Skip to main content

Posts

Showing posts with the label JUST FOR FUN

Create your Avatar with Face Your Manga!

ပြီးခဲ့တဲ့ တနင်္ဂနွေက ကျမ သွားရင်းလာရင်းနဲ့ လင့်ခ်လေး တစ်ခုတွေ့တာနဲ့ ၀င်ကလိကြည့်ဖြစ်ပါတယ်။ တကယ်တမ်းက သမီးငယ် ကစားနေကျ dress-up game လိုပါပဲ.. အခုဟာကတောင်မှ လုပ်နိုင်တာတွေ နည်းနေပါသေးတယ်..   ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ အနည်းစပ်ဆုံးတူမယ် ထင်တဲ့ မျက်နှာပေါက်ကို ရွေးပြီး .. ဟိုရွေး သည်ထည့်နဲ့ ကိုယ့်စိတ်ကြိုက်တွေ ထည့်ပြီးတော့ ... ( တကယ်တမ်းကျတော့ ကိုယ်နဲ့ တူတာထက် လှမယ်ထင်တာလေး ရွေးတာပေါ့..ငှဲငှဲ..) အပြီးသတ်မှာ မျက်မှန်လေး တပ်လိုက်ဦးမယ်.. ရွေးစရာကလည်း သိပ်မရှိတော့လေတော့ သူပေးတဲ့ အထဲကပဲ ရှိတာတပ်လိုက်တော့တယ်.. အပြီးသတ်ထွက်လာတဲ့ပုံက..  မေ၀င်းမောင် ငယ်ငယ်တုန်းက ပုံလိုလို.. ဘာလိုလိုနဲ့ဆိုတော့ သဘောတွေကျလို့ gtalk မှာ တင်ထားလိုက်ရော..    ခဏနေတော့ သမီးငယ်နဲ့ သားငယ်က တက်လာ ကြည့်.. သားငယ်ကတော့ အမေလုပ်သမျှ အကုန် မြှောက်နေတဲ့ သားဆိုတော့.. ဟာ.. မေမေ့ပုံ က သိပ်မိုက်တာပဲ.. သမီးကတော့ အမေ့ကို ကြည့်လိုက်.. ပုံကို ကြည့်လိုက် .. ဟင်.. မေမေနဲ့ တူလည်း တူဘူး. အပြင်က မေမေက ပုံထဲကလို လှ မှ မလှတာ...တဲ့.... အေး. မလှရင်လည်း လာမကြည့်နဲ့ ..သွား.. ဆိုပြီး ရန်ဖြစ်လွှတ်လိုက်တယ်.. ကိုယ့်အလှည့်ပြီးတော့... သ...

ရယ်စရာကာတွန်းလေးများ။

ကလေးတွေနဲ့ အတူကြည့်ရင်း သူတို့ သဘောကျတဲ့ ရယ်စရာကာတွန်းလေးတွေပါ။ အောက်က ပုံကိုတော့ ရေခဲမုန့် သိပ်ကြိုက်တဲ့ သားသား မီးမီးတို့ တ၀ါးဝါးနဲ့ ရယ်နေကြပါတယ်။ .. Animated Graphics : Forward This Picture ဒီပုံကိုတော့ တနလာင်္ဆို အသားကုန်ပြေးလွှားနေကြရတဲ့ ကျမတို့ တမိသားစုလုံးနဲ့ သက်ဆိုင်ပါတယ်.. Funny Glitters : Forward This Picture အခုပုံလေးကတော့ မေးတာတခြား ဖြေတာတလွဲ ဖြေတတ်တဲ့ ကျမရဲ. ချစ်သော တလွဲတချော်သားကြီး မောင်မိုးဟန်ရဲ့ အဖြေလွှာပါပဲ... : P Funny Pictures : Forward This Picture

BRAIN SCANNER တဲ့။

ဒီနေ. မယ်လိုဒီမောင်ရဲ. ငြိမ်းချမ်းသံစဉ်ကြားမှာ brain scanner လေးတွေ.လို. စမ်းကြည့်လိုက်တာ ကိုယ့်ဘရိန်းလေးကလဲ ချစ်စရာလေးထွက်လာတာနဲ. တင်လိုက်တာပါ။ သဘောကျတာက ကိုယ်လိုချင်တဲ့ ချစ်ခြင်းမေတ္တာရဲ. သင်္ကေတလေးတွေကို မြင်လိုက်ရတာကို။ ဟိုဘက်တခြမ်းက မျက်လုံးပြူးပြူးနဲ. ပါးစပ်ပိတ်ထားတာလား၊ ပါးစပ်တွေကပဲ ပြဲနေတာလားမသိတဲ့ အကောင်လေးတွေကလဲ ချစ်စရာ။ အဟဲ....။ ဒီလိုနဲ.တော့ ဘယ်ပြီးလိမ့်ဦးမလဲ။ သူရော ကိုယ်မသိအောင် ဘာတွေ ထည့်သိမ်းထားလိမ့်ဦးမလဲ သိချင်သေး။ ဟင်! တူတာလဲ တစ်ခုမှ မပါပါလား။ ကိုယ့်ဘာသာ အဓိပ္ပာယ်ကောက်ရရင်တော့။ အင်း။ ကိုယ် ချစ်ခြင်းတွေကို သူမမြင်ဘူးထင်ရဲ.။ မျက်မှန်အနက်ကြီးတပ်လို.။ အော်... သူက ကိုယ် မျက်လုံးပြူးပြီး ပါးစပ်ပိတ် တိတ်တိတ်နေရင်တော့ သဘောကျတယ်တဲ့လား။ လက်မ ထောင်နေတာလေ။ ကဲ ... ပြော။ ကိုယ်ထင်တာ မမှန်ဘူးလားလို.။ JUST FOR FUN!