Skip to main content

နာလိုက်ရသော တရားတော်နှင့် ဆက်စပ်၍

ကျမတို့ နေတဲ့နေရာလေးက အေးချမ်းပါတယ်။ သစ်ပင်ရိပ်ကလေးတွေနဲ့ ငှက်ကလေးတွေနဲ့ဆိုတော့ တောရိပ်မကင်းတဲ့ ပတ်ဝန်းကျင်လေးပေါ့။ ကျမတို့နဲ့ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတွေ၊ ရိပ်သာတွေ ရှိပါတယ်။ အိမ်နားက ဘုန်းကြီးကျောင်းကတော့ မေမေသွားနေကျကျောင်းပေါ့။ ဥပုသ်နေ့ဆို အဲဒီကျောင်းကိုဆွမ်းချိုင့်ပို့ရင်း ဥပုသ်သီတင်းဆောက်တည်တတ်ပါတယ်။ ကျမတို့ကတော့ အိမ်မှာပဲစောင့်တဲ့ အိမ် ဥပုသ်ပေါ့။ ဒါပေမယ့် မနက် ၈နာရီခွဲလောက်ကနေ ဆရာတော် သီလမပေးခင် ၉နာရီခွဲလောက်အထိ တရားခွေကို လော်နဲ့ဖွင့်တတ်ပါတယ်။ ( အန်တီစုအိမ်ရှေ့ သွားအော်တဲ့ လော်မျိုးတော့ မဟုတ်ဘူးထင်ရဲ့.....:)

 ဒီနေ့မနက်ကတော့ သီတဂူဆရာတော် ရှင်ဉာဏိဿရ ရဲ့တရားတော်ဖွင့်ပါတယ်။ ကျမလည်း ညက တော်တော်ညဥ့်နက်သွားတာရော..ကလေးတွေ ကျောင်းမရှိတဲ့ ဒီနေ့လိုမျိုးဆို နဲနဲပိုအိပ်တတ်တာကြောင့် ဆရာတော့်တရားသံကို အိပ်ချင်စိတ်နဲ့ပဲ ကြားနေရပါတယ်။ နောက်တော့ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့အကြောင်းရောက်တော့ နားစိုက်ထောင်ရတဲ့ အခြေအနေရောက်သွားရပါတော့တယ်။ ဘုရင်နဲ့ နန်းတွင်းက မိဘုရားတို့ ၀န်ကြီးတို့တွေ လှေပြိုင်မယ့်အကြောင်းလေ။ ဘုရင်ပြိုင်မယ့်လှေကို စီစဉ်ရတာက အမတ်ကြီးဦးပေါ်ဦး။ လှေပြိုင်မယ့်နေ့ကျတော့ စီစဉ်ထားတဲ့လှေက ပြိုင်လှေလို ပေါ့ပေါ့ပါးပါး ဦးချွန်လှေမဟုတ်ပဲ ဦးဝိုင်းနေတဲ့ လှေအကြီးဖြစ်နေပါတယ်။ ဘုရင်ကလည်း ဖြစ်ပါ့မလားပေါ့။ ဦးပေါ်ဦးကလည်း ဘုရင်နံမယ်နဲ့လိုက်အောင် ဦးဝိုင်းတဲ့လှေကို စီစဉ်ထားတဲ့အကြောင်းပြောပါတယ်။ နောက် လှေပြိုင်တော့ ဘယ်ပြေးပါ့မလဲ။ ကမ်းစပ်နားမှာပဲ တ၀ဲလည်လည် ဖြစ်နေတော့တာပေါ့။ ဦးပေါ်ဦးကလည်း မပူပါနဲ့ နိုင်မှာပါချည်းပဲ။ အဲဒီလိုနဲ့ လှော်လိုက်တာ... သူများတွေ အကုန်ရောက်ပြီး တရေးတမောအိပ်လောက်တော့မှ ရောက်တာပေါ့။ အဲဒီတော့ ဘုရင်ကြီးလည်း တော်တော်စိတ်တိုလာပြီ။ ဦးပေါ်ဦးကို ဆူတာပေါ့။ မင်းပြောတော့ နိုင်မယ်ဆို.. ခုကျတော့ နောက်ဆုံးမှ ပါလား..ဘာညာပေါ့လေ။ ဦးပေါ်ဦးကလည်း ကျွဲချင်းခတ်တဲ့ ကျွဲပြိုင်ပွဲလိုပေါ့။ ရှုံးတဲ့သူက အရှေ.ကနေပြေးနေရပြီး နိုင်တဲ့သူက အနောက်ကနေ ခတ်ဖို့အပြေးလိုက်ရတာလေ..လို့ ဘုရင့်သဘောကျလောက်တဲ့ ဥပမာ ဥပမေယျတွေ အပြကောင်းသွားလို့ နောက်ဆုံးတော့ ဘုရင်ကြီးလည်း ဦးပေါ်ဦးရဲ့ ကျွဲနိုင်နွားနိုင် နိုင်ခဲ့ရတာကိုပဲ ကျေနပ်လိုက်ရသတဲ့။ ကျမကတော့ ရယ်လိုက်ရတာ..။ အဲ .. မပြီးသေးဘူး။ ဆရာတော်ကပြောသေးတယ်။ တို့တွေလည်း ဘုရားလောင်းကျင့်စဉ် ကျင့်နေတာပဲတဲ့။ Unguided, independent, stand on own foot..တဲ့။ လမ်းညွှန်မှုမလိုဘူး၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ်လမ်းကိုယ်ဖောက်တဲ့ ဘုရားလောင်းလမ်းစဉ်တဲ့။ အဲလိုပြောတော့လည်း ဘယ်ဆိုးလို့လဲနော့..။ ဒါပေမယ့် ဟိုက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင် သတ္တ၀ါတွေအကျိုးအတွက် ပါရမီဖြည့်ကျင့်ခဲ့တာလေ။ အော်... ဆရာတော်က ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးအကြောင်း ပြောတာကလည်း နောက်ဆုံးကနေပေမယ့် အနိုင်ယူချင်နေတဲ့အကြောင်းပြောတာ။ 

