Skip to main content

Fullmoon Day of Pyartho! Myanmar Mother's Day!


ီနေ. ပြာသိုလပြည့်နေ......။ google search မှာ ရှာကြည့်လိုက်တော့မှ ဒီနေ.ဟာ မြန်မာပြည်က အမေနေ.ဖြစ်နေတာ တွေ.လိုက်ရတော့ စိတ်ဝင်စားတဲ့ အကြောင်းအရာ ပြောင်းသွားရပါတယ်။ ကျမ အမေများနေ. ကို သေသေချာချာ မသိပါဘူး။ ဆရာကြီးဦးသုခ ဦးဆောင်ပြီး အမေ့နေ.ကို သတ်မှတ်ခဲ့တာရယ်.. အဖေနေ.အတွက် မကျေနပ်တာတချို. တွေ.မြင်ခဲ့ဖူးတာ ပြန်အမှတ်ရပါတယ်...
ကျမ မေမေ့ကို ချစ်ပေမယ့် ကျမထုံးစံအတိုင်း လက်ပွန်းတတီးမရှိခဲ့ပါဘူး။ ကျမတို. သားအမိဟာ အမျိုးသမီး ၂-ယောက်ထဲ ရှိတဲ့ မိသားစုထဲမှာကို ရင်းရင်းနှီးနှီး မရှိခဲ့ပါဘူး။ တိုးတိုးဖော်မဖြစ်ခဲ့သလို တိုင်ပင်ဖက်လည်း မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတာ ကျမလည်း နားမလည်ဘူး။ မေမေ ကျမကို သားတွေလောက် အရေးမပေးခဲ့တာကို အငုံ.စိတ်ထဲမှာ ရှိနေတာခဲ့ကြောင့်များလား... ဒါမှမဟုတ် မေမေပြောတိုင်း ခေါင်းမညိတ်တတ်ပဲ ကိုယ်မှန်တယ်ထင်တာကို စွတ်ပြောတတ်တဲ့ ကျမကို ပြန်မပြော နားမထောင်လုပ်တတ်တဲ့ သားတွေလောက် စကားနားမထောင်ဘူးလို. မေမေ ယူဆခဲ့ပါသလား ကျမ ဘယ်တုံးကမှ ဖွင့်မမေးခဲ့ပါဘူး။

အခုလည်း ကြည့်ပါဦး။ အမေ့နေ.လို. ကျမသိလိုက်ရတဲ့ အခိုက်မှာ ကျမ အမေ့ကို အမှတ်တရ ဘာပေးရင်ကောင်းမလဲ စဉ်းစားမိပေမယ့် တကယ်တမ်းကျ အဲဒီလို လုပ်ဖို. ကျမ နောက်တွန်.ဆဲပဲ..။ မေမေ့ရဲ. ကျေးဇူးတွေကို သမီးမမေ့နေပေမယ့် စူးနေတဲ့ သမီးရင်ထဲက ဆူးတွေ အရင်နှုတ်လိုက်ပါ့မယ်။ မေမေ့အတွက် အမေ့နေ. လက်ဆောင်ပါ။

ပထမဆူး... သုံးနှစ်အရွယ် ကလေးမလေးတယောက်.. ခေါက်ကုလားထိုင်ပေါ်တက်ပြီး စားပွဲပေါ်တင်ထားတဲ့ ဖန်ရေခရားလေးပေါ်က ကြယ်ရောင်စုံလေးတွေကို တအံ့တသြ ကြည့်ရင်း သူ.လက်ညှိုးသေးသေးလေးနဲ. ဖြေးဖြေးလေး တို.ကြည့်လိုက်တယ်...ခေါက်ကုလားထိုင်က မခိုင်တော့ အရှိန်လွန်ပြီး ....... ဖန်ရေချိုင့်လေးက တစစီ..... အမေ့ရိုက်ချက်အောက်မှာ သမီးလေးရဲ. အသဲလေးလဲ တစစီ.....ကြေကွဲ.....ဖန်ဆူးလေး တစ စိုက်စူးခဲ့ပေါ့။

