Skip to main content

Posts

Showing posts with the label ၀တ္ထု၊ (မြန်မာ)

ဂျီဟောသူ - ( မစန္ဒာ)

လူတော်တော်များများမှာ ဆိုင်ရာ ဆိုင်ရာ အစွဲအလမ်းလေးတွေ ရှိတတ်ကြပါတယ်။ ဒေသစွဲ၊ လူမျိုးစွဲ မှသည်.. အစွဲအလမ်းပေါင်း များစွာပေါ့။ ကျမတို့ သိထားခဲ့ နေထားခဲ့ ကျွမ်းဝင်ထားခဲ့တဲ့ နေရာဒေသတွေကို လိုက်ပြီး bias လေးတွေများ တခါတလေ ဖြစ်မိတတ်သလားလို့ပါ။  ကျမလည်း ကိုယ်ပျော်ခဲ့တဲ့ အရပ်ဒေသက အရိပ်လေးတွေ တွေ့ရင်ကို သတိတရ ရှိတတ်နေဆဲ...။ စက်မှုတက္ကသိုလ်မရောက်ခင်ကတည်းက ငယ်ငယ်က ကြည့်ဖူးတဲ့ ပျံသာ ပျံပါ ထက်အာကာသို့ ရုပ်ရှင်ထဲက မင်းသမီး စောမြတ်သန္တာ Building One လှေကားအဆင်းမှာ မူးလဲတဲ့နေရာ... အဲဒီတုန်းက အဲဒီကျောင်းကြီးရဲ့ ခမ်းနားပုံကို သဘောကျခဲ့လို့ပေါ့။ အစွဲအလမ်း မကင်းနိုင်သေးတဲ့ ကျမနဲ့ ဂျီဟောသူ ဖြစ်ခဲ့သူများအတွက်...၊ ဂျီဟောသူ မဖြစ်ခဲ့လဲ စက်မှုတက္ကသိုလ်ကျောင်းသူဖြစ်ခဲ့သူတွေအတွက်..၊  နောက်... တက္ကသိုလ်ကျောင်းသားဘ၀ အမှတ်တရ အဖြစ် စာရေးဆရာမ မစန္ဒာရဲ့ ဂျီဟောသူ ကို တင်လိုက်ပါတယ်။ (လေးနေရင်တော့ သည်းခံနော်..) Ma Sanda- G HALL THU Get your own at Scribd or explore others: Literature Novels