Skip to main content

Posts

Showing posts from February, 2008

BRAIN SCANNER တဲ့။

ဒီနေ. မယ်လိုဒီမောင်ရဲ. ငြိမ်းချမ်းသံစဉ်ကြားမှာ brain scanner လေးတွေ.လို. စမ်းကြည့်လိုက်တာ ကိုယ့်ဘရိန်းလေးကလဲ ချစ်စရာလေးထွက်လာတာနဲ. တင်လိုက်တာပါ။ သဘောကျတာက ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာရဲ. သင်္ကေတလေးတွေကို မြင်လိုက်ရတာကို။ ဟိုဘက်တခြမ်းက မျက်လုံးပြူးပြူးနဲ. ပါးစပ်ပိတ်ထားတာလား၊ ပါးစပ်တွေကပဲ ပြဲနေတာလားမသိတဲ့ အကောင်လေးတွေကလဲ ချစ်စရာ။ အဟဲ....။ ဒီလိုနဲ.တော့ ဘယ်ပြီးလိမ့်ဦးမလဲ။ သူရော ကိုယ်မသိအောင် ဘာတွေ ထည့်သိမ်းထားလိမ့်ဦးမလဲ သိချင်သေး။ ဟင်! တူတာလဲ တစ်ခုမှ မပါပါလား။ ကိုယ့်ဘာသာ အဓိပ္ပာယ်ကောက်ရရင်တော့။ အင်း။ ကိုယ် ချစ်ခြင်းတွေကို သူမမြင်ဘူးထင်ရဲ.။ မျက်မှန်အနက်ကြီးတပ်လို.။ အော်... သူက ကိုယ် မျက်လုံးပြူးပြီး ပါးစပ်ပိတ် တိတ်တိတ်နေရင်တော့ သဘောကျတယ်တဲ့လား။ လက်မ ထောင်နေတာလေ။ ကဲ ... ပြော။ ကိုယ်ထင်တာ မမှန်ဘူးလားလို.။ JUST FOR FUN!

