Skip to main content

Posts

Showing posts from October, 2008

အောက်တိုဘာ ၃၁- တစ်နေ.တာ

ဒီနေ့တနေ့လုံး လမ်းပေါ်မှာပါပဲ.. ကိစ္စလေးရှိလို့ ကန်တော်ကြီးကို တစ်ချက်ဝင်၊ ပြီး Myanmar ICT Exhibition ဆယ်နှစ်မြောက် ပြပွဲကို တပ်မတော်ပြခန်းမှာ ၀င်ပတ်။ လိုချင်တာက scanner...။ အင်း.. ရလာတာကတော့... ပြခန်းတွေက ကမ်းလိုက်တဲ့ စာရွက်တွေပါပဲ...။ laptop တွေလည်း ထပ်ငမ်းလာခဲ့သေးတယ်။ ကိုယ်က Toshiba သုံးနေကျမို့လားတော့ မသိ.. battery နဲ့ သုံးရချိန် နည်းတာက လွဲလို့ ...Toshiba ကိုတော်တော်သဘောကျမိရဲ့။ နောက်ပြီး modem သိပ်မကောင်းချင်တော့လို့ အသစ်ဝယ်မလားဆိုပြီး.. မေးမြန်းကြည့်လိုက်တော့မှ..  နောက်ပိုင်း ဇယားတွေ ကျန်နေသေးတယ် ဆိုလို့ မ၀ယ်ဖြစ်လိုက်ဘူး။ သက်ဆိုင်တဲ့ လူတွေကို သေသေချာချာ စုံစမ်းပြီးမှပဲ.. ။ ပြပွဲကို နှစ်ပတ် သုံးပတ်လောက်ပတ်... ဒီကြားထဲ သူက ဟိုငေးလိုက် ကိုယ်က ဆက်လျှောက်လိုက်နဲ့.. သည်လောက် လူရှင်းတဲ့ကြား လူပျောက်နေလို့.. ဟယ်လို ဟယ်လို လုပ်နေရသေး။  ဆယ့်နှစ်နာရီခွဲလောက်ကျတော့ ကလေးတွေကို ကျောင်းကြိုချိန်နီးလာလို့ နီးနီးနားနား စိန်ဂေဟာ ပြေး၊ ဖြစ်သလိုလေး ၀က်သား အခေါက်အသားကင်နဲ့ ယိုးဒယားသဘောင်္သီးထောင်းနဲ့စား။ ပြီး သူက ဆံပင်ညှပ်တော့...ကိုယ်က ဆံပင်ဖြောင့်ရင်ကောင်းမလား စဉ်းစားသေးတယ်။ သူငယ်ချင်း အပျိုကြီး မ

ဘယ်မှသည်.. ဘယ်ဆီသို.။

  ဒီကနေယူပါတယ် ကျမတို့ အခုတလော သူငယ်ချင်းတွေ မကြာခဏ ပြန်ဆုံဖြစ်နေကြပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကလည်း သူငယ်ချင်းတွေနဲ့ တွေ့။ တနေ့ကလည်း သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ကြပါတယ်။ ဒီနေ့ နေ့လည် မှာလည်း ကျောင်းက ရင်းနှီးကျွမ်းဝင်တဲ့ လူတွေနဲ့ ပြန်ဆုံဖြစ်ခဲ့ပါတယ်... ဒါပေမယ့် ..... အရင်ကလို ပျော်စရာ တွေ့ဆုံခြင်းတော့ မဟုတ်ခဲ့ပါဘူး။ ဒီမနက် အီးမေးလ် အရင်စစ်နေတဲ့ သူက “ဇော်ထွန်းလွင်ဆုံးသွားလို့ သိလား” လို့ မေးတော့ ကျမ မသိ... ၉၅. အီးစီ..ဆိုတော့ ကျမတို့ နောက်တစ်နှစ်... သူ့အမျိုးသမီးက မင်းမင်းမြတ်၊ ၉နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့တယ် ဆိုတော့မှ... ဖြတ်ကနဲ သတိရလိုက်ပါတယ်... ကျမတို့ နောက်နှစ် အဆောင်ဝင်လာတဲ့ အသားဖြူဖြူ မျက်လုံးတောက်တောက်နဲ့ ချစ်စရာ ကောင်မလေး။ အဲ.. သူနဲ့ ဆက်စပ်ပြီး မြင်ဖူးနေတဲ့ သူ့ကောင်လေး....။ နှစ်ယောက်စလုံး ဖြူဖြူချောချောကလေးတွေမို့ သတိထားမိနေတာ..။ ဘယ်သူလဲ.. ဘာဖြစ်လို့လဲ..  စိတ်မကောင်းလိုက်တာ..။ မတော်တဆဖြစ်ပြီး ၂၈-ရက်နေ့ ညက ဆုံးသွားခဲ့တာ....။ ကျမတို့လည်း နေ့လည် ၂ နာရီအမှီ ရေဝေးသုဿန်ရောက်သွားပါတယ်...။ လူတွေတောင် တော်တော်ရောက်နေပေါ့။ စိတ်ထဲမှာတော့ အသုဘရှုသွားတိုင်း “ငါလည်း တနေ့ သေရဦးမှာပဲ” ဆိုတ