ကျမတော့ ဆရာတော့်ကို လေးစားကြည်ညိုပါတယ်။  တကယ်တမ်းကျတော့ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အရင်းမရှုံးလေအောင် သာသနာနဲ့ ကြုံကြိုက်နေတုန်း အချိန်ရှိသရွေ. သံသရာကလွတ်လမ်းကို ရှာတွေ.အောင် ကြိုးစားနေရမှာပါ။ ဆရာတော်ကတော့ ကျင့်ကြံတဲ့အလုပ်တွေ မလုပ်နိုင်သေးဘူးတဲ့။ သူ့မှာ ဆေးရုံအတွက်၊ သာသနာ့တက္ကသိုလ်အတွက်. သူလုပ်နေတဲ့ အလုပ်တွေက များလွန်းနေတာကို အကြောင်းပြပြီး တရားအားထုတ်တဲ့ အလုပ်ကို မလုပ်နိုင်သေးကြောင်း သူ့အကြောင်းပြချက်ကို ပြောပါတယ်။ ကျမတို့တွေကရော.. ဘယ်သူတွေအတွက် လုပ်နေလို့၊ ဘယ်သူ့ကောင်းကျိုးတွေမှာ နေ့မအား ညမနားဆောင်ရွက်နေရလို့ ..ဘယ်လိုအကြောင်းပြချက်တွေ ပြပြီး မေ့မေ့လျော့လျော့ နေနေပါလိမ့်နော်....။

Comments

တိုက် တိုက် ဆိုင် ဆိုင် ဒီနေ့ ဒီမှာ သီတဂူ ဆရာ တော် တရား ပွဲ.

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...