Skip to main content

Posts

Showing posts with the label ကဗျာ၊ (ကိုယ်ပိုင်)

မုန်းတယ်...

photo source: ဒီက ပုံလေးပါ။   မုန်းတယ်...... အလကားနေ ကြောက်တတ်တဲ့ စိတ်တွေကို မုန်းတယ်.... မုန်းတယ်... မြင်ရက်သားနဲ့ ကန်းနေခဲ့ရတဲ့  မျက်လုံးအစုံကို မုန်းတယ်... မုန်းတယ်... မထွက်ရဲခဲ့တဲ့ ရင်လှိုင်းခတ်သံတွေအတွက် ဟောဒီနှုတ်ခမ်းတွေကို မုန်းတယ်...   မုန်းတယ်... မကြားရဲလို့ ပိတ်နေခဲ့ရတဲ့ ကြားတတ်တဲ့ နားအစုံကို မုန်းတယ်.. မုန်းတယ်... မလှမ်းရဲလို့  တုံ့ဆိုင်းနှေးကွေးချိနဲ့နေတဲ့ ခြေအစုံကို မုန်းတယ်... မုန်းတယ်... မရပ်ရဲလို့တဲ့... ငုတ်တုတ်ကြီးထိုင် ငူငိုင်နေရတဲ့ ဒီအတ္တဘောကြီးကိုလည်း မုန်းတယ်... မုန်းတယ်... အလင်းထဲ လျှောက်နေသူတွေနဲ့မလိုက်ရဲတဲ့  အမှောင်ထုထဲက လိပ်ပြာမသန့်ရတဲ့ အဖြစ်မျိုးကို..... မုန်းနေရတဲ့ အတွက်လည်း..... မုန်းတယ်... မုန်းတယ်......

