Skip to main content

Posts

Showing posts from August, 2008

သည်တနင်္ဂနွေမှာ.....

တနေ့ တနေ့ မနက်မိုးလင်းတာနဲ့ထွက်၊  ည မိုးချုပ်မှ အိမ်ပြန်ရောက်လို့ သည်တပတ်တနင်္ဂနွေမှာတော့ အိမ်မှာပဲနေဖို့ စဉ်းစားထားပါတယ်။ မနေလို့လည်း မရပါဘူး။ သည်တနလာင်္မှာ သားကြီးလပတ်စာမေးပွဲ ဖြေရမှာလေ။ သူ့ကို စာကျက်ဖြစ်အောင် သူ့ရှေ့ ငုတ်တုတ်ထိုင်ရပါဦးမယ်။ ဒီနေ့မနက်စောစောနိုးနေတော့ မီးပူတွေတိုက်ရင် ကောင်းမလား၊ အင်း... မီးပူတိုက်ရင်း ကြည့်နေကျ ကိုးရီးယား ဇာတ်လမ်းတွဲတွေလည်း ကုန်ပြီ။ ဒီလိုနဲ့ ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်ရင်း ကွန်ပျူတာလေး မသိမသာ ဖွင့်ပြီး သတင်းတွေ ကြည့်၊ မေးလ်လေးစစ်။ ဟော.. ဆယ်နာရီ ထိုးတော့မယ်။ နေ့လည်စာ.. ဘာလုပ်ရင်ကောင်းမလဲ။ ကိုယ်ဘာစားချင်လဲ အရင်စဉ်းစားကြည့်တော့....ဘာမှ စားချင်စိတ်မရှိ...။ ဥပုသ်နေ့ညနေပိုင်းတွေမျိုးဆို ဟိုဟာလေး စားချင်လိုက်၊  သည်ဟာလေး အာရုံထဲရောက်လာလိုက် ဖြစ်တဲ့ စိတ်က ဘယ်ရောက်နေပါလိမ့်...၊ ဟင်..ကိုယ်မစားချင်ပေမယ့် အချိန်တန်ရင် ဗိုက်ဆာမယ့်သူတွေ ရှိသေးတယ်လေ။ ခက်တာက မေမေကလည်း မရှိ၊ ခရီးထွက်သွားတာက ဟိုတနေ့ကမှ...။ အရင် ရုံးအားရက်တွေဆို ဟင်းချက်ဖို့ အပျင်းထူနေရင် အမေ့အိမ်သွားပြီး ဟင်းနှိုက်စားလိုက်တာပါပဲ။ အမေမို့လို့ တော်သေးတယ်နော်။ ဟဲဟဲ။ အား.. ဟုတ်သား....အမေဆိုမှ.. ဖေဖေ တစ်

နာလိုက်ရသော တရားတော်နှင့် ဆက်စပ်၍

ကျမတို့ နေတဲ့နေရာလေးက အေးချမ်းပါတယ်။ သစ်ပင်ရိပ်ကလေးတွေနဲ့ ငှက်ကလေးတွေနဲ့ဆိုတော့ တောရိပ်မကင်းတဲ့ ပတ်ဝန်းကျင်လေးပေါ့။ ကျမတို့နဲ့ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတွေ၊ ရိပ်သာတွေ ရှိပါတယ်။ အိမ်နားက ဘုန်းကြီးကျောင်းကတော့ မေမေသွားနေကျကျောင်းပေါ့။ ဥပုသ်နေ့ဆို အဲဒီကျောင်းကိုဆွမ်းချိုင့်ပို့ရင်း ဥပုသ်သီတင်းဆောက်တည်တတ်ပါတယ်။ ကျမတို့ကတော့ အိမ်မှာပဲစောင့်တဲ့ အိမ် ဥပုသ်ပေါ့။ ဒါပေမယ့် မနက် ၈နာရီခွဲလောက်ကနေ ဆရာတော် သီလမပေးခင် ၉နာရီခွဲလောက်အထိ တရားခွေကို လော်နဲ့ဖွင့်တတ်ပါတယ်။ ( အန်တီစုအိမ်ရှေ့ သွားအော်တဲ့ လော်မျိုးတော့ မဟုတ်ဘူးထင်ရဲ့.....:)   ဒီနေ့မနက်ကတော့ သီတဂူဆရာတော် ရှင်ဉာဏိဿရ ရဲ့တရားတော်ဖွင့်ပါတယ်။ ကျမလည်း ညက တော်တော်ညဥ့်နက်သွားတာရော..ကလေးတွေ ကျောင်းမရှိတဲ့ ဒီနေ့လိုမျိုးဆို နဲနဲပိုအိပ်တတ်တာကြောင့် ဆရာတော့်တရားသံကို အိပ်ချင်စိတ်နဲ့ပဲ ကြားနေရပါတယ်။ နောက်တော့ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့အကြောင်းရောက်တော့ နားစိုက်ထောင်ရတဲ့ အခြေအနေရောက်သွားရပါတော့တယ်။ ဘုရင်နဲ့ နန်းတွင်းက မိဘုရားတို့ ၀န်ကြီးတို့တွေ လှေပြိုင်မယ့်အကြောင်းလေ။ ဘုရင်ပြိုင်မယ့်လှေကို စီစဉ်ရတာက အမတ်ကြီးဦးပေါ်ဦး။ လှေပြိုင်မယ့်နေ့ကျတော့

မီးသုံးပါးလောင်နေတဲ့လောက နှင့်ပုထုဇဉ်မှန်သမျှမမှန်ကြလမ်းစဉ်

မနက်ဖြန် ဥပုသ်နေ့ဖြစ်လို့ ဓမ္မ ပို့စ်လေးကို တင်လိုက်ပါတယ်။ သာကေတ (၉) ရပ်ကွက်၊ မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒ န္တဘဒ္ဒိယ ရဲ့ အလွယ်ဆုံး ၀ိပဿနာ ဟောနည်းပြောနည်း ရှုမှတ်နည်း စာအုပ်ထဲကပါ။ တကယ်တော့ ဓမ္မစကားဆိုတာက အမြဲတမ်းကြားနေ၊ နာနေ၊ နှလုံးသွင်းနိုင်ရင် သွင်းနိုင်သလောက် အကျိုးရှိပါတယ်။ အထပ်ထပ်အခါခါ မေ့လျော့နေတတ်တဲ့ ကျမအဖို့တော့ ဒီပို့စ်လေးတင်ဖို့စိတ်ကူး၊ စီစဉ်၊ စာရိုက်နေတဲ့ အချိန်လေးအတွင်း၊ ပြန်ဖတ်ဖြစ်တဲ့ အချိန်လေးတွေတိုင်းမှာ အကျိုးရှိပါတယ်။ သူများတွေအတွက်လည်း ဓမ္မဒါနပါ။ burningwiththreefires - Upload a Document to Scribd Read this document on Scribd: burningwiththreefires

