Skip to main content

Posts

Showing posts with the label ၀တ္ထုတို၊ (ကိုယ်ပိုင်)

တိမ်ပြာပြာနေ့တနေ့...

မောင်ရေ.... ဒီနှစ် မိုးနှောင်း ကောင်းလိုက်တာ မောင်ရယ်.. ရွာလိုက်တာမှ သည်းသည်းမဲမဲ... သမီးကြီးရဲ့ မင်္ဂလာဧည့်ခံပွဲအတွက်တောင် အဆင်ပြေပါ့မလား စိုးရိမ်နေရတာ...ကံကောင်းထောက်မစွာနဲ့ပဲ မိုးနတ်မင်းကြီးက အားငယ်နေရှာတဲ့ သမီးကြီးရဲ့ မင်္ဂလာဦးကို ကောင်းချီးပေးလိုက်တယ် ထင်ပါရဲ့။ မိုးတိမ်ကင်းစင်တဲ့ တနင်္ဂနွေ ဒီနေ့မှာ သမီးကြီးကတော့ သူ့ချစ်သူ အမျိုးကောင်းသားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ လက်တွဲခွင့်ရလိုက်ပါတယ်။ ဒါပေမယ့် မောင်ရယ်... တချက်တချက် ညှိုးရော်သွားတဲ့ သမီးကြီးကို မြင်ရတာ စိတ်ထဲ မကောင်းလှဘူး.... နှစ်ဖက်မိဘကို ကန်တော့တဲ့ အချိန်မှာတော့ အဆိုးဆုံးပါပဲ။ ဟိုဘက်မိဘနဲ့ အတူတူ တဦးတည်း ကန်တော့ခံနေရတဲ့ မိခင်ကို မျက်ရည်တွေ ဝေ့၀ဲနေတဲ့ မျက်လုံးအစုံကနေ ရင်နဲ့ လွယ်မွေးခဲ့ရတဲ့ ကိုယ့်သမီးရဲ့ နာကျင် ခံစားနေရတာကို မေ ဘယ်လို မမြင်ချင်ယောင်ဆောင်နေရပါ့မလဲ...။ သမီးကြီး ဘွဲ့ယူတုန်းကလည်း မိသားစုစုံလင်စွာ ပျော်ရွှင်နေကြတဲ့ သူတွေကိုကြည့်ပြီး ကိုယ်စီ ကြေကွဲနေတဲ့ မိသားစု ဓာတ်ပုံထဲမှာလည်း မောင့်ပုံ မပါခဲ့ဘူး... ထားပါတော့လေ... ဒါပေမယ့် ဒီတစ်ခါ သမီးကြီးဘ၀ရဲ့ အရေးကြီးတဲ့ အမှတ်တရ မင်္ဂလာယူနေတဲ့ အချိန်မှာ သတို့သမီးရဲ့ ဖခင်နေရာမှာ မောင်ရှိေ...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...

အဝေးမြင် အနီးမှုန်....(၁)

အဝေးမြင် (၁) တကယ်ဆို သူမက ဘေးက ပွဲကြည့် ပရိသတ်သက်သက်.. ကောင်မလေးက ကောင်လေးကို အထင်ကြီးသည်။ ရိုးသားတည်ကြည်သည်ဟု ။ ဒါကတော့ အပြင်ပန်းအသွင်အပြင်ကို ကြည့်ရင် အဲဒီလိုပဲ ထင်ကြမှာပါ။ သူမကတော့ ငယ်သူငယ်ချင်းတွေမို့… သူသည် ရိုးသားပါသည်.. သို့သော်..ပျော်တတ်သူ.. အထူးသဖြင့် မိန်းမချောလေးတွေနှင့် ဆရာကြီးလုပ်ကာ တရင်းတနှီးနေရသည်ကို ပျော်မွေ့သဘောတွေ့တတ်သူဟု မြင်သည်။  ကောင်မလေးနှင့်ကတော့ သူငယ်ချင်း ကောင်လေးနဲ့ ပတ်သက်တော့မှ သူမနှင့် သိကျွမ်းရသူ။ ကောင်မလေးက ရိုးသားတည်ကြည်သည်ဟု ယုံကြည်စွာ ရွေးချယ်ထားသူသည် မမြင်မျက်ကွယ် နိုင်ငံရပ်ခြားတိုင်းတပါးမှာ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတစ်ယောက်နှင့် ဇာတ်လမ်းတွေဖြစ်နေသည်။ သူတို့နိုင်ငံမှာတော့ မထူးဆန်းတဲ့ အတူတူနေ ဇာတ်လမ်းပေါ့။ သူမ ကောင်မလေးကို မပြောပြဖြစ်ခဲ့ပါ။ ဒါပေမယ့် ရင်ထဲမှာ မနေနိုင်လွန်းတော့ အဲဒီကောင်မလေးနဲ့လည်း သိကျွမ်းသည့် သူမရဲ့ သူငယ်ချင်းအရင်းကို ပြောပြမိသည်။ ဇာတ်သိမ်းမတော့ ကောင်မလေးနဲ့ ကောင်လေး လက်တွဲဖြုတ်ကာ သီးခြားစီ အိမ်ထောင်ပြုသွားကြသည်။ စိတ်ထဲတော့ မကောင်းလှ.. ။ တဦးချင်းစီရဲ့ အိမ်ထောင်ရေးတွေ အောင်မြင်ပျော်ရွှင်နေတာတွေ့မှ.. သက်ပြင်းချမိသည်။ ဘယ်လိုပဲ...