ဘာမှန်းမသိတဲ့ ကဗျာ

ငါဟာ ငါမဟုတ်...တဲ့ မော်ဒန်ကဗျာတပုဒ်လိုပဲ နားလည်ဖို့ ခက်ခဲနေဆဲ... ရေးချင်သလိုရေး ရေးဖြစ်ဖို.သာ အဓိက....တဲ့။ ဘ၀ ဆိုတာ ဘာလဲလိုများ ငါ့ လာ မမေးနဲ့။ ငါနေ နေတာ ငါ့ဘ၀ လား။ ပျော်သလား လေ။ ဖြစ်တည်ခြင်းအတွက် ပျော်နေရရင် ပျက်သွားတော့ရင် ငိုရမှာလား။ သုခ ဆိုတဲ့ ဆင်းရဲခြင်းကို တွယ်ဖက်ထား၊ ဒုက္ခ ဆိုတဲ့ ဆင်းရဲခြင်းကိုတော့ ဟို....အဝေးဆုံးမောင်းထုတ်ပစ်။ အကောင်းတကာ့အကောင်းဆုံးတွေ အကုန်လုံး လိုချင်တာ လောဘကြီးသူတွေ အလုပ်...။ အဲ.....ငါ့အလုပ်။ ဒါတွေ့ရင် ဒါထည့်၊ ဒီလိုဆိုရင် ဒါ လုပ်။ ပုံသေနည်းတွေလို အလွတ်ကျက်မှတ်ရတာ ကျောင်းသင်ခန်းစာတွေမှာပဲ ရှိမယ်ထင်ခဲ့။ အခုတောင် ရောဂါတခြား ဆေးက တခြား ရယ်..။ မသိကိန်း တစ်လုံး၊ မသိကိန်း နှစ်လုံး.. လေးလုံး.. ရှစ်လုံး.. မရေတွက်နိုင်တော့။ ပွားလာလိုက်တာ.. ဘိုးဘိုးအောင်ရဲ. ၀ တွေလိုလား။ AP, GP, Combination, Permutation, Exponential.. ဘာတွေလဲ မမေးနဲ.နော်... ငါဘာမှ မသိ ငါသိတာ ... ငါ သိတာ ... ဘာရှိသေးသလဲ.. ဟင်။ ငါသိတာ ဘာမှ မသိခြင်း။ ကြုံလာသမျှတော့ စုန်လမ်းအတိုင်းသာ မျောသွားလိုက်၊ သည်အကွေ.မှာ သည်တက်နဲ့ လှော်၊ ဟိုအကွေ.မှာ ဟိုတက်နဲ့လှော် လမ်းဆုံ ရောက်ရင် ခဏလောက်ရပ် ဘယ်ညာအရှေ့ အနောက်၊ ဘယ်ဆက်...
မေလေးတို့အိမ် အိမ်လေးတစ်အိမ်ကို ကိုငယ် နဲ့ မေလေး နှစ်တနှစ်ရဲ့ ဇွန်လကုန်ခါနီး တစ်ရက်မှာ တည်ဆောက်ခဲ့ကြတယ်။ အဲဒီအိမ်ထဲမှာ.... ရတဲ့ လခနဲ့ ကုန်တဲ့ အသုံးစရိတ် မကာမိမှာစိုးလို့ ချခဲ့တဲ့ သက်ပြင်းလေးတွေ ရှိခဲ့ဖူးတယ်။ တိုင်ပတ်ဖို့ ဘိုင်ပြတ်လို့ ခေါင်းစားခဲ့ရဖူးတယ်။ ပုဆိုးအဟောင်းကို သုံးထည်စာ အသစ်စရိတ်နဲ့ သူ့ဆီ အရောက်ပို့ပေးခဲ့ရဖူးတယ်။ ၅ ဘတ်ဖိုး မှိုသုံးလုံးလည်း မအူမလည် ၀ယ်ခဲ့ရဖူးတယ်။ ဆမ်ယမ် ဆစ်ဘတ် ဟင်းရွက်စုံလည်း ချက်စားခဲ့ဖူးတယ်။ seven-eleven ၀င်ထွက်တိုင်း ခုန်တတ်တဲ့ ရင်အစုံရှိတယ်တဲ့။ အဲဒီအိမ်ထဲမှာ... ဒူးရင်းသီးတွေ အစားများခဲ့တဲ့ အမေကြောင့် အပူကန်ပြီး မွေးဖွားလာတဲ့ ငိုကြွေးတတ်တဲ့ ကလေးလေးတစ်ယောက် စ ရောက်လာခဲ့တယ်။ မိဘတာဝန်ဆိုတာ သည်းခံခြင်း၊ ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ စိတ်ရှည်ရခြင်းဆိုတဲ့ လက်တွေ့သင်ခန်းစာ တွေအတွက်ပေါ့။ ချစ်ခြင်းနဲ့ အစတည်ခဲ့ပေမယ့် စွန့်လွှတ်ရတယ်လို့ ထင်လာတဲ့အခါ မကျေနပ်ချက်တွေ၊ အားငယ်မှုတွေနဲ့ ပေါက်ကွဲသံတွေလည်း ကြားခဲ့ရဖူးတယ်။ မိသားစုဆိုတာ ပီပြင်စေဖို့ နောက်တိုးလေးတွေက အင်အားထပ်ဖြည့်ပြန်တယ်။ ကိုယ့်အားကိုယ်ကိုး ကိုယ်ဝန်ကိုယ်ထမ်း၊ ပင်ပန်းလည်း မျှခံ၊ အဲဒါ မိသားစု စိတ်ဓာတ်လေ။ ဆူပူအော်...