နှမြောလို့ယူလာခဲ့တဲ့ ကဗျာတစ်ပုဒ်

ကဗျာလေးကို ဖတ်ကြည့်ပြီးတော့ တအားသဘောကျသွားလို့ ယူပြီးတင်ထားတာပါ။ ကျမ ကွန်မက်ထဲမှာတော့ ရေးထားခဲ့ပါတယ်။ ဒီက ယူလာခဲ့တာပါ။ နှမြောလို့...   နှမြောတယ် … နှမြောတယ် … တိုင်းပြည် လူမျိုး နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့ အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။ နှမြောတယ် … ပြည်သူရဲ့ သွေးချွေးမျက်ရည် တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက် ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့ အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။ နှမြောတယ် … အဆင့်မြင့်ပညာရပ်တွေကို အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ အညွန့်တလူလူနဲ့ လူတော်တွေ … လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။ နှမြောတယ် … မတရားမှုတွေကို ထောက်ခံ အမှန်ကိုအမှား အမှားကိုအမှန် အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့  မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။ ဘုန်းမင်းဇွန်  

အောင်ဘာလေနှင့် ကျမ

မနေ့နေ့လည်က ရုံးက အော်ပရေတာကောင်မလေးက ကျမကို ဖုန်းလွှဲပေးလာပါတယ်။ ဘယ်သူလဲ လို့မေးတော့ မြို့ထဲက ကျမ မသိတဲ့ နံမယ်တစ်ခု...။ ဒါနဲ့ ကျမလည်း ဟိုတလောက နာဂစ်ကာတွန်းပြပွဲက ၀ယ်ထားခဲ့ပြီး သွားမယူရသေးတဲ့ ကာတွန်းကားနဲ့များ သက်ဆိုင်နေမလားဆိုပြီး ကိုင်လိုက်ပါတယ်။ “ဒေါ် xxx.. ပါလားခင်ဗျာ...” “ဟုတ်ကဲ့ ... ပြောနေပါတယ်ရှင်..အမိန့်ရှိပါ..” “ကျနော်...(. နံမယ်ကြီးထီဆိုင်တစ်ခု ) ကပါ။ အဲဒါ ဒေါ် xxx .... ကံစမ်းမဲ ပေါက်လို့ အကြောင်းကြားတာပါ...” သဘောပေါက်လိုက်ပါတယ်...။ ဒါမျိုး နှစ်ခါ သုံးခါလောက်ထိထားပြီးပြီဆိုတော့... အရင်အခါတွေတုန်းကလို ကျမ အားနာပါးနာ နားမထောင်ပေးတော့ပါဘူး။ ကျမ ရယ်ချင်သံနဲ့ ပြန်ပြောလိုက်မိပါတယ်။ “မှားနေပြီ ထင်တယ်ရှင့်။ ကျမ ထီမထိုးထားပါဘူး။” . ... ဆိုတော့ သူခဏငြိမ်ပြီး “အဲဒီလိုဆို ကျနော် ပြန်စစ်ကြည့်လိုက်ပါဦးမယ်” ဆိုပြီး ဖုန်းချသွားပါတယ်။ အမျိုးသားကတော့ အဲသလို ကျမ တုံးတိတိ စကားဖြတ်လိုက်တာကို သိပ်သဘောမတွေ့ဘူးနဲ့တူတယ်။ ဘယ်လောက်ဖိုး ကံစမ်းမဲ ပေါက်သလဲဆိုတာတော့ မေးလိုက်ဖို့ ကောင်းတာပေါ့လို့ ပြောနေပါသေးတယ်။ ဘယ်လိုလုပ်မလဲ... ကျမ အဲဒီလောက်တော့ လောဘမကြီးတတ်သေးပါဘူး။ မထိ

သူတို့လေးတွေရဲ. အတွေးစကားလေးများ။

အခု ကျမ သားငယ်နဲ့ သမီး နှစ်ယောက်စလုံးက လေးနှစ်ကျော်၊ ငါးနှစ်ကျော် အရွယ်တွေရောက်ကုန်ပြီဆိုတော့ စကားတွေ လည်လည်ပတ်ပတ် ပြောတတ်နေပါပြီ။ ကျမသားကြီးငယ်ငယ်တုန်းကလည်း စကားတအားများပါတယ်။ ကြာသပတေးသားဖြစ်ပြီး စကားများလွန်းလို့ သောကြာနဲ့နီးသွားလို့ဖြစ်မယ်လို့ ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူ့ကိုဆို ကျမတို့ သွားနေကျဆိုင်က ကောင်မလေးတွေက ဖိုးသောကြာလို့ ခေါ်ပါတယ်။ ကျမက နဂိုထဲကိုက စကားသိပ်များများပြောလေ့မရှိသူမို့ သိပ်လေပေါတဲ့ သူတွေနဲ့ဆို ကြာကြာနေရရင် နေလို့ထိုင်လို့ မကောင်းတော့ပါဘူး။ (အဟဲ.. စကားမများပေမယ့် စာရေးပြောတာတော့ သဘောကျသား။ ဒါကြောင့် ဖုန်းပြောလေ့ သိပ်မရှိပေမယ့် ချက်တင်ဆိုရင် သွက်လက်နေတတ်ပါတဲ့ ကျမ..) အခု သားငယ်နဲ့ သမီးတို့လည်း စကားများကြတာပါပဲ။ ဒါပေမယ့် သူတို့အချင်းချင်း အဖော်ဖြစ်နေတော့ ကျမကို တချိန်လုံးလာပြီး စကားများနေတာမျိုးတော့ သိပ်မရှိတော့ဘူးပေါ့။ သူတို့နှစ်ယောက်က မောင်နှမအနေနဲ့သာ မဟုတ်တော့ပဲ သူငယ်ချင်း အနေနဲ့ပါ ချစ်ကြ ခင်ကြပါတယ်။ တစ်နှစ်ကျော်ကျော်လေးသာ ခြားတာမို့ ပြောလို့ဆိုလို့ ရနေပါတယ်။ တခါတခါ သူတို့ အချင်းချင်း ပြောဆိုနေကြတာတွေကို ဘေးက တိတ်တိတ်နားထောင်ရင်း ခိုးရယ်ကြရပါတယ်။ မနေ့ညကလည်း မီးတွေမှ

