ဒီတစ်ပတ် ဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးပါ။ ကျမ မမှားဘူးဆိုရင်တော့ ဒီဆောင်းပါးပါ အကြောင်းအရာမျိုးကို ဆရာကြီးရေးခဲ့တာတွေ ကျမ ဖတ်ဖူးပြီးသားပါ။ ဘယ်လိုဖြစ်ပြီး ဒီလိုအချိန်အခါမျိုးမှာ ပြန်ပါလာရသလဲတော့ မသိနိုင်ပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်။ ဆရာကြီးက မြန်မာလူမျိုးတွေကို အပြစ်ပြောတာကို မကြိုက်ဘူးနဲ့ တူပါတယ်။ အခြေအနေမပေးလို့ မလုပ်နိုင်တာလို့ ပြောချင်တာထင်ပါရဲ့ ။ ဟုတ်ပါတယ်။ မြန်မာလူမျိုးတွေက မညံ့ခဲ့ကြပါဘူး။ ဘယ်နေရာမှာမဆို မြန်ဆန်စွာ ကျွမ်းကျင်လိမ္မာတတ်မြောက်တတ်ကြပါတယ်။ အင်း...။ လူမျိုးအနေနဲ့ မညံ့ပဲ ဘာဖြစ်လို့ ကျမတို့ တိုင်းပြည် နောက်ကျကျန်ရစ်ခဲ့ရတာပါလိမ့်နော်။ ကျမ နားလည်သလောက်တော့ အပြင်ထွက်ကြည့်မိတဲ့ သူတိုင်းကတော့ အရင်ပတ်ဝန်းကျင်နဲ့ အဆမတန် ကွာခြားနေလေတဲ့ ပြင်ပလောကကို သဘောကျကြမှာပဲလေ။ မသိဖူးခဲ့တဲ့ ပြင်ပ ပတ်ဝန်းကျင်နဲ့ ခေတ်မီတိုးတက်နေတာတွေ၊ လူနေမှု အဆင့်မြင့်နေတာတွေ၊ သူများတိုင်းပြည်တွေမှာ တိုးတက်နေတာတွေကို မြင်တဲ့ အခါ... အနည်းဆုံးတော့ ကိုယ့်တိုင်းပြည်ကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တဲ့ စိတ်စေတနာကောင်းလေးဖြစ်လာမှာပါပဲ၊ ကိုယ် ဟင်းကောင်းစားရတဲ့ အခါ ကိုယ်ချစ်တဲ့သူ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!