Skip to main content

Posts

(တင်တင့် ၏ ပြဇာတ်) ဒီမိုကရေစီ

၁၉၃၅ ခုနှစ်၊ ဇန်န၀ါရီလ ကြီးပွားရေးမဂ္ဂဇင်းမှာ  “တင်တင့် ” ကလောင်အမည်နဲ့ ရေးသားခဲ့တဲ့ သိပ္ပံမောင်ဝရဲ့  ပြဇာတ်တပုဒ်ပါ။  အဲဒီခေတ်ရဲ့ အခြေအနေကို သိမြင်ခွင့်ရစေနိုင်တာအပြင်  လက်ရှိ  အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း သဘောကျစရာပဲဖြစ်နေလို့  ကျမရဲ့ မှတ်စုစာအုပ်လေးထဲမှာ ထည့်သွင်းဖော်ပြပါရစေ...။   ဒီမိုကရေစီ အခန်း ၁ (  နုံချာသော အိမ်ကလေး တအိမ်တွင် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ  ဆေးပြင်းလိပ် တလိပ်ကို ဖွာလျက်နေသော သူမှာ အသက်လေးဆယ်ခန့်  ရှိလေသည်။ အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် တစ်ခုခုကို စဉ်းစားနေစေ။ အချိန်ကား ညနေ ၅ နာရီခန့်၊ အခြား အသက်လေးဆယ်ခန့်ရှိ လူ ခပ်နုံနုံ တစ်ယောက် ၀င်လာစေ။  ) ဦးဘိုးမောင် ။   ။ အောင်မယ် တယ်စဉ်းစားချက် ကောင်းပါကလား၊ ဘာများ  စဉ်းစားနေသလဲဗျာ ကိုသာအောင်။ ဦးသာအောင် ။   ။ သြော် ကိုဘိုးမောင်လား၊ ၀င်ပါ ၀င်ပါ၊  လာဗျာ ၊ ဒီနားမှာ  ထိုင်ပါ၊   (  အနားရှိ ကုလားထိုင်  အလွတ်တစ်ခုကို  ထိုးပေးစေ၊) မောင် ။    ။  အင်း.. ဘာများ စဉ်းစားခန်း ထုတ်နေသလဲ၊ ထမင်းစားပြီြး...

နိုဝင်ဘာ-၇-ရက်။

ဒီနေ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မန္တလေးအက်ဖ်အမ် နားထောင်နေရင်း သတင်းမှာ ကြားလိုက်ရပါတယ်။ နိုဝင်ဘာလ ၇-ရက်နေ့၊ တနင်္ဂနွေနေ့..တဲ့။ အဲ..၂၀၁၀ ထဲမှာပေါ့။ သူများတွေတော့ မသိပါဘူး...။ ကျမကတော့ နိုင်ငံရေးဆိုတာနဲ့တော်တော်ဝေးပါတယ်။ ဘယ်အချိန် မီးလာမလဲ၊ ဘယ်အချိန် ရေတင်ရင် ကောင်းမလဲ၊ ကိုယ့်အရေးနဲ့ ကိုယ် လုံးလည်ချာရင်း တိုင်းပြည်မှာ ဘာတွေဖြစ်လို့ ဖြစ်နေတယ်ဆိုတာကို စိတ်မဝင်စားဖြစ်ပါဘူး။ အဲ... ကြိုးတန်းလျှောက်နေတဲ့ ခရုငယ်လို ပြုတ်ကျလိုက် ပြန်လျှောက်လိုက်နဲ့ သွားနေတဲ့ အင်တာနက်ကွန်နက်ရှင်ကို စိတ်ရှည်လက်ရှည် ရံဖန်ရံခါ သုံးမိနေလို့သာ...ကြားလိုက်ရတယ် ဆိုရုံလောက်ပါပဲ...။ သေသေချာချာတော့ လာမရှင်းပြပါနဲ့လေ... ဖြစ်စေချင်တာကတော့ ကျမတို့ တိုင်းပြည်လေး အေးချမ်းသာယာဖို့နဲ့ လူတွေဒီထက် ပိုပြီး ပင်ပန်းဆင်းရဲခြင်းတွေကနေ နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရာရစေချင်တာပါပဲ။ လူဆိုတာ ခက်သားကလားနော်... တခုခုဆို အတိတ်ကိုပဲ ပြန်သတိရတတ်ကြတာလေ... အခုလည်းကြည့်.... ပါတီတွေ အသံကြားတော့ ဘာမှမဖြစ်သလိုနဲ့ ...ဟော.. ရွေးကောက်ပွဲလည်း ဆိုရော.... တကယ်ပါ။ တသက်မှာ တခါပဲ မဲပေးဖူးခဲ့တာကိုး။ အဲဒီတခါကလည်း တကယ့်ကို မှတ်မှတ်ရရ နဲ့ မျှော်လင့်ချက်တွေ မျာ...

