အား... ကျောင်းထဲ ရောက်တော့ လူတွေ စုံနေပါရော့လား....
ညောင်လေးပင်က သူငယ်ချင်းရယ်၊ သူ့ တွဲဖော်တွဲဖက် ပဲခူးသား သူငယ်ချင်းတယောက်ရယ်ကို လှမ်းတွေ့လိုက်တော့ သူတို့ နဘေး ကုပ်ချောင်းချောင်းနဲ့ ဝင်ထိုင်လိုက်တယ်...အင်းလေ... အခု ဘာလုပ်နေတာမှန်း မသိပေမယ့် စ တောင် စ နေပြီပဲ... ဒါကလည်း သူ့ရဲ့ ထုံးစံလိုဖြစ်နေလို့ မထူးဆန်းတော့ပါဘူး....စကားပြောနေတဲ့ ဆရာက ဒီဖက်ကို လှည့်တော့ ဆရာဦးကြည်ဖြစ်သွားတယ်.... ဟာ.... သူ့ကို တည့်တည့်ကြည့်ပြီး
"ညည်း Roll No., ပြော... စာမေးပွဲ ဖြေမှာ မဟုတ်လား" တဲ့။
အမ်... သူလည်း အူကြောင်ကြောင်ဖြစ်ရင်းနဲ့ပဲ...
" ကျောင်းတွေ ဘယ်တုန်းက ပြန်ဖွင့်သွားတာလဲ ဆရာ"
" ဒီလောက် ဟိုးလေးတကျော်ဖြစ်နေတာ ညည်းက မသိဘူးလား" တဲ့။
ဒါနဲ့ မျက်နှာငယ်လေးနဲ့
"ဟုတ်...အဲဒါ သူများတွေ ကျောင်းတက်တာတော့ သိပါတယ်...အဲဒီထဲ ကျမတို့ မပါဘူး ထင်လို့ပါ ဆရာ.."
လို့ လေပြေလေးထိုးရင်း... ငါက ကလေးတွေနဲ့ အတူတူ တက်ရမှာလားဆိုတာကြီးက စိတ်ထဲရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ခုချက်ချင်းစာမေးပွဲဖြေရမယ်ဆိုတာကို မသိပေမယ့် ရောက်လာတာ တော်သေးတယ်လို့ စိတ်ထဲ ပေါ့ပါးသွား။ ကဲ...ကြည့်...စာတွေ မပြောနဲ့ ကိုယ့် Roll No. တောင် မေ့နေပြီး ဘာမှ မသိပဲနဲ့ စာမေးပွဲလာဖြေတာကို အေးဆေးပဲ။ ကိုယ့် ခုံနံပါတ်မသိပေမယ့် သူငယ်ချင်း အောင်လွင်နဲ့တော့ နီးတာကိုတော့ မှတ်မိနေသလိုပဲ... ဆက်တိုက်လားတောင် မသိဘူး...သူ့ကို လှမ်းမေးလိုက်တော့ ငါလည်း မသိတော့ဘူးတဲ့.... တိုးတိုးတိတ်တိတ် ကြိတ်ဖြေတယ်.... သိတဲ့ မိန်းကလေး သူငယ်ချင်းတွေများ ဘယ်သူတွေများ ပါဦးမလဲလို့ မျက်စေ့ဝေ့၀ဲ ရှာကြည့်ပြန်တော့ ဘာဖြစ်လို့များ မိန်းကလေးတွေ တယောက်မှ မတွေ့ရတာပါလိမ့်....
