Skip to main content

Posts

Showing posts from January, 2008

If I Had my Child To Raise Over Again

(one the most classic motivational poems) IF I had my child to raise all over again, I'd build self-esteem first, and the house later. I'd finger paint more, and point the finger less. I would do less correcting and more connecting. I'd take my eyes off my watch, and watch with my eyes. I would care to know less and know to care more. I'd take more hikes and fly more kites. I'd stop playing serious, and seriously play. I
``မတူညီသော အမြင်များ´´ (လူနှစ်ယောက်လား? ဖန်ခွက်တစ်ခွက်လား? လူနှစ်ယောက်နဲ. ဖန်ခွက်တစ်ခွက်လား? ......???) အင်း။ လူတွေက ကိုယ့်အကြောင်းကိုယ် အပြောချင်ဆုံး သတ္တ၀ါတွေတဲ့.. ကျမလည်း အရင်ကတော့ ကိုယ်ကြိုက်တဲ့စာတွေ စုစည်းထားဖို. စိတ်ကူးပြီး ဘလောက်ဂ်လေး တစ်ခု စမ်းလုပ်ကြည့်ရင်းနဲ့ .... အခုတော့ ကိုယ်ပြောချင်တာတွေကို (ဘယ်သူ နားထောင်ထောင်ချင်ချင် ၊ နားမထောင်ချင်ချင်) ရေးချင်တာတွေ ရေးလို.ရနေတဲ့ ကိုယ်ပိုင်စာမျက်နှာလေးတစ်ခု ဖြစ်လာရတယ်။ ကိုယ့်တွေးမိတာ၊ ထင်မြင်ယူဆမိတာလေးတွေ၊ ကိုယ့်ခံစားချက်တွေပေါ့။ ကိုယ့်အတွေးနဲ. ကိုယ်ရေးတာဆိုတော့ ကိုယ်ဘက်ကမှန်မယ်ထင်တာလေးတွေ။ တယောက်နဲ. တယောက် အမြင်ချင်းတော့ ဘယ်တူနိုင်ပါ့မလဲ။ တယောက်ထဲတောင် အခုမှန်တယ်ထင်ထားတာလေး နောက်တော့ မမှန်တော့ပါလား ဆိုပြီး အမြင်တွေ ပြောင်းတတ်ကြသေးတာပဲ။ အရင်ကတော့ အကြောင်းအရာတစ်ခုကို ကြည့်ရင် ကိုယ်မြင်သလို သူများတွေမြင်မယ် လို. ထင်မှတ်နေခဲ့မိတာ။ ပထမဦးဆုံး အကြောင်းအရာတစ်ခုအပေါ် အမြင်မတူတာကို သတိထားမိတာက ကျမတို. အဆောင်မှာ နေတုန်းကပေါ့။ နောက်ဆုံးနှစ်ထင်ပါတယ်။ ကျမတို. ရေချိုးခန်း ရေပုံးထဲက ရေပေါ်မှာ ပုရွက်ဆိတ်တွေ အုံလိုက် ကျင်းလိုက် ပေါလောပေါ်နေတဲ့ အချိန်ကစတာပါ
မြန်မာအမေများနေ. အမှတ်တရအဖြစ်- အမေ့ပြန်စာ မောင်ဘစိန် စတုတ္ထတန်း တက်ရတဲ့နှစ်မှာ ဖခင်ကြီး ကွယ်လွန်ရှာတယ်။ ဒီအခါ မိခင်မုဆိုးမကြီး ဒေါ်စောမြဟာ သားကလေးကို အတော်အားခဲပြီး ကျောင်းထားရတယ်။ သားရဲ. အဖေမရှိတော့တဲ့နောက် လက်ထဲမှာလည်း စုပြီးဆောင်းပြီး ဘာမှ မကျန်ရစ်တာနဲ. ခြစ်ခြစ်ခြုတ်ခြုတ် စားသောက်နေထိုင်ခဲ့တာ အခုဆိုရင် ပိုပြိး ကျပ်တည်းလာတယ်။ ယောကျာ်းရှိစဉ်က အိမ်မှာ ကူဖော်လောင်ဖက်အဖြစ် ခေါ်ထားတဲ့ ရွာက ဆွေနီးမျိုးစပ်တော်တဲ့ ကလေးမလေးကိုလည်း ရွာကို ပြန်လွှတ်လိုက်ရတယ်။ ဒါကလည်း ကလေးမလေးရဲ. မိဘတွေကို တစ်လ ၁၅-ကျပ် မထောက်ပံ့နိုင်တော့လို. ပြန်လွှတ်လိုက်ရတာပဲ။ ဒေါ်စောမြဟာ သားကလေးကို ပညာဆက်လက်သင်နိုင်အောင် ဟိုက ဒီက အမအစ ယူပြီး အိမ်ဆိုင်ကလေားဖွင့်တယ်။ ဒီတော့လည်း သားကိုပါ ခိုင်းနေရပြန်ရော။ မောင်ဘစိန်ဟာလည်း ကျောင်းပြန်လာရင် ရှေးကလို အဖော်အပေါင်းတွေနဲ. ကစားဖို. အချိန်မရတော့ဘူး။ သူဟာ ဆိုင်ကလေးရှေ့မှာ ဈေးထိုင်ရောင်းနေတယ်။ ကူဖော်လောင်ဖက် ကောင်မလေးမရှိတော့လို. ပန်းကန်ဆေးရတယ်၊ တံမြက်စည်းလှည်းရတယ်၊ အိုးတိုက်ရတယ်၊ တခြားတောက်တိုမယ်ရ အိမ်အလုပ်တွေလည်း လုပ်ရတယ်။ ဟိုသွားပါဦး ဒီလာပါဦးနဲ. ခဏခဏ အခိုင်းခံနေရတယ်။ ခုလိုလုပ်ရတာကို မေ
လောကကြီးထဲမှာ ရှိနေတဲ့ မြေခွေးများ၊ ခွေးအ များကို မြင်ယောင်ရင်း တင်ဖြစ်တဲ့ ကဗျာတပုဒ်...... ကျားရဲ.ဝေစု အနီ အဘယ်မျှကို ကောင်းသည်ဆိုဦး ငါမျိုချမယ့် အသားတစ်ဖဲ့သည် ငါနဲ.အတူ မြေအငူ၌ နေသူထံမှ သတ်၍ ရသော အသားပါလား `ငါမစားသင့်´ ထိုအတွေးရင့်ကို မြေခွေးနှင့် ခွေးအ များသည် စဉ်းစားကြမည် မဟုတ်ချေ.....။ (အင်တာနေရှင်နယ် မဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀ရ မှ)

Fullmoon Day of Pyartho! Myanmar Mother's Day!

ီ ဒီနေ. ပြာသိုလပြည့်နေ......။ google search မှာ ရှာကြည့်လိုက်တော့မှ ဒီနေ.ဟာ မြန်မာပြည်က အမေနေ.ဖြစ်နေတာ တွေ.လိုက်ရတော့ စိတ်ဝင်စားတဲ့ အကြောင်းအရာ ပြောင်းသွားရပါတယ်။ ကျမ အမေများနေ. ကို သေသေချာချာ မသိပါဘူး။ ဆရာကြီးဦးသုခ ဦးဆောင်ပြီး အမေ့နေ.ကို သတ်မှတ်ခဲ့တာရယ်.. အဖေနေ.အတွက် မကျေနပ်တာတချို. တွေ.မြင်ခဲ့ဖူးတာ ပြန်အမှတ်ရပါတယ်... ကျမ မေမေ့ကို ချစ်ပေမယ့် ကျမထုံးစံအတိုင်း လက်ပွန်းတတီးမရှိခဲ့ပါဘူး။ ကျမတို. သားအမိဟာ အမျိုးသမီး ၂-ယောက်ထဲ ရှိတဲ့ မိသားစုထဲမှာကို ရင်းရင်းနှီးနှီး မရှိခဲ့ပါဘူး။ တိုးတိုးဖော်မဖြစ်ခဲ့သလို တိုင်ပင်ဖက်လည်း မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတာ ကျမလည်း နားမလည်ဘူး။ မေမေ ကျမကို သားတွေလောက် အရေးမပေးခဲ့တာကို အငုံ.စိတ်ထဲမှာ ရှိနေတာခဲ့ကြောင့်များလား... ဒါမှမဟုတ် မေမေပြောတိုင်း ခေါင်းမညိတ်တတ်ပဲ ကိုယ်မှန်တယ်ထင်တာကို စွတ်ပြောတတ်တဲ့ ကျမကို ပြန်မပြော နားမထောင်လုပ်တတ်တဲ့ သားတွေလောက် စကားနားမထောင်ဘူးလို. မေမေ ယူဆခဲ့ပါသလား ကျမ ဘယ်တုံးကမှ ဖွင့်မမေးခဲ့ပါဘူး။ အခုလည်း ကြည့်ပါဦး။ အမေ့နေ.လို. ကျမသိလိုက်ရတဲ့ အခိုက်မှာ ကျမ အမေ့ကို အမှတ်တရ ဘာပေးရင်ကောင်းမလဲ စဉ်းစားမိပေမယ့် တကယ်တမ်းကျ အဲဒီလို လုပ်ဖို