ဒုတိယဆူး....ထုံပေပေနဲ. လက်ပိုက်ရပ်နေတဲ့ ၁၆-နှစ်အရွယ် မိန်းကလေးတစ်ယောက်... အမေက လက်ညှိုးထိုးပြီး ဆူနေတယ်.... စကားတစ်ခွန်းအဆုံး ကောင်မလေး မျက်လုံးတွေ ပြာဝေသွားတယ်... နားနှစ်ဖက်စလုံး ပူထူသွားခဲ့ရ... မကြားဝံ့တဲ့ စကားတစ်ခွန်း.... ပြောရက်လေခြင်း.... အထင်သေးရက်လေခြင်း၊ ကိုယ့်သမီးတယောက်လုံး အကြောင်းကို မေမေ တကယ် နားမလည်ဘူးတဲ့လား.... မေးခွန်းများစွာ နာကျည်းမှုများစွာနဲ. .... စကားလုံးတွေနဲ. မေမေ့ စူးစေခဲ့တဲ့ဆူးတွေ.....

တတိယဆူး........ မေမေ သမီး ကလေးတွေ မျက်နှာမြင်တဲ့အခါတိုင်း ဆေးရုံကို တခါလောက်သာ ခဏတဖြုတ် ဧည့်သွားဧည့်လာ....။ သမီးမကျေနပ်ခဲ့ပါဘူး မေမေ။

စတုတ္ထဆူး......သမီး မေမေ့သားတွေနဲ.ဆို နောက်မှာပဲ နေခဲ့ပေမယ့် သမီးလိုအပ်လို. တောင်းခဲ့တဲ့ ပစ္စည်းတခု (အဖိုးတန် လက်ဝတ်ရတနာတွေ မဟုတ်ဘူးနော်) ကို သမီးကို မပေးပဲ မတောင်းခဲ့တဲ့ ချွေးမလေးကို ပေးခဲ့တာကို သမီး ရင်နာခဲ့ရတာကို ၀န်ခံပါတယ်... သမီး သူများကို မနာလို မကျေနပ် မဖြစ်ပါဘူး။ ဒါပေမယ့်. .


....ဆူး.... သမီးကို မွေးရတာ အနာဆုံးတဲ့လားမေမေ.... မွေးပြီးပြီးချင်း သမီးမျက်နှာကိုတောင် မကြည့်ချင်ဘူးတဲ့... နာလွန်းလို.လား မေမေရယ်.... ငယ်ငယ်ထဲက ရင်းနှီးနေတဲ့ ဒီလိုပြောသံတွေကြားမှာ မျက်နှာငယ်ခဲ့ရတဲ့ သမီးပါ.. ကိုယ့်အပြစ်မဟုတ်ပေမယ့် ကိုယ့်အမှားလားလို. ဘာကြောင့် သမီးခံစားနေခဲ့မိတာလဲ...

......ဆူး.......------ ကလေးတဲ့... ဘာဖြစ်လို. သမီးကို နှိမ့်ချ ချင်ရတာလဲ....ရှက်တတ် နာကျင်တတ် အမှတ်သည်းခြေကြီးတဲ့ သမီးအကြောင်းကို မိဘတွေ ဘာလို.မသိရတာလဲ...

....ဆူး...... ဆယ်တန်းကို ခြေချော်လက်ချော်ဖြစ်သွားခဲ့တဲ့ သမီးကို အားမပေးရုံမက ဆယ်တန်းတောင်အောင်အောင် မဖြေနိုင်တဲ့..... ဘယ်နေရာမှ အသုံးမကျတဲ့ ........... တဲ့...........တဲ့..........တဲ့။ နာမ၀ိသေသနပေါင်းများစွာအောက်မှာ...... သမီးပြားပြားဝပ် ...။ ဒါပေမယ့်.. လက်သီးကိုတင်းတင်းဆုပ်၊ အံတင်းတင်းကြိတ်၊ စာကျက်တိုင်း ..... နာကြင်မှုတွေကို တွန်းအားတွေ ဖြစ်စေခဲ့...။ ဒါပေမယ့်... နုသူမို. နာလှတယ်။ ယုံကြည်စိတ်တွေပျောက်ဆုံး သံသယစိတ်တွေ ဖြစ်စေခဲ့တဲ့ဆူး.....

...ဆူးနီနီ...

.....ဆူးချွန်ချွန်....

....ဆူးထက်ထက်...

