Skip to main content

Posts

Showing posts with the label မွေးနေ့မှတ်တိုင်များ၊

လေးဆယ်နှစ်လွန် အချိန်ကာလများအတွက်... ကျေးဇူးတင်ရှိခြင်း။

ဒီနေ့မှာကျမ အသက် လေးဆယ့်နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ လူ့လောကကြီးထဲမှာ နေထိုင်လာခဲ့တဲ့ ဒီကာလတွေမှာ ဆန့်ကျင်ဘက်အရာတွေနဲ့ ဒွန်တွဲပြီး ကျော်ဖြတ် ကုန်ဆုံးခဲ့ပေမယ့်....ကျေးဇူးတင်ရမယ့် အရာတွေက အများကြီးပါပဲလေ.. ဦးစွာ... ကျမရဲ့ ဖြစ်တည်မှုအတွက်... ကျွေးမွေးသုတ်သင် ပြုစုစောင့်ရှောက်ခဲ့ပြီး သားသမီးလိုအင်မှန်သမျှ ဟင့်အင်း လို့ မပြောခဲ့ပဲ အမြဲ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို အနှိုင်းမဲ့ ကျေးဇူးတင်ပါတယ်။ ပြီး.... မြန်မာပြည်မှာ လူဖြစ်လာခဲ့ရတဲ့ အတွက် ( ဘယ်လောက်ပဲ ပင်ပန်း ခက်ခဲနေပါစေလေ...)... ကျမရဲ့ အမိမြေ... ဒီမြေ.. ဒီရေ. ဒီလေ တွေကို ကျမ အမြဲ ချစ်ခင် ကျေးဇူးတင်လျှက်ပါပဲ... လူသားအဖြစ် ရရှိခဲ့တဲ့ အဖြစ်မှာမှ  မြန်မာပြည်မှာ၊ ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ မွေးဖွားကြီးပြင်းလာခဲ့ပြီး အနှစ်သာရကို ရိပ်မိရုံ မြည်းစမ်းခွင့် ကြုံခဲ့ရတဲ့ အတွက်.. လောကီ လောကုတ္တရာ ဆိုင်ရာ ဆရာသမားများနဲ့ မိတ်ကောင်းဆွေကောင်းတွေကို ကျေးဇူးတင်ပါတယ်...။ အကျိုးအကြောင်း အဆိုးအကောင်းတွေကို ခွဲခြားသွန်သင် ဆုံးမပဲ့ပြင်ပေးခဲ့တဲ့၊ အမှား အမှန်၊ဓမ္မ နဲ့ အဓမ္မ၊  တရားမျှတခြင်းနဲ့ ရဲရင့်တည်ကြည်ခြင်းဆိုတာတွေကို ငယ်စဉ်က စခုချိန်အထိ လက်...

သူငယ်ချင်းသို့..မွေးနေ့ဆုတောင်း...။

ဖေဖော်ဝါရီလ  ၁၃-ရက်နေ့ဟာ ကျမတို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို .... ကျမတို့  သူငယ်ချင်းရဲ့  မွေးနေ့လည်း ဖြစ်နေပါသေးတယ်။ သူက ပေါ့ပါးတယ်... သွက်လက်တယ်.. ပြီး ပွင့်လင်းတယ်..။ ချစ်စရာကောင်းတယ်။ သဘောထားပြည့်ဝပြီး သူ့ကို ချစ်တဲ့ ခင်ပွန်းသည်လည်း ရှိတယ်...။ သူ့ကိုချစ်တဲ့ မေမေ...အကို၊ အမနဲ့ မောင်လေးတွေလည်း ရှိတယ်....။ လွတ်လပ်သော ပေါ့ပါးသော စိတ်သွားတိုင်း ကိုယ်ပါ  ကျန်းမာပျော်ရွှင်စွာဖြင့်  လိုရာဆန္ဒများနဲ့ တလုံးတ၀တည်း ပြည့်စုံစေဖို့...... ချစ်တဲ့ သူငယ်ချင်းများဖြစ်ကြတဲ့ KKN & TG တို့မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်....

OUR GRACE!

ခြောက်နှစ်ပြည်တဲ့ ရဲရဲတောက် အတွက်....