စိတ်အိုက်အိုက်နဲ့ စာမေးပွဲဖြေဆိုတော့လည်း ဖြေလိုက်ရုံပေါ့....ဖြေစရာဘာပါပါလိမ့်လို့ ကြည့်လိုက်တော့ သားငယ်ရဲ့ ခဲဘောပင်တချောင်းပဲ ပါလာတာပဲတွေ့တယ်....စိတ်ထဲမှာတော့ စာမေးပွဲမီတာ ကံကောင်းတာပဲလို့ တွေးရင်း တခြားသူငယ်ချင်းတွေဆီကို ဖုန်းဆက်ဖို့ သတိရသွားပြန်တယ်။ ဒီကောင်တွေ မသိတာထက် စာရင် နောက်ကျရောက်လာတာက တော်သေးရဲ့ ဆိုပြီး ဖုန်းခေါ်တော့ တချိန်လုံး call failed ဖြစ်နေပါရော .... message ပို့ဖို့တော့ မစဉ်းစားတော့ဘူး....အချိန်မီမရောက်တတ်တဲ့ မက်ဆေ့ချ် ကို သိပ်ယုံလို့ မဖြစ်ဘူး။
အဲဒါနဲ့ ဇွဲကောင်းကောင်းနဲ့ ခေါ်လိုက်တာ နောက်ဆုံးတော့ ဘိတ်သူ သူငယ်ချင်းဆီ calling ဆိုပြီး ဝင်သွားပါလေရော.... ထုံးစံအတိုင်း သူ့သူငယ်ချင်း ပီသတဲ့ သူကလဲ သူ့လိုပဲ ဖုန်းတခြား လူတခြား ဖြစ်နေပုံပါပဲ...မကိုင်ပြန်ဘူး...သူလည်း စိတ်ရှည်ရှည်နဲ့ပဲ ဆက်တိုက် ခေါ်လိုက်တာ... သုံးကြိမ်မြောက်မှာ ဖုန်းလာကိုင်ပါတယ်။ " ဟဲလို " ဆိုတဲ့ ဘိတ်သံဝဲ၀ဲအကြားမှာ သူလည်း အားရဝမ်းသာနဲ့ စကားပြောဖို့ ပါးစပ်အပြင်.....
ဒေါင် ဒေါင် ဒေါင် ဒေါင်......
ဟာ.... ခေါင်းလောင်းထိုးသံကြားပြီ...စာမေးပွဲခန်းထဲ ဝင်ရတော့မှာပဲ... အမ်...မဟုတ်သေးပါဘူး။ ဒါ တုံးခေါက်သံ.... သူ့စိတ်က ဝေေ၀ဝါးဝါး ဖြစ်နေတုန်း ဖုန်းနဲ့ ပေးထားတဲ့ alarm မြည်သံ ထပ်ကြား ရပြန်ပါတယ်။ ခေါင်းအုံးနားက ဖုန်းကို အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်ကြည့်လိုက်တော့ သုံးနာရီခွဲ.....။ ရိပ်သာမှာ နံနက် ထဖို့ တုံးခေါက်တာကို ပြန်အသိဝင်လာတော့.... သူ သက်ပြင်းချ မိလိုက် ပါတော့တယ် ။ တော်ပါသေးရဲ့... အိပ်မက်ကိုး.....သုံးနာရီခွဲသွားပေလို့ပေါ့.. မဟုတ်ရင် မသိတဲ့ စာတွေကို မဖတ်ပဲနဲ့ ဘယ်လို ဖြေရမလဲ ခေါင်းစားရင်း ချွေးပြန်ရမယ့် အချိန်တွေကို မရောက်လိုက်ဘူး။ ဟူးးးးး ... မောလိုက်တာ ... ကျောင်းကထွက်လာတာ အနှစ် နှစ်ဆယ် နီးပါး... စာမေးပွဲတွေ မဖြေဖြစ်တော့တာက ဆယ်နှစ်ကျော် ..... ဒါတောင် စာမေးပွဲ ထမင်းလုံးအိပ်မက်က ခြောက်လှန့်နေဆဲ....။
( ပြန်လည်ဆုံဆည်းရမယ့် ချစ်တဲ့ ကျောင်းတော်ကြီးရယ်...ဆရာ ဆရာမများရယ် ... သူငယ်ချင်း များရယ် ...၃၀.၁၂.၂၀၁၂ မှာ ကျင်းပမယ့် ဆရာပူဇော်ပွဲအတွက် စိတ်ထဲ စွဲရင်း မက်တဲ့ ရိပ်သာဝင်နေရင်းနဲ့ မက်တဲ့ အိပ်မက် :))
Comments
း)
တီတင့်ရိပ်သာဝင်တုန်းက ဆရာတော်ရဲ့ တရားစစ်မှာကို စွဲပြီး အိပ်မက်ထဲမှာစာတွေဖြေဘူးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်