Skip to main content

Posts

Showing posts with the label သူတို့အတွေး၊

သူတို့စကားနဲ့ သူတို့ အကြောင်း....

ဒီက ယူထားတာပါ။ ဒီက ယူထားတာပါ။ လူတယောက်နဲ့ တယောက် အကျင့်စရိုက်ချင်း မတူနိုင်တာကို ကျမ ကိုယ့်ကလေးတွေကို ပြန်ကြည့်ရင်း ပိုနားလည်လာမိပါတယ်။  ဒီမိဘကပဲ မွေးပြီး ဒီအသိုက်အမြုံလေးထဲမှာပဲ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေပေမယ့် တယောက်နဲ့ တယောက် အမူအကျင့်က တော်တော်မတူကြတာပါ။ သားကြီးက တခုခုလိုချင်လို့ ပူဆာရင် ဘယ်လောက်အရေးပါကြောင်း သိုင်းဝိုင်းပြီး ပြောချင်ပြောမယ်.. ဒါမှမဟုတ်.. သူလိုချင်တာကိုပဲ ထပ်ခါထပ်ခါ နားညည်းလောက်အောင် ဘာကိုမှ ဂရုမစိုက်ပဲ တအီအီ  ပြောနေတတ်ပေမယ့် သမီးငယ်ကတော့ လူကို ကြည့်ပြီး သူ့ရဲ့ ဗျူဟာကို ပြောင်းတတ်သူ။  သူ့ကို လက်ချာတွေပေးတတ်တဲ့ အမေ့ကိုဆို မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီးမှ အပူအအေးခ ျက်ချင်း ပြောင်းလဲတတ်သလို အဖေ့ကိုကျပြန်တော့ မရမချင်း အနားကပ်ကာ ပူဆာနေတတ်ပြန်ရော။ အဲ...အလတ်ဖြစ်သူ သားငယ်ကျတော့ သိပ်မပြော၊ သူလိုချင်တာ မရရင် မျက်ရည်တွေဝဲ.. အသံမထွက်ပဲ တိတ်တိတ်လေးကြေကွဲကာ ဆန္ဒပြရင်း မိဘတွေ စိတ်မကောင်းဖြစ်ပြီး ဝယ်ပေးဖြစ်အောင် ပူဆာတတ်တာ....။  ညနေကလည်း ကားပေါ်မှာ မောင်နှမ သုံးယောက် စကားပြောတာနားထောင်ရင်း ရယ်ရပြန်ပါသေးတယ်။ သမီးက သူ့အကိုငယ် ကျက်နေတဲ့ အလီတွေကို လိုက်ကျက်ရင်း အ...

မေမေနှင့် သူ၏ ကလေးများ။

သမီးငယ် ရေကျောက်ပေါက်နေတာ သည်နေ့ဆို ငါးရက်မြောက်... အလှကြိုက်သူမို့ သူ့မျက်နှာမှာ အရည်ကြည်ဖုလေးတွေ ကြည့်ပြီး မှန်မကြည့်ချင်တော့ဘူးလို့... စိတ်မချမ်းမသာ ဖြစ်နေရရှာပါတယ်..။ ကောင်းတာတစ်ခုကတော့ အမာရွတ်ကျန်ခဲ့မှာစိုးလို့ မကုတ်နဲ့နော်လို့ ပြောတာကို သည်းခံ အောင့်အည်းနေရှာတာပါပဲ...။ အခုတော့ အနာလေးတွေလည်း ချပ်တဲ့ဟာတွေ ချပ်နဲ့ တော်တော်တော့ သက်သာနေပါပြီ...။  ( မိဘတို့ ထုံးစံအတိုင်းပေါ့... ကိုယ်သာ ဖြစ်လိုက်ချင်တော့တာပါပဲ.. ကလေးတွေ ခံစားနေရတာ ကြည့်ရတာ စိတ်ထဲ မကောင်းလှဘူး...) သက်သာပေမယ့် ဆေးပတ်လည်အောင် သောက်နေရသေးတုန်းပါ...။  ဆေးသောက်ခါနီးဆို သူ့ဘာသာ ဆေးပုလင်းရယ် ဇွန်းတွေ ရေတွေ အဆင်သင့်လုပ်ပြီး အမေ့ကို ဆေးတိုက်ဖို့ သတိပေးပေမယ့် တကယ်တိုက်တော့မယ်ဆို.. ခါးလို့ ထွက်ပြေးနေတတ်တဲ့ ကလေးမ...။ ဒါနဲ့ပဲ... ထုံးစံအတိုင်း အရုပ်ဝယ်ပေးမယ်.. ကြိုက်တာ ၀ယ်ပေးမယ်ဆိုပြီး ချော့မော့တိုက်ထားတာ ငါးရက်မြောက်ဆိုတော့... သူ့ရ ရမယ့် အရုပ်စာရင်းလည်း ငါးခု တောင် ဖြစ်နေပြီ...တဲ့...။ အရင်တပတ်ကမှ အသည်းအသန် ဗိုက်အောင့်လို့ ကျောင်းသုံးရက် ပျက်ထားတဲ့ သားငယ်က ဘေးက နားထောင်ရင်း မကျေမနပ်....။ သူ့ရမယ့် အရုပ်စာရင်းက သုံးခု....။...

