တစ်နှစ်ပြည့်ပြီဖြစ်တဲ့ ကျမရဲ. မှတ်စုစာအုပ်လေးအတွက်….. ကျမရဲ. ဘလောက်ဂ်ကလေးလည်း ဘာလိုလိုနဲ့ ဒီနေ့ဆို တစ်နှစ်တောင် ပြည့်သွားပါပကောလား။ တကယ်တမ်းကျတော့ သူများတွေ ရေးနေတာကြည့်ပြီး လုပ်ဖြစ်သွားခဲ့တာပါ။ မှတ်မှတ်ရရ ဇူလိုင်လ ၁၉ -ရက်နေ့ အာဇာနည်နေ့မှာ စဖြစ်တယ်။ နည်းပညာပိုင်းမရလေတော့ စမ်းတ၀ါးဝါးနဲ့ပဲ မြန်မာစာရိုက်လို့ရတဲ့ ဘလောက်ကလေးဖြစ်အောင် မြန်မာဘလောက်ဂါတွေရဲ. မျှဝေမှုတွေကို ခံယူလေ့လာရပြန်ပါတယ်။ မြန်မာပြည်ရဲ. ခက်ခဲလှတဲ့ ကွန်နက်ရှင်ကြားမှာ ဘလောက်ဂ်တစ်ခု ရှင်သန်အောင် မွေးမြူဖို့က တော်တော်ခက်ပါတယ်။ ခဏခဏလည်း မပြင်ရဲ။ ထည့်ချင်တာတွေလည်း ထပ်မထည့်ရဲ။ နည်းပညာတွေ သိပ်မြင့်နေရင်လည်း ကျမတို့ အင်တာနက်မော်ဒယ်နဲ့က သိပ်ကွာနေတော့ သုံးမရပြန်ပါဘူး။ မြန်မာပြည်မှာ အော်တိုမစ်တစ်(automatic)တွေထက် မန်နူရယ် (manual) တွေက ပိုအဆင်ပြေပါတယ်။ လူ့အစွမ်းကို ပိုတန်ဖိုးထားတဲ့ သဘောဖြစ်မယ်ထင်တယ်။
မြန်မာလို ရေးလို့ဖြစ်သွားပြန်တော့လည်း လက်ကွက်တွေကို လေ့လာပြီး မြန်မာစာရိုက်တတ်အောင် ပြန်ကျင့်ရပြန်ပါတယ်။ သူများဘလောက်ဂ်တွေလို လှလှပပ ကျကျနနလေးတော့ ဖြစ်ချင်ပါရဲ.။ ဒါပေမယ့် ကျမ စိတ်ရှည်ရှည်မထားတာနဲ့ပဲ ဘလောက်ဂ်ကလေးလည်း ဟိုမရောက် သည်...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!