ပျော်ရွှင်သော နေ.ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ.. သူငယ်ချင်း

ဒီနေ့ ကျမ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့.... ထုံးစံအတိုင်း လုံးလည်ချာလည်တွေနဲ့ ပတ်ချာလည်နေတဲ့ ကျမ အောက်တိုဘာလဦးတုန်းက သတိတရ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ဆိုတာ ရင်းနှီးနေခဲ့တဲ့ နေ့တစ်နေ့။ United Nations Day.. ။  သူနဲ့ ကျမ.. ရေစက်ဆုံလို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စက်မှုတက္ကသိုလ်ကြီးမှာ တစ်နှစ်တည်း တက်ခွင့်ကြုံခဲ့ရတယ်။  အဆောင်ကျောင်းသူ ကျမနဲ့ နေ့ကျောင်းသူ ဖြစ်တဲ့ သူမ တို့ အထူး ခင်မင်ရင်းနှီးခွင့် မရှိခဲ့ကြပေမယ့် တစ်နှစ် တစ်နှစ် စက်မှုတက္ကသိုလ် ၀င်ခွင့်ရတဲ့ လက်တစ်ဆုပ်စာ ကျောင်းသူ တွေမို့ အချင်းချင်း မိတ်ဆက်ပေးစရာမလို ပဲ သိကျွမ်းနေခဲ့ရပါတယ်။ အသားဖြူဖြူ..အရပ်ရှည်ရှည်.. ပိန်ပိန်.. ဆံပင်ကောက်ကောက်ပွပွနဲ့ ချိုသာတဲ့ အပြုံးလေးတွေနဲ့ အေးချမ်းတဲ့ သူ.မျက်နှာလေးကို မှတ်မှတ်ရရ.. ရင်ထဲမှာ အသိအမှတ်ပြုခဲ့မိတယ်။ ( ဆံပင်ကောက်တာချင်းတူလို့လဲ ပါမယ်ထင့်) ဒါပေမယ့် ပထမ တစ်နှစ်ပဲ အတန်းတူ ဖြစ်ခဲ့ပေမယ့် ကျောင်းပြီးတဲ့ အထိ.. မေဂျာလည်း မတူလေတော့ .. အော်.. တစ်နှစ်တည်း ၀င်ခဲ့.. တစ်နှစ်ထဲ ထွက်ခဲ့တဲ့ .. same batch တွေဖြစ်ခဲ့ရုံလောက်ပဲပေါ့.. ကံဆုံချင်ပြန်တော့ ရန်ကုန်မြို.မှာ ပြန်ကြုံ.. အဲလေ.. ကျောင်းပြီးလို့ က

