Skip to main content

နားမလည္ဘူးအက်ႌ ( သစၥာနီ )

   နားမလည္ဘူးအက်ႌ  

သစၥာနီ

ကျွန်တော်ဝတ်ထားသော အက်ႌကို နားမလည္ဘူး အက်ႌ ဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင်မှာ ခါးသက်သက်အရသာ ဖြစ်ပါသည်။
ဉာဏ်တုံးသော သိုးတွေမှာ အင်္ကျီ  မရှိပါ။
စပ်စုတတ်သော မျောက်တွေမှာ အင်္ကျီ  မရှိပါ။
ရန်လိုတတ်သော မြေခွေးမှာလည်း အင်္ကျီမရှိပါ။
ထို့နောက်....
ထို့နောက်... .... တို့တွင်လည်း အင်္ကျီ မရှိပါ။
ကျွန်တော်တွင် အင်္ကျီ ရှိပါသည်။ အက်ႌ၀တ္ထားေသာ အက်ႌကို “နားမလည္ဘူးအက်ႌ” ဟု ခေါ်ပါသည်။ ထိုအင်္ကျီ၏ အဆင့်မှာခါးသက်သက် အရသာ ဖြစ်ပါသည်။

“ရှင့်ကို ကျွန်မ နားမလည်ဘူး”  (ကျွန်တော်ချစ်သူက ပြောခဲ့သည်)
“ မင်းကို တို့နားမလည်ဘူး” (ကျွန်တော့်မိဘများက ပြောခဲ့သည်)
“ ခင်ဗျားကို ကျွန်တော်တို့ နားမလည်ဘူး” (ကျွန်တော့်မိတ်ဆွေများနှင့် ရန်သူများက ပြောခဲ့သည်)
“ကျွန်တော်ဟာ စာအုပ်တစ်အုပ်မဟုတ်ဘူး” (ကျွန်တော်က ပြောခဲ့သည်။ ငြင်းဆန်ခြင်းအတွက် ရှက်ရမှန်း မသိသော  ကာလများက ဖြစ်သည်) မည်သူကမှ နားမလည်သည်ဖြစ်စေ၊ ထိုအင်္ကျီမှာ ကျွန်တော်နှင့်  တိုင်းချုပ်ထားသည့်အလား အသားကျနေပြီ ဖြစ်သဖြင့် ချွတ်ပစ်ရန်  မဖြစ်နိုင်တော့ပါ။


ဟောဟိုလူကတော့  လမ်းဘေးက ဘေထုပ်ထည်  အ၀တ်ဟောင်းပုံကြီးကို  မွှေနှောက်ရှာဖွေလို့ပေါ့။  စုတ်ဖတ်ဖတ် အောက်သိုးသိုး အနံ့အသက်နှင့် ထိုဈေးပေါပေါ အင်္ကျီဟောင်းများကို ၀ယ်ဝတ်ဆင်သော ထိုလူ၏ ချိုင်းကြားထဲတွင် ခေတ်မရှိတော့သော နိုင်ငံရေးကျမ်းစာအုပ်တစ်အုပ်ကို ညှပ်ထားတာ တွေ့ရ၏။


ဟောဟိုလူကတော့ စပ်ဖြဲဖြဲ အဆင်နှင့် အရောင်မခိုင်သော အထည်စကို ကိုင်ကာ အပ်ချုပ်ဆိုင်တွင် ရပ်ရင်း (ခပ်ပွပွချုပ်ပေးပါ) ဟု အော်နေသည်။  ထိုအပ်ချုပ်ဆိုင်နာမည်က “ခေတ်အကြိုက်” ဆိုလား  ဘာလားမသိ။


***********
 ဟောဟို လူကတော့ မီနီမတ်ကတ်တစ်ခုတွင်  ရယ်ဒီမိတ်အင်္ကျီ  တစ်ထည်အား  တံဆိပ်ကြည့်၍ ၀ယ်ယူနေလေသည်။  ခုလို အသင့်ချုပ်ပြီးသားတွေ ၀ယ်ဝတ်ရတော့ မပင်ပန်းဘူးပေါ့ဟု  ပြောလိုက်သေးသည် ထင်ပါသည်။


လူတို့သည်  အင်္ကျီအမျိုးမျိုးကို ဒီဇိုင်းအမျိုးမျိုးဖြင့်  ၀တ်လျက်ရှိပါသည်။  ပလေတိုး၏ မျက်စိနှင့်တူသော ကြယ်သီးပေါက်ကျဉ်းကျဉ်းများ  မတော်လောဘနှင့် တူသော အိပ်ပွပွကြီးများ  (တစ်ချို့ အင်္ကျီများတွင် လူမမြင်အောင် တပ်ဆင်ထားသော  အိတ်ခိုးများလည်း ပါသေးသည်။) ဂျုးလီယက်ဆီးဇာ၏ ဓားနှင့်တူသော ကော်လာချွန်ချွန်များ။


