အခုတလော ကျမလည်း ဟိုယောင်သည်ယောင်နဲ့...။ ဘလော့ဂ်တွေလည်း မလည်နိုင်... ကိုယ်လည်း နှစ်ကူးစရာ မရှိပေမယ့် လုပ်စရာတွေကလည်း အများသား။ ကိုယ့်တာဝန်ဝတ္တရားတွေအပြင် ဘလော့ဂ်လည်ခြင်း စာအုပ်များဖတ်ခြင်းတွေကိုလည်း ကိုယ့်အိပ်ချိန် နားချိန်တွေထဲက ဖဲ့ယူနေရတာ... လူလည်း တော်တန်ရုံနဲ့တောင် အားအင်ကုန်လွယ်နေပြန်ပါတယ်။ ပို့စ်အသစ်ကလည်း ဟိုဟာရေးရကောင်းနိုးနိုး သည်ဟာရေးရကောင်းနိုနိုးနဲ့...ဘာမှလည်း မရေးဖြစ်ပြန်... သူများတွေ စာတွေဖတ်ရတာတော့ တော်တော် အရသာ ရှိသား။ ဟိုတလောက အိမ်က ကလေးတွေ အဖေ ခရီးသွားတုန်း ကျမလည်း ကလေးတွေ ကျောင်းပို့ပြီး ဟိုဝင်သည်ပတ်နဲ့ လွတ်လပ်ရေးရနေတော့... ၀ယ်ဖြစ်ခဲ့တာတွေကလည်း...။ အင်း... စာအုပ်တွေချည်းပါပဲ။ အဲဒီထဲကမှ... ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဆိုတာကတော့ စာမျက်နှာ ခြောက်ရာနီးပါး ရှိတဲ့ လုံးချင်းဝတ္ထုရှည်ကြီးပါပဲ။ တကယ်တမ်း ကိုယ့်မှာ အဲဒီလောက် အချိန်တွေ အားမနေပေမယ့် ဆရာမရဲ့ အညာအခန်းဆက် လက်ရာတွေကို သဘောကျထားတော့ မန္တလေးတက္ကသိုလ်နောက်ခံ ၀တ္ထုဖြစ်နေတာရယ်နဲ့... ၀ယ်လာဖြစ်ခဲ့တယ်။ မြန်မာဝတ္ထုတွေကိုဆို တထိုင်တည်း ဖတ်တဲ့ အကျင့်ရှိတော့ အဲဒီဝတ္ထုကို ဖတ်ဖို့ တညတေ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!