ဂလိုဘယ်စီးပွားပျက်ပြဿနာနှင့် မြန်မာပြည်

(http://www.toonpool.com/user/611/files/crisis_inmobiliaria_177865.jpg)     စက်တင်ဘာလလယ်လောက်က စပြီး ပိုပြီးကျယ်လောင်စွာ ကြားလာခဲ့ရတဲ့ ကမ္ဘာ.စီးပွားရေး အက်ကွဲသံ... အကုန်လုံးက ရင်တမမနဲ့.. စိုးရိမ်ပူပန်ရင်း တစ်ယောက်ကို တစ်ယောက် လက်တွေ ကမ်းလိုက် လက်တွေ မြှောက်လိုက်နဲ့ ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်ရောက်မလာအောင် အစွမ်းကုန် ကြိုးစားနေကြတာတွေ မြင်နေ.. ကြားနေ ရပါတယ်။ ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ၀ယ်ဖတ်ဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းမ်း ဂျာနယ်မှာလည်း မျက်နှာဖုံးဆောင်းပါး အဖြစ် အကျယ်တ၀င့် ဖော်ပြပေးလို့ ဖတ်ခဲ့ရပါတယ်။ စိတ်ဝင်စားစရာ ဆောင်းပါးပါပဲ.. ပါဝင်ဆွေးနွေးတဲ့ သူတွေကတော့ စီးပွားရေးတက္ကသိုလ်က ပါမောက္ခ အငြိမ်းစား ဆရာမကြီး ဒေါ်လှမြင့်၊ UMFCCI ဘဏ္ဍာရေးမှူး ဦးမြတ်သင်းအောင်၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးဝင့်ကျော်၊ ဦးဟန်ထွန်း (အခွန်) နဲ့ လုပ်ငန်းရှင်တချို့ ပါ ပါပါတယ်။ အမေရိကန်နိုင်ငံရေးရဲ. စီးပွားရေးဂယက်ဟာ အာရှ စီးပွားရေး ထိပ်သီးတွေ ဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း နှင့် အိန္ဒိယနိုင်ငံများကို ကူးစက်ရိုက်ခတ်လျှက် ရှိပြီး မြန်မာနိုင်ငံကိုတော့ ရိုက်ခတ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ့အတွက်တော့ အထူး စိုးရိမ်ရဖို့ မရ

Create your Avatar with Face Your Manga!

ပြီးခဲ့တဲ့ တနင်္ဂနွေက ကျမ သွားရင်းလာရင်းနဲ့ လင့်ခ်လေး တစ်ခုတွေ့တာနဲ့ ၀င်ကလိကြည့်ဖြစ်ပါတယ်။ တကယ်တမ်းက သမီးငယ် ကစားနေကျ dress-up game လိုပါပဲ.. အခုဟာကတောင်မှ လုပ်နိုင်တာတွေ နည်းနေပါသေးတယ်..   ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ အနည်းစပ်ဆုံးတူမယ် ထင်တဲ့ မျက်နှာပေါက်ကို ရွေးပြီး .. ဟိုရွေး သည်ထည့်နဲ့ ကိုယ့်စိတ်ကြိုက်တွေ ထည့်ပြီးတော့ ... ( တကယ်တမ်းကျတော့ ကိုယ်နဲ့ တူတာထက် လှမယ်ထင်တာလေး ရွေးတာပေါ့..ငှဲငှဲ..) အပြီးသတ်မှာ မျက်မှန်လေး တပ်လိုက်ဦးမယ်.. ရွေးစရာကလည်း သိပ်မရှိတော့လေတော့ သူပေးတဲ့ အထဲကပဲ ရှိတာတပ်လိုက်တော့တယ်.. အပြီးသတ်ထွက်လာတဲ့ပုံက..  မေ၀င်းမောင် ငယ်ငယ်တုန်းက ပုံလိုလို.. ဘာလိုလိုနဲ့ဆိုတော့ သဘောတွေကျလို့ gtalk မှာ တင်ထားလိုက်ရော..    ခဏနေတော့ သမီးငယ်နဲ့ သားငယ်က တက်လာ ကြည့်.. သားငယ်ကတော့ အမေလုပ်သမျှ အကုန် မြှောက်နေတဲ့ သားဆိုတော့.. ဟာ.. မေမေ့ပုံ က သိပ်မိုက်တာပဲ.. သမီးကတော့ အမေ့ကို ကြည့်လိုက်.. ပုံကို ကြည့်လိုက် .. ဟင်.. မေမေနဲ့ တူလည်း တူဘူး. အပြင်က မေမေက ပုံထဲကလို လှ မှ မလှတာ...တဲ့.... အေး. မလှရင်လည်း လာမကြည့်နဲ့ ..သွား.. ဆိုပြီး ရန်ဖြစ်လွှတ်လိုက်တယ်.. ကိုယ့်အလှည့်ပြီးတော့... သူ့အလှည့်ပေါ့... မျက

Cute love poem without "love"

Myspace Graphics - At Myspacejunks.com

ရှင်သန် ရပ်တည်ဖို့အတွက်....