IF POEM

ဒီ အကယ်၍ ကဗျာလေးကို ကျမ ဘလောက်ဂ်ထဲမှာ တင်ခဲ့ဖူးပါတယ်။ ဒေါက်တာလွဏ်းဆွေ ဘလောက်ဂ်က ကူးယူဖော်ပြပြီးတော့ပေါ့။ နောက် ဖျက်မိတဲ့အထဲ ပါသွားလို. ကျမလည်းပြန်မတင်ဖြစ်ခဲ့ပါဘူး။ ဒီနေ. မန္တလေး MICT PARK မီးလောင်တဲ့အထဲ သူငယ်ချင်းတယောက်ရဲ. ဆုံးရှုံးရမှုတွေအတွက် ကျမ သူ.ကို ပြောချင်နေတယ်။ ပြောရမဲ့ စကား ရှာမတွေ.ဘူး။ သူ.ရဲ. ကြိုးပမ်းအားထုတ်ရင်းနှီးခဲ့ရတာတွေ အလုံးစုံမသိတောင်မှ သူ.ကို သိခဲ့ရသလောက်တော့ ကျမ နားလည်ရိပ်မိခဲ့ပါတယ်။ အလကား ပေါပေါလေးနဲ. ရလာခဲ့တဲ့ အရာတွေမှ မဟုတ်ခဲ့တာ။ အပြင်လူတယောက်မို. ပေါ့ပေါ့လေးပြောထွက်တယ်လို. သူထင်သွားမှာလဲ စိုးတယ်။ နောက်တော့ ဒီကဗျာလေးကို သတိရတာနဲ. ဒေါက်တာ့ဘလောက်ဂ်ထဲက သွားကူးပြီး သူ.ကို ပေးဖြစ်တယ်။ ကျမအတွက်လည်း ဒီကဗျာလေးဟာ မရှိမဖြစ်မို. ဘလောက်ဂ်ထဲ ပြန်တင်ထားလိုက်ပါတယ်။ ဘယ်တော့မှ ဘာအကြောင်းနဲ.မှ ကျမကိုယ်တိုင်မဖျက်မိစေရတော့ပါဘူး။ အကယ်၍ ရုဒ်ရပ်ဒ်ကစ်ပလင်း ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည် အကယ်၍ မင်းရဲ. အမှန်စကားတွေကို လူလိမ် လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ. နာကြားနိုင်မယ်ဆိုရင်.... ဒါမှမဟုတ် မင်းဘ၀ တခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည်...
ဒီနေ. တပို.တွဲလပြည့်နေ. ဖြစ်လို. ဓမ္မပို.စ်လေး တပုဒ်တော့ တင်ချင်ပါတယ်။ ကျမလည်း လေလွင့်နေတာ ကြာပြီဖြစ်တဲ့စိတ်တွေကို ထိန်းဖို. တရားဓမ္မစာလေး ဖတ်မိပါတယ်။ အဲဒီအထဲက သဘောကျမိတဲ့၊ အရှင်ဆန္ဒာဓိက ရဲ. ထူးမှထူး စာအုပ်လေးထဲက “မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ” ဆိုတဲ့ စာလေး တင်ချင်ပါတယ်။ ကိုယ့်အတွက် တော့ ဆေးတမယ်ပေါ့။ ဒေါသကြီးတတ်နေတဲ့ ကျမအတွက် ......။ မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ အဒေါသဆိုတာ ဒေါသမရှိတာ။ ဒေါသကင်းတာ။ အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘာမဟုတ်တဲ့ အသေးအမွှားစကားလုံးလေးနဲ.လည်း ပုံကြီးချဲ.ပြီးတော့ ဒေါသတွေ ကြီးနေတတ်တယ်။ စိတ်တိုနေတတ်တယ်။ စိတ်ဆိုးနေတတ်တယ်။ နာကျည်းမုန်းတီးနေတတ်တယ်။ ရန်ငြိုးတွေ ဖွဲ.နေတတ်တယ်။ ကိုယ့်အပေါ်မှာ လုံးကြီးတင် မခံချင်ဘူးပေါ့၊ လုံးကြီးတင် ကြီးကြီးတောင် မဟုတ်ပါဘူး။ သေးသေးလေးတောင် အတင်မခံချင်တာပေါ့လေ။ တဖက်သားက နောက်ပြောင်တဲ့ သဘောနဲ. ပြောတဲံ ဘာမဟုတ်တဲ့ စကားလေးကိုလည်း သူက အထအနတွေ ကောက်ပြီးတော့ စိတ်ဆိုးတယ်။ မုန်းတီးတယ်။ ဒါက အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အခုလို အင်မတန် ခြောက်သွေ.နေတဲ. မြက်ပင်တွေ၊ ၀ါးရွက်တွေပေါ် မီးစလေး တစ်မှုန်လောက် ကျရုံနဲ.ကို မြက်ခြောက်၊ ၀ါး...
ခင်ဗျားအခု နေ နေတဲ့ life-style ကြီးက ဘယ်လိုကြီးမှန်းမသိဘူး။ တမျိုးကြီးပဲ..တဲ့.။ သူက ပြောတယ်။ ကျမ ရယ်နေလိုက်တယ်။ ဟုတ်တယ်လေ။ ညဖက် တရေးနိုးထပြီး အိမ်အလုပ်တွေလုပ်၊ အင်တာနက်လေး ပြေးကိုင်လိုက်နဲ. မိုးလင်းတဲ့ညတွေလည်း များပြီပဲ။ ကျမလည်း ဒီလို နည်းလမ်းမကျတဲ့ routine ထဲမှာ လည်နေတာ ကြာတောင် ကြာနေပြီပဲ။ ကျမကို ကြည့်ပြီး သူစိတ်ချမ်းသာဟန်မတူပါဘူး။ ကျမကတော့ ကိုယ့်ဝတ္တရားတွေ၊ တာဝန်တွေကြားထဲကနေ ကွန်ပြူတာတလုံးနဲ. အင်တာနက်ထဲ လျှောက်လည်နေတော့ ကိုယ့်ကိုကိုယ် အရှိန်တွေရလို.ပါပဲ။ အရင်ကတော့ ကလေးတွေ ကျောင်းပို.ရင်း လိုက်၊ ပြီး သူနဲ. မနက်စာစား၊ သူသွားတဲ့နောက်လျှောက်လိုက်၊ သူ.ကားပေါ်မှာ စာအုပ်တစ်အုပ်နဲ. လိုက်ထိုင်၊ သူ.ဘေးနားမှာလည်း ကျမအမြဲပါနေကျ။ ရုံးရောက်ရင်လည်း ကိုယ့်အလုပ်မရှိလေတော့ ကွန်ပြူတာတလုံးနဲ. ထုံးစံအတိုင်းနှစ်ပါးသွား၊ သူအလုပ်များရင် အရိပ်အခြေကြည့်ပြီး စကားလေး ဘာလေးပြောပေါ့။ ဒါပေမယ့် သူနဲ.ကျမ စကားပြောတဲ့အချိန်က ခပ်ရှားရှားရယ်။ သူ ဘယ်အချိန် စကားတွေ ပြောသလဲဆို... ကားမောင်းနေရင်း လမ်းမှာ ရှုပ်ရှက်ခတ်နေတဲ့အခါဆို.... ပြောပြပါလိမ့်မယ်....။ သူ စကားများလေ ကျမက (ကားကို ကိုယ်မမောင်းရပဲ) အာရုံပိုစိုက်နေမိတော့ သူ.စကာ...

