ဟိုတနေ့က ၀ယ်လာဖြစ်တဲ့ (ဆရာ)အံ့မောင်ရဲ့ စိန်ပွင့် မြပွင့် ပတ္တမြားပွင့် ကဗျာများ စာအုပ်ထဲက ကဗျာလေးတွေကို ဖတ်ဖြစ်နေပါတယ်..။
အဲဒီ့ သဘောကျမိတဲ့ ကဗျာလေးတွေထဲက တပုဒ်ကို တင်ပေးလိုက်ပါတယ်...။ ဆားချက်တာမဟုတ်ပါဘူးနော်.. :D ပြီးခဲ့တဲ့ရက်တွေတုန်းက သားငယ် ရေကျောက်ဆက်ပေါက်နေတာရယ်.. သူတို့ စာမေးပွဲတွေ ဆက်နေတာရယ်.. ကျမလည်း ဒီလောက် ပူလောင်တဲ့ နေပူကျဲတဲထဲ မထွက်ချင်ပဲ တချိန်လုံးအပြင်မှာ ရှိနေခဲ့တာရယ်ကြောင့် ဘလော့ဂ်ကို အချိန်မပေးနိုင်ြ ဖစ်သွားရပါတယ်... ကိုယ့် ဆီမှာ မတင်နိုင်ပေမယ့် မိတ်ဆွေတွေဆီတော့ အပြေးအလွှားသွား ဖတ်ဖြစ်ခဲ့ပါတယ်.. တချို့လည်း ကော်မန့်ရေးလို့မရ.. စီဘောက်စ်ထဲမှာလည်း ချန်ထားခဲ့လို့ မရလို့ ပျောက်သလို ဖြစ်နေခဲ့ရတာပါ...။

The Triple Happiness
Oh, snake!
you have had your bite.
Oh, arrow!
you have had your shot.
Oh Piliyekkha,
what a rare man you are!
Your offer to serve Thuwunnathama's parents
On his behalf.
Oh, Pa, Mom and Goddess!
You've all done your duty
making sacred vows.
Now please raise the curtain for the finale
Where the blind old parents will see their comatose son
come carrying a pot of gold.
[finale = fi'na:li]
16-10-2005 (Monywa)
သုဝဏ္ဏသာမဇာတ်ကို ပြန်ကြည့်ခြင်း
မြွေရေ...
မင်းကလဲ ကိုက်ပြီးပါပြီ
မြားရေ
မင်းကလဲ ပစ်ပြီးပါပြီ
ပိဠိယက္ခရေ
မင်းကတော့ ရှာမှ ရှား
မင့်မြားထိတဲ့ သုဝဏ္ဏသာမ
သူ့မိဘတွေကို မင်းလုပ်ကျွေးပြုစုမယ်
ကိုယ်စားပေးသလိုကွယ်
မိဘနှစ်ပါးနဲ့ နတ်သမီး
ကိုယ့်စည်း ကိုယ့်ဝန် ကိုယ်ယူ
သစ္စာတွေလည်း ထူပြီးကြပြီ
ကဲ သားရွှေအိုးထမ်း လာတာ
မြင်ရမယ့် အခန်း
ကားလိပ် ဆွဲကြစမ်းပါဗျို့။
ရှုမငြီးမဂ္ဂဇင်း
၁၆-၁၀-၂၀၀၅ (မုံရွာ)
မြွေရေ...
မင်းကလဲ ကိုက်ပြီးပါပြီ
မြားရေ
မင်းကလဲ ပစ်ပြီးပါပြီ
ပိဠိယက္ခရေ
မင်းကတော့ ရှာမှ ရှား
မင့်မြားထိတဲ့ သုဝဏ္ဏသာမ
သူ့မိဘတွေကို မင်းလုပ်ကျွေးပြုစုမယ်
ကိုယ်စားပေးသလိုကွယ်
မိဘနှစ်ပါးနဲ့ နတ်သမီး
ကိုယ့်စည်း ကိုယ့်ဝန် ကိုယ်ယူ
သစ္စာတွေလည်း ထူပြီးကြပြီ
ကဲ သားရွှေအိုးထမ်း လာတာ
မြင်ရမယ့် အခန်း
ကားလိပ် ဆွဲကြစမ်းပါဗျို့။
ရှုမငြီးမဂ္ဂဇင်း
၁၆-၁၀-၂၀၀၅ (မုံရွာ)
Comments
အင်္ဂလိပ်လိုလည်းနိုင်နင်းတယ်..မုံရွာကနေရောက်ရင်
တိုက်ကိုpဝင်လာတတ်တဲ့ ဘဘကိုသတိရလိုက်တာ
ဖတ်ရတာ ကောင်းလိုက်တာ။
ဆားချက်တယ်လို့မထင်ပါဘူး။
မမtg တို့ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ပါစေ ခင်ဗျာ။
သားရွှေအိုးထမ်း လာတာ
မြင်ရမယ့် အခန်း
ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ရမှာ မဟုတ်လား
ဘယ်လိုဖြစ်လို့ ကားလိပ် အဆွဲကို ရင်မောအောင် စောင့်နေရပါလိမ့်???
ကော်နက်ရှင် မကောင်းလို့ နေမယ်...
တင်ပေးလို့ ကျေးဇူးပါး)