မနေ့ညက အိမ်အောက်ထပ်ဆင်းတော့ Hamster တွေ အိမ်ထဲကနေ အသံလေးတွေ ထွက်လာလို့ ငုံ့ကြည့်လိုက်တော့.. လက်သန်းလောက်ရှိတဲ့  အမွေးအမျှင်မဲ့ သတ္တ၀ါလေးတွေ.. ညိုတိုတို လှုပ်စိလှုပ်စိလေးနဲ့ သုံး လေးကောင်လောက်တွေ့လိုက်ပါတယ်။ ခုထက်ထိတောင် အကြီးနှစ်ကောင်ကို ဘယ်သူ အထီး အမမှန်းမသိတော့ ဘယ်ကောင်က မွေးတာမှန်းလည်း မသိ၊ ဗိုက်ဖောင်းတာလည်း မတွေ့ရပဲနဲ့... အော်.. ဒီသတ္တ၀ါလေးတွေကျတော့ ဖြစ်တာ ပျက်တာ မြန်ုလိုက်တာနော်.. အဲဒါနဲ့ သူတို့လေးတွေကို ထိုင်ကြည့်နေဖြစ်ပါတယ်..။ နောက်နှစ်ပတ်လောက်ကြာရင် ဘယ်နှစ်ကောင်လောက် ရှင်သန်ကျန်ရစ်မှာတဲ့လဲ.. တွေးမိရင်းပေါ့...။ မနက် မိုးလင်းတော့ သူများတကာ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ  ကျောင်းတက်နေရတဲ့ သားငယ်ကို ကျောင်းသွားဖို့ ပြင်ဆင်ပေးရပါတယ်။ အိမ်မှာ လူစောင့်မရှိလို့ ကျောင်းပိတ်တဲ့ သားကြီးနဲ့ သမီးငယ်ကိုပါ တခါတည်း ပြင်ဆင်ပြီး ရုံးခေါ်သွား..... ထုံးစံအတိုင်း ဗြုတ်စဗြင်းတောင်းနဲ့ ထွက်သွားကြတာ.. ကျောင်းနားရောက်လို့ ဆင်းဖို့ပြင်ဆင်တော့မှ သားငယ်က သူ့ကျောပိုးအိတ်ကို သတိရတယ်.. ဟာ.. ကျန်ခဲ့ပြီ။ ကဲ.. မထူးတော့ပါဘူး.. လူစုံတုန်း Oriental House မှာ dim sum လေး ၀င်စားကြပေါ့..။ အရင်ကလို ၀င်ပေါက်ကနေ စီစဉ်ပေးတ

သီတင်းကျွတ် အမှတ်တရများ...

သီတင်းကျွတ်ပြီ.......။ ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ရင် မီးထွန်းဖို့.. မီးရှုးမီးပန်းလွှတ်ဖို့ပဲ သိခဲ့တာပေါ့။ မှတ်မှတ်ရရ တစ်ခုသော သီတင်းကျွတ်မှာ အိမ်နားက ဘုန်းကြီးကျောင်းကို ညနေ တရားနာဖို့ မိသားစုတွေ သွားကြပါတယ်။ ညဘက် မှောင်ကြီးထဲမှာ နတ်သားတွေက မီးပုံးလေးတွေ ကိုင်ပြီး ထွက်လာတော့ တအံ့တသြနဲ့.. နတ်သားတွေကို မျက်ဝါးထင်ထင် မြင်ရလို့လေ..။ အဟုတ်ကြီး အောက်မေ့နေခဲ့တာပေါ့။ နောက် ကျမတို့ ငယ်ငယ်က နယ်တွေမှာ သီတင်းကျွတ်ရတာဆိုတော့ နယ်ဓလေ့လေးတွေလည်း ကြုံခဲ့ရဖူးတယ်။ ညဖက်ဆို သူများတွေအိမ်တွေ လမ်းတွေမှာ မီးပုံးမျိုးစုံကို စိတ်ဝင်တစား လိုက်ကြည့်ရတာကိုက သီတင်းကျွတ်ပွဲတော်ရဲ့ ပျော်ရွှင်မှု အရသာတမျိုးပေါ့။ မိဘတွေနဲ့ လိုက်ပြီး လူကြီးမိဘတွေကို လိုက်ကန်တော့တော့ လျှောက်လည်ရတာကိုး။ သဘောကျတာပေါ့။ ပြန်ရတဲ့ မုန့်ဘိုးကလေးတွေကိုလည်း သဘောကျမှာပေါ့လေ။ လွိုင်ကော်လို နယ်မြို့လေး ရောက်ပြန်တော့လည်း ကျမတို့ ဖေဖေက လူကြီးပေါ့..။ ဒီတော့ သူတို့ကို လာကန်တော့ကြတာကလည်း သူတို့ နယ်ဓလေ့လေးတွေကလည်း ချစ်စရာလေးတွေ..။ နောက်ပိုင်း ဖေဖေတို့ အသက်ပိုကြီးလာတော့ (အဲ.. ရာထူးပိုကြီးလာတော့)..ကန်တော့တဲ့ ပစ္စည်းတွေလည်း ပိုတန်ဖိုးရှိကောင်း ရှိလာပေမယ်

