Skip to main content

Posts

Showing posts with the label ဘာသာရေးဆိုင်ရာ၊

မာတိကမာတာ၊ အညတရ ရဟန်းနှင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်တရား။

ဒီနေ့ သီတင်းကျွတ်လဆန်း ရှစ်ရက်၊ ဥပုသ်နေ့အတွက်...  ဆရာကြီး ဦးရွှေအောင် ရဲ့ ကုသိုလ်နဲ့ အကုသိုလ် စာအုပ်ထဲက  မာတိကမာတာ(၂)ေ ဆာင်းပါးထဲမှ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဆိုင်ရာ မှတ်သားစရာတချို့ကို ကောက်နှုတ် ဖော်ပြပေးပါရစေရှင်...   ဒီက ပုံလေးယူထားတာပါ.. ဗုဒ္ဓဘာသာဝင်တော်တော်များများကတော့ မာတိက မာတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်..။ မာတိက ရွာစားရဲ့ မိခင်၊ ရဟန်း ၆၀ ကို ၀ါဆိုကျောင်းကပ်လှူပြီး  ဆွမ်းလုပ်ကျွေးပြုစုရင်း ရဟန်းတော်တွေ ကျင့်ကြံအားထုတ်နေတဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို တဆင့် နာယူအားထုတ်ရာမှ အနာဂမ်မိမဂ် ကို ပဋိသမ္ဘိဒါ လေးပါး၊ အဘိညာဉ်  ၆ ပါးတို့နဲ့  တကွ ရရှိခဲ့သူပါ။ ရဟန်း ၆၀ စလုံး ပ ဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်အောင် ရဟန်းတော်များ အစာအာဟာရအနေဖြင့် သပ္ပာယဖြစ်အောင် လျောက်ပတ်သော ဆွမ်းဘောဇဉ်များ စီစဉ်ပြုစုပေးခဲ့သူလို့ သာသနာတော် မှတ်တမ်းမှာ မှတ်တမ်းတင်ခံထားခဲ့ရသူပါ။  အဲဒီမာတိက မာတာရဲ့ ဂုဏ်သတင်းကို ကြားလို့ ရဟန္တာ (၆၀)တို့ နည်းတူ  မာတိကမာတာကို အမှီပြုပြီး ရဟန္တာဖြစ်အောင် တရားအားထုတ်ချင်တဲ့ ပုထုဇဉ် ရဟန်းတစ်ပါးက မြတ်စွာဘုရားထံ လျှောက်ထားခဲ့ပါတ...

တရားဓမ္မ မှတ်သားစရာ တချို့။

ဒီနေ့ တော်သလင်း  လကွယ်နေ့အတွက် တရားဓမ္မလက်ဆောင်အဖြစ်  ဒေါက်တာသိန်းလွင် ဘာသာပြန်ဆိုထားတဲ့ (မူရင်း Buddhism in a Nutshell by NARADA MAHA THERA) ဗုဒ္ဓ ဓမ္မ အနှစ်ပြ  စာအုပ်မှ တချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါရစေ။  အခုတလော အီးမေးလ်တွေကနေ လက်ခံရရှိတဲ့ ဘာသာရေးဆိုင်ရာ စာတွေနဲ့ ပတ်သက်ပြီး တွေးတောဆင်ခြင်မိတာလေးတွေလည်း ရှိလာပါတယ်။ ကိုယ်တိုင်က ကိုယ်ခံအားမကောင်းခဲ့ရင် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဟုတ်နိုးနိုး ဖြစ်မိနေခဲ့ရင် အယူတိမ်းမိသွားမှာစိုးတာလည်း ပါပါတယ်။ သေချာတာကတော့ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖြတ်လမ်းနဲ့တော့ မရောက်နိုင်ဘူး ဆိုတာပါပဲ..။  @@@@@@@@@@@ ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မများသည် စာအုပ်များတွင်သာ သိမ်းဆည်းထားဖို့ မဟုတ်သကဲ့သို့ပင် သမိုင်းရှုထောင့်၊ စာပေရှုထောင့် သက်သက်မှ လေ့လာဖို့လည်း မဟုတ်ပါ။ ဗုဒ္ဓဟောသော တရားဓမ္မများမှာ လေ့လာမှတ်ယူပြီး နေ့စဉ်နေ့တိုင်း လုပ်ကိုင်မှုတွင် ကျင့်ကြံအားထုတ်ဖို့ ဖြစ်ပါသည်။ နေ့စဉ်လုပ်ငန်းများတွင် ကျင့်ကြံအားထုတ်မှု မရှိလျှင် အမှန်တရားကို ရနိုင်၊ ခံစားနိုင်မည် မဟုတ်ပါ။ ဗုဒ္ဓလမ်းစဉ်တွင် ဗုဒ္ဓဓမ္မ၌ သက်ဝင်ယုံကြည်သူများထံမှ မျက်စိမှိတ် ယ...

