Skip to main content

Posts

Showing posts with the label ဝေမျှခြင်း။

အချစ်နေ့အတွက် အမှတ်တရ။

Free Myspace Comments ဗယ်လင်တိုင်းဒေးကို မကြိုက်ဘူးပဲ ပြောပြော.. သူများယဉ်ကျေးမှုမို့ လက်မခံနိုင်ဘူးပဲဆိုဆို.. မြန်မာပြည်...အဲ.. ရန်ကုန်မှာတောင် တော်တော် အမြစ်တွယ် ပျံ့နှံ့နေပါပြီ...။ တကယ်တမ်းကျတော့ နံမယ်ဆိုတာ ပညတ်ချက်တွေပါပဲ။ အချစ်ဆိုတာ လူတိုင်း (မဟုတ်တောင် အများစု) ဖြတ်ကျော်ခဲ့ရမယ့် မှတ်တိုင်တခုလို့ ထင်ပါတယ်။ ချိုမြိန်တာလည်း ရှိ၊ ခါးသည်းတာလည်း ရှိ... ကိုယ့်ခံစားခဲ့ရတာပေါ် မူတည်လို့ အချစ်ကို ကင်ပွန်းတွေ တပ်ကြ.. အဓိပ္ပာယ်တွေ ဖွင့်ဆိုကြမယ်ဆိုရင်လည်း... ဒါလည်းပဲ သဘာဝကျတာပါပဲ...။ ကျမလည်း အချစ်နေ့ အမှတ်တရအဖြစ် ဖတ်မိတဲ့ထဲက နားလည် ခံစားမိသမျှ အချစ်နဲ့ ပတ်သက်တဲ့ အဆိုအမိန့်လေးတွေ   တချို့ကို တင်ပေးရင်း...... ကိုယ်ထင်တာ ကိုယ်ဝင်ပြော... ဆားချက်လိုက်ရပါတယ်။ Being deeply loved by someone gives you strength, while loving someone deeply gives you courage. (Lao Tzu) ဒါကတော့ သူချစ်က ကိုယ့်ကို အင်အားတွေ ရှိစေတယ်..ကိုယ်ချစ်ရင်တော့ သတ္တိတွေ ဖြစ်ပေါ်စေတယ်တဲ့။ ကိုယ့်ကိုချစ်တဲ့သူက ကိုယ့်ကိုအနစ်နာခံ ...ကိုယ်ကကျတော့  ကိုယ်ချစ်တဲ့သူတွက် ဘာမဆိုရင်ဆိုင်နိုင်တဲ့ သတ္တိတွေ ရှိနေပေါ့.. အင်း..တရားတေ...

Create your Avatar with Face Your Manga!

ပြီးခဲ့တဲ့ တနင်္ဂနွေက ကျမ သွားရင်းလာရင်းနဲ့ လင့်ခ်လေး တစ်ခုတွေ့တာနဲ့ ၀င်ကလိကြည့်ဖြစ်ပါတယ်။ တကယ်တမ်းက သမီးငယ် ကစားနေကျ dress-up game လိုပါပဲ.. အခုဟာကတောင်မှ လုပ်နိုင်တာတွေ နည်းနေပါသေးတယ်..   ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ အနည်းစပ်ဆုံးတူမယ် ထင်တဲ့ မျက်နှာပေါက်ကို ရွေးပြီး .. ဟိုရွေး သည်ထည့်နဲ့ ကိုယ့်စိတ်ကြိုက်တွေ ထည့်ပြီးတော့ ... ( တကယ်တမ်းကျတော့ ကိုယ်နဲ့ တူတာထက် လှမယ်ထင်တာလေး ရွေးတာပေါ့..ငှဲငှဲ..) အပြီးသတ်မှာ မျက်မှန်လေး တပ်လိုက်ဦးမယ်.. ရွေးစရာကလည်း သိပ်မရှိတော့လေတော့ သူပေးတဲ့ အထဲကပဲ ရှိတာတပ်လိုက်တော့တယ်.. အပြီးသတ်ထွက်လာတဲ့ပုံက..  မေ၀င်းမောင် ငယ်ငယ်တုန်းက ပုံလိုလို.. ဘာလိုလိုနဲ့ဆိုတော့ သဘောတွေကျလို့ gtalk မှာ တင်ထားလိုက်ရော..    ခဏနေတော့ သမီးငယ်နဲ့ သားငယ်က တက်လာ ကြည့်.. သားငယ်ကတော့ အမေလုပ်သမျှ အကုန် မြှောက်နေတဲ့ သားဆိုတော့.. ဟာ.. မေမေ့ပုံ က သိပ်မိုက်တာပဲ.. သမီးကတော့ အမေ့ကို ကြည့်လိုက်.. ပုံကို ကြည့်လိုက် .. ဟင်.. မေမေနဲ့ တူလည်း တူဘူး. အပြင်က မေမေက ပုံထဲကလို လှ မှ မလှတာ...တဲ့.... အေး. မလှရင်လည်း လာမကြည့်နဲ့ ..သွား.. ဆိုပြီး ရန်ဖြစ်လွှတ်လိုက်တယ်.. ကိုယ့်အလှည့်ပြီးတော့... သ...

