Weekly Eleven ဂျာနယ်ကို ဖတ်တိုင်း opinion က ဆောင်းပါးတွေ ဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေကို သဘောကျနှစ်ခြိုက်ပါတယ်။ ဒီတပတ် ဆောင်းပါးဖတ်လိုက်ရတော့ လည်း တော်တော် သဘောကျသွားရပါတယ်။ ကျမလည်း ငယ်ငယ်ထဲက အစာမကျေခဲ့တဲ့ ပဲပြားပင်လိုကျင့်ဖို့ ပြောလေ့ရှိတဲ့ ဆုံးမစကားကို ဆရာကြီးက ပြောထားတာပါ။ ဆရာ့လိုတော့ မတွေးမိပေမယ့် အလိုက်အထိုက် မနေတတ၊် ရေလိုက်ငါးလိုက် မပြောတတ်တဲ့ ကျမအတွက်တော့ အဲဒီ့စကားက ခက်ခဲနေခဲ့တာကိုး။ ဖတ်ကြည့်ကြပါဦး။ ကျမတို့ ကလေးတွေ ပုတ်သင်ညိုတွေ ဖြစ်ကုန်ရင်တော့ဖြင့်...တိုင်းပြည်ရဲ့ အနာဂတ်....။
သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။ လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ . သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန...
Comments