Skip to main content

Posts

Showing posts with the label ပုံပြင်များ။
မြန်မာအမေများနေ. အမှတ်တရအဖြစ်- အမေ့ပြန်စာ မောင်ဘစိန် စတုတ္ထတန်း တက်ရတဲ့နှစ်မှာ ဖခင်ကြီး ကွယ်လွန်ရှာတယ်။ ဒီအခါ မိခင်မုဆိုးမကြီး ဒေါ်စောမြဟာ သားကလေးကို အတော်အားခဲပြီး ကျောင်းထားရတယ်။ သားရဲ. အဖေမရှိတော့တဲ့နောက် လက်ထဲမှာလည်း စုပြီးဆောင်းပြီး ဘာမှ မကျန်ရစ်တာနဲ. ခြစ်ခြစ်ခြုတ်ခြုတ် စားသောက်နေထိုင်ခဲ့တာ အခုဆိုရင် ပိုပြိး ကျပ်တည်းလာတယ်။ ယောကျာ်းရှိစဉ်က အိမ်မှာ ကူဖော်လောင်ဖက်အဖြစ် ခေါ်ထားတဲ့ ရွာက ဆွေနီးမျိုးစပ်တော်တဲ့ ကလေးမလေးကိုလည်း ရွာကို ပြန်လွှတ်လိုက်ရတယ်။ ဒါကလည်း ကလေးမလေးရဲ. မိဘတွေကို တစ်လ ၁၅-ကျပ် မထောက်ပံ့နိုင်တော့လို. ပြန်လွှတ်လိုက်ရတာပဲ။ ဒေါ်စောမြဟာ သားကလေးကို ပညာဆက်လက်သင်နိုင်အောင် ဟိုက ဒီက အမအစ ယူပြီး အိမ်ဆိုင်ကလေားဖွင့်တယ်။ ဒီတော့လည်း သားကိုပါ ခိုင်းနေရပြန်ရော။ မောင်ဘစိန်ဟာလည်း ကျောင်းပြန်လာရင် ရှေးကလို အဖော်အပေါင်းတွေနဲ. ကစားဖို. အချိန်မရတော့ဘူး။ သူဟာ ဆိုင်ကလေးရှေ့မှာ ဈေးထိုင်ရောင်းနေတယ်။ ကူဖော်လောင်ဖက် ကောင်မလေးမရှိတော့လို. ပန်းကန်ဆေးရတယ်၊ တံမြက်စည်းလှည်းရတယ်၊ အိုးတိုက်ရတယ်၊ တခြားတောက်တိုမယ်ရ အိမ်အလုပ်တွေလည်း လုပ်ရတယ်။ ဟိုသွားပါဦး ဒီလာပါဦးနဲ. ခဏခဏ အခိုင်းခံနေရတယ်။ ခုလိုလုပ်ရတာကို မေ...