ကလေးတွေ....ပုတ်သင်ညိုဖြစ်မှာစိုးတယ်

Weekly Eleven ဂျာနယ်ကို ဖတ်တိုင်း opinion က ဆောင်းပါးတွေ ဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေကို သဘောကျနှစ်ခြိုက်ပါတယ်။ ဒီတပတ် ဆောင်းပါးဖတ်လိုက်ရတော့ လည်း တော်တော် သဘောကျသွားရပါတယ်။ ကျမလည်း ငယ်ငယ်ထဲက အစာမကျေခဲ့တဲ့ ပဲပြားပင်လိုကျင့်ဖို့ ပြောလေ့ရှိတဲ့ ဆုံးမစကားကို ဆရာကြီးက ပြောထားတာပါ။ ဆရာ့လိုတော့ မတွေးမိပေမယ့် အလိုက်အထိုက် မနေတတ၊် ရေလိုက်ငါးလိုက် မပြောတတ်တဲ့ ကျမအတွက်တော့ အဲဒီ့စကားက ခက်ခဲနေခဲ့တာကိုး။ ဖတ်ကြည့်ကြပါဦး။ ကျမတို့ ကလေးတွေ ပုတ်သင်ညိုတွေ ဖြစ်ကုန်ရင်တော့ဖြင့်...တိုင်းပြည်ရဲ့ အနာဂတ်....။ luhtuseinwin27808 - Upload a Document to Scribd Read this document on Scribd: luhtuseinwin27808

ဂျီတော့ခ်၊ကျမတို့နှင့် သူငယ်ချင်းများ

ဂျီတော့ခ်၊ကျမတို့နှင့် သူငယ်ချင်းများ ခုတလော မီးတွေကကောင်းနေတော့ ကွန်ပျူတာကို တချိန်လုံးဖွင့်ပြီး အွန်လိုင်းမှာ ရှိနေတတ်ပါတယ်။ အရင်ကတော့ မီးပျက်ရင် လိုင်းပေါ်က ပြုတ်ပြုတ်ကျတာနဲ့၊ ဘက်ထရီကုန်ခါနီးလို့ မြန်မြန်ပြေးဆင်းနေရတာနဲ့ဆိုတော့ လိုင်းပေါ်မှာ တချိန်လုံးရှိမနေနိုင်ပါဘူး။ ခု ရုံးရောက်ရင် ဖွင့်ထားတဲ့စက်.. ရုံးနဲ့ အိမ်နဲ့ အကူးအပြောင်းကြားကာလမှာပဲ သူတို့ခမျာ နားရရှာ။ ကွန်ပျူတာက သုံးလုံး လူက ၅ယောက်ဆိုတော့ သိပ်အဝေမတည့်ချင်။ ကျန်တဲ့နေရာမှာသာ တန်းတူ အခွင့်အရေး။ ကွန်ပျူတာကိုင်ရင်တော့ အားနည်းသူ ဖြစ်သွားတဲ့ မိန်းမသား ကျမတို့ နှစ်ယောက် က စက် -၂ လုံးကို ယူလိုက်ပါလေရော...။ ကျမကတော့ လူတွေနဲ့ မျက်နှာချင်းမဆိုင်ချင်သလောက် ကွန်ပျူတာနဲ့တော့ မျက်နှာကို မလွှဲနိုင်။ ကျန်တဲ့စက်တစ်လုံးက ကလေးနှစ်ယောက်နဲ့ အဖေ တလှည့်စီကိုင်ကြပါတယ်။ သားငယ်ကတော့ အဖေ့လက် ကွန်ပျူတာ ကီးဘုတ်က ခွာလိုက်တာနဲ့၊ ခဏတဖြုတ်ထ သွားလိုက်တာနဲ့ သူ နေရာလုပြီးသား။ တခါတလေ အဖေ က ရိုက်တဲ့စာတွေ ကို သူက back space နဲ့ပြန်ဖျက်၊ ဒါမှ မဟုတ် Enter key ကိုနှိပ်ပြီး နှောင့်ယှက်လိုက်နဲ့ပေါ့။ အဖေကလည်း အလုပ်လုပ်တဲ့အချိန်ကလွဲရင် စိတ်မဆိုးတတ်သူမို. နောက်ဆုံးမတော့ သ

ကျမ စိတ်ဓာတ်ကျ စိတ်ညစ်မိတဲ့အခါ..

ကျမ စိတ်ဓာတ်ကျ စိတ်ညစ်မိတဲ့အခါ... ကျမဘေးနားမှာ ရှိတဲ့လူတွေကို စကားပူတွေ အများကြီးပြောမယ်... ဒါမှ မဟုတ် အေးစက်စွာနဲ့ပဲ တလုံးမှ မပြောပဲ ဆိတ်ဆိတ်နေမယ်.... ။ တယောက်ထဲ နေခွင့်ရှိရင်တော့ ဆရာတော်ကြီးတွေရဲ. အဆုံးအမ စာတိုလေးတွေ၊ ဆရာဖေမြင့်တို့ရဲ့ ကြက်စွပ်ပြုတ်လေးတွေ မြည်းမယ်။ ရင်ထဲတခုခု ကျန်ရစ်ခဲ့မယ့် (လူတွေကို ချစ်တတ်ဖို့) ရသ ၀တ္တုတိုလေးတွေရင်လည်း ဖတ်မယ်။ (အရင်ကလို လုံးချင်းဝတ္ထုဖတ်ဖို့တော့ အချိန်မရှိ။) ပြီး တရားခွေတွေဖွင့်ပြီး တောင်လိုပုံနေတဲ့ အ၀တ်တွေကို တညလုံး မီးပူတိုက်ရင်တိုက်မယ်။ အ၀တ်တွေ တညလုံး လျှော်ချင် လျှော်နေမယ်.. (ညဖက်ကတော့ ကိုယ့်ကိုယ်ပိုင်အချိန်လေ) ....သီချင်းအေးအေးလေးတွေဖွင့်ပြီး စိတ်တွေ လွှင့်ထားလိုက်မယ်. ... အင်တာနက် ထဲက motivational poems တွေ အဆိုအမိန့်တွေ သွားဖတ်မယ် ၊ ရယ်စရာ ကာတွန်းတွေ ဟာသတွေ လိုက်ဖတ်မယ်... ။ နောက်ဆုံးတော့... အိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး ၀င်လေထွက်လေကို သိနေလိုက်ရင်း တဖြေးဖြေး ငြိမ်းချမ်းစွာ အိပ်ပျော်သွားတတ်ပါတယ်.... ။ လောကနိယာမအရဆိုရင်တော့ ဘယ်ဟာမှ မြဲတဲ့အရာမဟုတ်တာပဲ။ စိတ်ဆိုးတာ၊ စိတ်ဓာတ်ကျတာတွေကို ပိုဆိုးမသွားအောင် ထိန်းပြီး အာရုံကောင်းဘက်လွှဲတင်ပေးလိုက်နိုင်ရင်ေ

