Skip to main content

ဟောင်းနွမ်းစုတ်ပြတ်နေသော ငွေစက္ကူများနှင့် မြန်မာပြည်။

ဟိုတလောကပဲ စုတ်ပြတ်ညစ်ပတ်ဟောင်းနွမ်းနေတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး ကျမ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။ အဲဒီပိုက်ဆံအကြွေကိစ္စက ကျမတို. တိုင်းပြည်မှာ တော်တော်ဆိုးနေပါပြီ။ အကြွေဆိုလို. မြန်မာငွေကြေးစနစ်မှာ အသုံးပြုနေတဲ့ ကျပ်၊ပြား စနစ်က ပြား ယူနစ်လို. မထင်လိုက်ပါနဲ.။ ငါးကျပ်၊ တစ်ဆယ်ကျပ်တန် မှသည် တစ်ရာကျပ်တန်လောက်အထိကို ကျမတို.က အကြွေတွေလို. အလွယ်သုံးတတ်နေပါတယ်။ ကျမသားကြီး သချာင်္သင်ရိုးညွှန်းတန်းမှာ သင်ကြားရတဲ့ မြန်မာ့ငွေကြေးစနစ်ရဲ. ကျပ်ပြားကို နားလည်အောင် မနည်း သင်ပြပေးနေ၇ပါတယ်။ ပြားဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို ကျမတို.ငယ်ငယ်က စုထားတဲ့ စုဗူးထဲက အကြွေစေ့တွေကို ထုတ်ပြီး ကျပ်နဲ.ပြားဆက်သွယ်တာကို ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို. အပြင်မှာမှ မသုံးဖူးပဲ..။ ဘယ်လိုနားလည်နိုင်ပါ့မလဲ။ ကျမတို.ငယ်စဉ်က လူကြီးတွေ ပြောပြောနေတဲ့ တမူး၊ တပဲ နားမလည်သလိုပေါ့။ မုန်.ဘိုးပေးရင် အနည်းဆုံး နှစ်ရာတန်တစ်ရွက်ပေးရပါတယ်။ အောက်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ။ တစ်ရာတန်အထိက ညစ်ပတ်ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေများလို. နဲနဲလတ်တဲ့ နှစ်ရာတန်လောက်ကိုပဲ အောက်ထစ်ပေးကိုင်ဖြစ်ပါတယ်။ ကလေး အငယ်လေးတွေ ပိုက်ဆံကိုင်တာကိုပဲ အော့အော့တွေလို. အော်ဟစ်တားမြစ်နေရတာကတော့ သိပ်သဘာဝမကျပေမယ့် .... မြန်မာပြည်မှာတော့ အဲဒီအတိုင်းဖြစ်နေပါတယ်။ အဲဒီဟောင်းနွမ်းညစ်ပတ်နေတဲ့ ငွေစက္ကူတွေကို ကျမလည်း မကိုင်ချင်သလို ကျမအမျိုးသားဆို ကိုင်ကိုမကိုင်တော့တာပါ။ ကျမစိုးရိမ်တာတစ်ခုက ကျမတို. အဲဒီလိုပစ်ထားလိုက်တော့ ပိုက်ဆံရဲ.တန်ဘိုးကို ကလေးတွေ တန်ဖိုးမထားတတ်တော့မှာကိုပါ။ ကျမကတော့ ဈေးဝယ်တဲ့အခါ ပြန်အမ်းစရာမရှိရင် သကြားလုံးတို.၊ တစ်ရှုးတို.ပေးတာကို လက်မခံချင်တဲ့ အမျိုးသမီးဆိုတော့ အကြွေငွေစက္ကူတွေကို သီးခြားစာအိတ်နဲ.ထည့်ပြီးဆောင်ထားတတ်ပါတယ်။ အရင်ကတော့ ကိုယ့်လက်ထဲရောက်လာတဲ့ ညစ်ပတ်နေတဲ့ ငွေစက္ကူတွေကို ရေနဲနဲဆေးပြီး မီးပူပြန်တိုက်တတ်ပေမယ့် အခုကျတော့ေ၇စိုခံလို.ကိုမရတော့အောင် ဟောင်းနွမ်းကြေမွနေပါပြီ။ ကိုယ့်လက်ထဲရောက်မှ ဖာထေးရာနောက်တချက်တိုးသွားမှာစိုးလို. ဖွဖွလေးကိုင်တာပဲဖြစ်ဖြစ်၊ ညစ်ပတ်နေလို. မကိုင်ချင့်ကိုင်ချင် ရွရွလေးကိုင်တာပဲဖြစ်ဖြစ် သေချာတာကတော့ ကိုင်တဲ့သူတွေ စိတ်မချမ်းသာရတာပါပဲ။ လွှင့်ပစ်လို.လဲမရ၊ သုံးလို.လဲ အဆင်မပြေ၊ ပေးရင်လဲ လက်ခံရမဲ့သူက အင်တင်တင်၊ ပေးရတဲ့သူကလဲ မကောင်း။ ကျမတောင် တော်တော်လတ်တာတွေကိုပဲ သုံးပါတယ်။ စဉ်းစားကြည့်တယ်လေ။ တောင်းစားတဲ့သူတွေကိုလဲ ပေးလို.မကောင်း။ သူတို.ခမျာ ဒါလေးသုံးပြီး စားရမဲ့ကိစ္စ၊ စုတ်ပြတ်နေတဲ့သူရဲ. စုတ်ပြတ်နေတဲ့ ပိုက်ဆံဆို သူတို.အဆင်ပြေပါ့မလား။ ကဲ... ဘုရားအလှူခံပုံးထဲ သွားထည့်ဦးတော့။ သုံးမရတဲ့ အစုတ်အပြတ်တွေသွားထည့်လို. ကုသိုလ်တစ်ပဲ ငရဲ တပိဿာဖြစ်နေရော့မယ်။ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်မိရင်ပေါ့လေ။ အဲဒီတော့ မသုံးတော့ပဲ ချောင်ထိုးထားလိုက်မိတယ်ထား။ အဲဒီလို ငွေကြေးစီးဆင်းလည်ပတ်မှုမရှိတဲ့ ပိုက်ဆံတွေ.... ဘယ်လောက်ရှိနေပြီလဲ...။ ကိုယ့်တိုင်းပြည် ပြည်ထောင်စုဘဏ်ကထုတ်တဲ့ ငွေကြေး တွေကိုယ်တိုင်ကို အစိုးရဘဏ်တွေကိုယ်တိုင်ကိုက လက်မခံချင်။ စဉ်းစားကြည့်ရင်တော့ တစ်ခုခုတော့ လွဲနေသလိုပါပဲ။ ပညာရှင်မဟုတ်လေတော့ လွဲနေတာကိုပဲ ခံစားလို.ရပါတယ်။ ငွေကြေးဖောင်းပွတယ်ဆိုရင်တောင် ဂျပန်ခေတ်ကလို ထောင်မလဲ သဲကော် လိုလေး သုံးရ အကောင်းသားလို.။