အသွင်တူ၏၊ မတူ၏ (Tag)

(သူငယ်ချင်း သက်ဝေက ချစ်လို့ တက်ဂ်တဲ့ ပို့စ်ကို ချစ်သောအားဖြင့် ရေးပါသည်။ အမှတ်တရ တက်ဂ်လို့ ကျေးဇူးပါ..သူငယ်ချင်းရေ.) အသွင်တူ၏ မတူ၏ တဲ့။ အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့ စကားကို နားလည်တာကတော့ လိုက်ဘက်ညီတဲ့ အိမ်ထောင်ဘက်တွေကို ပြောချင်တယ်လို့ ထင်တာပါပဲ။ ဆိုပါတော့....တယောက်က ဂီတာတီးရင် တယောက်က သီချင်းဆို...(ချိုသင်းတို့လို)၊ တယောက်က ဘလော့ဂ်ရေးရင် နောက်တယောက်က အားလည်းပေး ၊ ကိုယ်တိုင်လည်းရေး...( ဒါက ကိုဧရာ+မသီတာ စုံတွဲ)၊ နောက် အစ်မမေငြိမ်းတို့လို တယောက်က စားပင် ပန်းပင်တွေစိုက်.. တယောက်က အဲဒါတွေနဲ့ ပန်းအိုးထိုးအလှဆင်.... အဲ... သူငယ်ချင်း သက်ဝေကရော... တယောက်က အနုပညာစွမ်းအားအပြည့်နဲ့ ဖန်တီးလက်စွမ်းပြတဲ့ အခါ တယောက်က မော်ဒယ်လုပ်ပေး..... (ဒါက သက်ဝေပို့စ်ထဲမှာ မပါဘူး..)နောက်ပြီး နံပါတ်နဲ့ ဂဏန်းတွေကို မမှတ်မိတတ်တဲ့ သူနဲ့ နောက်တယောက်က အကုန်လုံးမှတ်မိနေတတ်တဲ့ မခင်မင်းဇော်တို့ စုံတွဲ... ကဲ..ဘယ်လောက်တောင် လိုက်ဖက်ညီတဲ့ စုံတွဲတွေပါလိမ့်နော်....။ နေဦး.... သူများရေးထားတဲ့ ပို့စ်တွေ ဖတ်ပြီး အားကျနေရုံနဲ့ မပြီးသေးဘူးလေ..ကိုယ်ပေါင် ကိုယ်လှန်ထောင်း.. အဲ.. ကိုယ့်အကြောင်း ကိုယ်ရေးရမှာတဲ့...။ စပြောရရင်တော့ ချစ်သူသာဖြစ...

ခေတ်စမ်းနှင်းဆီတပွင့်၏ ဘဝနှင့် စာပေ (ရေးသူ - မင်းဟန်)

မဇ္ဈိမ စာမျက်နှာကနေ ဖိုးဖိုး ၁၁၁ နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါးလေးကို တွေ့လို့ ကျမ မှတ်စုစာအုပ်လေးထဲမှာ စုစည်းရင်း အမှတ်တရအဖြစ် ပြန်တင်ထားလိုက်တာပါ...။ မူရင်းက http://mizzimaburmese.com/edop/songpa/5608-2010-06-29-08-44-20.html.. ခေတ်စမ်းနှင်းဆီတပွင့်၏ ဘဝနှင့် စာပေ မင်းဟန် | အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၈ မိနစ် (ဆရာသိပ္ပံမောင်ဝ၏ ၁၁၁ နှစ်ပြည့် အထိမ်းအမှတ်) “မြန်မာစာပေတိုးတက်ရေးသည်၊ ကျွနု်ပ်တို့၏ တာဝန်ဖြစ်သည်၊ ကျွနု်ပ်တို့ ပြုမှ နုမည့် မြန်မာစာ ဖြစ်သည်။ ကြိုးစားကြပါစို့” သိပ္ပံမောင်ဝ ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။ (၁) ဆရာသိပ္ပံမောင်ဝ (ဦးစိန်တင်) သည် ၁၈၉၉ ခုနှစ်၊ ဇွန်လတွင် မွေးဖွားခဲ့ပြီး၊ ၁၉၄၂ ခုနှစ် ဇွန်လတွင်ပင် ကွယ်လွန်ခဲ့၏။ ယနေ့ဆိုလျှင် ဆရာသိပ္ပံမောင်ဝ၏ သက်တမ်းသည် နှစ်ပေါင်း ၁၁၁ နှစ်ရှိလေပြီ။ ဆရာသိပ္ပံမောင်ဝ ရှင်သန်ဖြတ်သန်းခဲ့ရသည့် ခေတ်သမိုင်းက၊ ကိုလိုနီခေတ်ဦးကာလဟု ဆိုရမည်။ ဆရာမွေးဖွားကြီးပြင်းခဲ့ရသည့် အောက်မြန်မာပြည် အရပ်ဒေသသည် သီပေါဘုရင် နန်းမကျမီကတည်းက ဗြိတိသျှကိုလိုနီတို့၏ လက်အောက်တွင် ကျရောက်၍နေခဲ့ပြီ။ ဤအတွက် ဆရာသည် ကျွန်ဘဝတွင် မွေးဖွား၍ ကိုလိုနီခေတ်ကြီးအတွင်း ကြ...