စင်ကာပူရောက်ဖွားဖွားနဲ့. ရန်ကုန်မှ မြေးများ

မနေ့က မေမေ့မွေးနေ့ဆိုတော့ ဒီက မိသားစုတွေက ညဖက်အိမ်ပြန်ရောက်တော့ Birthday Wish လုပ်ဖို့ အင်တာနက်ဆက်..။ pfingo ကနေ မောင်လေးရဲ့ ဟန်းဖုန်းကိုဆက်။ အိမ်မှာပဲ ရှိနေပြီး မေမေ့ကို Birthday Wish လုပ်မလို့ဆိုတော့ သူလည်း skype ပေါ်တက်။ ကိုယ်လည်းပဲ skype ပေါ်တက်ပေါ့။ ဟိုဘက်အိမ်မှာ တစ်ယောက်ထဲဖြစ်နေတဲ့၊ မေမေ့ဆီက ဖုန်းမျှော်နေတဲ့ ဖေဖေ့ကို လှမ်းခေါ်တော့ ချက်ချင်း ရောက်ချလာပါတယ်။ ဗွီဒီယို call ခေါ်ပြီး စကားပြောကြ wish လုပ်ကြပေါ့။ ကလေးတွေကလည်း သူ့အဖွားကို အော်ဟစ်ပြီး တစ်ယောက်တစ်ပေါက် စကားပြောနေကြပါတယ်။ ကွန်နက်ရှင်က နှေးနေတော့ ပုံကလည်း တုံ့ဆိုင်းဆိုင်း.. အသံတွေကလည်း တုံ့ဆိုင်းဆိုင်းပေါ့လေ...။ အဲဒီမှာတင် အဖွားချစ်ဖြစ်တဲ့ သားငယ်က သူ့အဖွားစကားပြောနေတာကို ကြည့်လိုက်၊ သူ့အကိုကို ကြည့်လိုက်နဲ့.. စိတ်မကောင်းတဲ့ လေသံနဲ့ စကားတစ်ခွန်းပြောလိုက်ပါတယ်။  “အင်း.. ဖွားဖွားလည်း စင်ကာပူရောက်မှ စကားတွေတောင် ထစ်ကုန်ပြီ..” တဲ့။ သူက သူ့အကို စကားထစ်တာကို မြင်ဖူးနေတာကိုး။ အဟဲ...။

သူတို့လေးတွေရဲ. အတွေးစကားလေးများ။

အခု ကျမ သားငယ်နဲ့ သမီး နှစ်ယောက်စလုံးက လေးနှစ်ကျော်၊ ငါးနှစ်ကျော် အရွယ်တွေရောက်ကုန်ပြီဆိုတော့ စကားတွေ လည်လည်ပတ်ပတ် ပြောတတ်နေပါပြီ။ ကျမသားကြီးငယ်ငယ်တုန်းကလည်း စကားတအားများပါတယ်။ ကြာသပတေးသားဖြစ်ပြီး စကားများလွန်းလို့ သောကြာနဲ့နီးသွားလို့ဖြစ်မယ်လို့ ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူ့ကိုဆို ကျမတို့ သွားနေကျဆိုင်က ကောင်မလေးတွေက ဖိုးသောကြာလို့ ခေါ်ပါတယ်။ ကျမက နဂိုထဲကိုက စကားသိပ်များများပြောလေ့မရှိသူမို့ သိပ်လေပေါတဲ့ သူတွေနဲ့ဆို ကြာကြာနေရရင် နေလို့ထိုင်လို့ မကောင်းတော့ပါဘူး။ (အဟဲ.. စကားမများပေမယ့် စာရေးပြောတာတော့ သဘောကျသား။ ဒါကြောင့် ဖုန်းပြောလေ့ သိပ်မရှိပေမယ့် ချက်တင်ဆိုရင် သွက်လက်နေတတ်ပါတဲ့ ကျမ..) အခု သားငယ်နဲ့ သမီးတို့လည်း စကားများကြတာပါပဲ။ ဒါပေမယ့် သူတို့အချင်းချင်း အဖော်ဖြစ်နေတော့ ကျမကို တချိန်လုံးလာပြီး စကားများနေတာမျိုးတော့ သိပ်မရှိတော့ဘူးပေါ့။ သူတို့နှစ်ယောက်က မောင်နှမအနေနဲ့သာ မဟုတ်တော့ပဲ သူငယ်ချင်း အနေနဲ့ပါ ချစ်ကြ ခင်ကြပါတယ်။ တစ်နှစ်ကျော်ကျော်လေးသာ ခြားတာမို့ ပြောလို့ဆိုလို့ ရနေပါတယ်။ တခါတခါ သူတို့ အချင်းချင်း ပြောဆိုနေကြတာတွေကို ဘေးက တိတ်တိတ်နားထောင်ရင်း ခိုးရယ်ကြရပါတယ်။ မနေ့ညကလည်း မီးတွေမှ...