Skip to main content

Posts

Showing posts with the label အထိမ်းအမှတ်နေ.များ။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

ဗိုလ်ချုပ်အောင်ဆန်း၏ ၉၄-နှစ်ပြည့် မွေးနေ့နှင့် မြန်မာကလေးများနေ့ အမှတ်တရ...။

မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၄-နှစ်ပြည့် မွေးနေ့ နှင့် မြန်မာကလေးများနေ့အား သည်ပို့စ်ဖြင့် ဂုဏ်ပြုအပ်ပါသည်။ မေမေ။    ။ ကလေးတွေ...ဒီနေ့ ဘာနေ့လဲ သိလား။ မီးမီး  ။    ။ ဒီနေ့  Monday, ကျောင်းတက်ရမယ်လေ..။ မေမေ။   ။မဟုတ်ပါဘူး သမီးရဲ့။ မနေ့က  ကျောင်းပိတ်လို့လေ.. ဒီနေ့က Friday             သောကြာနေ့.. သားကြီး။  ။ မနေ့က ပြည်ထောင်စုနေ့ဆို..ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ပေါ့..။ မီးမီး။    ။ ဗိုလ်ချုပ်ဆိုတာ....ဗိုလ်ချုပ်အောင်ချန်းကို ပြောတာလား။ သားငယ်။     ။ ဗိုလ်ချုပ်အောင်ဆန်းပါ မီးမီးကလဲ... မီးမီး။     ။ တောက်တောက်နော်.. မီးမီးက စကားမပီလို့ဟာကို....။ မေမေ။ ။ ကဲ..ကဲ.. တော်ကြတော့... သားကြီးပြောတာ  မှန်တယ်... ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့။ ဖေဖော်ဝါရီ ၁၃-ရက်နေ့။ သားကြီးက သား ငယ်ငယ်တုန်းက ကျောင်းမှာ သင်ရတဲ့ ကဗျာလေး ရွတ်ပြပါလား.. ညီ ညီမလေးတွေကို...။ သားကြီး။     ။ သား..မေ့နေရင် မေ...

၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အား လေးစားစွာ ဦးညွတ်လျှက်....

၁၉၄၇ ခုနှစ်- ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ဖြစ်ပေါ်သတ်မှတ်ခဲ့သော.... အမျိုးသား စည်းလုံးညီညွတ်မှု သရုပ်ကို ဖော်ဆောင်သော... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ.. အမျိုးသား တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ခက်ခက်ခဲခဲ တည်ဆောက်ယူခဲ့ရသော.. ပြည်ထောင်စုနေ့အား လေးစားစွာ ဂုဏ်ပြု ဦးညွတ်အပ်ပါသည်။ ၆၂-နှစ်မြောက် ပြည်ထောင်စုနေ့မှသည်... ကမ္ဘာမြေတည်သရွေ့ မြန်မာပြည်သူ ပြည်သား အချင်းချင်း၊ မြန်မာပြည်ထောင်စုဝင် တိုင်းရင်းသားအချင်းချင်း ရင်းနှီး ချစ်ခင်စွာဖြင့် တိုင်းပြည်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေနိုင်ကြပါစေ...။  တဦးကို တဦး မေတ္တာထားကာ အမုန်းပွားမှုများ အဆုံးသတ်နိုင်ကြပါစေ...။ (မြန်မာပြည်အလံတော် ဓာတ်ပုံကို ဒီကနေ ရယူခဲ့ပါတယ်)