ကြားရသမျှ သတင်းအပိုင်းအစ....။

ဟိုတနေ့က သတင်းစာထဲမှာ ကွန်ပျူတာ မဟာသိပ္ပံကျောင်းသူလေး တစ်ယောက် ဆုံးသွားတာ ဖတ်လိုက်ရပါတယ်။ အဲဒီလို ပညာတတ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာ သတင်းစာထဲမှာ ဖတ်ရရင် စိတ်မကောင်းပါဘူး။ ကျမတို့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်လည်း ကျောင်းပြီးလို့ ဘွဲ့ရကာစ မှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အချိန်မရွေး သေဆုံးနိုင်တယ်ဆိုတာ တရားသဘောအရသာ သိနေပေမယ့် အသက်ကြီးလို့ မီးစာကုန် ဆီခမ်းလို့ ဆုံးပါးသွားတာမျိုးဆို ဖြေသာပါသေးတယ်။ အင်း.. တရားတကယ်မသိဘူး ပြောရင်လည်း ခံရမှာပါပဲ။  အဲဒီကောင်မလေးက နွမ်းပါးရှာပါတယ်။ သူ့ကျောင်းစားရိတ်ကို ကလေးတွေအိမ် ကျူရှင်လိုက်ပြရင်း ဖြည့်ဆည်းရတာပါ။ မိဘတွေကိုလည်း သိတတ်လိမ္မာစွာ ရှာဖွေကျွေးမွေးနေတာပါ။ ဖြစ်ချင်တော့ သူ.ကျူရှင်တပည့်လေးအိမ်က မြို.ထဲက ကွန်ဒိုတစ်ခုမှာ.. ညနေလေးနာရီလောက်အချိန်။ များသောအားဖြင့်တော့ ကွန်ဒိုတွေမှာ လုံခြုံရေးဝန်ထမ်းတွေ ရှိတတ်ပါတယ်။ အဲဒီကွန်ဒိုအကြောင်းတော့ ကျမ မသိပါဘူး။ အဲဒါနဲ့ ကောင်မလေးက ဓာတ်လှေကားက အထွက်၊ ကော်ရစ်ဒါအချိုးလေးနားမှာ လူတစ်ယောက်က သူ့ပိုက်ဆံအိတ်ကို ဆွဲလုပြေးပါသတဲ့။ သူကလည်း လွှတ်မပေးပဲ အတင်းဆွဲသွားတော့ ဓားနဲ့ ထိုးသွားတာလို့ ပြောပါတယ်။ ရင်နာစရာကောင်းတာက ...

ငါအိုသွားသောအခါ....

ငါအိုသွားသောအခါ ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျံပေါ်စင်သွားတဲ့အခါ အင်္ကျံ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့။   >>  ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ >> ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ >> ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ >> ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့...

အလုပ်ခွင်မှ ဟာသကာတွန်းများ။

ကျမ Reader ကနေ မြင်လိုက်ရတဲ့ အလုပ်ခွင်က ဟာသ ပုံလေးတွေပါ။ သဘောကျလို့ တင်ထားလိုက်ပါတယ်။ အတူတူ ရီကြရတာပေါ့..။ အဲဒီ စာမျက်နှာကို သွားချင်ရင်တော့ ဒီကနေသွားပါ ။

မျှဝေချင်တဲ့ နေရာလေးတစ်ခု။

ကျမ ဘာတွေလုပ်နေသလဲ.... မေးလာခဲ့ရင်...။ အခုတလော.. ကျမ သွားရင်းလာရင်းနဲ့ ရတနာသိုက်ကို ခလုတ်တိုက်မိပါတယ်။ ဟဲဟဲ.. လက်မတို့ပဲ မနေပါဘူး။ ဒါပေမယ့် ကျမ အတွက် ရတနာဖြစ်နေပေမယ့် တခြားလူအတွက် အမှိုက်ပုံ ဖြစ်ချင်ဖြစ်နေမှာပေါ့လေ...။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်တွေလည်း လျှောက်မလည်နိုင်၊ ကိုယ်တိုင်လည်း ဘာစာမှ မရေးဖြစ်၊ မဖတ်ဖြစ်ပဲ အဲဒီ website မှာပဲ တ၀ဲလည်လည် ဖြစ်နေရပါတယ်။ ကဲပါ... အပိုတွေ လျှောက်မပြောတော့ပါဘူး။ သိချင်ရင် သွားကြည့်လိုက်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။ တကယ်တမ်း ကျမတို့ အင်တာနက်ကွန်နက်ရှင်နဲ့ သုံးကြည့်ဖို့မလွယ်တော့ အလုပ်ဖြစ်မဖြစ် သေသေချာချာ မသိပါဘူး... ။ အဲဒီ site ကိုသွား။ register လုပ်ပြီး log in ၀င်လုပ်ရင် ရပါပြီ။ တစ်ခုရှိတာကတော့ စိတ်မသန့်ရင် မသုံးပါနဲ့။ အဆင်ပြေရင်တော့ ပြန်ပြောဦးနော်...။ အော်...မေ့လို့ ... ဒီမှာ ဒီမှာ