ခံစားမှုတွေပြည့်လာတဲ့အခါ ကဗျာတပုဒ်၊ စာတပုဒ်ဖြစ်သွားတယ်တဲ့။ ဘယ်သူ.ကိုမှ ပြောပြတိုင်ပင်လို.မဖြစ်တဲ့အခါ ဒိုင်ယာရီတွေ တစ်အုပ်ပြီး တစ်အုပ် ရေးခဲ့မိတဲ့ အကျင့်က မပျောက်သေးလေတော့.....ဒီ notebook လေးဟာပဲ ကျမရဲ. တိုင်တည်ရာဖြစ်လာခဲ့ပြန်ပေါ့။ ငါဟာ....... ငါဟာ မမှားမိအောင် ကြိုးစားနေရင်းနဲ.ကို မှားပြီးရင်း မှားနေတတ်တဲ့ အမှားစက်ဝန်းထဲက လူ။ ငါဟာ သူတပါး မထိခိုက်ဖို. ထိန်းသိမ်းနေထိုင်ရင်းနဲ.ကို ထိခိုက်နာကျင်အောင် လုပ်မိနေတတ်တဲ့ လူ။ ငါဟာ ပွင့်လင်းဖြောင့်မတ်ဖို. ကြိုးစားနေရင်းနဲ.ကို ထိန်ချန်ဖုံးကွယ်တတ်နေတဲ့ လူ။ ငါဟာ ရိုးသားမှုတွေကို ပေးဆပ်ချင်နေပေမယ့် ကောက်ကွေ.ခြင်းတွေ.နဲ.သာ ပြည့်နှက်နေတဲ့ လူ။ ငါဟာ စိတ်ထင်တာလုပ် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လူ၊ ငါဟာ ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက် စဉ်းစားဉာဏ်မဲ့ ထင်ရာ ဇွတ်လုပ်တတ်တဲ့ လူ၊ ငါဟာ ကိုယ့်အမြီးကိုယ် ပြန်မြိုနေမိတဲ့ မြွေတစ်ကောင်လို လူ။ ငါဟာ ကိုယ့်အသွေးအသားကို မြိန်ရေရှက်ရေစားနေမိတဲ့ ကြောင်စုန်းမ လို လူ။ ငါဟာ အသိခေါက်ခက် အ၀င်နက်အောင် မိုက်တွင်းနက်နက်တူးတတ်တဲ့ လူ။ ကြည်နေတာကို နှောက်၊ မရှင်းတတ်တာကို ရှုပ်၊ လွယ်နေတာကို ခက်၊ ဖြူနေတာကို အမဲရောင်ဆိုး၊ အေးချမ်းနေတာကို...
ခင်ဗျားအခု နေ နေတဲ့ life-style ကြီးက ဘယ်လိုကြီးမှန်းမသိဘူး။ တမျိုးကြီးပဲ..တဲ့.။ သူက ပြောတယ်။ ကျမ ရယ်နေလိုက်တယ်။ ဟုတ်တယ်လေ။ ညဖက် တရေးနိုးထပြီး အိမ်အလုပ်တွေလုပ်၊ အင်တာနက်လေး ပြေးကိုင်လိုက်နဲ. မိုးလင်းတဲ့ညတွေလည်း များပြီပဲ။ ကျမလည်း ဒီလို နည်းလမ်းမကျတဲ့ routine ထဲမှာ လည်နေတာ ကြာတောင် ကြာနေပြီပဲ။ ကျမကို ကြည့်ပြီး သူစိတ်ချမ်းသာဟန်မတူပါဘူး။ ကျမကတော့ ကိုယ့်ဝတ္တရားတွေ၊ တာဝန်တွေကြားထဲကနေ ကွန်ပြူတာတလုံးနဲ. အင်တာနက်ထဲ လျှောက်လည်နေတော့ ကိုယ့်ကိုကိုယ် အရှိန်တွေရလို.ပါပဲ။ အရင်ကတော့ ကလေးတွေ ကျောင်းပို.ရင်း လိုက်၊ ပြီး သူနဲ. မနက်စာစား၊ သူသွားတဲ့နောက်လျှောက်လိုက်၊ သူ.ကားပေါ်မှာ စာအုပ်တစ်အုပ်နဲ. လိုက်ထိုင်၊ သူ.ဘေးနားမှာလည်း ကျမအမြဲပါနေကျ။ ရုံးရောက်ရင်လည်း ကိုယ့်အလုပ်မရှိလေတော့ ကွန်ပြူတာတလုံးနဲ. ထုံးစံအတိုင်းနှစ်ပါးသွား၊ သူအလုပ်များရင် အရိပ်အခြေကြည့်ပြီး စကားလေး ဘာလေးပြောပေါ့။ ဒါပေမယ့် သူနဲ.ကျမ စကားပြောတဲ့အချိန်က ခပ်ရှားရှားရယ်။ သူ ဘယ်အချိန် စကားတွေ ပြောသလဲဆို... ကားမောင်းနေရင်း လမ်းမှာ ရှုပ်ရှက်ခတ်နေတဲ့အခါဆို.... ပြောပြပါလိမ့်မယ်....။ သူ စကားများလေ ကျမက (ကားကို ကိုယ်မမောင်းရပဲ) အာရုံပိုစိုက်နေမိတော့ သူ.စကာ...