This song is dedicated to Daw Aung San Suu Kyi by Damien Rice & Lisa Hannigan

Unplayed Piano [via FoxyTunes / Damien Rice & Lisa Hannigan ] Damien Rice - Unplayed Piano Lyrics Come and see me Sing me to sleep Come and free me Hold me if i need to weep Maybe it's not the season Maybe it's not the year Maybe there's no good reason Why i'm locked up inside Just cause they wanna hide me The moon goes bright The darker they make my night Unplayed pianos Are often by a window In a room where nobody loved goes She sits alone with her silent song Somebody bring her home Unplayed piano Still holds a tune Lock on the lid In a stale, stale room Maybe it's not that easy Or maybe it's not that hard Maybe they could release me Let the people decide I've got nothing to hide I've done nothing wrong So why have i been here so long? Unplayed pianos Are often by a window In a room where nobody loved goes She sits alone with her silent song Somebody bring her home Unplayed pianos Are often by a window In a room where nobody loved goes She sits a...

Happy Valentine's Day !

ချစ်သူများနေ.အတွက် ပို.စ်တင်ဖို. တနေကုန် ကြိုးစားနေခဲ့ပါတယ်...။ ဆရာကြီးတက်တိုးရဲ. အချစ်နှင့် စိတ်ပညာ စာအုပ်ဖတ်ကြည့်လိုက်၊ ၊ ရေးဖို.က အာရုံမရ။ နက်ထဲက ကဗျာတွေလိုက်ရှာ။ ခါတိုင်းနေ.တွေတုန်းက ဖီလင်အပြည့်နဲ. နားထောင်ခဲ့တဲ့ သီချင်းအေးအေးတွေကလည်း ကလေးတွေ ငြင်းခုန် အော်ဟစ်သံတွေကိုကျော်ဖြတ်ပြီး နားဆီသို. မရောက်ပြန်။ နောက်ဆုံးတော့ ထင်မြင်ချက်တွေ ဒဿနတွေရေးလို.မရတော့တဲ့ အဆုံးမတော့.....ဒီနေ. အဖြစ်အပျက်တွေပဲ ချရေးလိုက်ရပါတော့တယ်။ မနက်က မြို.ထဲအသွား စီးတီး အက်ဖ်အမ်က ချစ်သူများနေ. အထူးအစီအစဉ် အနေနဲ. အချစ်သီချင်းကောင်းကောင်းလေးတွေ ရွေးလွှင့်ပေးတာ နားထောင်တုန်းကတော့ နည်းနည်း ငယ်မူပြန်လို. ရခါနီး.... ကိုယ့်ဘေးနားက ကားမောင်းနေတဲ့သူ.ကို အချစ်ကို ဘယ်လိုမြင်လဲ လို. အင်တာဗျူးအကြည့်.... “ အချစ်လား... ဟီးဟီး ဟား ဟား... သုံးယောက် . သုံးယောက် ” ဆိုတဲ့ ပြက်လုံးအောက်မှာ ကိုယ့်ရင်ခုန်သံလည်း မျှောပါသွားခဲ့။ အင်း သူကတော့ ဒီအတိုင်း။ စကားအကောင်းပြောပြီးဆို ဟာသဖက်ကပဲ ကြည့်လို. စကားတွေ ပျက်ခဲ့တာ ငယ်သူငယ်ချင်းတွေ အသိ...။ ဒါနဲ. လှည်းတန်းမီးပွိုင့်မှာ မီးနီလို. ကားရပ်နေတုန်း ရှားရှားပါးပါး ကံ့ကော်ပန်းတွေ တွေ.တော့ ၀ယ်ချင်လာတာ...