အခြေခံ ဗုဒ္ဓအယူအဆများ။ (ယခင်တပတ်မှ အဆက်)

ဒီတစ်ပတ် ဥပုသ်နေ့အတွက်တော့ အရင်တပတ်က တင်ထားခဲ့တဲ့ အခြေခံဗုဒ္ဓအယူအဆများမှ ကျန်နေသေးတဲ့ အပိုင်းတွေကို ဆက်လက်တင်ပေးပါရစေရှင်။  ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်နိုင်ပြီး စစ်မှန်သော လမ်းကောင်းလမ်းမှန်ဖြင့် (လမ်းမလွဲဘဲ) တရားထူးတရားမြတ်များ ရှာဖွေတွေ့ရှိနိုင်ပါရစေ.....။ ++++++++++++++ မေး။ လိုချင်တပ်မက်မှုတို့သည် ကာယိကဒုက္ခကို မည်ကဲ့သို့ ဖြစ်စေပါသလဲ။ >>>ဖြေ။ ဘ၀တစ်လျှောက်လုံး  ဟိုဟိုသည်သည် လိုချင်တပ်မက်မှုများ လူတို့တွင် ရှိပေသည်။ အထူးသဖြင့်အသက်ရှင်ပြီး ရှည်ကြာစွာ နေလိုမှု ဘ၀တဏှာ၊  ဘ၀မက်မောမှုသည် အလွန်အားကြီးသော စွမ်းအင်ကို ဖြစ်ပေါ်စေပြီး  ထိုဘ၀တဏှာစွမ်းအင်၏ တွန်းအားကြောင့် နောက်ထပ်တစ်ဖန် ဘ၀အသစ်တွင် ပြန်လည်မွေးဖွားခြင်း ဖြစ်လာရပါသည်။ မွေးဖွားလာလျှင် ရုပ်ခန္ဓာသည် ရှိလာရပါသည်။ ရုပ်ခန္ဓာရှိလာလျှင် ရုပ်၏ ပင်ကိုသဘာဝအရ ဖောက်လှဲ ဖောက်ပြန် ဖြစ်ပြီး ရောဂါရခြင်း၊ နာခြင်း စသည့် ကာယိကဒုက္ခများ ဖြစ်လာရပါတော့သည်။ လိုချင်သည်များရအောင် ကြိုးစားအားထုတ်ရလွန်းသဖြင့် စိတ်သာမက ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုများ၊ ခြေကုန်လက်ပန်းကျမှုများ ဖြစ်တတ်ပါသည်။ ကိုယ်ခန္ဓာသည် အချိန်ကြာလာသည်နှင့်အမျှ  အိုမင်း...