HAPPY

Happy Birthday GRACE! မေမေတို.ရဲ. သမီးလေး ၁၉-ရက် ဇန္န၀ါရီ- ၂၀၀၈ မှာ လေးနှစ်ပြည့်ပြီပေါ့။ အရွယ်နဲ့မလိုက်အောင် သိတတ်၊ စကားတတ်တဲ့၊ (ဂျီကျတတ်တာကိုတော့ မပြောတော့ဘူးနော့) မေမေတို.ရဲ. ချစ်သမီးလေး အခု မွေးနေ.မှသည် နောင် နှစ်ပေါင်းများစွာတိုင် အသက်ရှင်နေသမျှ ကာလပါတ်လုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ. အဓိပ္ပါယ်ရှိတဲ့ လူ.ဘ၀ရဲ. အနှစ်သာရကို သိမြင်ခံစားနားလည်နိုင်ပါစေ။ တရားထူး တရားမြတ်ကိုလည်း လွယ်လင့်တကူ လျင်မြန်စွာသိမြင်နိုင်ပြီး ကြုံလာသမျှ လောကဓံတရားတွေကိုလည်း ကောင်းဆိုးနှစ်ဖြာ ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ သူဖြစ်ပါစေ။ လူတိုင်းအမှားနဲ. မကင်းတတ်ကြဘူးဆိုပေမယ့် မေမေ့သမီးတယောက်တော့ တသက်လုံးနောင်တ ရစေမယ့် အမှားမျိုးနဲ.တော့ မကြုံစေချင်ဘူးကွယ်..။
ပုစွန်တစ်ကောင်နှင့်ခရီးသွားခြင်း။ အမှတ်သတိနဲ. ဆွမ်းစားဆောင်ပေါ် ကျမတို.ယောဂီများ တက်လာနေကြပါတယ်။ ထုံးစံအတိုင်း လက်အုပ်လေးချီ၊ မျက်လွှာလေးချရင်း ကိုယ့်စားပွဲဆီကို လျှောက်လှမ်း အသွားမှာ..... မျက်စိက အမြင်ဓာတ်နဲ. ပြင်ထားတဲ့ ထမင်းစားပွဲပေါ်က ပုစွန်ထုပ်ဟင်းဆိုတဲ့ အမြင်အာရုံနဲ. သွားတိုက်မိပါတယ်။ တကယ်ဆို မြင်တယ်လို. သိလိုက်ရင် အဲဒီအာရုံလေး ဖြစ်ပြီး ပျက်သွားရမဲ့ကိစ္စ...။ ဒါပေမယ့် မှတ်ဖို. သတိတစ်ချက်လွတ်သွားတော့ `ဟာ. ပုစွန်ဟင်း ပါလား´ ဆိုတဲ့ နှလုံးသွင်းမှုနဲ.အတူ လောဘလေးပါ လိုက်ပါလာပါတော့တယ်။ လူတွေရဲ. စိတ်အတွေးတွေ ဘယ်လောက်တောင်မြန်ဆန်ပြီး ကြောက်ဖို. ကောင်းလိုက်ပါသလဲဆိုတာလေ..