လွတ်လပ်ရေးနေ့ အမှတ်တရ... လွတ်လပ်သော စိတ်

  ပုံလေးကိုသည်နေရာက ယူပါသည်။ ကျမတို့ ချစ်သောမြန်မာနိုင်ငံတော်ရဲ့ ၆၁-နှစ်ပြည့် လွတ်လပ်ရေးနေ့  အမှတ်တရအဖြစ်..   ဆရာတော် ဦးဇောတိက  ရဲ့  လွတ်လပ်သောစိတ် စာအုပ်ထဲက မာတိကာ  ခေါင်းစဉ်လေးတွေပါ...။ ၃။  လွတ်လပ်သောသူဟာ  မယုံသင့်တာကို မယုံတော့ဘူး ၄။ လွတ်လပ်တဲ့သူဟာ သဘာဝ အကြောင်းအကျိုးကို  လေးစားတယ် ၅။ လွတ်လပ်သူ၏  တာဝန်ယူတတ်သော  စိတ်ထား ၆။ လွတ်လပ်သူ၏  ကိုယ့်ကိုယ်ကို ကိုယ်  ထိန်းသိမ်းနိုင်စွမ်း ၇။လွတ်လပ်သူ၏  ရွေးချယ်စရာများကို  ကိုယ်တိုင်  သတ်မှတ်နိုင်စွမ်း ၈။ လွတ်လပ်မှု လမ်းစ ၉။ လွတ်လပ်မှု ၏ စစ်မှန်သော ဂုဏ်သိက္ခာ ၁၀။  လွတ်လပ်ရင် စိတ်ချမ်းသာတယ်၊  တရားမျှတရင် ဂုဏ်သိက္ခာရှိတယ် ၁၁။ လွတ်လပ်သူ၏ ကိုယ့်ဘ၀ကို  ကိုယ် ပုံဖော် နိုင်သော စိတ်ဓာတ် ၁၂။  လွတ်လပ်တဲ့သူဟာ အမှန်တရားနဲ့ လွတ်လပ်မှုကို  စံထားတယ် ၁၃။ လွတ်လပ်မှုဆိုတာ  အကြီးမားဆုံး လက်ဆောင် ၁၄။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ် ၁၅။  လွတ်လပ်တဲ့သူဟာ  ဆုံးရှုံးမှု ရှိနိုင်တဲ့ အခြေအနေကို စွန့်စားရင်ဆိုင်နိုင်တယ် ၁၆။ လွတ်လပ်တဲ့သူဟာ မကြွား...

MERRY X'MAS TO ALL!

MERRY X'MAS သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ အားလုံးကို တစ်ဦးချင်းဆီကို cards မပို့နိုင်လို့ ဘလော့ဂ်ပေါ်မှာပဲ တင်ထားလိုက်ပါတယ်.. ဒါကတော့ အပျိုကြီး မမ နဲ့ ညီမလေးများအတွက် Merry Christmas Greeting Card လေးပါ။ ဒါကတော့ နောက်တမျိုး.. သက်ဆိုင်သော သူများသို့ပေါ့.. Merry X'Mas ပါ.. ဒီ ကတ်လေးကတော့ ချစ်တဲ့ ပေါက်နဲ့ ချန်းချန်းလေး အတွက်.... အောက်ကပုံကတော့ အတွယ်အတာလေးတွေ များတဲ့... Santana-Cantata, သင်းနွယ်ဇင်, ဖြူ, ထွေး, AAT, ၀ါ, မိုးစ်, လေနုအေး နဲ့ တခြား မိတ်ဆွေ သူငယ်ချင်းများမိသားစုအတွက်.. ဒါကတော့ မမခင်ဦးမေတို့၊ မွန်တို့၊ မေမိုးတို့၊ သက်ဝေတို့၊ နုသွဲ့တို့၊ မချိုတို့ အတွက်... ဒီကတ်လေးကတော့ ကလေးများဖြစ်တဲ့ လင်းစ်၊ ကာကာ၊ ကြယ်ပွင့်လေး နဲ့ တခြားသော အချိုကြိုက်တဲ့ ကလေးများအတွက်ပါ။ Myspace Chistmas Comments & Graphics အားလုံးပဲ ကျေးဇူးတင်ပါတယ်.... Myspace Chistmas Comments လင့်ခ်တွေ ပေါ်နေတဲ့ အတွက် သပ်သပ် မထည့်တော့ဘူးနော်..

မီးပုံးလေးတွေ ဖြူပြာဝါနီ - မောင်ခင်မင် (ဓနုဖြူ)

Perfect Magazine မှာ ဆရာမောင်ခင်မင်(ဓနုဖြူ) ရေးထားတဲ့ ဒီဆောင်းပါးလေးကို သီတင်းကျွတ် လပြည်နေ့- အဘိဓမ္မာအခါတော်နေ့ အတွက် ကျမသဘောကျလို့ တင်ထားပါရစေ..။ ဒီကယူထားတာပါ မီးပုံးလေးတွေ ဖြူပြာဝါနီ ...

ံHAPPY BIRTHDAY MOE HAN!