မီးပုံးလေးတွေ ဖြူပြာဝါနီ - မောင်ခင်မင် (ဓနုဖြူ)

Perfect Magazine မှာ ဆရာမောင်ခင်မင်(ဓနုဖြူ) ရေးထားတဲ့ ဒီဆောင်းပါးလေးကို သီတင်းကျွတ် လပြည်နေ့- အဘိဓမ္မာအခါတော်နေ့ အတွက် ကျမသဘောကျလို့ တင်ထားပါရစေ..။ ဒီကယူထားတာပါ မီးပုံးလေးတွေ ဖြူပြာဝါနီ

ရယ်စရာကာတွန်းလေးများ။

ကလေးတွေနဲ့ အတူကြည့်ရင်း သူတို့ သဘောကျတဲ့ ရယ်စရာကာတွန်းလေးတွေပါ။ အောက်က ပုံကိုတော့ ရေခဲမုန့် သိပ်ကြိုက်တဲ့ သားသား မီးမီးတို့ တ၀ါးဝါးနဲ့ ရယ်နေကြပါတယ်။ .. Animated Graphics : Forward This Picture ဒီပုံကိုတော့ တနလာင်္ဆို အသားကုန်ပြေးလွှားနေကြရတဲ့ ကျမတို့ တမိသားစုလုံးနဲ့ သက်ဆိုင်ပါတယ်.. Funny Glitters : Forward This Picture အခုပုံလေးကတော့ မေးတာတခြား ဖြေတာတလွဲ ဖြေတတ်တဲ့ ကျမရဲ. ချစ်သော တလွဲတချော်သားကြီး မောင်မိုးဟန်ရဲ့ အဖြေလွှာပါပဲ... : P Funny Pictures : Forward This Picture

အားနည်းနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါ...။

Miss You : Forward This Picture ခက်တော့တာပါပဲလေ....   ကျမလည်း သူဘေးမှာ မရှိရင် ကောင်းကောင်းတောင် မရပ်တည်နိုင်တော့ဘူး ထင်ရဲ.။ အရင်တုန်းက တစ်ယောက်တည်းနေ တစ်ယောက်တည်းသွားခဲ့တဲ့ ဘ၀လေးကို ပြန်လွမ်းမိသေးရဲ.။ အခုတော့လည်း အရင်တုန်းက ကျမကို ကျမတောင် ပြန်မမှတ်မိချင်တော့သလိုလို..။ သူ ဘေးနားမှာ ရှိနေခဲ့ရင်၊ ဒါမှမဟုတ် ကိုယ့်ဆက်သွယ်မှု ဧရိယာအတွင်းမှာ ရှိနေခဲ့ရင် ..ကျမအတွက် ဘာမှပူပင်နေစရာ မလို။ ကျမအတွက် ခက်ခဲနေတာ အကုန်လုံး သူက ဖြေရှင်းပေးခဲ့တာချည်းပါပဲ။ တခါတလေတော့လည်း အားတောင်နာလာတယ်။ ကိုယ့်အား ကိုယ်ကိုးတဲ့ အကျင့်တွေတောင် ပျက်လို့။ ပျင်းနေတာ.. အပျင်းကြီးပြီး အပါးခိုနေခဲ့တာ ကြာတော့ ကျမ ပျက်စီးနေပြီ ကိုငယ်ရေ..။ ဒါမှမဟုတ်လည်း ကျမ ခံနိုင်ရည်အားတွေ ကျဆင်းလာခဲ့နေပြီ ထင်တယ်နော်...။ ယောကျာင်္းတစ်ယောက်ကို ချစ်တာ သက်သက်နဲ့ ချစ်သူဖြစ်လာခဲ့တဲ့ ကျမ. (အဲဒီလိုပြောရင် သူ ဘယ်တော့မှ မကြိုက်တတ်...).. လူတစ်ယောက်ကို မှီခိုအားထားဖို့ စိတ်မကူးခဲ့ဖူးတဲ့ ကျမ....။ နွယ် ဆိုတဲ့ နံမယ်ကို ပျော့လို့ တွယ်တတ်တဲ့ သဘောမို့လို့ မကြိုက်ခဲ့တဲ့ ကျမ... အခုတော့လည်း နွယ်ပီပီ တွယ်ကပ်နေရတော့တာကတော့ အရင်က ကျမ မဟုတ်ခဲ့တဲ့အတိုင်း။  သူကတော

