(http://www.toonpool.com/user/611/files/crisis_inmobiliaria_177865.jpg) စက်တင်ဘာလလယ်လောက်က စပြီး ပိုပြီးကျယ်လောင်စွာ ကြားလာခဲ့ရတဲ့ ကမ္ဘာ.စီးပွားရေး အက်ကွဲသံ... အကုန်လုံးက ရင်တမမနဲ့.. စိုးရိမ်ပူပန်ရင်း တစ်ယောက်ကို တစ်ယောက် လက်တွေ ကမ်းလိုက် လက်တွေ မြှောက်လိုက်နဲ့ ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်ရောက်မလာအောင် အစွမ်းကုန် ကြိုးစားနေကြတာတွေ မြင်နေ.. ကြားနေ ရပါတယ်။ ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ၀ယ်ဖတ်ဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းမ်း ဂျာနယ်မှာလည်း မျက်နှာဖုံးဆောင်းပါး အဖြစ် အကျယ်တ၀င့် ဖော်ပြပေးလို့ ဖတ်ခဲ့ရပါတယ်။ စိတ်ဝင်စားစရာ ဆောင်းပါးပါပဲ.. ပါဝင်ဆွေးနွေးတဲ့ သူတွေကတော့ စီးပွားရေးတက္ကသိုလ်က ပါမောက္ခ အငြိမ်းစား ဆရာမကြီး ဒေါ်လှမြင့်၊ UMFCCI ဘဏ္ဍာရေးမှူး ဦးမြတ်သင်းအောင်၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးဝင့်ကျော်၊ ဦးဟန်ထွန်း (အခွန်) နဲ့ လုပ်ငန်းရှင်တချို့ ပါ ပါပါတယ်။ အမေရိကန်နိုင်ငံရေးရဲ. စီးပွားရေးဂယက်ဟာ အာရှ စီးပွားရေး ထိပ်သီးတွေ ဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း နှင့် အိန္ဒိယနိုင်ငံများကို ကူးစက်ရိုက်ခတ်လျှက် ရှိပြီး မြန်မာနိုင်ငံကိုတော့ ရိုက်ခတ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ့အတွက်တော့ အထူး စု...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!