၉၃-နှစ်ပြည့် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ. အမှတ်တရ.... လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၃-နှစ်၊၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ- တစ်ဆယ့်သုံးရက်နေ.မှာ မြန်မာပြည်လွတ်လပ်ရေးဖခင်ကြီးဖြစ်လာမယ့် သူငယ်လေးကို ဖခင်ရှေ့နေဦးဖာ နဲ. မိခင် ဒေါ်စုတို.မှ မကွေးတိုင်း နတ်မောက်မြို.မှာ မွေးဖွားသန်.စင်ခဲ့ပါတ ယ်။ ကျမတို. ငယ်စဉ်ကတည်းက ဗိုလ်ချုပ်အကြောင်းကို ကြားဖူး ဖတ်ဖူးစ ကပင် လေးစားအားကျခဲ့ရတဲ့ ကျမတို.ရဲ. အာဇာနည် သူရဲကောင်း။ ငယ်စဉ်ကျောင်းမှာ သင်ကြားခဲ့ရတဲ့ အောင်ဆန်းဇာနည် ကဗျာလေးက ရင်ထဲ စွဲမြဲဆဲ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကျမတို. ခုနှစ်သားအရွယ်မှာလည်း သူ.မိခင်ဒေါ်စုက ကုန်သည်တယောက်ကို မမှန်တဲ့စကား ပြောနေတာကို ကြားတဲ့ မောင်အောင်ဆန်းလေးက အမေ့ကို မညာဖို.ပြောခဲ့တာကလည်း ကျမတို.ကလေးတွေရော၊ လူကြီးတွေပါ အတုယူစရာ ဖြစ်ခဲ့ပါတယ်။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရတယ် ဆိုတဲ့အတိုင်း ရိုးသားတဲ့ကလေးကမှ ရိုးသားတဲ့ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်တယ်ဆိုတဲ့ အသိ ၀င်ခဲ့ရပါတယ်။ မြ၀တီရဲခေါင်ရေးတဲ့ "သဘောကောင်းသူ" ဆိုသော ဆောင်းပါးကို မေ့ပျောက်၍ မရနိုင်သော အောင်ဆန်း စာအုပ်တွင် ဖတ်ရသောအခါ ဗိုလ်ချုပ်ရဲ. စိတ်ထားကြီးမြတ်ပုံနဲ. ...
အမှတ်မှားခဲ့မိသော ပြည်ထောင်စုနေ. မှ နောက်ဆက်တွဲ အတွေး ... ကျမ ပို.စ်မတင်ဖြစ်တာ ကြာပြီပဲ.... စာရေးချင်စိတ်တွေ ပျောက်နေသလို လူကလည်း အပျင်းကြီးနေပြန်ပါတယ်... မနေ.က ပြည်ထောင်စုနေ.ကို အမှတ်တရ ပို.စ်တင်ဦးမယ်ဆိုပြီး စိတ်ကတင်းထားပေမယ့် မတင်ဖြစ်ပြန်ပါဘူး။ အဲဒါထက်ပိုဆိုးတာက ၆၁-နှစ်ပြည့်တဲ့ ပြည်ထောင်စုနေ.ကို နှစ် ၆၀ ဆိုပြီး ကိုယ့်ကိုကိုယ် ထင်ရုံမက ဂျီတော့ခ်မှာတောင် တင်ထားလိုက်သေးတယ်... အဲ... မနေနိုင်တဲ့သူငယ်ချင်းတယောက်က ပြင်ပေးမှပဲ သိတော့တယ်.. ဒါတောင် အင်တင်တင် ရယ်... ၄၈ ကနေ ၂၀၀၈ ဆို နှစ် ၆၀ ပဲ ဖြစ်ရမှာပေါ့လို.။ သူငယ်ချင်းက ဆရာကြီးဆိုတော့ ကိုယ် ပြိုင်မငြင်းမိတာ တော်သွားတယ်။ ဟဲဟဲ။ တကယ့်ကို ၁၉၄၈ လို.ပဲ စိတ်ထဲထင်နေတာကိုး။ နောက်မှ... သေတော့မှာပဲလို.။ ဒုက္ခပဲနော်... ကျမ အမှတ်သညာတွေ တကယ့်ကို လျော့ရဲနေပြီ။ ကိုယ့်ပညာသင်ပေးခဲ့တဲ့ ကျောင်းက ဆရာတွေ မမေးနဲ.။ ဘာတွေ သင်ခဲ့ရသလဲ မမေးနဲ.။ သူငယ်ချင်းဟောင်းတွေ နာမည် လည်း တချို. မေ့တေ့တေ့.... ကိုယ်မေ့လို. အမျိုးသား မမေးလိုက်လေနဲ.။ သူက ကိုယ့်ထက် ပိုဆိုးတယ်။ သူက အဲဒီနံမယ်မေ့တတ်တာ စာရေးဆရာ ဇော်ဇော်အောင်ရေးတဲ့ ၀တ္ထုထဲက နံမယ် သုံးလုံးဆို ဘယ်တော့မှ မမှန်တဲံ့ ဆရာ့ ဇာတ်ကော...