သားငယ်လေး  ဒီနေ့ ခြောက်နှစ်ပြည့်ပြီနော်.. သားငယ်ကို မမွေးခင်က မေမေတို့မှာ ကိုကိုမိုးဟန်တစ်ယောက်ပဲ ရှိခဲ့တာပေါ့။ ကိုကိုမိုးဟန် ၅-နှစ်.. သူငယ်တန်းတက်မှ သားငယ်လေး မေမေတို့ဆီ ရောက်လာတာလေ...။ ကိုကိုမိုးဟန် ၂-နှစ် ၃-နှစ်လောက်အထိကတော့ မေမေ့မှာ နောက်ထပ်ကလေးတစ်ယောက် မလိုချင်တော့လောက်အောင် ပင်ပန်းနေခဲ့တယ်။ မေမေလည်း နေလို့သိပ်မကောင်းတော့ နောက်ထပ်ကလေးလေးလည်း  မလာနိုင်ဘူးပေါ့။ ကိုကို မိုးဟန် လေးနှစ်ကျော် ငါးနှစ်ထဲလည်းရောက်ရော.. တစ်ဦးတည်းသားဖြစ်နေတဲ့ ကိုကိုမိုးဟန်က ညီလေး ညီမလေးတွေကို သိပ်လိုချင်ရှာနေတာ.. အပြင်မှာ တွေ.သမျှ ကလေးငယ်တိုင်းကို လိုက်ချစ်နေတော့တာလေ။   မေမေလည်း ကလေးလေး တစ်ယောက်.. အထူးသဖြင့် သမီးလေးတစ်ယောက်လောက်ပေါ့.. လိုချင်သား။  အန်တီဒေါက်တာကို သွားပြပြီး သိပ်မကြာခင်ပဲ ကလေးလေး တစ်ယောက် မေမေ့ဗိုက်ထဲ ရောက်လာခဲ့တယ်။ ကိုကိုမိုးဟန်တုန်းက လေးလလောက်မှာပဲ သားလေးမှန်းသိခဲ့ရပေမယ့် သားငယ်ဖြစ်လာမယ့် ဒီကလေးလေးကိုလည်း မေမေတို့ ကြိုမသိခဲ့ရဘူး။  သုံးလကျော် လေးလလောက်မှာ ultrasound တစ်ခါရိုက်ရတယ်။ အဲဒီအချိန်မှာ သားလေးလား သမီးလေးလား မပြောနိုင်သေးဘူးလေ..။်အန်တီဒေါက်တာနဲ့ သ...

ပျော်ရွှင်သော နေ.ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေ.. သူငယ်ချင်း

ဒီနေ့ ကျမ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့.... ထုံးစံအတိုင်း လုံးလည်ချာလည်တွေနဲ့ ပတ်ချာလည်နေတဲ့ ကျမ အောက်တိုဘာလဦးတုန်းက သတိတရ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၄ ဆိုတာ ရင်းနှီးနေခဲ့တဲ့ နေ့တစ်နေ့။ United Nations Day.. ။  သူနဲ့ ကျမ.. ရေစက်ဆုံလို့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော စက်မှုတက္ကသိုလ်ကြီးမှာ တစ်နှစ်တည်း တက်ခွင့်ကြုံခဲ့ရတယ်။  အဆောင်ကျောင်းသူ ကျမနဲ့ နေ့ကျောင်းသူ ဖြစ်တဲ့ သူမ တို့ အထူး ခင်မင်ရင်းနှီးခွင့် မရှိခဲ့ကြပေမယ့် တစ်နှစ် တစ်နှစ် စက်မှုတက္ကသိုလ် ၀င်ခွင့်ရတဲ့ လက်တစ်ဆုပ်စာ ကျောင်းသူ တွေမို့ အချင်းချင်း မိတ်ဆက်ပေးစရာမလို ပဲ သိကျွမ်းနေခဲ့ရပါတယ်။ အသားဖြူဖြူ..အရပ်ရှည်ရှည်.. ပိန်ပိန်.. ဆံပင်ကောက်ကောက်ပွပွနဲ့ ချိုသာတဲ့ အပြုံးလေးတွေနဲ့ အေးချမ်းတဲ့ သူ.မျက်နှာလေးကို မှတ်မှတ်ရရ.. ရင်ထဲမှာ အသိအမှတ်ပြုခဲ့မိတယ်။ ( ဆံပင်ကောက်တာချင်းတူလို့လဲ ပါမယ်ထင့်) ဒါပေမယ့် ပထမ တစ်နှစ်ပဲ အတန်းတူ ဖြစ်ခဲ့ပေမယ့် ကျောင်းပြီးတဲ့ အထိ.. မေဂျာလည်း မတူလေတော့ .. အော်.. တစ်နှစ်တည်း ၀င်ခဲ့.. တစ်နှစ်ထဲ ထွက်ခဲ့တဲ့ .. same batch တွေဖြစ်ခဲ့ရုံလောက်ပဲပေါ့.. ကံဆုံချင်ပြန်တော့ ရန်ကုန်မြို.မှာ ပြန်ကြုံ.. အဲလေ.. ကျောင်ြး...

