Skip to main content

ဖတ်မိတဲ့ ကဗျာလေးတပုဒ်

ဟိုတနေ့က ၀ယ်လာဖြစ်တဲ့ (ဆရာ)အံ့မောင်ရဲ့  စိန်ပွင့်  မြပွင့် ပတ္တမြားပွင့် ကဗျာများ  စာအုပ်ထဲက  ကဗျာလေးတွေကို  ဖတ်ဖြစ်နေပါတယ်..။

အဲဒီ့ သဘောကျမိတဲ့ ကဗျာလေးတွေထဲက တပုဒ်ကို တင်ပေးလိုက်ပါတယ်...။ ဆားချက်တာမဟုတ်ပါဘူးနော်.. :D    ပြီးခဲ့တဲ့ရက်တွေတုန်းက သားငယ် ရေကျောက်ဆက်ပေါက်နေတာရယ်.. သူတို့ စာမေးပွဲတွေ ဆက်နေတာရယ်.. ကျမလည်း  ဒီလောက်  ပူလောင်တဲ့  နေပူကျဲတဲထဲ  မထွက်ချင်ပဲ တချိန်လုံးအပြင်မှာ ရှိနေခဲ့တာရယ်ကြောင့် ဘလော့ဂ်ကို အချိန်မပေးနိုင်ြ  ဖစ်သွားရပါတယ်... ကိုယ့် ဆီမှာ မတင်နိုင်ပေမယ့်  မိတ်ဆွေတွေဆီတော့ အပြေးအလွှားသွား ဖတ်ဖြစ်ခဲ့ပါတယ်.. တချို့လည်း ကော်မန့်ရေးလို့မရ.. စီဘောက်စ်ထဲမှာလည်း ချန်ထားခဲ့လို့ မရလို့ ပျောက်သလို ဖြစ်နေခဲ့ရတာပါ...။



The  Triple  Happiness

Oh, snake!
you  have had  your bite.

Oh, arrow!
you  have had  your shot.

Oh  Piliyekkha,
what  a rare man you are!
Your offer to serve Thuwunnathama's parents
On his behalf.

Oh, Pa, Mom and  Goddess!
You've all  done your duty
making sacred vows.

Now  please raise  the curtain  for  the finale
Where the blind old parents will see  their comatose  son
come  carrying a  pot of gold.


[finale = fi'na:li]

16-10-2005 (Monywa)


သုဝဏ္ဏသာမဇာတ်ကို ပြန်ကြည့်ခြင်း

မြွေရေ...
မင်းကလဲ  ကိုက်ပြီးပါပြီ

မြားရေ
မင်းကလဲ  ပစ်ပြီးပါပြီ

ပိဠိယက္ခရေ
မင်းကတော့ ရှာမှ  ရှား
မင့်မြားထိတဲ့ သုဝဏ္ဏသာမ
သူ့မိဘတွေကို မင်းလုပ်ကျွေးပြုစုမယ်
ကိုယ်စားပေးသလိုကွယ်

မိဘနှစ်ပါးနဲ့  နတ်သမီး
ကိုယ့်စည်း ကိုယ့်ဝန်  ကိုယ်ယူ
သစ္စာတွေလည်း ထူပြီးကြပြီ

ကဲ သားရွှေအိုးထမ်း လာတာ
မြင်ရမယ့်  အခန်း
ကားလိပ် ဆွဲကြစမ်းပါဗျို့။


ရှုမငြီးမဂ္ဂဇင်း
၁၆-၁၀-၂၀၀၅ (မုံရွာ)

Comments

ThuHninSee said…
မိုက်တယ်အစ်မ..း)
MANORHARY said…
ဦးအံ့မောင်ရဲ့ကဗျာလေးတွေကချစ်စရာကောင်းပါတယ်
အင်္ဂလိပ်လိုလည်းနိုင်နင်းတယ်..မုံရွာကနေရောက်ရင်
တိုက်ကိုpဝင်လာတတ်တဲ့ ဘဘကိုသတိရလိုက်တာ
မမtg ရေ
ဖတ်ရတာ ကောင်းလိုက်တာ။
ဆားချက်တယ်လို့မထင်ပါဘူး။

မမtg တို့ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ပါစေ ခင်ဗျာ။
Sonata Cantata said…
tgရေ
သားရွှေအိုးထမ်း လာတာ
မြင်ရမယ့် အခန်း

ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ရမှာ မဟုတ်လား
ဘယ်လိုဖြစ်လို့ ကားလိပ် အဆွဲကို ရင်မောအောင် စောင့်နေရပါလိမ့်???
ကော်နက်ရှင် မကောင်းလို့ နေမယ်...
မီယာ said…
မသိင်္ဂီရေ စိတ်တွေရှုပ်နေလို့ပါ... သတိရတယ်။
မtg ရေ .. ဒီစာလေးတွေက ညီမနဲ့ အထိအတွေ့မရှိပါဘူး ..
တင်ပေးလို့ ကျေးဇူးပါး)

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