HAPPY BIRTHDAY သားကြီးမိုးဟန်... သားကြီးရေ... မေမေ သားကို ပြောခဲ့တဲ့စကားတွေ များနေပြီ။ မေမေ့ဘလောက်ဂ်ကို သားလာလည်ရင်း ဒီပို.စ်ကို သားဖတ်မိခဲ့ရင် မေမေ သားကို ဘယ်လို လူသားမျိုး ဖြစ်စေချင်သလဲဆိုတာကို သိအောင် တိုတိုကလေးပဲ ပြောလိုက်တော့မယ်နော်။ တိုပေမယ့် အဖြစ်စေချင်ဆုံးတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံအားထုတ်နေထိုင်နိုင်ပါစေ.... သားကြီးကို ချစ်တဲ့ ဖေဖေနဲ့ မေမေ

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ဆန္ဒ   ဇော်ဂျီ   ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း၏ သားနှင့်၊ ပြောချိန်သင့်ပြီ လွတ်ခွင့်ရနီး၊ လွတ်စည် တီးမှ ဖျက်ဆီး ကြံရွယ်၊ အန္တရာယ်သည် မဖွယ် မရာ၊ တို.ပြည်ရွာ၌ ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း။   ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့် နယ်ချဲ့သွေးထိုး၊ ဒေါသအိုးသည် တိုင်းကျိုး လိုလို၊ ဘာလိုလိုနှင့် ကိုယ်ကျိုး ထဲပိုက်၊ မှောင်ခိုတိုက်သည် မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း။   အမိုက်ကမ်းခတ်၊ သူ့အတတ်ကြောင့် လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင် ဆန်းတို.တစ်စု၊ တိုင်းပြည်ပြုတို့ မရှုမလှ၊ ကြွေလိုက်ရသည် ကျခဲ့မကောင်း ကျခဲ့ကြောင်း၊   ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်းက ပြန်ပြောင်း၊ မင့် သားကောင်းကို အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏ ရှိပါကတဲ၊ သူ့စိတ်ထဲ၌ တိတ်စွဲသောက၊ စွဲဒေါသတို့ မကြွစေချင်၊ ပြေစေချင်၏ ပညာအသိ၊ သတိဖြစ်ရေး အတွေးမှန်ကန်၊ နိုင်ငံလူထု ကိုသာ ရှု၍ ပြုစေချင်၏ ပြုပါဘိ။   ။   လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၁၄ (၁၅၊ ရ၊ ၁၉၆၈) စိတ်ကူးချိုချိုမှ ထုတ်ဝေသော ဆရာကြီးဇော်ဂျီ၏ ညီသစ်ဆင်းကဗျာစုမှကူးယူဖော်ပြပါသည်။

ဂြိုလ်မွှေသော ထိုစနေ

ဂြိုလ်မွှေသော ထိုစနေ   ' ဗိုလ်ချုပ်၊ နက်ဖြန် ၀န်ကြီး အစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။ လွှတ်တော် ကော်မတီ အစည်းအဝေးကလည်း နက်ဖြန် ၁၀ နာရီပဲ ဖြစ်နေတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ'   'ဟေ၊ ဟုတ်လား။ ဒါဖြင့် လွှတ်တော် ကော်မတီကိုပဲ တက်မယ်။ အီးစီ ၁ (E.C) ကို စနေနေ့ မနက် ပြောင်းလုပ်လိုက်ကွာ '   အထက်ပါ မေးခွန်းကို မေးသူမှာ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ဖြစ်၍ အဖြေနှင့် တကွ ညွှန်ကြားချက်ပါ တစ်ပါတည်း ပေးလိုက်သူမှာ ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်သည်။   ထိုနေ့ ထိုရက်မှာ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၅ ရက် အင်္ဂါနေ့ ဖြစ်သည်။   ဗြိတိသျှတို့သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည့် (၁၉၄၅ ခုနှစ်) နောက်ပိုင်း မြန်မာပြည်အား ဗြိတိသျှဘုရင်ခံတစ်ဦး ခေါင်းဆောင်သည့် ၀န်ကြီးများ အဖွဲ့တစ်ဖွဲ့ကို ဘုရင်ခံ၏ အမှုဆောင်အဖွဲ့ (Governor's Executive Council) ဟု အမည်ပေး အုပ်ချုပ်လာခဲ့သည်။   အဆိုပါ ၀န်ကြီးများအဖွဲ့ အစည်းအဝေးများကို ၁၉၄၆ ခုနှစ်အထိ အဖွဲ့၏ သဘာပတိဖြစ်သော ဘုရင်ခံ၏ အိမ်တော်၌ ကျင်းပလာခဲ့ရာမှ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလတွင် အောင်ဆန်း-အက်တလီစာချုပ် (Aung San – Atlee Agreement) ချုပ်ဆိုခဲ့ပြီးနောက် ဘုရင...