အလွဲများနှင့် ကျမတို့ဘဝ

ကျမ ဖေဖေ့ဆီက ဘိုကလေးသတင်းတွေ ကြားရပါတယ်။ သူတို့အဖွဲ့က လယ်သမားတွေကို ထွန်စက်တွေလှူကြတာနဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေပေါ့။ ထွန်စက်တွေ လှူပေးမယ့် သူတို့တွေ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ကြတော့ ရယ်စရာ ဟာသတွေ အနေနဲ့ ပြန်ပြောတာ ကြားရတာပါ။ စက်ကို တက်မောင်းတော့ ရှေ့မသွားပဲ နောက်ပြန်ဆုတ်သွားတာ၊ ထွန်စက်က တအားပြေးတော့ ထိန်းမရတာနဲ့ လူက ခုန်ချ ဆင်းရစ်ခဲ့ရတာ၊ တခါ ဘရိတ်အုပ်လိုက်လို့ အပေါ်ကနေ ဂျွမ်းပြန်ကျတာ.. အို.. စုံလို့ပါပဲ။ ရယ်လည်း ရယ်မိပါတယ်။ ပြီး ... ကျမ တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ဟာက ဟို ဟာသကား GOD MUST BE CRAZY ထဲကလို ဖြစ်နေပါပေါ့လား လို့ တွေးမိပြန်တော့ စိတ်မကောင်းဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျမ ပြည်ပကို ပထမဆုံးအကြိမ်အဖြစ် ရောက်ခဲ့ဖူးပါတယ်။ ကျမ အလုပ်လုပ်ခဲ့တဲ့ နေရာက မြို.တော်မဟုတ်ပါဘူး။ အလုပ်လုပ်ခဲ့တဲ့ စက်ရုံက လူတွေကလည်း သူတို.အပြောအရ တောသားတွေပါပဲ။ သူတို့ စက်ပစ္စည်းတွေ ကောင်းကောင်းနှိုက်တတ်တယ်။ မော်တော်ဆိုင်ကယ်ကိုယ်စီနီးပါးပိုင်ဆိုင်ပြီး သူတို့ စက်အကြောင်းသူတို့ ကောင်းကောင်းသိကြပါတယ်။ ကျမတို့ စက်ရုံက အနီးဆုံးမြို.နဲ့ကို နာရီဝက်လောက် ဝေးပါတယ်။ စက်ရုံကို ဈေးလာရောင်းတဲ့ အမျိုးသမီးတွေက pick-up

အလုပ်ခွင်မှ ဟာသကာတွန်းများ။

ကျမ Reader ကနေ မြင်လိုက်ရတဲ့ အလုပ်ခွင်က ဟာသ ပုံလေးတွေပါ။ သဘောကျလို့ တင်ထားလိုက်ပါတယ်။ အတူတူ ရီကြရတာပေါ့..။ အဲဒီ စာမျက်နှာကို သွားချင်ရင်တော့ ဒီကနေသွားပါ ။

သူငယ်ချင်းသို့ ပေးစာဟောင်းလေး တစ်စောင်။

လွန်ခဲ့တဲ့ ၁၈- နှစ်လောက်က သူငယ်ချင်းတစ်ယောက်စီ ရေးထားခဲ့တဲ့ စာလေးတစ်စောင်လေးပါ်၊ ဟိုတနေ့က ပစ္စည်းတွေ ရှင်းရင်း တွေ့လို့ ဘလောက်ဂ်ထဲ တင်ချင်တာနဲ့ တင်လို က်ပါတယ်။ အဲဒီစာအတိုင်းနီးပါးပဲ ပြန်တင်ထားတာပါ။ အဆောင်အကြောင်းရယ်၊ သူငယ်ချင်းတွေအကြောင်းရယ်၊ ပြီး အဲဒီအချိန်က စိတ်ခံစားမှုတချို့ရယ်ပေါ့။ alettertoafriend01 - Upload a Document to Scribd နောက်ဆက်တွဲ ဒီpost လေးလည်း တင်ပြီးရော... တချို.က စာရှည်လို. သူငယ်ချင်းဆီပို့တယ်ဆိုပြီး ဘယ်လိုလုပ် ကျမဆီမှာ ရှိနေတာလဲ မေးပါတယ်။ ဟုတ်တယ်။ အဲဒီကျောင်းပိတ်တဲ့ အချိန်ဆိုတော့ ကျမ သူငယ်ချင်းတွေဆီ စာတွေ အများကြီးရေးဖြစ်ပါတယ်။ ကျမကိုယ်တိုင်ကိုက စာရေးနေရရင် ပျော်နေလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီစာလေးလည်း ရေးပေမယ့် မထည့်ဖြစ်ခဲ.တာ ဖြစ်နိုင်သလို နောက်တစောင် အသစ်ထပ်တည့်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။ သူငယ်ချင်းတယောက်ကတော့ ကျမ လက်ရေးမပြောင်းဘူးဆိုတာကို မေးလ်နဲ. ပို.ပေးပါတယ်။ အခုလိုအချိန်မျိုးမှာ လက်ရေးနဲ.ရေးတဲ.စာတွေက ရှားသွားပါပြီ။ ခုနေများတော့ သူငယ်ချင်းတွေဆီစာပို့ရင် emailတွေကို CC ခံပို.ဖြစ်တော့မယ် ထင်ပါတယ်။ ကျမစာလေးကို သိမ်းထားတဲ.

မေတ္တာသာ အဓိကထားရင်.....

