Skip to main content

Posts

Showing posts with the label ပြောချင်တာလေးတွေ...၊

ပြည်ပထွက်ခွာခွင့် လက်မှတ်ကို အကြောင်းပြု၍....

ျမြန်မာပြည်ကို ပြည်ပကနေ ခဏအလည်ပြန်လာကြတဲ့ သူတွေ  အပြန်ခရီးမှာ စိတ်အနှောင့်အယှက်ကင်းကင်း ပြန်နိုင်အောင် ဝေမျှချင်တာလေး တခုပါ။ အရင်ကတော့ D Form ကို ပြည်တွင်းကနေ  ရက်သုံးဆယ်ကျော်မှ ပြန်ထွက်ဖြစ်တဲ့ သူတွေသာ လုပ်စရာလိုတယ်လို့ သိထားပါတယ်။ ဒါပေမယ့် တချိန်လုံး ပြောင်းနေတဲ့ စည်းမျဉ်းဥပဒေက တသမတ်တည်း ရှိလား မရှိလား မသေချာလို့ မြန်မာပြည် အပြန်ခရီးမှာ စိတ်ချ လက်ချ သွားချင်ရင် D-Form လေးတော့ ဆောင်သွားစေချင်ပါတယ်။  D Form တင် မကပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြည့်စုံအောင် လုပ်ထားသင့်ပါတယ်။  မြန်မာပြည် Online Departure Form နဲ့ ပတ်သက်တဲ့ တရားဝင် စာမျက်နှာကို ဒီမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ အခုလက်ရှိအထိတော့ Leave၊ Log၊ Dependent၊ business၊ နဲ့ ပြန်လာတဲ့ သူတွေထဲက ရက်သုံးဆယ်အတွင်း ပြန်ထွက်ခွာခဲ့ရင် D Form လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ရတယ် လို့ အဲဒီ စာမျက်နှာက ဆိုထားပါတယ်။  ဒါပေမယ့် ဒီမနက်မှာ ရက်သုံးဆယ်မကျော်လို့ ထုံးစံအတိုင်းထင်ပြီး D Form လုပ်မလာခဲ့မိလို့ လေဆိပ်က မြန်မာ အင်မီဂရေးရှင်းမှာ အကူအညီမဲ့၊ ကြီးငယ်မရွေး အဟောက်သဟဲခံ စိတ်ညစ်ခံခဲ့ရပြီး လေယာဉ်တက်ခါနီး အချိန်လောက်...

ဘဏ်သို့ တစ်ခေါက်....

မနေ့က ပုဂ္ဂလိကဘဏ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။    ဘဏ်ထဲမှာ လူခပ်ပါးပါးဆိုတော့ အရင်လို ကားပေါ်ကနေ စောင့်မနေတော့ပဲ အထဲဝင် စပ်စုကြည့်ဖို့ စိတ်ကူးရတာနဲ့ အထဲကို သူနဲ့ အတူ လိုက်ဝင်ခဲ့ပါတယ်။ မှန်နံရံတွေရဲ့ အပြင်ကနေ mask ကိုယ်စီနဲ့ ဘဏ်ဝန်ထမ်းတွေ တွေ့တော့ တယ်ဟုတ်နေပါလားပေါ့။ တွေးရင်းနဲ့ လှမ်းလာတာ အပေါက်၀ ရောက်တော့ ငွေစက္ကူအဟောင်းတွေရဲ့ အနံ့အသက်တွေက ဆီးကြိုနှုတ်ဆက်လိုက်တော့မှ  အဲဒီက  ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဆိုတာ ခေါင်းထဲ ပြေးဝင်လာရပါတယ်။ မြန်မာပြည်က လက်ရှိသုံးစွဲလည်ပတ်နေတဲ့ ငွေစက္ကူတွေမှာ နှစ်ရာကျပ်တန်တွေလောက်အထိက ဟောင်းနွမ်းစုတ်ပြတ်နေတာတွေကို လူတွေက လက်ခံနေကြရပါတယ်။ အရင်ကလို ဟောင်းနေလို့ ပြန်လဲပေးပါ ပြောလို့ မရတော့တာ၊ မပြောကြတော့တာ  ကြာပါပြီ။ တခြားဘဏ်တွေတော့ မသိပါဘူး.. အဲဒီဘဏ်ကတော့ တစ်ပတ်ကို ကျပ်သိန်းတစ်ရာပဲ လက်ခံပေးပါတယ်။  ပြန်ထုတ်တာက ပမာဏများရင်တော့ ကြိုပြောထားရပါတယ်။ နောက်ပြီး အရင်ကလို သုံးလ တကြိမ် အတိုးပေးမှာ မဟုတ်တော့ပဲ ခြောက်လ တကြိမ်သာ အတိုးပေးမယ် ဆိုတဲ့ စာကပ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကြည့်ရတာ ဘဏ်တိုးနဲ့ ထိုင်စားနေတဲ့လူတွေရဲ့ ဒဏ် မခံနိုင်တော့ဘူး ထင်ရဲ့။ ဝင်လာ...

ကျမရဲ့ နှစ်လေးဆယ် မြန်မာငွေကြေး အတွေ့အကြုံတချိ့...