ကျမ ဘလော့ဂ်သူ...။

အင်း.. ကျမလည်း ဘလော့ဂ်လောကထဲ ရောက်လာတာ ဘာလိုလို ညာလိုလိုနဲ့ ဘလော့ဂ်သူ လုံးလုံးလေးတောင် ဖြစ်တော့မယ်။ (ကွန်ပျူတာရှေ့အထိုင်များပြီး ၀ိတ်တက်လာလို့).....။ ပြောရရင်တော့ ကျမ ဘလော့ဂ်လုပ်ဖြစ်တာ မင်းသား ဒွေးနဲ့လည်း ဆိုင်တယ်ပြောရမှာပဲ။ (.???)...အရင်တုန်းကတော့ အင်တာနက်သုံးနေပေမယ့် ကြည့်ဖြစ်တဲ့ မြန်မာစာမျက်နှာတွေက ခပ်နည်းနည်းရယ်။ ဧရာဝတီတို့၊ ခေတ်ပြိုင်တို့.. ဒီလောက်ပဲ ကြည့်ဖြစ်ခဲ့တာကိုး။ မြန်မာဘလော့ဂ်တွေ အဲဒီလောက်များနေမှန်း အဲဒီမတိုင်ခင်က တကယ့်ကို မသိခဲ့ပါဘူး။ အဲဒီနေ့မနက်က အပြင်ထွက်တံခါးပိတ်တော့ ဖေဖေက အပေါ်ဖက် ၀ရန်တာကနေ လှမ်းပြောတယ်။ ဒွေး ဆုံးသွားပြီနော်... တဲ့။ ကျမ အံ့သြသွားတယ်။ ထပ်မေးမိလိုက်တယ်.. မင်းသားဒွေး လားဆိုတော့.. ။ ဖေဖေက ကျမကို လှမ်းစ တယ်။ ညည်းတို့ အင်တာနက်က ငါ့ VOA လောက်တောင် မမြန်ပါလားတဲ့။ သူက သတင်းအရင်သိရတယ် ဆိုပြီး သဘောတွေကျနေလို့ပေါ့..။  ကျွတ်... ငါတော့ ဒီတခါတော့ နောက်ကောက်ကျသွားရပြီဆိုပြီး ကွန်ပျူတာ မြန်မြန်ဖွင့် အင်တာနက်ဆက်.. အဲဒီတုန်းက ကွန်နက်ရှင်က ကွန်ပလိန်းလုပ်ထားကာစမို့ ထင်တယ်။ ထပ်ကနဲ တန်းဆက်သွားတာပဲ။ ဒါနဲ့ ဂူးဂဲလ် ကနေ ရှာလိုက်တာ ထွက်လာတယ်..။ ဘလော့ဂ်တွေအများကြီးမှာမှ..။

ကြားရသမျှ သတင်းအပိုင်းအစ....။

ဟိုတနေ့က သတင်းစာထဲမှာ ကွန်ပျူတာ မဟာသိပ္ပံကျောင်းသူလေး တစ်ယောက် ဆုံးသွားတာ ဖတ်လိုက်ရပါတယ်။ အဲဒီလို ပညာတတ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာ သတင်းစာထဲမှာ ဖတ်ရရင် စိတ်မကောင်းပါဘူး။ ကျမတို့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်လည်း ကျောင်းပြီးလို့ ဘွဲ့ရကာစ မှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အချိန်မရွေး သေဆုံးနိုင်တယ်ဆိုတာ တရားသဘောအရသာ သိနေပေမယ့် အသက်ကြီးလို့ မီးစာကုန် ဆီခမ်းလို့ ဆုံးပါးသွားတာမျိုးဆို ဖြေသာပါသေးတယ်။ အင်း.. တရားတကယ်မသိဘူး ပြောရင်လည်း ခံရမှာပါပဲ။  အဲဒီကောင်မလေးက နွမ်းပါးရှာပါတယ်။ သူ့ကျောင်းစားရိတ်ကို ကလေးတွေအိမ် ကျူရှင်လိုက်ပြရင်း ဖြည့်ဆည်းရတာပါ။ မိဘတွေကိုလည်း သိတတ်လိမ္မာစွာ ရှာဖွေကျွေးမွေးနေတာပါ။ ဖြစ်ချင်တော့ သူ.ကျူရှင်တပည့်လေးအိမ်က မြို.ထဲက ကွန်ဒိုတစ်ခုမှာ.. ညနေလေးနာရီလောက်အချိန်။ များသောအားဖြင့်တော့ ကွန်ဒိုတွေမှာ လုံခြုံရေးဝန်ထမ်းတွေ ရှိတတ်ပါတယ်။ အဲဒီကွန်ဒိုအကြောင်းတော့ ကျမ မသိပါဘူး။ အဲဒါနဲ့ ကောင်မလေးက ဓာတ်လှေကားက အထွက်၊ ကော်ရစ်ဒါအချိုးလေးနားမှာ လူတစ်ယောက်က သူ့ပိုက်ဆံအိတ်ကို ဆွဲလုပြေးပါသတဲ့။ သူကလည်း လွှတ်မပေးပဲ အတင်းဆွဲသွားတော့ ဓားနဲ့ ထိုးသွားတာလို့ ပြောပါတယ်။ ရင်နာစရာကောင်းတာက သူ့ရ