ွှ မေတ္တာသာ အဓိကထားရင်. အနှစ်ပါတာ သတိရများမယ် ကိုယ်ချစ်တဲ့သူကို သတိရတဲ့အခါ ပျော်ခဲ့ပါးခဲ့ ကြည်နူးခဲ့တာတွေကို သတိရမနေဘဲနဲ့ ပျော်ချင်ပါးချင် ကြည်နူးချင်တဲ့စိတ်ကလေးနဲ့ သတိရမနေဘဲနဲ့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ” လို့ မေတ္တာလေးပွားပြီး သတိရနေမယ်ဆိုရင် စိတ်အေးချမ်းသွားပါတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်ကြည်ညိုတဲ့သူကို ကိုယ်ချစ်ခဲ့၊ ကြည်ညိုခဲ့တာတွေ၊ ကိုယ်စောင့်ရှောက်ခဲ့၊ ကူညီခဲ့တာတွေ၊ ကိုယ်ပေးကမ်းခဲ့၊ လှူဒါန်းခဲ့တာတွေကို ပြန်သတိရရင် ဒါလည်းပဲ မေတ္တာနဲ့ သတိရတယ်လို့ ပြောလို့ရပါတယ်။ စာဂါနုဿတိနဲ့ သတိရတယ်လို့လည်း ပြောလို့ရပါတယ်။ ကိုယ်ချစ်တဲ့သူကို ကူညီစောင့်ရှောက်ခဲ့တာလေးတွေ၊ ပေးကမ်းလှူဒါန်းခဲ့တာလေးတွေကို ပြန်တွေးလိုက်တော့ စာဂါနုဿတိဘာဝနာတောင် ဖြစ်သွားပါသေးတယ်။ သတိရနည်းလေး ပြောပေးတာပါနော်။ (အရှင်ဆန္ဒာဓိက - စိတ်အားဖြည့် ဓမ္မနေခြည်မှ) ဒီနေ့ မေတ္တာအခါတော်နေ့တဲ့..။ ကျမကတော့ မေတ္တာတွေမပွားပဲ အမေတ္တာတွေသာ ပွားများနေလို့ ဆရာတော်ရဲ့ ဆိုဆုံးမ စကားလေးနဲ့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမနေရပါတယ်။

Pooh moehan to SUPER MOEHAN!

ံHAPPY BIRTHDAY MOE HAN!

HAPPY BIRTHDAY သားကြီးမိုးဟန်... သားကြီးရေ... မေမေ သားကို ပြောခဲ့တဲ့စကားတွေ များနေပြီ။ မေမေ့ဘလောက်ဂ်ကို သားလာလည်ရင်း ဒီပို.စ်ကို သားဖတ်မိခဲ့ရင် မေမေ သားကို ဘယ်လို လူသားမျိုး ဖြစ်စေချင်သလဲဆိုတာကို သိအောင် တိုတိုကလေးပဲ ပြောလိုက်တော့မယ်နော်။ တိုပေမယ့် အဖြစ်စေချင်ဆုံးတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံအားထုတ်နေထိုင်နိုင်ပါစေ.... သားကြီးကို ချစ်တဲ့ ဖေဖေနဲ့ မေမေ

အမေတစ်ယောက်ရဲ တပိုင်းတစ သံစဉ်...

လွန်ခဲ့တဲ့ ၁၁-နှစ် နံနက် ၅နာရီ ၁၀ မိနစ် တိတိမှာ ကျမ မိခင်ဘ၀ကို စတင်ခဲ့ရပါတယ်။ ပထမဦးဆုံးသားကြီးကို ဗဟန်းမြို့နယ်က UHC မှာ မွေးဖွားခဲ့ပါတယ်။ သားဦးလည်း ဖြစ်၊ အရင်ကတည်းက ကလေးတွေနဲ့ ပတ်သက်တဲ့ အကြားအမြင်ဗဟုသုတလည်း မရှိခဲ့သူမို့ မိဘများရှိတဲ့ ရန်ကုန်ပြန်ပြီး မီးဖွားဖို့ စီစဉ်ခဲ့ရပါတယ်။ ကျမ ကိုယ်ဝန် ၇-လ လောက်မှာ ခွင့်နဲ့ ပြန်လာပါတယ်။ ပထမဦးဆုံးကလေးဆိုတော့ ဗိုက်ထဲက ထွက်သွားရင် ပြီးပြီလို့ ထင်ထားခဲ့တာလေ။ စောင့်နေရတာကြာလို့ မြန်မြန်မွေးစေချင်ပြီလို့ ပြောတော့ အိုဂျီမမ က ရီတယ်။ ခုချိန်နားထားရမှာ။ မွေးပြီးပြီဆိုတာနဲ့ နားရတော့မှာ မဟုတ်ဘူးတဲ့။ အဲဒီတုန်းကတော့ ဘယ်နားလည်မလဲ...။ ဟုတ်ပါ့နော်..။ ခုချိန်ထိကို မနားရသေးတာ။ မွေးခါနီးတော့ အမျိုးသား ပြန်လာတယ်။ ကျမတို့လည်း ဆရာဝန်ချိန်းတဲ့အတိုင်း ညနေ ဆေးခန်းပြသလိုမျိုးပဲ သွားတာ။ ဟိုလည်း ရောက်ရော တခါတည်း တက်ရမယ်ဆိုတော့ ဘာမှ ပါမလာ။ ကျမတို့က နေရစ်ခဲ့ပြီး အိမ်ကလူတွေက ပစ္စည်းတွေ ပြန်သွားသယ်ကြပါတယ်။ သူတို့ကိုစောင့်ရင်း ညနေက တော်တော်စောင်းလာတော့ မဖြစ်သေးဘူးဆိုပြီး ညနေစာ စားဖို့ အပြင်ထွက်လာတာပေါ့လေ... လမ်းထိပ်က restaurant မှာ သွားစားမယ်စိတ်ကူးနဲ့။ နှစ်ယောက်သား အေးအေးဆေး