၆၁-နှစ်မြောက် အာဇာနည်နေ့ ကို လေးစားကြေကွဲစွာ ဦးညွတ်လျှက်.....

၆၁-နှစ်မြောက် အာဇာနည်နေ့ ကို လေးစားကြေကွဲစွာ ဦးညွတ်လျှက်.....   လွန်ခဲ့တဲ့ ၆၁-နှစ်ကတည်းက မြန်မာပြည် အမှောင်ဖုံးခဲ့တာ ခုချိန်ထက်ထိ မလွတ်မြောက်သေးပါလား။ ကျမတို့ ငယ်စဉ်ကတော့ ကြေကွဲဝမ်းနည်းစွာ စောင့်မျှော်ခဲ့ရတဲ့ ဥသြသံ…။ အခုဆို ကလေးတွေ ဘယ်သိပါဦးတော့မလဲ။ ဗိုလ်ချုပ်ကို မမေ့ကြသေးတောင် အာဇာနည်ခေါင်းဆောင်တွေ ဘယ်သူဘယ်ဝါတွေ ဆိုတာတောင် သိတော့မယ်မထင်ပါဘူး။ ဒါ ၆၁ နှစ်မြောက် အာဇာနည်နေ့ သတင်းစာ တဲ့…။ ဘာတွေများ မှားနေသလဲ။ ဘယ်နေရာတွေမှာများ လိုအပ်နေသလဲ…လို့။ မမေ့ကြနဲ့နော်….။ ဘယ်သူတွေ မေ့ဆေးမှိုင်းဘယ်လောက် တိုက်တိုက်…. မျိုးဆက်သစ်တွေကို လက်ဆင့်ဆက်ကမ်းဖို့က … ကျမတို့ တာဝန်….။

အာဇာနည်နေ. အမှတ်တရများ

ဒီနေ.တော့ ကျမ ဘလောက်ဂ်တွေဆီ ပြန်ရောက်လာပြန်ပါပြီ။ ဆယ်ရက်လောက်ကိုပဲ ကျမ အောင့်အည်း သည်းခံခဲ့ရတာ တော်တော်ကြာနေသလိုပါပဲ။ ဒီလို အာဇာနည်နေ.အမှီ ကျမ ပြန်လာနိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်လေစရောက်ရောက်ချင်း အီးမေးလ်မှာ ၀င်လာတဲ့ မိုးမခ စာမျက်နှာက အာဇာနည်နေ. အမှတ်တရလေး တင်ထားလိုက်ပါတယ်။  ကျေးဇူးပါ။  ၂၀ ဇူလိုင် ၁၉၄၇ ဒိုင်ယာယီ မင်းသုဝဏ် ဇူလိုင် ၁၇၊ ၂၀၀၈ မနေ့နံနက်က ဗိုလ်ချုပ်တို့ အနိစ္စရောက်ရှာပြီ။ တနင်္လာနေ့ (၁၄-၇-၁၉၄၇)ကပင် သူတို့ကို တွေ့ခဲ့ရသေးသည်။ တနင်္လာနေ့ညနေပိုင်း စာသင်တန်းမရှိ၍ ကျွန်ုပ် အိပ်ရာပေါ်တွင် စာဖတ်ရင်း တမှေးအိပ်ပျော်သွားသည်။ ထိုအခိုက် ဆရာခင်ဇော်လာ၍ ခေါက်ဆွဲမောင်မောင်ထံတွင် ဂျပန်လက်ထက်က ပျောက်သွားသော စာရွက်စာတမ်းများရှိသည်ကြား၍ သွားမေးကြရအောင်ဟု ပြောသဖြင့် လိုက်သွားသည်။ ထင်ဖတ်အိမ်တွင် ငါးလက်ခွာငါးခြောက် နှင့် လက်ဖက်ရည်ကြမ်း မော့ပြီး ဆရာခင်ဇော်၊ မောင်ထင်၊ ကျွန်ုပ်ပါ သုံးဦးသား အတွင်းဝန်များရုံးသို့ သွားကြသည်။ ကားကိုဆိုက်ပြီး လွှတ်တော်ရှေ့ကို ဖြတ်သွားသောအခါ ၀ရံတာတွင် ဆရာဦးဘချို နှင့် ဗိုလ်ချုပ်တို့ စကားပြောနေကြသည်ကိုမြင်၍ ကျွန်ုပ်တို့သုံးဦးသား ကပ်သွားကာ စကားဝိုင်းဖွဲ့ကြသည...