အခြေခံ ဗုဒ္ဓအယူအဆများ။

(ခေတ်အမြင် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ- ဒေါက်တာသိန်းလွင်- မှ) (ဒီနေ့ တော်သလင်းလပြည့်နေ့အတွက် ဒေါက်တာသိန်းလွင် ဘာသာပြန်ခဲ့တဲ့ “ ခေတ်အမြင် ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ ”  ထဲက အခြေခံဗုဒ္ဓအယူအဆများအခန်းမှ တချို့ကို ဖော်ပြလိုက်ပါတယ်ရှင်။ မူရင်းစာအုပ်မှ အချို့ကိုလည်း ရန်ကုန်မြို့ ချမ်းမြေ့ရိပ်သာ ဆရာတော် အရှင်ဇနကာဘိဝံသ ကလည်း စာအုပ်ထုတ်ဝေခဲ့ဖူးပါတယ်တဲ့။ ရိုးရိုးရှင်းရှင်းလေးမို့ ကျမလို သာမန်လူအတွက်တော့ နားလည်လွယ်လို့ပါ။ မူရင်း  စာရေးသူဖြစ်တဲ့ သြစတြေလျလူမျိုး အရှင် ဓမ္မိက ( Ven.  Shravasti Dhammika  )အင်္ဂလိပ်လို ရေးသားထားတဲ့ Good Questions, Good Answers ကို ဒေါင်းလုပ် ယူချင်ရင်တော့ ဒီမှာပါ။ ) အခြေခံ  ဗုဒ္ဓအယူအဆများ မေး။   ဗုဒ္ဓ၏ အဓိကကျသော အဆုံးအမများကို  ပြောပြပါ။ ဖြေ။ လှည်းဘီး၊  ဘီးထောက်တို့သည်  လှည်းဝင်ရိုးအုံပေါ်တွင် တည်မှီနေကြသကဲ့သို့ ဗုဒ္ဓ၏  အဆုံးအမ အများစုသည်  သစ္စာတရားလေးပါး တွင် အခြေပြုထားပါသည်။  ထိုလေးပါးသော သစ္စာတရားတို့သည် အမြဲမှန်ကန်နေသော  သဘောရှိပြီး  ထိုမှန်ကန်သော သဘောကို နားလည်သဘောပေါက်သူသည်  မြင့်မြတ်မှ...

ဘုရားဖြစ်ရန် အမျိုးသမီးများ ဆုထူးပန် ( သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်)

ဒီတစ်ပတ် ဥပုသ်နေ့အတွက်တော့ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးရဲ့ ဘုရားဖြစ်ရန် အမျိုးသမီးများ ဆုထူးပန် ဆိုတဲ့ တရားဆောင်းပါးလေးကို တင်ပါရစေ။  အမျိုးသမီးတိုင်းကတော့  ကိုယ့် အမျိုးသမီးအဖြစ်ကို မလိုလားတာ ဖြစ်ချင်မှ ဖြစ်မှာပါ.. တချို့ကျတော့လည်း မိန်းမဘ၀ကို နိမ့်ကျတယ်လို့ မထင်ရင်တောင်မှ အမျိုးသားအဖြစ်ကို ပိုအလိုရှိတတ်ကြပါတယ်.။ ကျမ အနေနဲ့ဆိုရင်တော့  လက်ရှိ မိန်းမသားအဖြစ်ကို လက်ခံပါတယ်.. ဒါပေမယ့် နောင်ဘ၀မှာ ဖြစ်ချင်တာ ရွေးချယ်ခွင့်ရှိမယ် ဆိုရင်  (မည်ကာမတ္တမျိုးမဟုတ်တဲ့)  ယောကျာင်္းကောင်း ယောကျာင်္းမြတ်တစ်ယောက်အဖြစ်ကို ပိုလိုလားပါတယ်..  အဲဒီလိုပြောတာ မိန်းမသားဘ၀ကို အထင်သေးလို့ မဟုတ်ပါဘူး... မိန်းမသားတွေရဲ့ ကြီးမြတ်တဲ့ မေတ္တာတရားနဲ့ ပုခက်လွှဲတဲ့ လက်များကို အထင်ကြီးလေးစားပါတယ်... ဘယ်နေရာမှာမဆို အားသာချက် အားနည်းချက်တွေ ရှိစမြဲမို့ ကိုယ့်မှာ ရှိတဲ့ အင်အားတွေကို အကျိုးရှိတဲ့ နေရာမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ပဲ အရေးကြီးတယ်လို့ ထင်ပါတယ်ရှင်..။    @@@@@@@@ ဘုရားဖြစ်ရန် အမျိုးသမီးများ ဆုထူးပန် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်  အရှင်ကုဏ္ဍလာဘိဝံသ   တချို့သော  အမျိုးသမီ...

ကံရုပ်သေး (ရေးသူ- သစ္စာနီ)