မျှဝေချင်တဲ့ နေရာလေးတစ်ခု။

ကျမ ဘာတွေလုပ်နေသလဲ.... မေးလာခဲ့ရင်...။ အခုတလော.. ကျမ သွားရင်းလာရင်းနဲ့ ရတနာသိုက်ကို ခလုတ်တိုက်မိပါတယ်။ ဟဲဟဲ.. လက်မတို့ပဲ မနေပါဘူး။ ဒါပေမယ့် ကျမ အတွက် ရတနာဖြစ်နေပေမယ့် တခြားလူအတွက် အမှိုက်ပုံ ဖြစ်ချင်ဖြစ်နေမှာပေါ့လေ...။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်တွေလည်း လျှောက်မလည်နိုင်၊ ကိုယ်တိုင်လည်း ဘာစာမှ မရေးဖြစ်၊ မဖတ်ဖြစ်ပဲ အဲဒီ website မှာပဲ တ၀ဲလည်လည် ဖြစ်နေရပါတယ်။ ကဲပါ... အပိုတွေ လျှောက်မပြောတော့ပါဘူး။ သိချင်ရင် သွားကြည့်လိုက်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။ တကယ်တမ်း ကျမတို့ အင်တာနက်ကွန်နက်ရှင်နဲ့ သုံးကြည့်ဖို့မလွယ်တော့ အလုပ်ဖြစ်မဖြစ် သေသေချာချာ မသိပါဘူး... ။ အဲဒီ site ကိုသွား။ register လုပ်ပြီး log in ၀င်လုပ်ရင် ရပါပြီ။ တစ်ခုရှိတာကတော့ စိတ်မသန့်ရင် မသုံးပါနဲ့။ အဆင်ပြေရင်တော့ ပြန်ပြောဦးနော်...။ အော်...မေ့လို့ ... ဒီမှာ ဒီမှာ

ကျမရဲ့ အလွဲလွဲများထဲမှ တစ်လွဲ။

ကျမက တော်တော်ကို အလွဲလွဲအချော်ချော် လုပ်တတ်တဲ့သူပါ..။ မယုံဘူးလား..။ မေးကြည့်ပါလား... ကျမအမျိုးသားကို။ သူပြန်မပြောပဲ အဆုံးမသတ်နိုင်အောင် ရယ်နေပါလိမ့်မယ်။ အဲ... ဘာအကြောင်းတွေလည်း ဆိုတာတော့ ပြန်ပြောလိမ့်မယ် မထင်ပါဘူး။ ဟဲဟဲ..။ မနေ့ကလည်း လက်ဖက်ရည်ဆိုင်မှာ ကျောင်းက သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ တစ်ယောက်နဲ့ ပြန်တွေ့ပါတယ်။ အမျိုးသားက မုန့်ဆင်းဝယ်တော့ ကျမက သမီးလေးနဲ့ ကားပေါ်မှာ သီချင်းနားထောင်ရင်း စောင့်နေတုန်းပေါ့။ အမျိုးသားက ဆိုင်ထဲမှာတွေ့လို့ ခေါ်လာတာလေ။ သူ့မျက်နှာကလည်း ပြုံးစေ့စေ့၊ အမျိုးသား မျက်နှာကလည်း ရယ်ချင်ချင်..။ ကျမကတော့ .... ဟိုတလောကမှ ပြန်ပြောခဲ့တဲ့ အကြောင်းမို့... မျက်နှာခပ်ပူပူ...။ XXXXXXXXXXXXXXX အဖြစ်က ဒီလို....။ ကျမငယ်ငယ်က ဖေဖေတာဝန်ကျတဲ့ နယ်မြို့တွေမှာ ကျောင်းတက်ခဲ့ရပါတယ်။ ကျမ တက္ကသိုလ် လာတက်တော့ ကျမအရင် နေခဲ့တဲ့ မြို့ တစ်မြို့က ကျောင်းနေဖက် အိမ်နီးနားချင်း သူငယ်ချင်းကောင်လေး တစ်ယောက်ပါ ကျမနဲ့ တက္ကသိုလ်အတူတူ ၀င်ခွင့်ရတယ်လို့ ကြားခဲ့ပါတယ်။ နှစ်တွေ အကြာကြီးကြာမှတော့ သူ့ကို ကျမနာမည်ပဲ မှတ်မိတော့တာပေါ့။ ကျောင်းရောက်တော့ တခါ ကျောင်းက Bookshop မှာ ထင်ပါရဲ့။ သူ့နံမယ်ကို သူ့သူငယ်ချင်းတွေ ခေါ်

တစ်ဆင့်တိုး ခဏခဏ မိုက်ရင်.....

၁၃၇၀-ခု- ၀ါခေါင်လဆန်း ၈-ရက် - ဥပုသ်နေ့- စနေနေ့။ ကလေးတွေကျောင်းပိတ်ရက်ဆိုတော့ ဥပုသ်နေ့ပေမယ့် အရင်နေ့တွေတုန်းကလို ကိုယ့်ဘာသာ နေလို့ မရပါဘူး။ အခု သူတို့လေးတွေ စာလုပ်ခိုင်းထားပြီး အရှင်ဆန္ဒာဓိကရဲ့ စိတ်အားဖြည့် ဓမ္မနေခြည် ထဲက စာစု တစ်စုကို တင်လိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဓမ္မစာစုလေးတွေ ... ဆိုတော့....ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ကျင့်ချင်တာ၊ ကိုယ့်မှာ လိုအပ်နေတာတွေပေါ့။ တစ်ဆင့်တိုး ခဏ ခဏမိုက်ရင် အကျင့်ဆိုး ဘ၀ ဘ၀ လိုက်မယ် * ရဟန္တာ မဖြစ်သေးသမျှ ကိလေသာ ရှိကြတာချည်းမို့ ပုထုဇဉ်ဘ၀မှာ ကိလေသာ အခြေခံတဲ့ အပြောအဆို၊ အပြုအမူတွေကို ပြောကြ၊ ပြုကြတာချည်းပါပဲ။ * ဒါပေမဲ့ ကိလေသာအစွန်းရောက်တဲ့ အပြောအဆို အမှားမျိုးတွေ၊ ကိလေသာ အစွန်းရောက်တဲ့ အပြုအမူမှားတွေကိုတော့ ထပ်တလဲလဲ မပြော၊ မပြုမိဖို့ အထူး သတိထားရပါမယ်။ * နို့မဟုတ်ရင် အထုံဝါသနာပါသွားပြီး ရဟန္တာဖြစ်တာတောင် ကြည်ညိုဖွယ်မဆောင်ဘဲ ဂုဏ်ရောင်မှေးမှိန်နေပါလိမ့်မယ်။ * သာမန်ပုထုဇဉ်ဘ၀မှာ အထုံဝါသနာဆိုးတွေ ထင်ရှားနရင်တော့ ဂုဏ်သိက္ခာ ကျဆင်းလိုက်မှာ မပြောပါနဲ့တော့။ (အရှင်ဆန္ဒာဓိက - စိတ်အားဖြည့် ဓမ္မနေခြည်)