သားငယ်တို. ကျောင်းပျော်ပွဲရွှင်ပွဲသို့...။

ဒီနေ့ နေ့လည်မှာတော့ ဆိုရှယ်မမတို့.. အဲလေ.. မဟုတ်သေးပါဘူး.. ဆူညံပူညံမိသားစုတို့ တတွေ.. သားငယ်ရဲ့ကျောင်းက fun fair ရှိရာကို ချီတက်သွားကြပါတယ်။ သမီးငယ်တို့ကျောင်းက Banyan Tree Library မှာ စာဖတ်ပွဲက နေ့လည် ၁၁-နာရီကနေ မွန်းလွဲ တစ်နာရီအထိ ကျင်းပမယ် ပြောလို့ သမီးငယ်က လိုင်ဘရေရီမှာ စာသွားဖတ်ဖို့ ပူဆာခဲ့ပါတယ်။ သားငယ်ရဲ့ ကျောင်းကတော့ စောစီးစွာ သိထားပြီးသားဖြစ်လို့ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ ကို အစီအစဉ်ဆွဲပြီးသား ဖြစ်နေပါတယ်။ ဒီတော့ သမီးငယ်ကို ချော့မော့ပြီး နောက်တစ်ခါမှ လိုက်ပို့ပေးမယ်လို့ ပြောထားခဲ့ရတာပေါ့။ သူတို့တွေ အဖေကလည်း မနက်ပိုင်း အလုပ်တွေရှုပ်နေလို့ ရောက်လာတော့ မွန်းလွဲ နှစ်နာရီနီးပါး။ ကျမကလည်း ကလေးတွေ စားသောက်ဖို့ စီစဉ်အပြီး ပြုတ်လိုက် ပြတ်လိုက် ဖြစ်နေတဲ့ အင်တာနက်နဲ့ နပမ်းလုံးပြီး ပို့စ်တွေ တင်ဖို့ ကြိုးစားနေလေတော့ အဆင်သင့်မဖြစ်သေး။ သူပြန်လာတော့မှ  ကမန်းကတန်း ရေမိုးချိုးပြီး အပြေးအလွှားသွားရပါတယ်... ရောက်တော့ သုံးနာရီကျော်နေပြီ။ ကျောင်းထဲကို အ၀င် entrance ticket ဖြတ်အပြီး သီချင်းသံတွေ စ ကြားနေရပါပြီ။ ကလေးကျောင်းဆိုတော့ ကလေးတွေ အကြိုက် အဆိုတော်တွေ များမယ် ထင်ပါရဲ.။ ကျမတို့ရောက်တော့ သမ

ကျမ မမြင်ချင်တော့သော အပိုင်း (၃)