သူတို့စကားနဲ့ သူတို့ အကြောင်း....

ဒီက ယူထားတာပါ။ ဒီက ယူထားတာပါ။ လူတယောက်နဲ့ တယောက် အကျင့်စရိုက်ချင်း မတူနိုင်တာကို ကျမ ကိုယ့်ကလေးတွေကို ပြန်ကြည့်ရင်း ပိုနားလည်လာမိပါတယ်။  ဒီမိဘကပဲ မွေးပြီး ဒီအသိုက်အမြုံလေးထဲမှာပဲ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေပေမယ့် တယောက်နဲ့ တယောက် အမူအကျင့်က တော်တော်မတူကြတာပါ။ သားကြီးက တခုခုလိုချင်လို့ ပူဆာရင် ဘယ်လောက်အရေးပါကြောင်း သိုင်းဝိုင်းပြီး ပြောချင်ပြောမယ်.. ဒါမှမဟုတ်.. သူလိုချင်တာကိုပဲ ထပ်ခါထပ်ခါ နားညည်းလောက်အောင် ဘာကိုမှ ဂရုမစိုက်ပဲ တအီအီ  ပြောနေတတ်ပေမယ့် သမီးငယ်ကတော့ လူကို ကြည့်ပြီး သူ့ရဲ့ ဗျူဟာကို ပြောင်းတတ်သူ။  သူ့ကို လက်ချာတွေပေးတတ်တဲ့ အမေ့ကိုဆို မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီးမှ အပူအအေးခ ျက်ချင်း ပြောင်းလဲတတ်သလို အဖေ့ကိုကျပြန်တော့ မရမချင်း အနားကပ်ကာ ပူဆာနေတတ်ပြန်ရော။ အဲ...အလတ်ဖြစ်သူ သားငယ်ကျတော့ သိပ်မပြော၊ သူလိုချင်တာ မရရင် မျက်ရည်တွေဝဲ.. အသံမထွက်ပဲ တိတ်တိတ်လေးကြေကွဲကာ ဆန္ဒပြရင်း မိဘတွေ စိတ်မကောင်းဖြစ်ပြီး ဝယ်ပေးဖြစ်အောင် ပူဆာတတ်တာ....။  ညနေကလည်း ကားပေါ်မှာ မောင်နှမ သုံးယောက် စကားပြောတာနားထောင်ရင်း ရယ်ရပြန်ပါသေးတယ်။ သမီးက သူ့အကိုငယ် ကျက်နေတဲ့ အလီတွေကို လိုက်ကျက်ရင်း အ...

ပြည်ပထွက်ခွာခွင့် လက်မှတ်ကို အကြောင်းပြု၍....

ျမြန်မာပြည်ကို ပြည်ပကနေ ခဏအလည်ပြန်လာကြတဲ့ သူတွေ  အပြန်ခရီးမှာ စိတ်အနှောင့်အယှက်ကင်းကင်း ပြန်နိုင်အောင် ဝေမျှချင်တာလေး တခုပါ။ အရင်ကတော့ D Form ကို ပြည်တွင်းကနေ  ရက်သုံးဆယ်ကျော်မှ ပြန်ထွက်ဖြစ်တဲ့ သူတွေသာ လုပ်စရာလိုတယ်လို့ သိထားပါတယ်။ ဒါပေမယ့် တချိန်လုံး ပြောင်းနေတဲ့ စည်းမျဉ်းဥပဒေက တသမတ်တည်း ရှိလား မရှိလား မသေချာလို့ မြန်မာပြည် အပြန်ခရီးမှာ စိတ်ချ လက်ချ သွားချင်ရင် D-Form လေးတော့ ဆောင်သွားစေချင်ပါတယ်။  D Form တင် မကပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြည့်စုံအောင် လုပ်ထားသင့်ပါတယ်။  မြန်မာပြည် Online Departure Form နဲ့ ပတ်သက်တဲ့ တရားဝင် စာမျက်နှာကို ဒီမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ အခုလက်ရှိအထိတော့ Leave၊ Log၊ Dependent၊ business၊ နဲ့ ပြန်လာတဲ့ သူတွေထဲက ရက်သုံးဆယ်အတွင်း ပြန်ထွက်ခွာခဲ့ရင် D Form လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ရတယ် လို့ အဲဒီ စာမျက်နှာက ဆိုထားပါတယ်။  ဒါပေမယ့် ဒီမနက်မှာ ရက်သုံးဆယ်မကျော်လို့ ထုံးစံအတိုင်းထင်ပြီး D Form လုပ်မလာခဲ့မိလို့ လေဆိပ်က မြန်မာ အင်မီဂရေးရှင်းမှာ အကူအညီမဲ့၊ ကြီးငယ်မရွေး အဟောက်သဟဲခံ စိတ်ညစ်ခံခဲ့ရပြီး လေယာဉ်တက်ခါနီး အချိန်လောက်...