ဒီနေ့ နေ့လည် ကျမတို့ ထမင်းဆိုင်မှာ နေ့လည်စာ သွားစားခဲ့ကြပါတယ်...။ သားငယ်ကို ကြိုပြီးမှ စားရတာမို့လို့ ကလေးအငယ် နှစ်ယောက် ကျမတို့နဲ့ အတူ ရှိနေခဲ့ပါတယ်။ သမီးငယ်ကတော့ ကားပေါ်မှာကထဲက အိပ်ပျော်နေလို့ ထမင်းဆိုင်ရောက်တော့ ဘေးမှာ ချပြီး သူ့အဖေပေါင်ပေါ်ခေါင်းအုံး အိပ်နေပါတယ်။ သားငယ်ကတော့ ထမင်းစားပြီးသားမို့ ထမင်းမစားတော့ဘဲ အအေးသောက်မယ်လို့ ပူဆာပါတယ်။ ဒါနဲ့ မကျည်းကျောက်ကျောယ်တိုက်... ခဏနေတော့ .. သူ့မျက်နှာ ပုံစံ ကြည့်ရတာ မအီမလည်နဲ့မို့.. သားငယ်... အီးအီးပါချင်တာလား... ဆိုတော့ ခေါင်းညိတ်ပြပါတယ်...။ ဒါနဲ့ ဆိုင်က ရေအိမ်က ခပ်သန့်သန့်ဆိုတော့ ကျမပဲ သူ့ လိုက်တည်ပေးရပါတယ်။ အထဲရောက်တော့ သူက အမေပျင်းမှာ စိုးလို့လားမသိ...။ စကားတွေ လျှောက်များနေပါတယ်။ ကျမလည်း ကြာတော့ သိပ်စိတ်မရှည်တာနဲ့ .. မြန်မြန်လုပ် သားငယ်ရယ်... စကားတွေ သိပ်မများနေနဲ့ ... လို့ ဆိုတော့ ငြိမ်သွားပါတယ်... ။ သူ့စကားသံတိတ်သွားတော့ ရေအိမ် အပြင်ဘက်မှာ ဆိုင်က ကလေးတွေ။ စားပွဲထိုးတွေ ထင်ပါရဲ.။ စကားပြောနေတဲ့ အသံတွေ ကြားနေရပြန်ပါတယ်။ မသဲမကွဲပေမယ့် အာဇာနည်ဆိုတာ.... အာဇာနည်.... အာဇာနည်ဆိုတာ ဆိုတဲ့ စကားလုံး ထပ်ခါတလဲလဲ ကြားနေတော့ ... ကျမ စိတ်ဝင်စား...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!