ခုတလော .... ရေးစရာအကြောင်းအရာ သိပ်မရှိတာလား၊ ရင်ဖွင့်ချင်လောက်အောင် ရင်ထဲ သိပ်ပြီး မွန်းကျပ်မနေလို့လားတော့ မသိ၊ ကျမ ဘလော့ဂ်မှာ ပို့စ်အသစ်တွေ မတင်ဖြစ်သေးပါဘူး။ အော်... တင်ချင်တဲ့ ၀တ္ထုတိုလေး တပုဒ်ကျတော့လည်း scribd ကို upload လုပ်လို့မရပြန်၊ ဘာမှမခံပဲ ဒီအတိုင်း သွားပြန်တော့လည်း access denied ...။ ကွန်နက်ရှင်ကလည်း နှေးလွန်းတဲ့ အပြင် ပေါ်လိုက်ပျောက်လိုက်နဲ့ ဆိုတော့ တခါတလေ သူငယ်ချင်းတွေတောင် အားနာမိသေး။ သူတို့က hi လုပ်ရုံရှိသေး။ ကိုယ်က ပျောက်သွားပြန်တော့ သူ့ hi ကိုပဲ ကိုယ်က ဖြည့်စွက်ပြီး hide လုပ်လိုက်သလိုလို...။ တကယ်တမ်းကျတော့ ကျမက ကိုယ်ကြုံတွေ့သမျှကို ဘလော့ဂ်ပေါ်တင်ချင်တဲ့ ဘလော့ဂ်ရောဂါသည် အနုစား ဆိုပါတော့။ အပြင်ထွက်တိုင်းလည်း ကိုယ့် လက်ကိုင်ဖုန်း ကင်မရာလေးကို အဆင်သင့်လုပ်ထားလို့....။ ဒါပေမယ့် ဟိုတနေ့က ကလေးကျောင်းအမှီ ပို့ပါတယ်ဆိုကာမှ လှည်းတန်းမှာ တော်တော်နဲ့ မီးပွိုင့်က မစိမ်း။ လုံထိန်းကားတွေက အများကြီး တရွှီးရွှီးနဲ့ ဖြတ်နေတာ.. အင်းစိန်လမ်းကို အသွားအပြန် နှစ်ဘက်စလုံးပဲ။ ဘာတွေများဖြစ်နေတာပါလိမ့်လို့ လူတွေကလည်း ထူးမခြားနား ဝေတေတေ မျက်လုံးတွေနဲ့ လိုက်ကြည့်နေကြတယ်။ နောက်တော့ ကားေ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!