အား... ကျောင်းထဲ ရောက်တော့ လူတွေ စုံနေပါရော့လား.... ညောင်လေးပင်က သူငယ်ချင်းရယ်၊ သူ့ တွဲဖော်တွဲဖက် ပဲခူးသား သူငယ်ချင်းတယောက်ရယ်ကို လှမ်းတွေ့လိုက်တော့ သူတို့ နဘေး ကုပ်ချောင်းချောင်းနဲ့ ဝင်ထိုင်လိုက်တယ်...အင်းလေ... အခု ဘာလုပ်နေတာမှန်း မသိပေမယ့် စ တောင် စ နေပြီပဲ... ဒါကလည်း သူ့ရဲ့ ထုံးစံလိုဖြစ်နေလို့ မထူးဆန်းတော့ပါဘူး....စကားပြောနေတဲ့ ဆရာက ဒီဖက်ကို လှည့်တော့ ဆရာဦးကြည်ဖြစ်သွားတယ်.... ဟာ.... သူ့ကို တည့်တည့်ကြည့်ပြီး "ညည်း Roll No., ပြော... စာမေးပွဲ ဖြေမှာ မဟုတ်လား" တဲ့။ အမ်... သူလည်း အူကြောင်ကြောင်ဖြစ်ရင်းနဲ့ပဲ... " ကျောင်းတွေ ဘယ်တုန်းက ပြန်ဖွင့်သွားတာလဲ ဆရာ" " ဒီလောက် ဟိုးလေးတကျော်ဖြစ်နေတာ ညည်းက မသိဘူးလား" တဲ့။ ဒါနဲ့ မျက်နှာငယ်လေးနဲ့ "ဟုတ်...အဲဒါ သူများတွေ ကျောင်းတက်တာတော့ သိပါတယ်...အဲဒီထဲ ကျမတို့ မပါဘူး ထင်လို့ပါ ဆရာ.." လို့ လေပြေလေးထိုးရင်း... ငါက ကလေးတွေနဲ့ အတူတူ တက်ရမှာလားဆိုတာကြီးက စိတ်ထဲရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ခုချက်ချင်းစာမေးပွဲဖြေရမယ်ဆိုတာကို မသိပေမယ့် ရောက်လာတာ တော်သေးတယ်လို့ စိတ်ထဲ ပေါ့ပါးသွား။ ကဲ...ကြည့်...စာတွေ မပြောနဲ့ ကိုယ့် Rol...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!