သမီး ဒီဆူးတွေ စူးနေခဲ့တာကြာပါပြီ။ အခုတော့ နာကြင်မှုမှ လွတ်မြောက်တော့မယ်ထင်ပါတယ်။ မေ့တယ်ဆိုတာ မေ့ပစ်ချင်တိုင်းရနိုင်တာမဟုတ်ပေမယ့်။ memory ထဲမှာ မှတ်မိတာတွေကို deleteလုပ် purge လုပ်လို.ရတာမျိုး မဟုတ်ပေမယ့်.... မပွားများခြင်းဖြင့်၊ ဖြစ်ပျက်မြင်အောင် ကြည့်ခြင်းနဲ့ သမီးမေ့ပျောက်လိုက်ပါရစေမေမေ။

ဘာတွေကြောင့်ပဲဖြစ်ဖြစ်။ သမီးကို မွေးပေးခဲ့တဲ့အတွက်၊ သမီးကို လူဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက်၊ သမီးကို ဘ၀ရဲ. အနှစ်သာရ သိစေခဲ့တဲ့ ဘ၀ကို ပေးခဲ့တဲ့အတွက်၊ အဖိုးမဖြတ်နိုင်တဲ့ သံသရာလွတ်လမ်းကို မေမေတို. လမ်းပြခဲ့တာမဟုတ်ပေမယ့် ဒီလမ်းကြောင်းကို သိစေနိုင်တဲ့ လူ.ဘ၀လေးမှာနားခိုခွင့် ပေးခဲ့တဲ့အတွက် မေမေ့ကို ကျေးဇူးတင်ပါတယ်။ သံသရာမှာ တခါတခေါက်တွေ.ကြဆုံကြရတာပါပဲ။ ရင်းနှီးကျွမ်းဝင်မှုဆိုတာကလည်း ဘ၀အဆက်ဆက်က ရေစက်နဲ.လည်း သက်ဆိုင်တယ်ဆိုတာ သမီးသိပါပြီ။ ချစ်ခင်ခြင်းခံရတာ မခံရတာကလည်း သမီးရဲ.ကုသိုလ်နဲ.၊ သမီးရဲ. လုပ်ရပ်နဲ.လည်း ဆိုင်တယ်ဆိုတာကိုလည်း သမီးနားလည်ပါပြီ။ အကုန်လုံးဟာ အကြောင်းအကျိုးနဲ. မကင်းနိုင်သလို၊ ကိုယ်စိုက်တဲ့အတိုင်းပဲ အသီးအပွင့်တွေကို ကိုယ်ခံစားခွင့်ရမယ်ဆိုတာလည်း သဘောပေါက်ပါပြီ။ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်စရာမလိုသလို ဘယ်သူ.အပြစ်မှလည်းမဟုတ်ပါဘူး။ လက်ရှိပစ္စုပ္ပန်အချိန်လေးမှာပဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး နေထိုင်သွားတော့ပါမယ်မေမေ...။ အရင်က အမေဆိုတာ အမှားကင်းရမယ်။ မျှတမှုရှိရမယ်လို. နတ်သမီးပုံပြင်ထဲက အမေမျိုးကို သမီးမျှော်လင့်ခဲ့မိတာကိုး..... တကယ်တမ်း သမီးကိုယ်တိုင် အမေဖြစ်တော့မှ သမီးလည်း အမှားမကင်းတဲ့၊ မမျှတတဲ့ အမေဖြစ်နေပြီထင်ပါရဲ.လေ.....။