၁၃၇၁-ခုနှစ် ၀ါခေါင်လကွယ်၊ ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၉-ရက်နေ့ ဥပုသ်နေ့  အတွက်  သဘောကျနှစ်သက်မိတဲ့  ဓမ္မဆောင်းပါးလေးကို  ကူးယူ ဖော်ပြလိုက်ပါတယ်။   ကံရုပ်သေး  (ရေးသူ-  သစ္စာနီ)   (၁)   ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘ၀၌ အကောင်းအဆိုးနှင့် ကြုံကြလေတိုင်း၊ “ ကံစီမံရာ ခံရတာပဲ”  ဟု ပြောဆိုလေ့ ရှိကြပါသည်။ ထို့ကြောင့် ဘာသာခြားများသာမက ဗုဒ္ဓဘာသာဝင်ဆိုသူ တချို့ကိုယ်တိုင်ပင် ဗုဒ္ဓ၀ါဒကို  ကမ္မ၀ါဒဟု လွဲမှားစွာ ထင်မြင်ယူဆနေကြကြောင်း ထင်ရှားပါသည်။  ထိုအယူအဆမှာ  တက်တက်စင်အောင်  လွဲမှားနေပါသည်။ ဗုဒ္ဓ၀ါဒကား အရာရာကို  စီစစ် ဝေဖန် ပိုင်းခြား  လက်ခံသော ဉာဏ်ကို ဦးထိပ်ထားသည့် ၀ိဘဇ္ဖ၀ါဒသာ ဖြစ်ပေသည်။ ကံစီမံရာ ခံနေသရွေ့ ကျွန်တော်တို့သည် သုံးဆယ့်တစ်ဘုံမှ  လွတ်မြောက်နိုင်စရာလမ်း မမြင်ပါ။  ဉာဏ်စီမံမှသာ၊ ဤသုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်ပါမည်။  ထိုဉာဏ်ကား  မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ပါသည်။  လောကတွင် လူတို့ ကြီးပွားချမ်းသာခြင်း၊ နိမ့်ကျနွမ်းပါးခြင်းဆိုသော  အကျိုးစီးပွားဟူသမျှမှာ ကံနှင့် စပ်ဆိုင်သော ကိစ္စများ ဖြစ်လေသည်။ လောက...

ကဆုန်လပြည့်နေ့အတွက် ဓမ္မဒါန။

ဒီနေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်.. ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ဟု ဆိုရိုးရှိသည့်အတိုင်း ဗု ဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ထူးမြတ်တဲ့ နေ့တနေ့ပါပဲ..။ ကဆုန်လပြည့်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ပို့စ်များကိုတော့ အောက်ကလင့်ခ်တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်..။ ကဆုန်လပြည့်ဗုဒ္ဓနေ့ (http://sonata-cantata.blogspot.com) ကဆုန်လပြည့်နေ့ (http://www.dhammaratha.com) ကျမကတော့ ဆရာတော် ရှင်ဆန္ဒာဓိက ရဲ့ လက်ကမ်းစာအုပ်လေးတွေကို ဓမ္မဒါနအဖြစ်နဲ့ ဝေမျှပေးချင်ပါတယ်။ ဒေါင်းလုပ်ယူပြီး သိမ်းထားချင်ရင်တော့.. ဒီကယူပါ  (နှလုံးသားမိတ္တူ) Hna Lone Tha Mate Tu Publish at Scribd or explore others: Non-fiction Books buddhism myanmar နောက်တစ်အုပ်ကတော့ ကျမ သိပ်သဘောကျတဲ့ စာအုပ်လေးပါပဲ... ကျမတို့ အသိမိတ်ဆွေတွေရဲ့  နာရေးတွေမှာလက်ဆင့်ကမ်း ဓမ္မဒါနလုပ်လေ့ရှိတဲ့  စာအုပ်လေးပါ။ ဒေါင်းလုပ်ယူချင်ရင်တော့ ဒီကယူပါ . တကယ်မသေခင် အစမ်းသေကြည့်ရအောင် Publish at Scribd or explore others: ...

ငါအိုသွားသောအခါ....

ငါအိုသွားသောအခါ ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျံပေါ်စင်သွားတဲ့အခါ အင်္ကျံ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့။   >>  ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ >> ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ >> ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ >> ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့...