ညစဉ်  ၈ နာရီ သတင်းကို နားထောင်လေ့ရှိတဲ့ ဖေဖေက ခရီးသွားတော့ ထုံးစံအတိုင်း အင်တာနက်ကနေမှ သတင်းပြန်ကြားခဲ့ပါတယ်။ ၅၀၀၀- တန်  ငွေစက္ကူတွေ အောက်တိုဘာ တစ်ရက်နေ့က စတင်ထုတ်ပေးတော့မယ့် အကြောင်းပါ။  အဲဒီတော့ ကျမရဲ့ ဘဝသက်တမ်း နှစ်လေးဆယ်စွန်းစွန်းမှာ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မြန်မာငွေကြေးတွေ အကြောင်းကို ပြန်ပြောင်းစဉ်းစားမိပါတယ်။ စစချင်း ပိုက်ဆံ အကြွေလေးတွေ ကိုယ်တိုင်ကိုင်သုံးခွင့်ရတာကတော့ ပထမတန်းကျောင်းသူဘဝလောက်မှာ ထင်ပါရဲ့။ ဆယ့်ငါးပြားရပါတယ်။ နောက်တော့ ပြားနှစ်ဆယ်၊ တစ်မတ် (နှစ်ဆယ့်ငါးပြား)၊ ပြားသုံးဆယ်၊ ငါးမူး(ပြားငါးဆယ်)  နောက် ကြီးလာတော့ တစ်ရက်ချင်း မပေးတော့ပဲ တစ်လစာအဖြစ် ကြိုပေးထားပါတယ်။ ကိုယ်သုံးချင်တာ ချင့်ချိန်သုံးလို့ ရပြီး တခါတခါ အသုံးလွန်လို့ မုန့်ဖိုးပြတ်တာလည်း ငယ်ငယ်ကတည်းက ကြုံဖူးတာခဲ့တာပေါ့...    အပေါ်က ပုံတွေကတော့ ကျမနဲ့ ရင်းနှီးခဲ့တဲ့ မြန်မာငွေကြေး  အကြွေ တချို့ပါ။ အဲဒီခေတ်တုန်းကတော့ ပြားတွေကို အကြွေတွေလို့ ခေါ်ပါတယ်။  ခု အကြွေဆိုတာတွေက ၂၀ ကျပ်၊  ၅၀ ကျပ်..အင်း ၁၀၀ကျပ်တန်တွေလောက်အထိ အကြွေလို့ သတ်မှတ်ထားကြလို့ပါ။  (ကျပ်စေ့တွေကတော့ အဲဒီတု...

ကြားခဲ့ရသော ခွဲစိတ်ခန်းထဲမှ... အသံများ....

မနေ့က  သမီးငယ် တစ်သက်ကြာအောင် မ၀င်ဖြစ်တဲ့ ခွဲစိတ်ခန်းထဲ  ထပ်မံ ရောက်ရှိ  သွားခဲ့ပါတယ်…။ ကလေးသုံးယောက်စလုံးကို ဗိုက်ခွဲပြီးမွေးဖွားခဲ့ရတာကြောင့် သုံးကြိမ်တိုင်တိုင် ခွဲစိတ်ခန်းထဲ ၀င်ခဲ့ဖူးသလို… ဘန်ကောက်မှာ နေစဉ်က  acute  PIDကြောင့် ဗိုက်တအားအောင့်လာလို့ အူအတက်ပေါက်တယ်ထင်ပြီး ဘန်ကောက်က ဆေးရုံကြီးရဲ့  Operation Theatre ထဲကိုလည်း  အလည်တစ်ခေါက် ရောက်ခဲ့ရပါသေးတယ်…။  အဲဒီအချိန်မှာတော့ သားကြီးက တနှစ်ခွဲသားအရွယ်ပါ…။ သူများတိုင်းပြည်ဆိုတာရယ်.. ဝေဒနာခံစားနေရတာကြောင့် နဲနဲတော့ လန့်ခဲ့ရတာပေါ့…။ ကလေးတွေ မျက်နှာမြင်ဖို့ ၀င်ခဲ့ရတာတွေကတော့ ဝေဒနာလည်း မခံစားရပဲ  လုပ်ရိုးလုပ်စဉ်မို့လို့ ကြောက်တာလန့်တာ မရှိပါဘူး…။  အခုတခါ...သမီးငယ် ခြောက်နှစ်နီးပါးအရွယ်ရောက်မှ ခွဲစိတ်ခန်းထဲ  နောက်တခါ ၀င်ဖို့ဖြစ်လာပြန်ပါတယ်..။ အကြောင်းကတော့ လွန်ခဲ့တဲ့ တစ်လနီးပါးက ပါးစပ်…အဲ ..lower lip မှာ အဖုလေး ပေါ်လာခဲ့တာက စ  ပါတယ်..။ အလုပ်တွေ ရှုပ်နေတဲ့  အချိန်မို့ ခါတိုင်းလို stress ကြောင့် ဖြစ်တဲ့ ulcer ထင်နေပေမယ့် တစ်လနီးပါးကြာတဲ့ အထိ အဲဒီအဖုလေးက ပျောက်မသွား ပေါက်မသွား...

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...