၈၈ သို. တောင်းပန်ခြင်း။

8888>......>080808 ကျမ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အနှစ် နှစ်ဆယ်က ပန်းရိုးမ ဒိုင်ယာရီလေးကို ပြန်ဖွင့်ဖတ်မိတဲ့အခါ....လူရော စိတ်ပါ ဒိုင်ယာရီစာအုပ်လေးထက် ပိုနွမ်းသွားခဲ့ရပါတယ်။ ကြာခဲ့ပြီ..နော်..။ တကယ်တမ်း ကျမ ဒီနေ့မှာ အမှတ်တရ ပို့စ်လေးတင်မလို့ပါပဲ။ ဒါပေမယ့် ရေးလို့ကိုမရဘူး..။ အခုတလော... ကျမ အလကားနေရင်း မောပန်းလွယ်နေသလိုပါပဲ..။ အဲဒီ ဒိုင်ယာရီလေးပြန်ဖတ်ပြီး ရလာတဲ့ လတ်တလော ဝေဒနာ...။ ကျမနဲ့ နီးစပ်သူတွေနဲ့ စကားပြောရတာလည်း အဆင်မပြေ။ တွေ့သမျှ ရန်လိုနေတဲ့ ကျမ။ တက်ကြွမှု ကင်းမဲ့နေတဲ့ ၀တ္တရားဆန်တဲ့ လှုပ်ရှားမှုတွေ...။ အနှစ် နှစ်ဆယ်တွင်း ဘာမှ ဖြစ်မလာခဲ့တဲ့ ကျမတို့ တိုင်းပြည်အတွက်လား။ ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေ၊ ပေးဆပ်နေဆဲ လူတွေကို တာဝန်မဲ့စွာ မေ့လျော့နေတဲ့ သူတွေကြောင့်များလား။ အခုတလော ဘလောက်ဂ်တွေမှာ မြင်နေရတဲ့ စည်းလုံးညီညွတ်မှု မရှိတဲ့ သူတွေအတွက်လား။ ငါ မှ ငါ .. ငါ တကောကော ဖြစ်နေတဲ့ ဆရာကြီးသာ လုပ်ပြီး ဘာလုပ်ရမှန်း မသိတဲ့သူတွေ အတွက်လား။ေ၀၀ါးမှုန်ဝါးနေဆဲ ဖြစ်တဲ့ ကျမတို့ရဲ့ မသေချာ မရေရာတဲ့ အနာဂတ်အတွက်လား။ ပေးဆပ်တဲ့သူတွေက ပေးဆပ်ခဲ့၊ ပေးဆပ်နေဆဲ...ပဲ။ ထောင်ထဲမှာ အမှောင်ထဲမှာ..။ ကျမတို့တွေ တာဝန်ကျေခဲ့ကြရဲ့လား

ရွှေခဲ ပေးခဲ့တဲ့ သင်ခန်းစာ

ဟိုတနေ့က ရွှေခဲ လှောင်အိမ်တံခါးကို ဖွင့်ပြီး ပျံထွက်သွားပါပြီ..။ သူ့ကို ဖေဖေတို့ ခရီးထွက်ခဲ့တဲ့ နယ်မြို့ကလေးတမြို့က ခေါ်လာခဲ့တာပါ။ တောင်ပံတွေဖြတ်ထားလို့ ကောင်းကောင်း မပျံနိုင်ပါဘူး။ ရွှေခဲက လည်တယ်၊ စွာတယ်။ သူ နှုတ်သီးနဲ့ တွေ့ကရာ အကုန်လျှောက်ဆိတ်လို့ မေမေက ဆူပါတယ်။ သူ အမှိုက်တွေ လျှောက်ဖွလို့ ဖေဖေက သူ့ကို လှမ်းအော်နေသံတွေလည်း ကြားနေရတတ်ပါတယ်။ သူ့ကို လှောင်အိမ်က ထုတ်ပေးလိုက်ရင် အပ်ချုပ်စက် အောက်က အတန်းပေါ်တက်နေပါတယ်။ ပန်းသီး အူတိုင်ဆို သိပ်ကြိုက်ပါတယ်။ မေမေကလည်း ရွှေခဲ ကြိုက်တတ်တဲ့ ကီလို မာလကာသီးတွေ ဈေးက ၀ယ်လာပြီး ကျွေးရလေ့ရှိပါတယ်။ အဖိုးအဖွားတွေက မြေးတွေ လာလည်လို့ မုန့်ကျွေးဖို့ မုန့်ဗူး ဖွင့်သံကြားရင် ရောက်တဲ့ နေရာက အပြေးလာပါတယ်။ သူ့ဝေစု ပေးရပါတယ်။ ရောက်ကာစက နိုင်ငံခြားမုန့်တွေ စားရလို့ သဘောတွေ ကျနေပါတယ်။ နောက်ပိုင်း မုန့်တောင်မှ သကြားပါတဲ့မုန့် ခရင်မ်ပါတဲ့မုန့်မှ ရွေးစားပါတော့တယ်။ မုန့်ကို ခြေနဲ့ကိုင်ပြီး အဲဒီ ခရင်မ်တွေ သကြားတွေကို နှုတ်သီးနဲ့ ကော်ပြီးစားတတ်ပါတယ်။ သူ့ကို ဆူရင် တောက် ခေါက်ပါတယ်။ ကျမတို့ကလည်း အထိမခံ စွာလွန်းတဲ့သူကို မခံချင်အောင် စတတ်ပါတယ်။ ကျမ သားကြီးက အဖိုးအဖွားတွေနဲ့