နာလိုက်ရသော တရားတော်နှင့် ဆက်စပ်၍

ကျမတို့ နေတဲ့နေရာလေးက အေးချမ်းပါတယ်။ သစ်ပင်ရိပ်ကလေးတွေနဲ့ ငှက်ကလေးတွေနဲ့ဆိုတော့ တောရိပ်မကင်းတဲ့ ပတ်ဝန်းကျင်လေးပေါ့။ ကျမတို့နဲ့ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတွေ၊ ရိပ်သာတွေ ရှိပါတယ်။ အိမ်နားက ဘုန်းကြီးကျောင်းကတော့ မေမေသွားနေကျကျောင်းပေါ့။ ဥပုသ်နေ့ဆို အဲဒီကျောင်းကိုဆွမ်းချိုင့်ပို့ရင်း ဥပုသ်သီတင်းဆောက်တည်တတ်ပါတယ်။ ကျမတို့ကတော့ အိမ်မှာပဲစောင့်တဲ့ အိမ် ဥပုသ်ပေါ့။ ဒါပေမယ့် မနက် ၈နာရီခွဲလောက်ကနေ ဆရာတော် သီလမပေးခင် ၉နာရီခွဲလောက်အထိ တရားခွေကို လော်နဲ့ဖွင့်တတ်ပါတယ်။ ( အန်တီစုအိမ်ရှေ့ သွားအော်တဲ့ လော်မျိုးတော့ မဟုတ်ဘူးထင်ရဲ့.....:)   ဒီနေ့မနက်ကတော့ သီတဂူဆရာတော် ရှင်ဉာဏိဿရ ရဲ့တရားတော်ဖွင့်ပါတယ်။ ကျမလည်း ညက တော်တော်ညဥ့်နက်သွားတာရော..ကလေးတွေ ကျောင်းမရှိတဲ့ ဒီနေ့လိုမျိုးဆို နဲနဲပိုအိပ်တတ်တာကြောင့် ဆရာတော့်တရားသံကို အိပ်ချင်စိတ်နဲ့ပဲ ကြားနေရပါတယ်။ နောက်တော့ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့အကြောင်းရောက်တော့ နားစိုက်ထောင်ရတဲ့ အခြေအနေရောက်သွားရပါတော့တယ်။ ဘုရင်နဲ့ နန်းတွင်းက မိဘုရားတို့ ၀န်ကြီးတို့တွေ လှေပြိုင်မယ့်အကြောင်းလေ။ ဘုရင်ပြိုင်မယ့်လှေကို စီစဉ်ရတာက အမတ်ကြီးဦးပေါ်ဦး။ လှေပြိုင်မယ့်နေ့ကျ...

မီးသုံးပါးလောင်နေတဲ့လောက နှင့်ပုထုဇဉ်မှန်သမျှမမှန်ကြလမ်းစဉ်

မနက်ဖြန် ဥပုသ်နေ့ဖြစ်လို့ ဓမ္မ ပို့စ်လေးကို တင်လိုက်ပါတယ်။ သာကေတ (၉) ရပ်ကွက်၊ မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒ န္တဘဒ္ဒိယ ရဲ့ အလွယ်ဆုံး ၀ိပဿနာ ဟောနည်းပြောနည်း ရှုမှတ်နည်း စာအုပ်ထဲကပါ။ တကယ်တော့ ဓမ္မစကားဆိုတာက အမြဲတမ်းကြားနေ၊ နာနေ၊ နှလုံးသွင်းနိုင်ရင် သွင်းနိုင်သလောက် အကျိုးရှိပါတယ်။ အထပ်ထပ်အခါခါ မေ့လျော့နေတတ်တဲ့ ကျမအဖို့တော့ ဒီပို့စ်လေးတင်ဖို့စိတ်ကူး၊ စီစဉ်၊ စာရိုက်နေတဲ့ အချိန်လေးအတွင်း၊ ပြန်ဖတ်ဖြစ်တဲ့ အချိန်လေးတွေတိုင်းမှာ အကျိုးရှိပါတယ်။ သူများတွေအတွက်လည်း ဓမ္မဒါနပါ။ burningwiththreefires - Upload a Document to Scribd Read this document on Scribd: burningwiththreefires

မေတ္တာသာ အဓိကထားရင်.....