+ + + + + + + + + +


ကျမ ဒေါသတွေက သားကြီးကိုယ်ပေါ်မှာ အရှိုးရာ များစွာထင်စေခဲ့တယ်....။ ဒါပေမယ့် ရပ်လို.မရနိုင်ဘူး..။ သူ ဒီလိုလုပ်နေတာကြာပြီ.... ငါတကယ်လုပ်မယ်မှန်းသိရက်နဲ...ငါ့ကိုစမ်းတာ...ငါ့ကို တမင်စိတ်ဆိုးအောင် တမင့်ကို လုပ်နေတာ.. တွေးရင်းတွေးရင်း `ငါ´တွေထပ်ပြီးရင်း ထပ်ပေါ်လာ..ဒေါသတွေ အလိပ်လိုက်ထွက်လာ.... ငိုနေတာကိုလည်း မသနားနိုင်။ သူ ဒီလို ဟန်ဆောင်နေကျပဲ...။ ဘယ်လိုမှ လုပ်လို.မရ။ ချော့ပြောလဲ မရ။ ချောက်ပြောလည်းမရ။ ရိုက်လို.လည်း အသားသာနာ။ အမေလည်း အသဲနာလှပါပြီ။ ဘာဖြစ်လို.များ ဒီလောက်တောင် ဆိုးဝါးသွားရသလဲ။ အငယ်လေးနှစ်ယောက်ကို မနာလိုဖြစ်ရင်း ကလေးတွေနဲ.တန်းတူ အခွင့်ထူးခံချင်ရဲ.။ ကလေးမို.လည်း မညှာ၊ လုပ်လိုက်ပြန်သည်။ လုလိုက်ပြန်သည်။ သူရှိရင် ကလေးတွေ ငိုရင် ငို၊ မငိုရင် အော်မယ်။ အမေက အလုပ်သာ ကြုံးလုပ်လိုက်ချင်သည်။ ဒီလို အော်ဟစ်ငိုယို ရန်ဖြစ်နေသည်ကိုတော့ သည်းမခံနိုင်။ ဒေါသထွက်တာ မကောင်းမှန်းလည်း သိတယ်။ နည်းပါးအောင် ကျင့်လို.ကိုမရ။ မေတ္တာပွား...။ မရ..။ ကျမလည်း စိတ်ညစ်သည်။ မောသည်။ သူတို.နဲ.ဆို ကျမ သည်းခံနိုင်စွမ်းအား အောက်ဆုံးနီးပါး....။ တနေ.တနေ. ဒီအသံတွေချည်းပဲ ကြားနေရတော့ ရူးချင်လာသည်။

အခုလည်း သူ ကျောင်းကစာတွေ ရေးမလာ.။ ကျက်စရာစာလည်းမရှိ။ ကျက်ဖို.စာအုပ်ပေးတော့လည်း ဟိုနားထား၊ သည်နားထားနဲ.ပျောက်ပြန်။ ပြောရင်တော့ စာကျက်နေပါတယ် မေမေ။ ပထ၀ီ မြေပုံဆွဲနေပါတယ်မေမေ နဲ..... အခု ကျမအားလို. စာလာပြန်ခိုင်းတော့ သူပြန်နေတဲ့စာက အရင် နှစ်လလောက်ကစာတွေ... ပုံဆွဲတာပြ ဆိုတော့လည်း ဟိုလိုလို ဒီလိုလို...။ ကဲ .... စာအုပ်ယူလာခဲ့ဆိုတော့ ပျောက်နေပြန်။ အခုမှ ဟိုလှန် သည်လှန်...။ ဒေါသကထိန်းလို.မရတော့...။ ဆရာတော်တွေပြောတဲ့ ဒေါသကို အစာကျွေးတာကိုလည်း သတိမရတော့။ လာစမ်းဆိုပြီး တီးလိုက်တာ... မပြီးနိုင်တော့တဲ့ ရိုက်ချက်တွေကြားမှာ ရှိုက်သံ၊ အော်သံတွေ။ မောလာပြီ။

`ကဲ ပြောစမ်းပါဦး... နင့်ကို ဘယ်လိုပြောမှ ရမှာလဲ..´

ပေစောင်းစောင်းမော့ကြည့်သည်။

`ကဲ... ပြောလေ။ ဘယ်လိုလုပ်မှ ရမှာလဲ။ နင်မှတ်မိမှာလဲ´

ကျမကို မ၀ံ့မရဲ ကြည့်ပြန်သည်။
ဒေါသကအရှိန်မသေသေး။ ဘာမဟုတ်တာတွေ ပြောဦးမလဲ ဟု မျှော်လင့်နေဆဲ.....

`မေမေ ချစ်မှ.....´ မပွင့်တပွင့်သူပြောတော့.