ကျမချစ်တဲ့ မြန်မာပြည်မှာ နေတာ စိတ်ညစ်ဖို့ ကောင်းတယ် ဆိုတာ ဒါမျိုးတွေကြောင့်ပေါ့။ ခုလေးပဲ.. အိမ်ရှင်တို့ ဆိုပြီး ခြံတံခါးကို ၀ုန်းဒိုင်း လာကျဲသွားတယ်။ လူတွေကလည်း ရပ်ကွက်လူကြီးလိုလို..၊ အာဏာပိုင်တွေကလိုလို၊ အလိမ်ခံ အညာခံရတာတွေ များလာတော့ အိမ်လာအလှူခံတဲ့ လူတွေဆိုရင် အထဲကနေသာ ချောင်းကြည့်ပြီး အသာငြိမ်နေဖြစ်တာ များတယ်။ ကလေးတွေကတော့ လူလာရင် အပြင်ပြေးထွက်တတ်လို့ သူတို့ကို အမြဲ တားနေရတယ်။ ဘုမသိ ဘမသိ ပြောချင်တာတွေ စွတ်ပြောလိုက်မှာစိုးလို့...။  ခုလာတာက လျှပ်စစ်ရုံးကလို့တော့ ပြောတယ်။ ဘာယူနီဖောင်းမှ ၀တ်မလာဘူး။ အိမ်မှာ တပ်ထားတဲ့ မီတာ နှစ်လုံးမှာ တစ်လုံးကတော့ အဖုံးပါတယ်..။ တစ်လုံးကတော့ အဖုံးမပါလို့ လာစစ်ရင် ပြဿနာတက်မယ် ဘာညာပြောတော့ အိမ်ကို ရောက်နေတဲ့ အစ်ကိုက လာပြောတယ်။ သူတို့ကို တပ်ခိုင်းရင် ငါးထောင်ပဲ ပေး။ ခုချက်ချင်း လာတပ်ပေးမယ်တဲ့။ အစ်ကိုဆိုတာကလည်း မလည်မ၀ယ်ရယ်..။ ကျမက ငွေငါးထောင်ကို နှမြောတာမဟုတ်ပေမယ့် အဲဒီလို လုပ်စားတာမျိုးကိုဆို စိတ်ထဲ သိပ်မကျေလည်ဘူး။ ဒါက ကျမရဲ့ သံသယ ပြဿနာ။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားတာမျိုးလည်း မဟုတ်။ ယူနီဖောင်းလည်း မပါ၊ ခြိမ်းခြောက်ပြီး တောင်းဆို အေးဒမြ တိုက်နေတာတွေကိ

မြို.ထဲသိုတစ်ခေါက်....

အခုတလော စာရေးရတာ အဆင်မပြေပါဘူး။ ရေးလက်စတန်းလန်း စက်က ရပ်သွားတာတို့၊ ultrasurf connection failed ဖြစ်သွားတာ မသိလို့ publish လုပ်လိုက်မိကာမှ ရေးသမျှအားလုံး ပျောက်သွားပါလေရော.. ဒီကြားထဲ ခိုးရေးတာမျိုး မဟုတ်ပေမယ့် ကိုယ့်ကို မကြည်အကဲနဲ. ချက်နေတဲ့ ကျမရဲ. ဒါရိုက်တာကိုလည်း အရိပ်အကဲ ကြည့်နေရပါသေးတယ်။ ဘာမှတော့ မပြောပါဘူး။ သက်ပြင်းတွေ ချမယ်၊ ခေါင်းတွေ ကုတ်မယ်။ အနားမှာ ဟိုလျှောက်သည်လျှောက်လုပ်မယ်...။ ဟိုဟာလုပ်ပါလား... သည်ဟာလုပ်ပါလား လာပြောမယ်။ ကြာတော့လည်း အာရုံတွေ နောက်လာကာ ဘယ်တွေရောက်လို့ ဘာတွေ ရေးရမယ်မှန်းမသိတော့။    ဒီနေ့တော့ ကိစ္စလေးတစ်ခုရှိတာနဲ့ မြို့ထဲ ဆင်းဖြစ်ပါတယ်။ နေ့လည်စာကို မြို.ထဲမှာပဲ စားမယ်ဆိုပြီး နဲနဲ သန့်သန့်ရှင်းရှင်း ရှိမယ့် ဆိုင်လိုက်ရှာကြရပါတယ်။ အရင်ကလို လမ်းဘေးဆိုင်ထိုင်စားရတာ ကို စိတ်ထဲ သိပ်မသန့်ချင်တော့....။ အဲဒါနဲ့ အတွေးက တဆက်တည်း ကျောင်းတုန်းက လမ်းဘေးမှာထိုင် ၀က်သားတုတ်ထိုး စားလိုက်၊ လမ်းဘေးအထမ်းသည်အသုပ်ဆိုလည်း ထိုင်စားတတ်တဲ့ ကျမတို့၊ နေ့ကျောင်းသူ သူငယ်ချင်းတစ်ယောက်ရဲ. ချစ်သောကိုကိုက လမ်းဘေးစာ ဘယ်တော့မှ မစားဘူးလို့ သူမပြန်ပြောပြတော့ တအံ့တသြ ဖြစ်တာနဲ့အတူ ကြီးကျယ်လိုက်တာ