ွှ မေတ္တာသာ အဓိကထားရင်. အနှစ်ပါတာ သတိရများမယ် ကိုယ်ချစ်တဲ့သူကို သတိရတဲ့အခါ ပျော်ခဲ့ပါးခဲ့ ကြည်နူးခဲ့တာတွေကို သတိရမနေဘဲနဲ့ ပျော်ချင်ပါးချင် ကြည်နူးချင်တဲ့စိတ်ကလေးနဲ့ သတိရမနေဘဲနဲ့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ” လို့ မေတ္တာလေးပွားပြီး သတိရနေမယ်ဆိုရင် စိတ်အေးချမ်းသွားပါတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ်ကြည်ညိုတဲ့သူကို ကိုယ်ချစ်ခဲ့၊ ကြည်ညိုခဲ့တာတွေ၊ ကိုယ်စောင့်ရှောက်ခဲ့၊ ကူညီခဲ့တာတွေ၊ ကိုယ်ပေးကမ်းခဲ့၊ လှူဒါန်းခဲ့တာတွေကို ပြန်သတိရရင် ဒါလည်းပဲ မေတ္တာနဲ့ သတိရတယ်လို့ ပြောလို့ရပါတယ်။ စာဂါနုဿတိနဲ့ သတိရတယ်လို့လည်း ပြောလို့ရပါတယ်။ ကိုယ်ချစ်တဲ့သူကို ကူညီစောင့်ရှောက်ခဲ့တာလေးတွေ၊ ပေးကမ်းလှူဒါန်းခဲ့တာလေးတွေကို ပြန်တွေးလိုက်တော့ စာဂါနုဿတိဘာဝနာတောင် ဖြစ်သွားပါသေးတယ်။ သတိရနည်းလေး ပြောပေးတာပါနော်။ (အရှင်ဆန္ဒာဓိက - စိတ်အားဖြည့် ဓမ္မနေခြည်မှ) ဒီနေ့ မေတ္တာအခါတော်နေ့တဲ့..။ ကျမကတော့ မေတ္တာတွေမပွားပဲ အမေတ္တာတွေသာ ပွားများနေလို့ ဆရာတော်ရဲ့ ဆိုဆုံးမ စကားလေးနဲ့ ကိုယ့်ကိုယ်ကို ပြန်ဆုံးမနေရပါတယ်။

တစ်ဆင့်တိုး ခဏခဏ မိုက်ရင်.....

၁၃၇၀-ခု- ၀ါခေါင်လဆန်း ၈-ရက် - ဥပုသ်နေ့- စနေနေ့။ ကလေးတွေကျောင်းပိတ်ရက်ဆိုတော့ ဥပုသ်နေ့ပေမယ့် အရင်နေ့တွေတုန်းကလို ကိုယ့်ဘာသာ နေလို့ မရပါဘူး။ အခု သူတို့လေးတွေ စာလုပ်ခိုင်းထားပြီး အရှင်ဆန္ဒာဓိကရဲ့ စိတ်အားဖြည့် ဓမ္မနေခြည် ထဲက စာစု တစ်စုကို တင်လိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဓမ္မစာစုလေးတွေ ... ဆိုတော့....ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ကျင့်ချင်တာ၊ ကိုယ့်မှာ လိုအပ်နေတာတွေပေါ့။ တစ်ဆင့်တိုး ခဏ ခဏမိုက်ရင် အကျင့်ဆိုး ဘ၀ ဘ၀ လိုက်မယ် * ရဟန္တာ မဖြစ်သေးသမျှ ကိလေသာ ရှိကြတာချည်းမို့ ပုထုဇဉ်ဘ၀မှာ ကိလေသာ အခြေခံတဲ့ အပြောအဆို၊ အပြုအမူတွေကို ပြောကြ၊ ပြုကြတာချည်းပါပဲ။ * ဒါပေမဲ့ ကိလေသာအစွန်းရောက်တဲ့ အပြောအဆို အမှားမျိုးတွေ၊ ကိလေသာ အစွန်းရောက်တဲ့ အပြုအမူမှားတွေကိုတော့ ထပ်တလဲလဲ မပြော၊ မပြုမိဖို့ အထူး သတိထားရပါမယ်။ * နို့မဟုတ်ရင် အထုံဝါသနာပါသွားပြီး ရဟန္တာဖြစ်တာတောင် ကြည်ညိုဖွယ်မဆောင်ဘဲ ဂုဏ်ရောင်မှေးမှိန်နေပါလိမ့်မယ်။ * သာမန်ပုထုဇဉ်ဘ၀မှာ အထုံဝါသနာဆိုးတွေ ထင်ရှားနရင်တော့ ဂုဏ်သိက္ခာ ကျဆင်းလိုက်မှာ မပြောပါနဲ့တော့။ (အရှင်ဆန္ဒာဓိက - စိတ်အားဖြည့် ဓမ္မနေခြည်)