Fullmoon Day of Pyartho! Myanmar Mother's Day!

ီ ဒီနေ. ပြာသိုလပြည့်နေ......။ google search မှာ ရှာကြည့်လိုက်တော့မှ ဒီနေ.ဟာ မြန်မာပြည်က အမေနေ.ဖြစ်နေတာ တွေ.လိုက်ရတော့ စိတ်ဝင်စားတဲ့ အကြောင်းအရာ ပြောင်းသွားရပါတယ်။ ကျမ အမေများနေ. ကို သေသေချာချာ မသိပါဘူး။ ဆရာကြီးဦးသုခ ဦးဆောင်ပြီး အမေ့နေ.ကို သတ်မှတ်ခဲ့တာရယ်.. အဖေနေ.အတွက် မကျေနပ်တာတချို. တွေ.မြင်ခဲ့ဖူးတာ ပြန်အမှတ်ရပါတယ်... ကျမ မေမေ့ကို ချစ်ပေမယ့် ကျမထုံးစံအတိုင်း လက်ပွန်းတတီးမရှိခဲ့ပါဘူး။ ကျမတို. သားအမိဟာ အမျိုးသမီး ၂-ယောက်ထဲ ရှိတဲ့ မိသားစုထဲမှာကို ရင်းရင်းနှီးနှီး မရှိခဲ့ပါဘူး။ တိုးတိုးဖော်မဖြစ်ခဲ့သလို တိုင်ပင်ဖက်လည်း မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတာ ကျမလည်း နားမလည်ဘူး။ မေမေ ကျမကို သားတွေလောက် အရေးမပေးခဲ့တာကို အငုံ.စိတ်ထဲမှာ ရှိနေတာခဲ့ကြောင့်များလား... ဒါမှမဟုတ် မေမေပြောတိုင်း ခေါင်းမညိတ်တတ်ပဲ ကိုယ်မှန်တယ်ထင်တာကို စွတ်ပြောတတ်တဲ့ ကျမကို ပြန်မပြော နားမထောင်လုပ်တတ်တဲ့ သားတွေလောက် စကားနားမထောင်ဘူးလို. မေမေ ယူဆခဲ့ပါသလား ကျမ ဘယ်တုံးကမှ ဖွင့်မမေးခဲ့ပါဘူး။ အခုလည်း ကြည့်ပါဦး။ အမေ့နေ.လို. ကျမသိလိုက်ရတဲ့ အခိုက်မှာ ကျမ အမေ့ကို အမှတ်တရ ဘာပေးရင်ကောင်းမလဲ စဉ်းစားမိပေမယ့် တကယ်တမ်းကျ အဲဒီလို လုပ်ဖို...
ပုစွန်တစ်ကောင်နှင့်ခရီးသွားခြင်း။ အမှတ်သတိနဲ. ဆွမ်းစားဆောင်ပေါ် ကျမတို.ယောဂီများ တက်လာနေကြပါတယ်။ ထုံးစံအတိုင်း လက်အုပ်လေးချီ၊ မျက်လွှာလေးချရင်း ကိုယ့်စားပွဲဆီကို လျှောက်လှမ်း အသွားမှာ..... မျက်စိက အမြင်ဓာတ်နဲ. ပြင်ထားတဲ့ ထမင်းစားပွဲပေါ်က ပုစွန်ထုပ်ဟင်းဆိုတဲ့ အမြင်အာရုံနဲ. သွားတိုက်မိပါတယ်။ တကယ်ဆို မြင်တယ်လို. သိလိုက်ရင် အဲဒီအာရုံလေး ဖြစ်ပြီး ပျက်သွားရမဲ့ကိစ္စ...။ ဒါပေမယ့် မှတ်ဖို. သတိတစ်ချက်လွတ်သွားတော့ `ဟာ. ပုစွန်ဟင်း ပါလား´ ဆိုတဲ့ နှလုံးသွင်းမှုနဲ.အတူ လောဘလေးပါ လိုက်ပါလာပါတော့တယ်။ လူတွေရဲ. စိတ်အတွေးတွေ ဘယ်လောက်တောင်မြန်ဆန်ပြီး ကြောက်ဖို. ကောင်းလိုက်ပါသလဲဆိုတာလေ..။ နောက်တော့ အမှတ်ကလေး ပြန်ကပ်ပြီး ကိုယ့်စားပွဲမှာ ထိုင်။ ဘုရားကန်တော့၊ မေတ္တာပို. ဘုရားစာရွတ်ပြီး နှလုံးသွင်း။ `ဤသည် စားဖွယ် အမယ်မယ်ကို.... ´ကိုရွတ်ဆို။ အားလုံးပြီးတော့ စားဖို. ပြင်ဆင်ရင်း ပုစွန်ဟင်းကို အကြည့် ကရောက်သွားပြန်ပါတယ်။ အင်.....ဘယ်လိုပါလိမ့်.... ဒီစားပွဲဝိုင်းမှာ ဆရာလေး ၅ပါးရှိတာကို ပုစွန်က ၄-ကောင်ပဲပါတယ်။ အကောင်တွေကလည်း တချို.ကသေး၊ တချို.ကြီးနဲ. အကောင်လည်းမညီပါလား။ အတွေးက ရောက်ပြီးတော့ ဆက်သွားပြီ..။ နောက် လွတ်နေတဲ့ စိတ...