အမြင်ဖြင့် သုံးသပ်ရုံမျှဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • ကြံဆယူခြင်းဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • သင်၏ ကြိုတင်ယူဆချက်နှင့် ကိုက်ညီနေသဖြင့်လည်း  မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • လက်ခံနိုင်စရာ ဖြစ်သည်ဟု ထင်ရရုံဖြင့်လည်း မှန်ပြီဟု အတည်မယူကြကုန်လင့်။
  • ပြောဆိုသူသည် လေးစားလောက်သော ပုဂ္ဂိုလ်ဖြစ်ရုံမျှဖြင့်လည်း သူ့ပြောစကားသည် မှန်ပြီဟု အတည်မယူကြကုန်လင့်။




ကိုယ်တိုင်သိအောင် လုပ်ပါ။

ကိုယ်တိုင်သိအောင် ကြိုးစားရှာဖွေရာမှ ဤအမှုကိစ္စသည်  မြင့်မြတ်ကောင်းမွန်သော ကုသိုလ်အမှုကိစ္စ ဖြစ်သည်။ အပြစ်မရှိသော ကိစ္စဖြစ်သည်။ ပညာရှိတို့ ချီးကျူးသော ကိစ္စဖြစ်သည်။ ထိုအမှုကိစ္စများကို တကယ်လက်တွေ့ အားဖြင့် ဆောင်ရွက်သည့်အခါတွင်လည်း  ချမ်းသာမှုကို ဖြစ်စေလျှင် ထိုအမှုကိစ္စကို ဆောင်ရွက်ပါ။



နောက်ဆက်တွဲပါ...

သူငယ်ချင်း  ကော်မန့်မှာ လာရေးပေးသွားတဲ့ ဒီစာသားလေးကို သဘောကျလွန်းလို့ နောက်ဆက်တွဲအဖြစ် တပေါင်းတည်း တင်လိုက်ပါရစေ..။
Blogger sonata-cantata said...
အကျင့်မပါသော အသိသည် အဖုံးမရှိသော ရေအိုးကဲ့သို့ အမှိုက်သရိုက်များ ၀င်၍ မသန့်မစင် ဖြစ်တတ်သည်ဟူသော ဆရာတော်တပါး၏ အဆိုအမိန့်ကို သတိရမိစေပါတယ်။

Comments

Sonata Cantata said…
အကျင့်မပါသော အသိသည် အဖုံးမရှိသော ရေအိုးကဲ့သို့ အမှိုက်သရိုက်များ ၀င်၍ မသန့်မစင် ဖြစ်တတ်သည်ဟူသော ဆရာတော်တပါး၏ အဆိုအမိန့်ကို သတိရမိစေပါတယ်။
ကျေးဇူးပါ သူငယ်ချင်းရေ။
မမtg ရေ

ကိုယ်တိုင်သိအောင်လုပ်ဖို့ တရားကိုနေ့စဉ်ဘဝမှာလည်း ကိုယ်တိုင်ကျင့်သုံးတတ်ဖို့ အရေးကြီးတယ်ဆိုတာကို မှတ်သားသွားပါတယ်။

မမသီတာရေးသွားတာလည်း မှတ်သားစရာပါ

ခင်မင်စွာဖြင့်
သီဟသစ်

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