ဆရာတော်ကြီးများ၏ သြ၀ါဒတရားတော်များ

ဒီနေ့ ဥပုသ်နေ့ဖြစ်လို့ ကျမတို့တွေ ၀ါတွင်းကာလတွင်းတော့ ဥပုသ်နေ့တိုင်း ကိုးပါးသီလစောင့်ထိန်းဖို့ စိတ်ကူးထားပါတယ်။ ကိစ္စများမြောင်လူတို့ဘောင်ထဲမှာမို့ လုပ်ရမယ်မှန်း သိလျက်သားနဲ့ ဟိုအကြောင်းပြ၊ သည်အကြောင်းပြနဲ့ ဆင်ခြေတွေ များနေခဲ့ပါတယ်။ သွားရမဲ့လမ်းလည်း သိတယ်၊ လမ်းကြောင်းကိုလည်းမြင်နေရတယ်၊သည့်အပြင် တခြားတစ်လမ်းမရှိဘူး ဆိုတာလည်း နှစ်နှစ်ကာကာယုံကြည်နေပါလျှက်ကယ်နဲ့နော်... နောက်ဆုံးအချိန်ထိ အချိန်ဆွဲတတ်တဲ့ အကျင့်ကြောင့်နဲ့တော့ တကယ့်ကို ခက်နေပါတယ်။ လူဆိုတဲ့ သတ္တ၀ါကလည်း မကောင်းမှုမှာပဲ မွေ.လျော်နေတတ်တာကိုး။ အခုတော့ ဓမ္မဒါနအဖြစ် ဖတ်၊ မှတ် နှလုံးသွင်းစရာ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒတရားပို့စ်ကလေးတွေ တင်လိုက်ပါတယ်။ သတ္တ၀ါမှန်သရွေ့ တရားတွေ့၊ ငြိမ်းအေးကြပါစေ .... မန္တလေးတိုင်း၊ တံတားဦးမြို့နယ်သူငယ်တော်ရွာ တောရ ဆရာတော်၏ နေ့စဉ်ဟောပြ သြ၀ါဒတရား အားထုတ်ရခြင်းအကြောင်း ဘုန်းကြီးတို့ ယောဂီသူတော်စင်တွေ ဘာကြောင့် တရားအားထုတ်ရတာလဲလို့ မေးရင်အရိယာ သူတော်ကောင်းကြီးတွေ မြင်တော်မူ၊ ရတော်မူတဲ့ သန္တိသုခ နိဗ္ဗာနဓာတ်(အငြိမ်းဓာတ်) ကြီးကို ရပြီး အို၊ နာ၊သေ ဇာတ် အမြစ်ပြတ်ချင်လို့ တရားအားထုတ်ခြင်း ဖြစ်တယ်လို့ ဖြေရပါလိမ့်ယ်။ အကျဉ်းခ...

အသိပေးစကားစုများ -ဓမ်မဒူတ အရှင်ဆေကိန္ဒ

အိပ်မက်ကို အဟုတ်ထင်တတ်တယ်၊ အဟုတ်ကိုလည်း အိပ်မက်လို. ဇဝေဇ၀ါ ဖြစ်တတ်တယ်။ မသိတာချင်း အတူတူပါပဲ။ *********************** ရယူထားနိုင်ရင် အရသာရှိတယ် တဲ့။ ပေးစွန့်လိုက်ရရင်လည်း အရသာ ရှိတာပါပဲ။ အရသာချင်းကတော့ မတူပါဘူး။ *********************** သူ.အတွက်ပါ ဆိုပြီး ငါ့ဖို့ ပါတတ်တယ်။ ငါ့အတွက်ပါ ဆိုပြီး သူ.ဖို. ပါတတ်တယ်။ ငါနဲ့ သူ မျှရဲ့လား။ *********************** ကိုယ့်ဖို. တစ်ဖက်ထဲသာ ကြည့်ရင် အပြစ်ပဲ  မြင်တတ်တယ်။ နှစ်ဖက်မျှကြည့်ရင် အပြစ်ကင်းတယ်။ *********************** ဘာမျှ မသိတဲ့ လူတွေက ချီးကျူးခံရတာလောက် သိက္ခာကျတာ ဂုဏ်ပျက်တာ မရှိတော့ပါဘူး။ သူများ ချီးကျူးတိုင်း ကောင်းတယ် မထင်နဲ.။ *********************** တကယ်သိရင် မဟုတ်တာ မလုပ်ပါဘူး။ သိလျက်နဲ့ လုပ်သေးရင် မသိတဲ့သူထက် ဆိုးသွားပြီပေါ့။ ***********************ေ စာင်းမပြောနဲ့ တည့်တည့်ပြော။ ရွဲ.မထိုင်နဲ. တည့်တည့်ထိုင်၊ ကိုယ်နဲ.ကိုယ် တည့်ပါစေ။ *********************** အတုပဲ ခိုးလို. ရမယ်။ အစစ်ဆိုတာ ကျင့်မှ။ အမှန်ကို သိသလောက် ကျင့်၊ အစစ်ဖြစ်တယ်။ *********************** လေးစားကြလို. အတူတူ ပေါင်းသင်း အလုပ်လုပ်နေတာပေါ့။ အရည်အတ...