မင့်အိမ်

ဆရာကြီးဇော်ဂျီရဲ့ ကဗျာလေးပါ။ ဟုတ်ပါတယ်။ သည်အိမ်က ကျမတို့ အိမ်ပါပဲ..။ ညည်းမနေပါနဲ့။ စွန့်မသွားနိုင်သေးတော့လည်း ပြင်ပြီး နေကြရုံပါပဲ။ ဘယ်လောက်စုတ်ပြတ်သတ်နေနေလေ... ဒါ ... ကျမတို့ အိမ်ကလေးပါပဲ။ မင့်အိမ် ဇော်ဂျီ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု မငြိမ်မသက်၊ စိတ်စက်မကောင်း စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည် နေထိကြွေမည့် ပန်းယဉ်အိ။ လှိုင်းအိအယောင် ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ စကြောသပ်ရပ်၊ စံပယ်ထပ်နှင့် ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ ဝေးက မျှော်မှန်း၊ မင်း ရော်ရမ်းသည် ပန်းအိ နေထိ ကြွေတော့မည့်။ မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့် မင့်အိမ် ရွှဲစို၊ အမိုးယိုသော် မငြိုငြင်သင့်ပါ၊ မင့် တက်ဖာပေါ့ အကာ အခင်း၊ ပျက်ယိုယွင်းသော် မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့ အခွင် အနဲ့၊ အရွဲ့အစောင်း မကောင်း မပြေ၊ ဟောင်းထွေထွေကို အခြေနှင့်မျှ၊ ဉာဏ်ဖြင့် ဆ၍ လုံ့လသက်သွင်း သစ်စေမင်း။ ။ လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၂၀ (၁၅၊ ၇၊ ၁၉၆၈)..

တစ်ညတာ သူငယ်ချင်းများနဲ့ အွန်လိုင်းစကားဝိုင်းလေး အမှတ်တရ။

ကျမ ဂျီတော့ခ်ထဲမှာ အဆောင်က သူငယ်ချင်းတွေ ညဘက်ဆို တန်းစီ မီးလင်းနေတတ်ကြပါတယ်။ တချို့ကလည်း မီးစိမ်းလေး၊ မီးနီတချို့ မီးဝါ တချို့လည်း တွေ့ရတတ်ပါတယ်။ ကျမကိုယ်တိုင်ကလည်း ညဖက် အိမ်မှာဆို အင်တာနက်ကို ထိုင်ကိုင်နေနိုင်တာမဟုတ်လို့ သူတို့တွေကို တွေ့ရင် အဆောင်တုန်းကလို စကားပြောချင်ရုံက လွဲလို့....။ မနေ့ညကတော့ ကျမ ဂျီမေးလ် စစ်ဖို့ တချက် ၀င်ကြည့်လိုက်တော့... သူတို့တွေ တန်းစီလို့။ စဉ်းစားမနေတော့၊ မေးမြန်းမနေတော့။ ကျမ group chat လုပ်ဖို့ google talkgadget ထဲ ၀င်လိုက်ပါတယ်။ အရင်က သူများဖိတ်လို့ လိုက်ဝင်ပြောတာပဲ ဆိုတော့ ဘယ်လို ဖိတ်ရမှန်းမသိပါဘူး။ A နဲ့ စတဲ့ သူငယ်ချင်းက ကွန်တက်စာရင်းထဲမှာ ထိပ်ဆုံးကမို့လို့ သူ့ကို အရင် ဖိတ်လိုက်ပါတယ်။ တကယ်တမ်းကျတော့ သူက သူ့ရဲ့ မဟာဘွဲ့အတွက် အမြဲတမ်း assignment တွေနဲ့ အလုပ်ရှုပ်နေတတ်သူ၊ ပြီး မိသားစုနဲ့ဆိုတော့ သူ့ကို အရင်ကလောက် မနှောင့်ယှက်ဖြစ်တာကြာနေပါပြီ။ အမြဲတမ်း မီးအနီလင်းထားပေမယ့် သူငယ်ချင်းဆိုတာကို အခွင့်ကောင်းယူပြီး မသိသားဆိုးဝါးစွာပဲ ကျမ ဖိတ်လိုက်မိပါတယ်။ နောက်တစ်ယောက်ကလည်း စားပွဲမှာ ရှိမနေပါဘူးဆိုပြီး အနီရောင် ပြထားပါတယ်။ နေဦး။ သူလည်း ပါမှ ပွဲစည်မှာလား။ မအားလို့မလ

မင်းလူ၏ အမှောင်ရဲသူများမှ အဆက်

အမှောင်ရဲသူများ (၂) သံသာရေ သံသရန္တာနံ သဗ္ဗဒုက္ခ ၀ိနာသနေ ဦးပြားနှင့် ဒေါ်သူတို့သည် ဗောဇ္ဈင်္ဂသုတ်ကို နံနက်တိုင်း ရွတ်ဆိုနေကျ ဖြစ်သည်။ နံနက် အုန်းမောင်းခေါက်သံ ကြားရပြီဆိုလျှင် အိပ်ရာမှ ထကြသည်။ တစ်ယောက်တစ်ခန်းစီ အိပ်ကြသဖြင့် ဦးအောင် နိုးသူက တစ်ဖက်ခန်းကို လှမ်းအော်၍ နှိုးသည်။ ပြီးတော့… ဘုရားစင်ဘက် မျက်နှာပြု လက်အုပ်ချီပြီး ပြိုင်တူ ရွတ်ဆိုကြတော့သည်။ အသက်တွေက ကိုးဆယ်နား ချဉ်းကပ်နေပြီ ဖြစ်သဖြင့် ရွတ်ဆိုနေရင်း လေဆက် ပြတ်ပြတ်သွားတတ်သည်။ ထိုအခါ တစ်ယောက်က စောင့်နေတတ်၏။ တစ်ခါတစ်ခါတော့ တစ်ယောက်ယောက် အသံရပ်သွားလျှင်… အဘိုးကြီး… ဘာဖြစ်လို့ ရပ်သွားပြန်တာတုန်း…. ကျုပ် မေ့သွားလို့ ဗျ… သံဝတ္တန္တိ အဘိညာထ လေ… အေး.. အေး…. ဟုတ်ပြီဟေ့… ရပြီ… ကိုင်း… ********************** နှစ်ဦးစလုံး အသက်ကိုးဆယ်နီးပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းကြတုန်း။ ဦးပြားသည် ခုထိ သူ့ဘာသာ ရေဆွဲ၍ ချိုးနိုင်တုန်း ဖြစ်၏။ ဒေါ်သူသည်လည်း ထမင်းနှစ်ပန်းကန်လောက်ကုန်အောင် စားနိုင်တုန်းပင်။ ဆံပင်တွေ အားလုံး ဖြူဖွေးနေကြသော်လည်း သွားတွေက ခိုင်ကြဆဲရှိ၏။ တစ်ခါတစ်ခါ သတိမေ့တတ်တာတော့ ရှိ၏။ ဦးပြားသည် ဘုရားရှိခိုးပြီးသည်နှင့် ခြံဝန်းထဲမှ တံမြက်စည်းလှည်းသည်