။ နောက်တော့ အမှတ်ကလေး ပြန်ကပ်ပြီး ကိုယ့်စားပွဲမှာ ထိုင်။ ဘုရားကန်တော့၊ မေတ္တာပို. ဘုရားစာရွတ်ပြီး နှလုံးသွင်း။ `ဤသည် စားဖွယ် အမယ်မယ်ကို.... ´ကိုရွတ်ဆို။ အားလုံးပြီးတော့ စားဖို. ပြင်ဆင်ရင်း ပုစွန်ဟင်းကို အကြည့် ကရောက်သွားပြန်ပါတယ်။ အင်.....ဘယ်လိုပါလိမ့်.... ဒီစားပွဲဝိုင်းမှာ ဆရာလေး ၅ပါးရှိတာကို ပုစွန်က ၄-ကောင်ပဲပါတယ်။ အကောင်တွေကလည်း တချို.ကသေး၊ တချို.ကြီးနဲ. အကောင်လည်းမညီပါလား။ အတွေးက ရောက်ပြီးတော့ ဆက်သွားပြီ..။ နောက် လွတ်နေတဲ့ စိတ
သာသနာ့အမွေ လက်ဆင့်ကမ်းခြင်း၊ (သို.) အေးငြိမ်းရာသို. တစ်ခါတစ်ခေါက်၊ ၂၀၀၇-ခုနှစ် ဒီဇင်ဘာလ ၂၂-ရက်နေ.မှာ ကျမတို. မိသားစု သာသနာ့အရိပ်မှာ ခေတ္တ၀င်ရောက်နားခိုခဲ့ကြပါတယ်။ အသက် ၁၀-နှစ်ပြည့်သွားပြီ ဖြစ်တဲ့ သားကြီးကို သာ့သနာဘောင် သွတ်သွင်းဖို. ကြံစည်ခဲ့ကြပေမယ့် အထ မမြောက်ခဲ့ကြပါဘူး။ တဖြည်းဖြည်းနဲ. သားငယ်ပါ ၅-နှစ်ပြည့်သွားပြီဖြစ်လို.သူတို. နှစ်ယောက်စလုံးအပြင် ကလေးတွေအဖေကိုပါ ပဉ္ဇင်းတက်စေချင်ပါတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး သမီးလေးပါ မယ်သီလရှင် ၀တ်လို. ရမယ်ဆိုရင် ကျမပါ တခါမှ မဖြစ်ဖူးသေးတဲ့ သာသနာ့နွယ်ဝင် မယ်သီလရှင်အဖြစ် ခံယူဖို.ဆုံးဖြတ်ခဲ့ပါတယ်။ ကျမတို.ရဲ. ထုံးစံအတိုင်း ဖုတ်ပူမီးတိုက် စီစဉ်ခဲ့ရပါတယ်။ တကယ်တမ်း သေချာတာက ၂၀-ရက်နေ. ဆရာတော်ထံ သွားလျှောက်တော့မှ ၂၂-ရက်နေ.လုပ်ဖြစ်မယ်လို. သိသွားရတာပါ။ ၂၁-ရက်နေ.မှာ လိုအပ်တဲ့ ပရိက္ခရာတွေ၊ ပစ္စည်းတွေ ၀ယ်ခြမ်းရပါတယ်။ ဖြစ်ချင်တော့ ကပ်ပြီးစီစဉ်တာဖြစ်နေလို. အလှူအတွက် ဆွမ်းကျွေးရက်က နောက်လ ၈-ရက်နေ.မှ ရပါတယ်။ ကလေးတွေကလည်း ကြာကြာနေချင်မှာ မဟုတ်တဲ့အတွက် ၂၂-ရက်နေ. ၀င်ပြီး ၂၆-ရက်နေ.ထွက်ဖို. စီစဉ်ထားပါတယ်။ ၃-ရက်အပြည့် ၅-ရက် ရသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူထွက်ပြီးတော့မှ