နှလုံးသွင်းရန် သတိပေး သံဝေဂလကာင်္များ (၁)

မဟာဂန္ဓာရုံ အဓိပတိ ဆရာတော်ဘုရားကြီး ၏ သံဝေဂလကာင်္များ ၁။ ငါတို့နေရာ၊ ဤကမ္ဘာ တဏှာအုပ်စိုးသည်။ ၂။ တဏှာစေရာ၊ မနေသာ ဖွေရှာဆက်ရသည်။ ၃။ ရသည့်ဥစ္စာ၊ ချစ်သူပါ စွန့်ခွာသွားရမည်။ ၄။ တကယ့်အရေး၊ တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။ ၅။ ငါနှင့် ရွယ်တူ၊ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။ ၆။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ပပြီ။ ရ။ ဇရာမီးတောင် ကိုယ်လည်းလောင်၊ သေအောင်မြိုက်တော့သည်။ ၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်သည်။ ၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။ ၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး၊ ခရီးထွက်တော့မည်။ @ @ @ @ @ @ @ @ @ @ @ @ @ @
ဒီနေ. တပို.တွဲလပြည့်နေ. ဖြစ်လို. ဓမ္မပို.စ်လေး တပုဒ်တော့ တင်ချင်ပါတယ်။ ကျမလည်း လေလွင့်နေတာ ကြာပြီဖြစ်တဲ့စိတ်တွေကို ထိန်းဖို. တရားဓမ္မစာလေး ဖတ်မိပါတယ်။ အဲဒီအထဲက သဘောကျမိတဲ့၊ အရှင်ဆန္ဒာဓိက ရဲ. ထူးမှထူး စာအုပ်လေးထဲက “မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ” ဆိုတဲ့ စာလေး တင်ချင်ပါတယ်။ ကိုယ့်အတွက် တော့ ဆေးတမယ်ပေါ့။ ဒေါသကြီးတတ်နေတဲ့ ကျမအတွက် ......။ မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ အဒေါသဆိုတာ ဒေါသမရှိတာ။ ဒေါသကင်းတာ။ အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘာမဟုတ်တဲ့ အသေးအမွှားစကားလုံးလေးနဲ.လည်း ပုံကြီးချဲ.ပြီးတော့ ဒေါသတွေ ကြီးနေတတ်တယ်။ စိတ်တိုနေတတ်တယ်။ စိတ်ဆိုးနေတတ်တယ်။ နာကျည်းမုန်းတီးနေတတ်တယ်။ ရန်ငြိုးတွေ ဖွဲ.နေတတ်တယ်။ ကိုယ့်အပေါ်မှာ လုံးကြီးတင် မခံချင်ဘူးပေါ့၊ လုံးကြီးတင် ကြီးကြီးတောင် မဟုတ်ပါဘူး။ သေးသေးလေးတောင် အတင်မခံချင်တာပေါ့လေ။ တဖက်သားက နောက်ပြောင်တဲ့ သဘောနဲ. ပြောတဲံ ဘာမဟုတ်တဲ့ စကားလေးကိုလည်း သူက အထအနတွေ ကောက်ပြီးတော့ စိတ်ဆိုးတယ်။ မုန်းတီးတယ်။ ဒါက အဒေါသဓာတ်ခံ အားနည်းတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အခုလို အင်မတန် ခြောက်သွေ.နေတဲ. မြက်ပင်တွေ၊ ၀ါးရွက်တွေပေါ် မီးစလေး တစ်မှုန်လောက် ကျရုံနဲ.ကို မြက်ခြောက်၊ ၀ါး...