ဒီနေ့ သီတင်းကျွတ်လဆန်း ရှစ်ရက်၊ ဥပုသ်နေ့အတွက်... ဆရာကြီး ဦးရွှေအောင် ရဲ့ ကုသိုလ်နဲ့ အကုသိုလ် စာအုပ်ထဲက မာတိကမာတာ(၂)ေ ဆာင်းပါးထဲမှ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဆိုင်ရာ မှတ်သားစရာတချို့ကို ကောက်နှုတ် ဖော်ပြပေးပါရစေရှင်... ဒီက ပုံလေးယူထားတာပါ.. ဗုဒ္ဓဘာသာဝင်တော်တော်များများကတော့ မာတိက မာတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်..။ မာတိက ရွာစားရဲ့ မိခင်၊ ရဟန်း ၆၀ ကို ၀ါဆိုကျောင်းကပ်လှူပြီး ဆွမ်းလုပ်ကျွေးပြုစုရင်း ရဟန်းတော်တွေ ကျင့်ကြံအားထုတ်နေတဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို တဆင့် နာယူအားထုတ်ရာမှ အနာဂမ်မိမဂ် ကို ပဋိသမ္ဘိဒါ လေးပါး၊ အဘိညာဉ် ၆ ပါးတို့နဲ့ တကွ ရရှိခဲ့သူပါ။ ရဟန်း ၆၀ စလုံး ပ ဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်အောင် ရဟန်းတော်များ အစာအာဟာရအနေဖြင့် သပ္ပာယဖြစ်အောင် လျောက်ပတ်သော ဆွမ်းဘောဇဉ်များ စီစဉ်ပြုစုပေးခဲ့သူလို့ သာသနာတော် မှတ်တမ်းမှာ မှတ်တမ်းတင်ခံထားခဲ့ရသူပါ။ အဲဒီမာတိက မာတာရဲ့ ဂုဏ်သတင်းကို ကြားလို့ ရဟန္တာ (၆၀)တို့ နည်းတူ မာတိကမာတာကို အမှီပြုပြီး ရဟန္တာဖြစ်အောင် တရားအားထုတ်ချင်တဲ့ ပုထုဇဉ် ရဟန်းတစ်ပါးက မြတ်စွာဘုရားထံ လျှောက်ထားခဲ့ပါတ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!