Happy Birthday Dear Mom!

ဒီကနေယူထားတာပါ Dear May May! Happy birthday to you, dear mom! I want to give you a very special beautiful bouquet of flowers. But you're away and now i send you this virtual flowers... :) with love, only daughter, Theingi Ma Love, tg ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ မင်္ဂလာရက်မြတ်ဖြစ်ပါစေ... မေမေ.. မေမေတို့ရဲ့ တဦးတည်းသော ချစ်မငြီးတဲ့ ချစ်သမီးလေးက ဆုတောင်းပေးလိုက်ပါတယ်နော်.. အခုချိန်မှာ မေမေတစ်ယောက် ဝေးတမြေမှာ မြေးအသစ်လေးတွေနဲ့ လုံးလည်ချာလည် လိုက်ရင်း မပြီးဆုံးနိုင်သေးတဲ့ မိဘတို့ရဲ့ တာဝန်ဝတ္တရားတွေကို အကြွေးမပါအောင် ဆောင်ရွက်နေပါလိမ့်မယ်။ မေမေနဲ့ ဘယ်တော့မှ စကားကောင်းကောင်းပြောလို့ မရတဲ့ သမီးကလည်း ကိုယ့်ရပ်မြေမှာပဲ.. မေမေ့လိုပဲ ကိုယ့်တာဝန်တွေ ကိုယ်ကျေပွန်အောင် မေမေ့သမီးပီသစွာ မငြီးမငြူသေးပဲ..လဲသွားရင်း..ပြန်ထရင်း တာဝန်တွေ ထမ်းဆောင်နေပါတယ်လေ. မေမေ့ရဲ့သမီး... မေမေနဲ့ စိတ်ဓာတ်သိပ်တူတယ်နော်.. ခေါင်းမာတာ.. လူသာပျော့ပေမယ့် စိတ်က မပျော့ညံ့တာ... ငိုတယ်ဆိုတာ ပျော့ညံ့တယ်လို့ ထင်တတ်ပြီး.. စိတ်ကြီးတတ်တာ...။ ဒါကြောင့်လည်း နှစ်ယောက်သား ရေရှည်စကားပြောဖို့ အဆင်မပြေတာ ထင်ပါရဲ့နော်.....

တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်…..

တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်….. ကျမရဲ. ဘလောက်ဂ်ကလေးလည်း ဘာလိုလိုနဲ့ ဒီနေ့ဆို တစ်နှစ်တောင် ပြည့်သွားပါပကောလား။ တကယ်တမ်းကျတော့ သူများတွေ ရေးနေတာကြည့်ပြီး လုပ်ဖြစ်သွားခဲ့တာပါ။ မှတ်မှတ်ရရ ဇူလိုင်လ ၁၉ -ရက်နေ့ အာဇာနည်နေ့မှာ စဖြစ်တယ်။ နည်းပညာပိုင်းမရလေတော့ စမ်းတ၀ါးဝါးနဲ့ပဲ မြန်မာစာရိုက်လို့ရတဲ့ ဘလောက်ကလေးဖြစ်အောင် မြန်မာဘလောက်ဂါတွေရဲ. မျှဝေမှုတွေကို ခံယူလေ့လာရပြန်ပါတယ်။ မြန်မာပြည်ရဲ. ခက်ခဲလှတဲ့ ကွန်နက်ရှင်ကြားမှာ ဘလောက်ဂ်တစ်ခု ရှင်သန်အောင် မွေးမြူဖို့က တော်တော်ခက်ပါတယ်။ ခဏခဏလည်း မပြင်ရဲ။ ထည့်ချင်တာတွေလည်း ထပ်မထည့်ရဲ။ နည်းပညာတွေ သိပ်မြင့်နေရင်လည်း ကျမတို့ အင်တာနက်မော်ဒယ်နဲ့က သိပ်ကွာနေတော့ သုံးမရပြန်ပါဘူး။ မြန်မာပြည်မှာ အော်တိုမစ်တစ်(automatic)တွေထက် မန်နူရယ် (manual) တွေက ပိုအဆင်ပြေပါတယ်။ လူ့အစွမ်းကို ပိုတန်ဖိုးထားတဲ့ သဘောဖြစ်မယ်ထင်တယ်။ မြန်မာလို ရေးလို့ဖြစ်သွားပြန်တော့လည်း လက်ကွက်တွေကို လေ့လာပြီး မြန်မာစာရိုက်တတ်အောင် ပြန်ကျင့်ရပြန်ပါတယ်။ သူများဘလောက်ဂ်တွေလို လှလှပပ ကျကျနနလေးတော့ ဖြစ်ချင်ပါရဲ.။ ဒါပေမယ့် ကျမ စိတ်ရှည်ရှည်မထားတာနဲ့ပဲ ဘလောက်ဂ်ကလေးလည်း ဟိုမရောက် သည်...

