ဒီနေ.တော့ သိပ္ပံကျောင်းသားမောင်မြသွင် ကလောင်အမည်နဲ. သူရိယ သတင်းစာမှာ သိပ္ပံမောင်ဝ ရေးသားခဲ့တဲ့ "မြန်မာစာပေအကြောင်း" ဆောင်းပါးတွေထဲက “မြန်မာစာပေအကြောင်း နံပါတ် (၃)” ကို တင်ချင်ပါတယ်။ ဒီဆောင်းပါးမှ ထိုခေတ်အခြေအနေ နှင့် မြန်မာစာပေအယူအဆ တစ်စိတ်တစ်ပိုင်းကို သိမြင်ထင်ဟပ် လာစေနိုင်လို.ပါ၊ မြန်မာစာပေအကြောင်း နံပါတ် (၃) ဤဆောင်းပါး၌ ယခုခေတ်တွင် ပေါ်ပေါက်ထွန်းကားနေသော မြန်မာစာပေမှာ တိုးတက်နေသလော၊ ဆုတ်သွားသလောဟု တွေးတောစဉ်းစားရန် ဖြစ်ပေသည်။ ကာလပေါ်စာနှင့် ရှေးစာများတွင် မည်သည့်စာက ကောင်းမွန်သနည်းဟူ၍ မေးလျှင် ရှေးစာများက ယခု ကာလပေါ်စာတို.ထက် အဆပေါင်းရာထောင်မက သာပေသည် ဟု လူတိုင်းပင် ဖြေဆိုကြပေလိမ့်မည်။ မည်သည့်နေရာမှာမဆို ရှေးဆိုသော စကားကို အထွတ်အမြတ်ထားကာ အရေးပေးလေ့ ရှိလေသည်။ ဤကဲ့သို. ရှေးစာများက ယခုကာလစာတို.ထက်သာသည်။ ရှေးခေတ်က ယခုခေတ်ထက် ကောင်းသည်။ ရှေးလူကြီးများက ယခုကာလ လူများထက် တော်သည် စသဖြင့် (ရှေး)ဆိုသော စကားကို အထွတ်အမြတ်ထားကာ သုံးစွဲခြင်းသည် မြန်မာပြည်မှာသာလျှင်မဟုတ်၊ မည်သည့် တိုင်းပြည်မဆို ဤသို.သာ ပြောဆို ရေးသားလေ့ ရှိလေသည်။ မိမိတို.ထက် ရှေးကျသော ခေတ်က မိမိတို.ခေတ်ထက် ကောင်းသည်ဟု ဆ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!