အောက်က သတင်းကို ဒီမနက် weekly eleven မှာ ဖတ်လိုက်ရတော့ စိတ်နဲနဲ သက်သာသွားပါတယ်။ သူတို.ပြောသလို လဲပေးရင်လည်း လဲပေးပေါ့။ မလဲပေးပဲ ဘဏ်ကပြန်သိမ်းလိုက်ရင်တောင် တချက်လောက် အလေးပေးခံလိုက်ရတဲ့ ကျမတို.ရဲ. မြန်မာငွေကျပ်လေးတွေကိုယ်စား ကျမ ကျေးဇူးတင်ပါတယ်။ စုတ်ပြတ်နေတဲ့ ငွေစက္ကူလေးတွေတော့ ဘာပဲပြောပြော မျက်စေ့အောက်က ပျောက်၊ အသွင်ပြောင်းပြီး ငွေကြေးစီးဆင်းမှုထဲ ပြန်ပေါ်လာတော့မယ်လို. မျှော်လင့်ပါတယ်။ အင်း.....ကျမတို. မြန်မာပြည်သူပြည်သားတွေလည်း .........။

ဟောင်းနွမ်းစုတ်ပြတ်၍ ပြင်ပ၌ အသုံးမပြုနိုင်သော ငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် လုပ်ငန်းဌာနခွဲတွင် လဲလှယ်နိုင်


ဟောင်းနွမ်းစုတ်ပြတ်၍ ပြင်ပ၌ အသုံးမပြုနိုင်သော ငွေစက္ကူများကို ဗိုလ်ဆွန်ပက်လမ်း (အောက်ဘလောက်ရှိ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာနခွဲတွင် လဲလှယ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုဘဏ်တွင် ငွေစက္ကူအစုတ်အပြဲများ လဲလှယ်ပေးသော သီးခြားကောင်တာဖွင့်ထားပေးပြီး လာရောက်လဲလှယ်ပါက ချက်ချင်းလဲလှယ်ပေးနိုင်ရန် စီစဉ်ပေးထားသည်ဟုလည်း ကြေညာထားကြောင်း သိရသည်။

လဲလှယ်ပေးသော ငွေစက္ကူများမှ ငွေစက္ကူအင်္ဂါပြည့်စုံသော်လည်း သုံးစွဲရန် မသင့်သည့် ငွေစက္ကူများ၊ အပိုင်းပိုင်း စုတ်ပြဲနေသော်လည်း အင်္ဂလိပ်နှင့် မြန်မာအက္ခရာ၊ နံပါတ်စဉ် နှစ်ခုလုံး စုတ်ပြဲခြင်း၊ ဆက်စပ်ခြင်း မရှိဘဲ မူလအတိုင်းရှိနေသည့် ငွေစက္ကူများ၊ အင်္ဂလိပ်-မြန်မာအက္ခရာ နံပါတ် အစုံပါပြီး မျက်နှာပြင်ဧရိယာသုံးပုံ နှစ်ပုံထက် မငယ်သည့် ငွေစက္ကူများကို ချက်ချင်းလဲလှယ်ပေးမည် ဖြစ်သည်။

မီးလောင်၊ ခြကိုက်၊ ဆွေးမြေ့နေသည့် ငွေစက္ကူများကိုမူ စိစစ်ရေးအရာရှိက စစ်ဆေးလက်မှတ်ထိုးပြီးမှသာ လဲလှယ်ပေးမည် ဖြစ်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိသည့် ငွေစက္ကူများကိုမူ ပြန်လည်၍ ထုတ်ပေးတော့မည် မဟုတ်ဘဲ ဗဟိုဘဏ်မှ သိမ်းဆည်းထားလိုက်မည်ဟု ကြေညာထားသည်။

(Weekly ELEVEN NEWS

NO. 24, VOL-3, MARCH 26 WEDNESDAY 2008)

Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။