Happy Birthday!

၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၉-ရက် (ကြာသပတေးနေ့) အစဉ်အလာအတိုင်း ပျော်ရွှင်သော မွေးနေ့မင်္ဂလာ ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် အန်တီစုရေ။ ဆန္ဒနဲ့ လက်တွေ့ တထပ်တည်း မကျနိုင်မှန်း သိပေမယ့်လည်း... ချစ်တဲ့ အန်တီစု တစ်ယောက်ကိုတော့ဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ချစ်သူ ခင်သူများနဲ့အတူ မွေးနေ့မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေတာကိုတော့ဖြင့် မြင်ချင်လှပါသေးတယ်။ အန်တီစုကို ချစ်တဲ့သူများရဲ့ မေတ္တာမိုးတွေနဲ့အတူ အန်တီစုတစ်ယောက် ငြိမ်းချမ်းနေနိုင်ပါစေလေ။

Happy Birthday My Dear Little Bro:!

Happy Birthday! (၁၆-မတ်-၂၀၀၈) ပျော်ရွှင်ခြင်းများစွာ၊ ဘ၀အဓိပ္ပာယ်ပြည့်စုံသော ငြိမ်းချမ်းသောဘ၀လေးကို ချစ်သောသူများနဲ.အတူ ပို်င်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းချွေလျှက်....။

HAPPY BIRTHDAY DAD! (12TH MARCH 2008)

မင်္ဂလာအပေါင်းနဲ. ပြည့်စုံတဲ့ မွေးနေ.ဖြစ်ပါစေ...ဖေဖေ။ ဒီနေ.ဆို ဖေဖေ အသက် -၇၁-နှစ်ပြည့်ပြီပေါ့။ တကယ်တမ်း ကျမဟာ ဖေဖေ့ရဲ. သမီးပါ။ ငယ်စဉ်က ဖေဖေ့ကို မကောင်းပြောတာ မခံနိုင်တဲ့၊ ဖေဖေ လုပ်သမျှ လိုက်လုပ်တတ်၊ ဖေဖေ ကြိုက်နှစ်သက်တတ်တဲ့ တောစာ၊ (ဖား၊ ဖွတ်၊ ဂျီသား၊ လိပ်ဥ... အစရှိတဲ့)တွေကို တခြား ယောကျာင်္းလေး အကိုနဲ.မောင်က မစားရဲပေမယ့် ကျမက လိုက်စားတတ်ခဲ့တဲ့ ဖေဖေ့ရဲ. သမီးပါ။ မေမေကို လှတယ်လို. လူတိုင်းပြောကြပြီး သားတွေက အမေနဲ.တူပြီး သမီးကိုတော့ အဖေနဲ.တူတယ်လို. ပြောခဲ့ကြတယ်။ ဖေဖေနဲ.တူတဲ့အတွက်၊ ဖေဖေ့လို အပေါင်းအသင်းတွေကို ခင်တွယ်တဲ့ အတွက် မေမေနဲ. စကားပြောအဆင်မပြေတိုင်း ညည်းက အဖေ့သမီးပဲလို. အပြောခံထိခဲ့ဖူးတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ သမီးတို.ကို အောက်တန်းမကျအောင် အမြဲတမ်း ကြိုးစားပေးခဲ့တဲံ့ ကျမတို.ရဲ.ဖေဖေ၊ သားသမီးတွေကို မျက်နှာ မညှိုးအောင် ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေ၊ သားသမီးတွေ အပေါ် သံယောဇဉ်ကြီးရှာတဲ့ဖေဖေ၊ ကျမတို.ရဲ. ကျေးဇူးရှင် ဖေဖေပါ။ ကျမမှတ်မိသလောက် ဖေဖေအရက်သောက်လာတိုင်း မေမေရော၊ကျမတို. မောင်နှမတွေပါ မူးပြီး ရိုက်နှက်တာမျိုး မခံခဲ့ရပါဘူး။ မေမေကသာ ဖေဖေ့ကို တညလုံးဂျီကျခြင်းကိုသာ ဖေဖေခံနေကျပါ။ တကယ်တမ်း ဖေဖေ တတ်န...