ကျမ လန်.ဖျတ်သွားရပြီ။ သားကြီးရင်မှာ စူးနေတဲ့ ဆူး .. ကျမကို စူးသွားခဲ့ပြီ။

သားကြီးကို ပွေ.ဖက်ပြီး ကျမ မျက်ရည်ကျမိသည်။ သားကြီးကို ကျမဆူးစူးစေခဲ့ပြီကော။

`သားကြီးကို မေမေ မချစ်ဘူးလို. ဘာဖြစ်လို.ထင်ရတာလဲ။ သားကြီးကို မေမေချစ်တာပေါ့´ ။

သည်စကားကိုပဲ ထပ်ခါထပ်ခါရေရွတ်ရင်း ကျမ မျက်ရည်တွေတွေကျနေမိသည်။ သုံးနှစ်သမီးအရွယ်က စူးခဲ့တဲ့ဆူး.. အခုထိ အမာရွတ် မပျောက်ချင်သေး။ ကျမ ဘာဖြစ်လို. ကလေးကို အနာတရဖြစ်အောင်လုပ်မိပါလိမ့်...။ ကျမရဲ. အားမလိုအားမရမှုတွေက သားကြီးကို ထိခိုက်နာကျင်စေခဲ့ပြီပဲ။ မဖြစ်စေရတော့ပါဘူး။ မေမေကြောင့်စူးနေတဲ့ သားကြီးရင်ထဲက ဆူးတွေ မေမေလို နှစ်ချို.ဆူး မဖြစ်စေရပါဘူး။ မိဘတွေလည်းမှားတတ်ပါတယ်။ မှန်အောင်ကြိုးစားရင်းနဲ.ကို အမှားတွေ လုပ်နေတတ်တဲ့ ပုထုဇဉ်လူသားတွေပဲလေ... ။ သားလည်း ကြီးလာတဲ့အခါကျရင် နားလည်ပေးနိုင်မယ်လို. မျှော်လင့်ပါတယ်လေ။ မေမေတို.သားကြီးကို နာကျင်စေတာတွေ ရှိခဲ့လည်း စေတနာမှန်နဲ. မှားခဲ့တာတွေပါ။ သားကြီးကို ကောင်းစေချင်တဲ့ စေတနာလေးတစ်ခုကြောင့်ဆိုတာကိုတော့..........။ ။



Comments

Popular posts from this blog

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။  ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။  အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...

သစ်ပုတ်ပင်၊ တို့နှစ်ယောက် နဲ့ ကလောင်တစ်ချောင်း (ရေးသူ- K-မမ)

ကျွ န်မဟာ သာမန် ဆင်းရဲတဲ့ ဝန်ထမ်းမိသားစုက ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ဥစ္စာမှာ ဗလာနတ္ထိ။ ဗဟုသုတ နဲ့ လှုမှုရေးမှာတော့ သုညထက် မပိုလှပါ။ ပညာရေးမှာ ကျောင်းကသင်လိုက်တာကို အံရွတ်ကျက်မှတ်တာကလွဲလို့ အပြင်ဗဟုသုတကို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။ လေ့လာဖို့ လမ်းပြပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ကျောင်းစာကလွဲရင် အပြင်စာတွေဖတ်ရင်လည်း အပြစ်ကြီးတခုကျူးလွန်သလို အမေ့ရဲ့ အဆူကိုခံရတာပါပဲ။ ၁၀ တန်းအောင်ရင် တက္ကသိုလ် (စာပေးစာယူသင်တန်း) တက်ရင်ဘွဲ့ရ အလုပ်လုပ်ဆိုတဲ့ ဖော်မြူလာ လောက်ပဲသိထား ကြ သူ တွေ ပါ။  သို့သော်လည်းလေ လူကနေပေမယ့် ဇာတာကမနေတော့ ၁၉၈၅ ဇွန်လလယ်လောက်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေထွက်လာတော့ နှစ်စဉ်ဆုတက်ယူတဲ့ နယ်ခံ စာတော်သူတွေကျော်ပြီး ၄ - ဘာသာ ဂုဏ်ထုးထွက်လို့ အနူတောမှာ လူချောဖြစ်ခဲ့သူပါ။ ကျွန်မ ၄ - ဘာသာ ဂုဏ်ထုးထွက်တယ်ဆိုတဲ့ သတင်းဟာ တောမြို့ လေးမှာတော့ တကယ်ကို နာ မည်ကြီးသွားတာပါ။ မြို့ရဲ့ ၈၀% က စာတော်တယ်လို့ နာမည်ကြီးတဲ့ တခြား နာမည်တူ တယောက် လို့ပဲ ထင်တာ ပါ (အဲဒီလို အထင်ကြီးခံရတာ) ။ ပြဿနာက ဒီက စတာပါ။ ရိုးရိုးလေးအောင်ခဲ့ရင် အထက်က ဖော်မြူလာတိုင်းလေး သွားရုံပဲ။ အခုတော့။ အဖေ့  အပေါင်းသင်းတွေကလည်...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...