သို့သော်  ထိုအင်္ကျီများအားလုံးမှာ  ဆင်ခြင်ခြင်နှင့်  ကိုက်ညီအောင် ချုပ်လုပ်ထားရာ၌မူ အားလုံးတူကြပါသည်။ (ဥပမာ- ညီညာသေသပ်သော ချုပ်ရိုးချုပ်သားများ)  ထိုအင်္ကျီများတွင်လည်း  ကျွန်တော်၏ အင်္ကျီ  အမည် (နားမလည်ဘူး) ကဲ့သို့ပင် အနည်းဆုံး အမည်နာမတစ်ခုစီတော့ ရှိကြပါသည်။ ဥပမာ- အမြင်မကျယ်ခြင်း၊။ လှေနံဓားထစ်၊ မစ္ဆရိယစိတ်၊ ငါ အမှန်  စသဖြင့်  ဖြစ်ကြပါသည်။ ကျွန်တော့် အင်္ကျီအမည်ကတော့  နားမလည်ဘူး ဖြစ်ပါသည်။


ကျွန်တော်သည် အဖြေတစ်ခု  ထွက်ရမည့် သချာင်္တစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်သည်  ပြဌာန်းခံ  အရာဝတ္ထု မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည်  မိုးကျလျှင်  ပွင့်ရမည့် စံပယ်တစ်ပွင့် မဟုတ်ပါ။  လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် အိုင်းစတိုင်း၏  ရီလေတစ်ဗီတီ သီအိုရီ မဟုတ်ပါ။  လူတစ်ယောက်ဖြစ်ပါသည်။  ကျွန်တော်သည် ယုတ္တိဗေဒ အနည်ထိုင်နေသည့်  ဦးနှောက်များ  စားသုံးရမည့် မနက်စာ အာဟာရ တစ်ပွဲ  မဟုတ်ပါ။  လူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ငွေတစ်ရာပေးသူုတိုင်းကို အဖုံးဖွင့်ခွင့် ပေးသည့် ရေခဲစိမ်ဘီယာ  တစ်ပုလင်း မဟုတ်ပါ။ လူတစ်ယောက်ဖြစ်ပါသည်။  လောကတွင် ကျွန်တော်  အမျှော်လင့်ဆုံးအရာမှာ  လူများ၏ နားလည်မှုပင် ဖြစ်ပါသည်။

ကျွန်တော်  ၀တ်သော အက်ႌကို “ နားမလည္ဘူး အက်ႌ ”  ဟု ခေါ်ပါသည်။ ထိုအင်္ကျီမှာ လူတို့ နားမလည်နိုင်သော  ကောင်းကင်တစ်ခု၊ လူတို့ နားမလည်နိုင်သော အတောင်ပံတစ်စုံ၊  လူတို့ နားမလည်နိုင်သော အလင်းဓာတ်တစ်စုံတစ်ရာ၊ လူတို့  နားမလည်နိုင်သော  .... နားလည်မှုများနှင့် ချုပ်ထားသော  အင်္ကျီ ဖြစ်ပါသည်။


ထိုအင်္ကျီကို ၀တ်ဖို့အတွက် ကျွန်တော်  အဖိုးအခ အနည်းငယ်သာ ပေးခဲ့သည်။ ထိုအဖိုးအခမှာ  လူများ၏ မုန်းတီးခြင်းပင် ဖြစ်ပါသည်။ (  လူများ၏  မုန်းတီးခြင်းမှာ  ကျွန်တော့်အတွက် ပဲဝက်မျှလောက်ပင်  မတန်သော အရာ ဖြစ်ပါသည်။) ထိုအင်္ကျီကို ၀တ်ဆင်ရမည် ဆိုလျှင်  သင်သည်  အရည်အချင်းသုံးရပ်နှင့်  ပြည့်စုံရန် လိုပါသည်။  ထိုအရည်အချင်းများမှာ...
(၁) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း၊
(၂) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း  နှင့်

(၃) လွတ်လပ်စွာ တွေးခေါ်တတ်ခြင်း  တို့ ဖြစ်ပါသည်။


အထက်ပါ အရည်အချင်းများနှင့်  ပြည့်စုံပြီဆိုလျှင် သင်လည်း ကျွန်တော့်လို အင်္ကျီ တစ်ထည် ရနိုင်ပါပြီ။ လိုချင်လျှင် အောက်ပါလိပ်စာအတိုင်း တောင်းယူနိုင်ပါသည်။ လိပ်စာမှာ သင်နှင့် အဝေးဆုံးဟု ဆိုရမည့်  သင်ကိုယ်တိုင်၏  အသည်းနှလုံးထဲမှာသာ  ဖြစ်ပါသည်။


သစ္စာနီ


(၂၀၀၈  ခုနှစ် ဂျာမန်ဘာသာပြန် မြန်မာဝတ္ထုတို ၂၅  ပုဒ် စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Comments

MANORHARY said…
ကိုရဲရဲ့ နားမလည်ဘူးအကျီ င်္ကို ပြန်ဖတ်ရလို့
ကျေးဇူးပါ မသိဂီ င်္ ...
နှစ်ခေါက်လောက်ဖတ်ပြီးမှနည်းနည်းရိပ်မိသလောက်ပဲရှိတယ်။ ဟဲဟဲ..
PhotoVigor said…
Different ideas..
Love it.
မမtg

နားမလည်ဘူးအင်္ကျီ ဝတ်ချင်တယ်
:)
ဟုတ်တယ် အမ.. အတော်နဲ့ နားမလည်ဘူးး
တုံးချက်..။

လွပ်လပ်စွာ တွေးခေါ်တတ်ခြင်းးတဲ့..။
အင်းးးး

ခေါင်းကုတ်နေဆဲ
komin said…
အမမှာ ကိုရဲ စာတွေရှိရင် ထပ်တင်ပေးပါဦး။
Anonymous said…
ဝတ္ထုလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ် အမ။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...