Happy 40th Birthday To You, Ko Nge!

HAPPY BIRTHDAY !!! ဒီနေ့ မတ်လ-၁၁-ရက်နေ.၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀-က မွေးဖွားခဲ့လို. အခု ကိုငယ့်ဘ၀ စဖို. အချိန်ရောက်လာခဲ့ပြီပေါ့။ ကျမကတော့ ကျမရဲ. ဘ၀လက်တွဲဖော် ချစ်သူကို ဘာအကောင်းဆုံးပေးရရင် ကောင်းမလဲ စဉ်းစားလို.မရဘူး။ အကောင်းဆုံးတွေက ပေးတာကုန်သွားပြီလေ။ :) ကိုငယ့်မွေးနေ.က စပြီး စိတ်တို စိတ်ကောက်၊ ဒေါသတွေ လျှော့ပါ့မယ်လို.ပဲ ကတိပေးရရင်ကောင်းမလား။ အကောင်းဆုံးပါရမီဖြည့်ဖက်ဖြစ်အောင် ကြိုးစားပါ့မယ် ပြောရင်ကောင်းမလား။ ကိုငယ် ကျမဆီက ဘာကိုလိုချင်မလဲ အခုထက်ထိမသိသေးဘူးနော်။ ကျမ သူ.မွေးနေ. မှတ်မှတ်ရရပေးဖြစ်ခဲ့တာက... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သွေးလှူရှင် တံဆိပ်ကလေးတစ်ခု (ကိုငယ့်မွေးနေ.အတွက်ရည်စူးပြီး တသက်မှာ တစ်ခါသာ လှုဖူးတဲ့ အလှူ)၊ သူ.ရဲ.အကျင့်အတိုင်း ရည်းစားဘ၀မတိုင်ခင်က ပေးထားခဲ့တဲ့ အဲဒီတံဆိပ်ကလေးရော၊ ရည်းစားဘ၀က ဓာတ်ပုံတွေ၊ စာတွေ၊ လက်ဆောင်ပစ္စည်းတွေ ဘာတစ်ခုမှ ကျမလက်ထဲ ပြန်မရောက်လာတော့ပါဘူး။ အဲဒီအသက်မဲ့တဲ့ ပစ္စည်းတွေက တချိန်ကတော့ ကျမရဲ.ခံစားမှုတစိတ်တပိုင်းကို ကိုယ်စားပြုလေတော့ မြတ်နိုးတန်ဖိုးထားခဲ့တာတွေပေမယ့် ကျမဘ၀ရဲ. မရှိမဖြစ် “ကိုငယ်” ကို ပိုင်ဆိုင်ခွင့်ရနေမှတော့ ဘာမှ အရေးမကြီးတော့ပါဘူး။ အဟဲ။ အော်... ...

HAPPY

Happy Birthday GRACE! မေမေတို.ရဲ. သမီးလေး ၁၉-ရက် ဇန္န၀ါရီ- ၂၀၀၈ မှာ လေးနှစ်ပြည့်ပြီပေါ့။ အရွယ်နဲ့မလိုက်အောင် သိတတ်၊ စကားတတ်တဲ့၊ (ဂျီကျတတ်တာကိုတော့ မပြောတော့ဘူးနော့) မေမေတို.ရဲ. ချစ်သမီးလေး အခု မွေးနေ.မှသည် နောင် နှစ်ပေါင်းများစွာတိုင် အသက်ရှင်နေသမျှ ကာလပါတ်လုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ. အဓိပ္ပါယ်ရှိတဲ့ လူ.ဘ၀ရဲ. အနှစ်သာရကို သိမြင်ခံစားနားလည်နိုင်ပါစေ။ တရားထူး တရားမြတ်ကိုလည်း လွယ်လင့်တကူ လျင်မြန်စွာသိမြင်နိုင်ပြီး ကြုံလာသမျှ လောကဓံတရားတွေကိုလည်း ကောင်းဆိုးနှစ်ဖြာ ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ သူဖြစ်ပါစေ။ လူတိုင်းအမှားနဲ. မကင်းတတ်ကြဘူးဆိုပေမယ့် မေမေ့သမီးတယောက်တော့ တသက်လုံးနောင်တ ရစေမယ့် အမှားမျိုးနဲ.တော့ မကြုံစေချင်ဘူးကွယ်..။