To Nay Phone Latt

ကျမ နေဘုန်းလတ်ကို လူချင်း မသိပါဘူး။ ဒါပေမယ့် မြန်မာဘလောက်ဂ်တွေ လျှောက်လည်နေတဲ့သူမို. သူ.စာတွေ ဖတ်ဖူး၊ သူ.အကြောင်းတွေ ကြားဖူးနေခဲ့ပါတယ်။ ဘယ်သူ.နဲ.မှ အဆက်အဆံမရှိတဲ့ သီးသန်. ဘလောက်ဂ်လေး ပေမယ့် ကျမ “မှတ်စုစာအုပ်” ကလေးရဲ. စာမျက်နှာပေါ်မှာ သူ.ရဲ. ပရိသတ်တယောက်အနေနဲ.၊ မြန်မာ ဘလောက်ဂါ လူငယ် တစ်ယောက်ရဲ. ယုံကြည်ချက်နဲ. အားမာန်တွေ အတွက် ဆုတောင်းပေးနေပါရစေ...။ နေဘုန်းလတ်ရေ ..... အားမာန်အပြည့်နဲ. အားလုံးကို ကျော်ဖြတ်နိုင်ပါစေ.....။ ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီး နေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့ မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့ မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း (၃၆၅)ရက်အတွင်းမှာ သြူ့...